မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


28 August 2010

14 ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ )


အသစ် မဟုတ်ပါ။ ဘလော့ဂါ ဆိုတာ ဘာမှန်း မသိတဲ့ အချိန်မှာ ငယ်ငယ်က ကျောင်းသားဘဝ ဗရုတ်သုတ်ခတွေကို သတိတရ နဲ့ ချရေးထားခဲ့သော ပို့စ်တစ်ခုပါ။ အဲဒီတုန်းက ဘယ်လောက်တောင်မှ မသိသလဲ ဆိုရင် ကိုယ်ရေးထားတဲ့ ပို့စ်လေးကို ဘေးဘယ်ညာ ညီအောင် ညှိရကောင်းမှန်းတောင်မှ မသိခဲ့ပါဘူး။ ကိုယ့်စိတ်ထဲမှာ ရှိတာတွေကိုပဲ အစီအစဉ် မကျ ချရေးမိတာပါ။ ဘာပဲ ပြောပြော ဒီပို့စ်လေးတွေက ဘလော့ဂါတစ်ယောက် ဖြစ်လာအောင်တော့ စွမ်းဆောင် ဖေးမ ခေါ်လာခဲ့ပါသည်။ အဲဒီတုန်းက “ ကျွန်တော် ကျောက်ပွဲစား ” ဆိုသော နာမည်နဲ့ ရေးခဲ့ပြီး အခုတော့ ခေါင်းစဉ် တစ်ခုအောက်မှာ ဖြစ်စေချင်လို့ “ ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ ) ” လို့ ပြောင်းလိုက်ပါတယ်။



ငယ်ငယ်တုန်းက ရယ်စရာလေးတွေ ( ၃ )


ဒဂုံတက္ကသိုလ်ရဲ့ အဆောင် နံပါတ် (၃၇) က ရူပဗေဒဆောင်ပါ။ ၃ ထပ်ဆောင်လို့လည်း ခေါ်ကြပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ တတ်နေတဲ့ အဆောင်လို့ ပြောလို့ ရတယ်ပေါ့လေ။ ကျောင်းမှာ ကျွန်တော်တို့ သူငယ်ချင်းတွေက နာမည်ကြီးတွေ။ နေတာ ၊ ထိုင်တာ ၊ ဝတ်တာ ၊ စားတာ ကြောင့် နာမည်ကြီးသလို ( အို . . . ဘာတဲ့ :P ) ပေါက်ကရ လုပ်တာတွေ ကြောင့်လည်း နာမည်ကြီးပါသည်။

ရူပဗေဒ ကျောင်းသား ၊ ကျောင်းသူတွေ ဆိုပေမဲ့ ဒဂုံတက္ကသိုလ် တဝှမ်းလုံးမှာတော့ ကျွန်တော်တို့ကို မသိတဲ့လူ မရှိလောက်အောင်ပါပဲ။ နောက်ဆုံးဗျာ ကားဝန်းထဲက ကျောင်းကား ၊ ဘတ်စ် ကားသမားတွေက အစ ကျွန်တော်တို့ကို သိနေပါပြီ။

ဒီလို ရောက်လေရာ နာမည်ကြီးရတဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့ အဖြစ်အပျက်လေးတွေ ထဲကနေ စိတ်ကူး ပေါက်ရာလေးတွေကို ပြန်လည် ပြောပြချင်တယ်ဗျာ။ ရွှေတိဂုံ ဘုရား သွားတော့လည်း ဘုရားမှာမို့ ၊ ကစားကွင်း သွားတော့လည်း ကစားကွင်းမှာ မို့ ၊ ကျောင်းကားစီးတော့လည်း ကျောင်းကားပေါ်မှာ မို့ ၊ ရောက်လေရာမှာ အရာရာနဲ့ အကြောင်းကြောင်း ပါပဲ။

တစ်ခု ရှိတာက ကျွန်တော်တို့ သူငယ်ချင်းတွေကို လူမုန်းတာတော့ မရှိပါဘူး။ ရောက်လေရာမှာ လူတွေ ပျော်ကြ ချစ်ခင်တာတော့ ခံရပါတယ်။ အဲ . . စိတ်တော့ နည်းနည်း ညစ်ရင် ညစ်မှာပေါ့လေ။

ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း ငြိမ်ငြိမ်ကို မနေတတ်ကြတာပါ။ တစ်ခုခု လွတ်လပ်စွာ နောက်ပြောင် နေရမှ ကျေနပ်ကြတာ။ အဲ နောက်ဆုံး စ , စရာ ၊ နောက် , စရာ မရှိတော့ရင်လည်း မရ ရတာ ရှာကြံပြီး ၊ စကြ နောက်ကြပါတယ်.။ အခု လည်း ကျွန်တော်တို့ စနောက်စရာက မရှိလေတော့.  . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

အဲဒီမှာ ဇာတ်လမ်းက စတာပါပဲ. . . . . . . . . .




ကျွန်တော်တို့ ရူပဗေဒ အဆောင်ရဲ့ မျက်စောင်းထိုးမှာ ရှိတဲ့ ရိုးရိုး တစ်ထပ်ဆောင်လေးက ဘူမိဗေဒ (Geology) အဆောင်ပါ။ ဘူမိဗေဒ အဆောင်ဆိုတော့လည်း ထုံးစံ အတိုင်း အဆောင်ရဲ့ ကော်ရစ်တာ နေရာလေးတွေမှာ သစ်သားခုံ အမြင့်လေးတွေနဲ့ ကျောက်တုံးတွေကို တင်ပြထားတယ်ဗျာ။

စကျင်ကျောက် ၊ ဂဝံကျောက် ၊ လိပ်သည်းကျောက် ၊ နှမ်းဖတ်ကျောက် အစရှိသဖြင့်ပေါ့ဗျာ။ သူများတွေတော့ မပြောတတ်ဘူးဗျ။ ဘူမိဗေဒက ကျွန်တော့် သူငယ်ချင်းတွေကတော့ အရေးတယူ ဂရုစိုက် မနေပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီလို အဆောင် ကော်ရစ်တာမှာ ကျောက်တုံးတွေ ပြထားတာကို ဂရုပြုမိပါသည်။

ဒါနဲ့ . . . တစ်နေ့ .  . . . . ။

ကျွန်တော် ၊ ဝဏ္ဏ ၊ ဇာနည် သုံးယောက် ပေါင်းပြီး ဘူမိဗေဒဆောင်ကို သွားပြီး ရောင်းကြတယ်ဗျာ။ ကျွန်တော် နဲ့ ဝဏ္ဏ က ကော်ရစ်တာမှာ လမ်းလျှောက်လာတဲ့ သူတွေကို ဈေးခေါ်တယ်။ အော်လို့ . . . . . ဟစ်လို့ ပေါ့ဗျာ။ ဈေးရောင်းရတာ ပျော်စရာ ကောင်းပါသည်။

“ လာနော် အဖြူ ရမယ် ၊ အနီ ရမယ် ၊ အနက် ရမယ်။ အစိမ်းကတော့ ပါမလာဘူး။ အစိမ်း လိုချင်ရင် မနက်ဖြန်မှ ရမယ်။ ”

လူကလည်း အော်သည် ၊ လက်ကလည်း ညွှန်ပြနေသည်။

“ အဖြူ ရမယ် ၊ အနီ ရမယ် ၊အနက် ရမယ် ၊ အစိမ်းတော့ ကုန်သွားပြီ။ ”

ကျွန်တော်နဲ့ ဝဏ္ဏက ဒီလို အော် ခေါ်တယ်။ အောက်မှာ ဇာနည်က ထိုင်ပြီး ရတနာ ရွှေထည်တွေ ထည့်တဲ့ ကျောက်ဗူးလေးကို ထုတ်ပြီး ရောင်းနေပါသည်။ လူတွေ တစ်ယောက်စ နှစ်ယောက်စ ဝင်ကြည့်သည်။ ကြိုက်တဲ့ သူတွေက တစ်လုံး နှစ်လုံး ဈေးစစ်ကာ ဝယ်ကြသည်။ ကြည့်တဲ့ လူတွေကလည်း မြန်မာတွေ ပီသစွာ ဝိုင်းအုံကာ ကြည့်နေသည်။

နောက်ထပ်လည်း ကျွန်တော်တို့က လူတွေ ထပ်ခေါ်သည်။ ကြည့်တဲ့ လူတွေကလည်း ဝင်ကြည့်ကြသည်။ ဝင်ကြည့်ပြီးမှ ရယ်ပြီး ပြန်ထွက်သွားတဲ့ သူတွေ ပြန်ထွက်သွားသည်။ ဒီလိုနဲ့ တဖြေးဖြေး လူတွေ ဝိုင်းအုံလာသည်။ ကျွန်တော်တို့လည်း တော်တော် ရောင်းရပါသည်။

နောက်တော့ ဘူမိဗေဒ အဆောင်မှာ ကျောက် ရောင်းနေတယ် လို့ အသံတွေ ထွက်လာပါတော့သည်။ ဒါနဲ့ ကျွန်တော်တို့ သတင်းကြားပြီး ဆရာ ၊ ဆရာမတွေ ရောက်လာခဲ့သည်။ နောက်. . . . . နောက် . . . . ကျွန်တော်တို့ ဘူမိဗေဒ ပါမောက္ခ ရုံးခန်းကို ဖိတ်စာ မပါဘဲ ရောက်သွားကြသည်။

ကျွန်တော်တို့ ဘူမိဗေဒ ပါမောက္ခ ရှေ့က စားပွဲခုံမှာ မျက်နှာလေးတွေ နဲ့ ထိုင်နေကြသည်။ ကျွန်တော်တို့ကို ဘူမိပါမောက္ခ က

“ မင်းတို့ ကျောင်းသားကဒ်တွေ ပြပါဦး။”

တဲ့။ ကျွန်တော်တို့လည်း ရိုရို သေသေပါပဲ ဆရာကြီးကို လက်နှစ်ဘက်နဲ့ ထုတ်ပေးလိုက်သည်။ ဆရာကြီးက ကျွန်တော် တို့ ကျောင်းသားကဒ်တွေကို ကြည့်ပြီး . . . .

“ အာ . . .  မင်းတို့က ဘူမိဗေဒ ကျောင်းသားတွေလည်း မဟုတ်ဘူးပဲ။ ရူပဗေဒ ကျောင်းသားတွေပဲ။”

ကျွန်တော်တို့လည်း ခေါင်းတွေ ပြိုင်တူ ငြိမ့်ပြပြီး....

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော့်တို့ ရူပဗေဒ ကျောင်းသားတွေပါ။”

ဆရာကြီးက နားမလည်တဲ့ ပုံစံနဲ့ သူ့မျက်မှောင်ကို ကုတ်ပြီး . . . . . .

“ ဒါဆို မင်းတို့ ဘာလာလုပ်ကြတာလဲ။ ဘူမိဗေဒ အဆောင်ကို. . . ”

“ ကျွန်တော်တို့ နောက် မလုပ်တော့ပါဘူး ဆရာကြီး။”

“ အေးပါ။ မင်းတို့ နောက်မလုပ်တော့တာ အသာထား။ အခု မင်းတို့ ဘာလာလုပ်တာလဲကို အရင်ပြောလေ။ မပြောရင်တော့ မင်းတို့ကို ပါချုပ်ဆီ ပို့ရမှာပဲ။”

“ ဟာ မလုပ်ပါနဲ့ ဆရာကြီး။”

“ အေး ဆရာကြီး အခု ဘာမှ မလုပ်သေးဘူးလေ။ ဒါပေမဲ့ ဆရာကြီး မေးတာတော့ဖြေ ၊ မင်းတို့ ဘာလာလုပ်ကြတာလဲ။”

ဆရာကြီးကလည်း သိသိကြီးနဲ့ မေးနေပြန်ပါပြီ။ ဒါပေမဲ့ မပြောမဖြစ်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ကလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဆရာကြီးကို ပြောလိုက်ပါသည်။

“ ကျွန် . . . ကျွန်တော်တို့ ကျောက် . . .ကျောက်. . ကျောက်လာရောင်းတာပါ ဆရာကြီး။”

“ ဟေ....။”

ဆရာကြီးကလည်း သရုပ်ဆောင် ကောင်းပါတယ်။ “ ဟေ ” ဆိုပြီး မျက်မှန်အောက်က သူ့မျက်လုံးကြီးကို ပြူးပြပါတယ်။ မသိသလိုနဲ့ ၊ အခုမှ သိတယ် ဆိုသော ပုံစံနဲ့။

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော်တို့ ကျောက်လာရောင်းတာပါ။”

“ မင်းတို့က ဘာလို့ ဘူမိဗေဒ အဆောင်မှာ ကျောက်လာရောင်းရတာလဲ။”

“ အော် ဒါကတော့ ဆရာကြီးရယ်။ ဘူမိဗေဒ အဆောင်ဆိုတာ ကျောက်တွေ အကြောင်း သင်တဲ့အဆောင် ဆိုတော့ ဒီမှာ ရောင်းရင် ပိုရောင်းရမယ် ထင်လို့ပါ။”

“ အင်း ထားပါတော့လေ။ ပြစမ်းပါဦး။ မင်းတို့ ရောင်းနေတယ် ဆိုတဲ့ ကျောက်တွေ။”
 
“ ဟာ . . . .  မလုပ်ပါနဲ့ ဆရာကြီး။ ကျွန်တော်တို့ နောက်မလုပ်တော့ပါဘူး။ ”

“ အေးပါ။ မင်းတို့ နောက် မလုပ်တော့တာ ထားပါ။ တကယ်လို့ မင်းတို့ လာရောင်းတဲ့ ကျောက်ကို မပြရင်တော့ မင်းတို့ကို ပါချုပ် ဆီ ပို့ရမှာပဲ။”

ကျွန်တော်တို့ အရမ်းကြောက်ပြီး မတတ်သာတဲ့ ပုံစံလေးတွေနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဇာနည် က သူ့လွယ်အိတ်ထဲကို ထည့်ထားတဲ့ ကျောက်မျက်ရတနာတွေ ထည့်ထားတဲ့ ဗူးလေးကို ထုတ်ပြီး ဆရာကြီး ဆီကို ကမ်းပေးလိုက်တယ်။

ဆရာကြီးက သူ့လက်ထဲ ရောက်လာတဲ့ ကျောက်မျက် ရတနာဗူးလေးကို ကြည့်ပြီး “ ဘယ်ပြေးမလဲ မိချိုသဲ ” ဆိုတဲ့ ပုံစံနဲ့ ပြောင်နေတဲ့ ဆရာကြီး သူ့မျက်ခုံးတွေကို ပင့်ပြီး မျက်မှန် အောက်က မျက်လုံးလေးတွေကို မှေးကျဉ်းပြီး လက်ထဲက ကျောက်မျက် ရတနာဗူးလေးကို အသာလေး ဖွင့်လိုက်တယ်။

နောက်တော့ ဗူးထဲမှာ ဂွမ်းတစ်ထပ် ခံထားတဲ့ ဂွမ်းတွေကို အသာလေး ဆွဲပြီး သူ ကြည့်လိုက်တယ်။ နောက်တော့ ဂွမ်းအောက်က အရာတွေကိုလည်း ဆရာကြီးတွေ့တော့ ရုတ်တရက် ဆရာကြီး မျက်မှန်အောက် က မျက်လုံးတွေ ချက်ချင်း ပြူးသွားပြီး နှာဖူး ပြောင်ပြောင်ကြီး အောက်က မျက်မှောင်ကြီးလည်း ကုတ်သွားတယ်။ မယုံသလို ကျွန်တော်တို့ကို တစ်ယောက်ချင်းကြည့်နေပြီး..

“ မင်းတို့ ရောင်းနေတယ် ဆိုတဲ့ ကျောက်တွေက . . . . . . . . . . . . . . . . .”

ဆိုပြီး တစ်ယောက်ချင်း မျက်နှာတွေကို သေချာ လိုက်ကြည့်နေတယ်။ ဒီအချိန်မှာသာ ကျွန်တော်တို့ထဲ က တစ်ယောက်ယောက်ကသာ “ ဟီး ” လို့ ရယ်လိုက်လို့ကတော့ ကျွန်တော်တို့ချက်ချင်းကို ပါချုပ်ဆီကို ရောက်သွားမှာပေါ့ဗျာ။

ဒါပေမဲ့ ကျွန်တော်တို့တွေကလည်း ရုပ်တည်နဲ့ နောက်တဲ့ သင်တန်းအောင် လက်မှတ် ရထားပြီးသားတွေလေ။ ကျွန်တော်တို့ကို ဆရာကြီး သူ့မျက်ခုံးတွေ ကုတ်ပြီး သေချာ စိုက်ကြည့်နေပြီး။ ခဏကြာတော့..

“ မင်းတို့ ဒီမှာလာရောင်းနေတယ် ဆိုတဲ့ ကျောက်တွေက “ မီးခြစ်ကျောက် ” တွေပဲ။ ”

ဒီတော့မှ ကျွန်တော်တို့ဆရာကြီး မျက်စိနဲ့ မြင်နေတာကို ဝိုင်းပြီး ထောက်ခံလိုက်ကြပါသည်။

“ ဟုတ်ပါတယ် ဆရာကြီး။ ကျွန်တော်တို့ မီးခြစ်ကျောက်တွေ လာရောင်းနေတာပါ။”

ဆရာကြီးက မခံချိ မခံသာ ပုံစံ နဲ့ ကျွန်တော်တို့ကို ၁၅ မိနစ်လောက် သြဝါဒတွေ ချွေပြီး....။

“ အင်း မင်းတို့ ရောင်းနေတယ် ဆိုတာက တကယ့်ကျောက်တွေ မဟုတ်ပေမဲ့လည်း မကောင်းဘူးပေါ့ကွာ။ ဒါကြောင့် နောက်ကို မင်းတို့ ဒါမျိုး မလုပ်တော့ပါဘူး လို့တော့ ဝန်ခံတော့ ထိုးရမယ်။ ”

ကျွန်တော်တို့ ဘာမှ မပြောတော့ပါဘူး။ နာခံတယ် ဆိုတဲ့ သဘောနဲ့ ဆရာကြီး ပြောသလိုလက်မှတ်ထိုး လိုက်ကြပါသည်။

ဟုတ်တယ်လေ။ ကျွန်တော်တို့ နောက်တစ်ခါ ဒါမျိုး မလုပ်တော့ပါဘူးဗျာ။ တကယ်ပါ။ နောက်တစ်ခါ ဒါမျိုးလုပ်ရင် ဘယ်ရယ် ရမလဲဗျာ မဟုတ်ဘူးလား။ နောက်တစ်ခါ နောက်တစ်မျိုးပေါ့။ ဟီး ကျွန်တော်တို့ကလည်း ဒီလို ကောင်တွေလေ။


*** ဤစာဖြင့် ကျောင်းတွင် ကဲဖော်များဖြစ်ကြသော ဇာနည် ၊ ဝဏ္ဏ ၊ ဝေယံ ၊ ငရစ် ၊ မျက်မှန် ၊ ဝတုတ် ၊ နန္ဒာ ၊ ကျော့ခိုင် ၊ ထက်ထက် ၊ ဝတ်ရည် ၊ တင်ဇာ နှင့် သူငယ်ချင်းများ အားလုံးကို အမှတ်တရ သတိရစွာ ရေးသားပါသည်။ ထို့အတူ ဘူမိဗေဒ မှ ပါမောက္ခဆရာကြီးကိုလည်း ဒီစာဖြင့် (အဟိ) တောင်းပန်ပါတယ် ဆရာကြီး ခင်ဗျား။ ***



လေးစားစွာဖြင့်
ကိုဇော် အတိတ်ကို ပြန်လည် ပုံဖော်ခံစားသည်။

http://zaw357.multiply.com/journal/item/562
မှာ 26.8.2009 ကရေးထားတာပါ။

.

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

YM said...

သြော်...အစအနောက်ကလည်း
တော်တော်သန်ပါလားနော်။
ဒီပို့စ်လေးဖတ်ပြီး ငယ်ငယ်က ကျောင်းသူဘ၀ကိုတောင်
ပြန်လွမ်းသွားမိတယ်ရှင့်။

မြသွေးနီ

ကိုအောင်(ပျူနိုင်ငံ) said...

အဖြူရမယ်၊ အနီရမယ်၊ ရမ်ရမယ် ဘီအီးရမယ်
များ လုပ်အုံးမလား ကိုဇော်။

နှင်းနဲ့မာယာ said...

ကိုဇော်
အမျိုးတွေလာတွေ့နေသလိုပဲ...
တို့က အဆောင် ၃၈... သချာင်္ကလေ...
ဘယ်နှစ်တုန်းက တက်ခဲ့တာလဲ..
အဲဒီဘူမိဆောင်ကိုလဲ သတိရတယ်...
ကျောက်တုံးတွေ တန်းစီချထားတဲ့ အဆောင်မို့လို့...

နှင်းနဲ့မာယာ

ကိုရီး{ကိုကြီး} said...

ကျွန်တော်လည်း ကျောက်ရောင်းချင်တယ်
ဝယ်ဦးမလား ဦးဇွတ် :)))

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

သဒ္ဓါလှိုင်း said...

သူငယ်ချင်းတွေကိုပြန်သတိရစေတယ်နော်..။
တချိန်တုန်းကတော့ဖြူစင်စွာနဲ့ပျော်ခဲ့ရတဲ့အချိန်
လေးတွေကိုပြန်တမ်းတမိတယ်..။
(ပြန်မရတော့ဘူး....)။

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

ကဲ ကိုဇော် ရေ ပျော်ပျော်ပါးပါး ငယ်ဘဝကို ထားပစ် ခဲ့ရတာ နှမြောစရာ

ခင်တဲ့
ရွှေစင်ဦး

အိမ်လွမ်းသူ said...

အတိတ်ကို အမြဲလို ပြန်တွေးတတ်တဲ့ ကျနော်တို့
တွေ အနာဂါတ် ကိုရော တွေးမိကြမှာ ဘဲနော်။
အတိတ်ကို ပြန်တွေးမိရင် လွမ်းစေတယ်ဗျ။
အနာဂါတ် ကို တွေးကြည့်မိတော့လည်း ကြောက်စေတယ် ဗျ။ကဲ ဘာဆက်လုပ် ရတော့
မှာလဲ။

အဖြူရောင်နတ်သမီး said...

ပျော်စရာလေးတွေ လာဖတ်သွားတယ် ကိုဇော်ရေ..
နေမကောင်းဘူး..ယဲ့ယဲ့လေးပဲ ပြုံးနိုင်တယ်..

ahphyulay said...

အမယ်...........
မရေး တတ်ဘူး သာ ပြောနေတယ် ၊
ရေး လိုက် တော့ လဲ အဟုတ် ၊
ဇာတ်နာ ပြ လို့  ကြွေ နေတာ ၊
မရေးတတ် ဘူးပြောကတဲ က ရေးတတ်လို့ 
ရေး ပြီး လို့  မဟုတ်လား။

ခိုင်နုငယ် said...

အရောက်လာလို့ ပြုံးမိ ဖတ်မိ
ရယ်မိ တွေးမိ အတိတ်ကိုလည်း
ရောက်စေတယ်ဗျာ။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ညလင်းအိမ် said...

အဟား ရီရတယ်နော် ...

တက္ကသိုလ်ကျောင်းသားဘ၀ကို လွမ်းတယ်ဗျာ ...
အဲဒီတုန်းက လွတ်လပ်မှုဆိုတာ ဘာနဲ့မှ မတူဘူး ...

အဟား .. ပြောရင်းနဲ့ ဒဂုံတက္ကသိုယ်ကြီးကို လွမ်းတယ် ....

ဒါနဲ့ စကားမစပ် ရူပဗေဒအဆောင်က ကောင်မလေးတွေ အတော်ချောဗျ ... :P

ဖိုးသား said...

တက္ကသိုလ်ကျောင်းသားဘ၀ ကိုမတက်ရောက်ဖူးတော့ စာနဲ့တင်ခံစားသွားပါတယ် ခင်ဗျာ ကျောက်က အစစ်မှတ်လို့ မီးခြစ်ကျောက်ကြီးကိုး :P♦

ဖိုးသား said...

တက္ကသိုလ်ကျောင်းသားဘ၀ ကိုမတက်ရောက်ဖူးတော့ စာနဲ့တင်ခံစားသွားပါတယ် ခင်ဗျာ ကျောက်က အစစ်မှတ်လို့ မီးခြစ်ကျောက်ကြီးကိုး :P♦

Anonymous said...

ကိုရေ...
ငယ်ငယ်ကလည်း ဒါမျိုးတွေလုပ်တာပဲလား။
ဟွန်းနော်(တီ၊တီ၊တီ)
ချစ်တယ်နော်။အလိုမလိုက်ဘူး။EYE ဘာဖြစ်လဲ။
Eye ကို Care ပါ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.