မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 August 2010

2 စေ့စပ်မရမှုများ




စေ့စပ်မရမှုများ

တောင်ဝင်ရိုးစွန်း ခပ်ယွန်းယွန်းနဲ့
မြောက်ဝင်ရိုးစွန်း ခပ်သွယ်သွယ်
သူတို့ တွန်းဖယ်နေကြသတဲ့လား။
ရှေ့၊ နောက် ၊ တောင် ၊ မြောက် မသိတဲံ့
အရူးတစ်ယောက်က ခပ်ဖွဖွပြောတယ်။

တစ်ခါတလေ . . .
တောင်ဝင်ရိုးစွန်း နဲ့ မြောက်ဝင်ရိုးစွန်းကြား
ဖြစ်ရပ်တွေက မှုန်တိဝိုးတဝါး
စိတ်တွေ ခြောက်ခြားတယ်။

ဓါတ်ပုံ ရိုက်နေသလိုမျိုး. . .
ကင်မရာကို ကိုင်ပြီး ဓါတ်ပုံရိုက်ဟန်ဆောင်ကာ
ဓါတ်ပုံ အရိုက်ခံနေရတဲ့ ကင်မရာဆရာလိုမျိုး . . . .၊

ရှေ့နေတွေသည် လိမ်ပြောသည် . . လို့
ရေးထားတဲ့ စာကို ဖတ်ပြနေရတဲ့
ရှေ့နေတစ်ယောက်လိုမျိုး. . . . ၊

သူများ ဆိုနေတာကို
စင်အောက်က ထိုင်ပြီး အလှည့်ရောက်အောင်
နားထောင်ပေးနေရတဲ့ အဆိုတော်လိုမျိုး. . . . ၊

ဆရာတို့ ဒါကိုတော့ ပြုပြင်မွမ်းမံသင့်ပါတယ် . . လို့
သင်ကြားခြင်း ခံနေရတဲ့
ဆရာအတတ်သင်က ဆရာတစ်ယောက်လိုမျိုး . . . ၊

သူများကို မြေကျင်းတူးပေးခဲ့ပြီး
ကိုယ့်အတွက်ကျတော့ သူများက ပြန်တူးပေးရတဲ့
ကံကုန်သွားတဲ့ သုဘရာဇာ လိုမျိုး. . . ၊

ဥသြသံကို ကြားရင် စိတ်ချမ်းသာတယ် ဆိုတဲ့
မိန်းမကို ရထားသော ဥသြသံကြားရင်
စိတ်မချမ်းသာသော မီးသတ်သမားလိုမျိုး . . . ၊

မျှားလို့ ရတဲ့ ငါးကို ကင်စားရင်း
ငါးခေါင်းကို ဝါးတော့မှ ငါးမျှားချိတ်
ပါးစပ်ထဲ ရောက်ဖူးတဲ့ ငါးမျှားသမားလိုမျိုး . . . ၊

Gay , Guy , Girl ကို ကာရံယူပြီး
သူ ၊ သူမ ၊ ယောက်ျားမိန်းမ လုပ်လိုက်ပြီး
ကဗျာ တစ်ပုဒ် အရေးခံလိုက် ရသလိုမျိုး. . . ၊

သံလိုက်မှာ ဖို နဲ့ မ ၊ တောင် နဲ့ မြောက်
ဆွဲနေကြပြီး ဘာလို့ မတွန်းကန်တာလဲ
တောင် ၊ မြောက် ဝင်ရိုးစွန်းတွေကို ဖေးမ တွေးနေသလိုမျိုး. . . ၊

မော်ဒန် . . ကဗျာ ၊ ဝတ္ထုမှာ
စကားလုံးတွေ ၊ အသံတွေနဲ့ လျှောက်လှမ်းခဲ့သူ တစ်ယောက်
သူက သူ့အကြောင်းကို မော်ဒန် မဆန်သွားခဲ့သလိုမျိုး. . . ၊

ဘယ်လိုမှ စေ့စပ်မရတဲ့ အဖြစ်များမှာမှ . . .
သေမင်း နဲ့ သူ ရင်ကြားစေ့စပ်သွားသော သူ. .
ဒီနေ့ဟာ ဆရာ “ တာရာမင်းဝေ ” ဆုံးတာ ( ၃ ) နှစ်မြောက်ခဲ့ပြီ။
ဘယ်လိုပင် စေ့စပ်မရမှုတွေထဲမှာ . .
သူနဲ့ ကျွန်တော်တို့ ဘယ်လို ဝေးဝေး . .
ကျွန်တော်တို့ သူ့အကြောင်း ပြောနေကြဦးမည်
ကျွန်တော်တို့ သူ့အကြောင်း တွေးနေမိကြဦးမည်
ကျွန်တော်တို့ သူ့အကြောင်း ရေးနေကြဦးမည်။   ။

*** ဆရာ တာရာမင်းဝေ ကွယ်လွန်ခြင်း သုံးနှစ်ပြည့်သော ဒီနေ့ 5.8.2010 အတွက် အမှတ်တရ ***

လေးစားစွာဖြင့်
ကိုဇော်

.
Share/Bookmark

2 ယောက် ရဲ့ ထင်မြင်ချက်:

Phyu said...

အမှတ်တရ ... တဲ့လားအကိုဇော်
စေ့စပ်မရမှုတွေကြားထဲ အားလုံးရဲ့ ကိုယ်စား ကဗျာတစ်ပုဒ်အမှတ်တရ ထင်ကျန်ရစ်ပြီ ...
Best regards
ညီမငယ် ဖြူ

အဖြူရောင်နတ်သမီး said...

ဆရာ တာရာမင်းဝေကွယ်လွန်ခဲ့တာ (၃)နှစ်ပြည့်ခဲ့ပေမယ့် မနေ့ တနေ့ကလိုပါပဲလေ..
မနေ့ကလည်း သူ့အကြောင်းပြောဖြစ်ခဲ့သေးတယ်..
ဒီနေ့လည်းပြောနေဆဲပဲ...
နောင် နေ့ပေါင်းများစွာ..နှစ်ပေါင်းများစွာအထိလည်း သူ့အကြောင်းပြောနေကြအုံးမှာပါပဲ...

သူရေးခဲ့တဲ့ကဗျာတွေ...
သူ့အရိပ်အဖြစ်...
ကဗျာချစ်သူတွေရဲ့ ရင်ထဲမှာ ထာဝရရှိနေဆဲပါ...