မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 August 2010

8 လောကမှာ What is that ? တွေ အများကြီးပါ


ကျွန်တော့်ဆီကို ဟိုနေ့က မေးလ်တစ်စောင်ဝင်လာတယ်။ ဒီမေးလ်လေးကို ဖတ်ပြီးတော့ ကျွန်တော် ရသပေးစွမ်းနိုင်တဲ့ What is that? ဆိုတဲ့ ဗီဒီယိုလေးကို သွားပြီး သတိရတယ်။ မကြည့်ရသေးတဲ့ သူတွေ ဒီနေရာ မှာ အရင်ကြည့်လိုက်ပါ။ ပြီးတော့ ကိုလေးဖြူ ပြောတဲ့ စကားတစ်ခုကိုလည်း သွားပြီး သတိရတယ်။

အဲဒီအချိန်က ကိုမျိုးကြီးကို မျိုးကြီး ဆိုပြီး အဆိုတော် ဖြစ်လာစေတဲ့ သီချင်းခွေ လေပြေ ထွက်ပြီး ဟိုလူ့ ပါးစပ်မှာလည်း “ ဒီကစောင့်နေသူ ” ၊ ဒီလူ့ပါးစပ်ထဲမှာလည်း “ ဒီကစောင့်နေသူ ” ဆိုပြီး ဖြစ်နေတဲ့ အချိန်ပေါ့။ ဒီအချိန်မှာ ကိုလေးဖြူကပြောတယ်။

“ ဟုတ်ပါတယ်။ ကျွန်တော်တို့ရဲ့ “ ဒီကစောင့်နေသူ ” သီချင်းက ကော်ပီ သီချင်းပါ။ ဒါကြောင့် ဒီကစောင့်နေသူ နာမည်ကြီးလို ဒါကို လိုက်တုပြီး “ ဟိုကစောင့်နေသူ ” ဆိုပြီး လိုက်ဆိုမလား ဆိုပေါ့လေ။

ဒီကစောင့်နေသူကို ဟိုကစောင့်နေသူလို့ လုပ်လိုက်လို့ ခံစားရတဲ့ သီချင်းရသက ပြောင်းသွားမှာမှ မဟုတ်တာ။ ကော်ပီမို့လို့ ပြန်ဆိုမယ် ဆိုရင်လည်း စာသားတွေ အကုန်ပြောင်းပြီး သံစဉ်ယူဆိုမှ နားထောင်ရတာ ၊ သြော် ဒီက စောင့်နေသူ သံစဉ်ပါလားဆိုပြီး လူတွေ စိတ်ဝင်စားဦးမယ်။ ဒီက စောင့်နေသူကို ဟိုကစောင့်နေသူ လုပ်လို့ကတော့ မထူးဘူး။ ”


ကိုလေးဖြူက ဒီလို ပြောဖူးပါတယ်။ အခုတော့ ကျွန်တော့်ဆီကို ရောက်လာတဲ့ မေးလ်ကလည်း ဒီကစောင့်နေသူကို ဟိုကစောင့်နေသူ လုပ်ထားတာပါပဲ။ ဒီမေးလ်ကို ဘယ်သူရေးတာလဲလို့ ကျွန်တော် မသိပါ။ What is that? မှာ
စာကလေးကို သုံးတယ်။ ဒီမေးလ်မှာ ကျီးကန်းကို သုံးတယ်။ အကြိမ် ၂၁ ကြိမ်မှာ မေးလ်ထဲမှာ ၂၇ ကြိမ်လို့ သုံးထားတယ်။ ဒါပေမဲ့ ဇာတ်လမ်းကတော့ ဒီဇာတ်လမ်းကြီးပါပဲ။ ဒါကြောင့် အားလုံး သိနေကြတာပါပဲ။

ကျွန်တော့်ကို မေးကြပါတယ်။ စာဘယ်လိုရေးရမလဲ ဆိုတော့ ဒါကြောင့် ကျွန်တော် အခု ပို့စ်ကို ရေးတာပါ။ တကယ်တော့ ကိုယ်သာ ကြည့်တတ် ၊ မြင်တတ် ၊ တွေးတတ် ၊ ရေးတတ် မယ်ဆိုရင် ဒီလောကကြီးမှာ What is that ? အများကြီးပါ။ အခု ကျွန်တော် တစ်ခု တွေးမိတာလေး ရေးပြမယ်ဗျာ.။ စာရေးချင်တယ် ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ စာရေးချင်သူ အားလုံးကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုပါတယ်။




ကျွန်တော့်အလုပ်က ညဆိုင်းပါ။ ဒါပေမဲ့ ကျွန်တော့်မှာ အလုပ်ဝင်ဝင်ချင်း နေ့ဆိုင်း ၊ ညဆိုင်း အပြောင်းအလဲ ၊ အလုပ်က ပစ္စည်း အဝင်အထွက် ကြောင့် ဒီအချိန်တော့ ကျွန်တော် အလုပ်ရှုပ်တယ်။ ပြီးရင်တော့ သူတို့ လိုတဲ့ ပစ္စည်း လာထုတ်မှသာ ကျွန်တော်က ထုတ်ပေးရတာ။ ဒါကြောင့် အလုပ်က ထိုင်နေရတာပဲ များပါတယ်။

တစ်ခါတစ်လေ ကွန်တိန်နာ လာရင်တော့ သူတို့လည်း အလုပ်ရှုပ်သလို ကျွန်တော်လည်း စတိုက ပစ္စည်းအဝင်အထွက်တွေ များလို့ အလုပ်သိပ်မအားလှ။ သို့သော် ဘယ်လိုပဲ ဖြစ်ဖြစ် ည ၁၁ နာရီနောက်ပိုင်းဆိုရင် အလုပ်သိပ်မရှိတော့ပါ. . သာမာန်လုပ်ရုံပါပဲ။

ကျွန်တော်တို့စက်ရုံရဲ့ ဘေးစက်ရုံက ပရိဘောဂ အရောင်းဆိုင်။ သစ်သားပရိဘောဂ ၊ သံ ပရိဘောဂ ၊ ကြိမ် ပရိဘောဂ ၊ ပလတ်စတစ် ပရိဘောဂ ၊ လိုက်ကာခန်းစီး ရောင်းတယ် ၊ အိမ်အလှဆင် မီးလုံးတွေ ရောင်းတယ်။ ပရိဘောဂဆိုင်က ကြီးသလို ဌာနတွေလည်း များတယ်။ ဒါကြောင့် ဌာနမှာ အရောင်းစာရေးတွေကလည်း များတယ်။ ဒီက နိုင်ငံသားတွေကတော့ အလုပ်နဲ့ အဆင်ပြေရင် လုပ်တယ်။ အဆင်မပြေရင် ထွက်သွားတာပါပဲ။ သူတို့ကတော့ အလုပ်မရှားဘူးလေ။

ကျွန်တော်နဲ့ ခင်နေတဲ့ အရောင်းစာရေး ယောက်ျား ၊ မိန်းမတွေလည်း ရှိတာပါပဲ။ တချို့ကတော့ အလုပ်မှာ ကြိုးစားလုပ်ကြတယ်။ တချို့ကတော့ နည်းနည်းအဆင်မပြေတာနဲ့ ထွက်သွားတာပါပဲ။ အခုလည်း ပရိဘောဂဆိုင်မှာ လူသစ်တစ်ယောက် ဝင်လာတာ တွေ့ရတယ်။ သူ့နေရာက လိုက်ကာခန်းစီး ရောင်းတဲ့ နေရာမှာ အရင်တစ်ယောက်ကတော့ အလုပ်ထွက်သွားပြီထင်တယ်။ အခု လူသစ်နဲ့လည်း ကျွန်တော် မသိပါ။ နေ့စဉ်မြင်နေရတာ မို့လို့ မျက်နှာစိမ်းဆိုပြီး သိတာပါ။

သူတို့ ပရိဘောဂဆိုင်က အလုပ်သိမ်းချိန်က ည ၁၀ မှ သိမ်းတယ်။ ဒီအချိန်မှာ ကျွန်တော့်စက်ရုံရှေ့မှာ လော်ရီကားတစ်စီး လာပြီး ရပ်ထားတာ တွေ့တယ်။ ဒီလိုပဲ ခဏလာရပ်နေကြ ဆိုတော့ ကျွန်တော်လည်း သတိမထားမိပါ။ ခဏနေတော့ ပရိဘောဂဆိုင်ထဲက လူသစ်က ထွက်လာတယ်။ နောက်တော့ ဒီလော်ရီကားပေါ်တတ်သွားတာ တွေ့လိုက်ရတယ်။ ကားပေါ်မှာ ဦးလေးကြီးနဲ့ အဒေါ်ကြီးတစ်ယောက် . . သူ့အဖေ နဲ့ အမေ ဖြစ်ပုံရတယ်။ ဒီ့ထက် ကျွန်တော်လည်း သတိမထားမိဘူးပေါ့။

ဒီလိုနဲ့ နေ့တိုင်း သူမထွက်လာခင် လော်ရီကားက တစ်ခါတစ်လေ ၁၅ မိနစ် ၊ တစ်ခါတစ်လေ နာရီဝက် ၊ တစ်ခါတစ်လေ တစ်နာရီ နီးပါးလောက်ကြအောင် စောင့်ရတယ်။ ပြီးတော့ သူထွက်လာရင် ကားက ထွက်သွားတာပါပဲ။ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ ကိုယ်လေ။ လာကြိုတဲ့ အဖေ ၊ အမေကလည်း သူ ထွက်မလာမချင်း စောင့်နေရတာကို တာဝန်တစ်ခုလိုပါပဲ။ နေ့တိုင်း အေးဆေး စောင့်နေတာပါပဲ။ သူထွက်လာပြီး လော်ရီကားကြီးပေါ်ကို တတ်သွားရင်တော့ မောင်းထွက်သွားတာပါပဲ။

ဖြစ်ချင်တော့ တစ်နေ့ ၊ ကျွန်တော် အလုပ်ထဲကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ အပြင်ကို သူထွက်လာတာကို တွေ့ရတယ်။ ကျွန်တော် နာရီကို လှမ်းကြည့်လိုက်တော့ သူ အရင်ပြန်နေကျ အချိန်ထက် စောနေတာကို တွေ့ရတယ်။ ဖြစ်ချင်ပြန်တော့ သူ့ကို လာကြိုတဲ့ လော်ရီကားကလည်း ဒီနေ့ သူစောမှ လော်ရီကားကြီးက နောက်ကျနေတယ်။ အရင်ဆို ဒီအချိန်မှာ ရောက်နေပြီလေ။ ဒါကိုတော့ သွားပြောလို့မရဘူး။ ကားလမ်းဆိုတာ လမ်းမှာ ကားတိုက်မှုတွေ ဘာတွေ ဖြစ်ရင် လမ်းပိတ်တတ်တော့ ကားတွေ ကြပ်နေတတ်တယ်လေ။ ကျွန်တော်လည်း ဒီလိုပဲ တွေးမိတယ်။

သူကလည်း လမ်းကိုမျှော်ပြီး သူ့ကိုလာကြိုမဲ့ လော်ရီကို မျှော်ငေးနေတယ်။ ၁၅ မိနစ်လောက်ကြာတော့ သူ ဖုန်းထုတ်ပြီး လှမ်းတက်တယ်။ ဘာလုပ်နေတာလဲ ၊ ဘယ်နေရာမှာလဲ ၊ ဘာလို့ ကြာနေတာလဲ ၊ ဘယ်တော့ ရောက်မှာလဲ ၊ ဘာဖြစ်နေတာလဲ ဒီလိုမျိုး “ ဘကုန်း ” တွေ သူတော်တော် သုံးလိုက်မယ်လို့ ကျွန်တော် ထင်နေတယ်။ ညမှောင်မှောင်မှာ သူ့မျက်နှာကလည်း လရောင်နဲ့ မလင်းပါဘူး။ သုန်သုန်မှုန်မှုန် ဖြစ်နေမယ် ဆိုတာ ကျွန်တော် အဝေးက မမြင်ရပေမဲ့ စိတ်နဲ့ ထင်နေမိတယ်။ သူ့မျက်နှာကလည်း စူစူပုပ်ပုပ်။

နောက်ထပ် ၅ မိနစ်လောက်ကြာပြန်တော့လည်း သူထပ်ပြီး ဖုန်းထုတ်ဆက်ပြန်တယ်။ “ ကြာလိုက်တာ ၊ ဘာဖြစ်နေတာလဲ ” ဘာညာ့ဖြစ်မယ် ထင်တယ်။ ကျွန်တော်လည်း အဝေးကနေ သူဖြစ်နေတာကို ခံစားနားထောင်မိတယ်။ နောက်ထပ် ၅ မိနစ်တော့လည်း သူထပ်ပြီး ဖုန်းထပ်ထုတ်ဆက်တယ်။ ဒီလိုနဲ့ မလာမချင်း ၅ မိနစ်တစ်ခါလောက် ဖုန်း ထုတ်ဆက်နေတယ်။ ကျွန်တော်လည်း စိတ်ဝင်စားသွားလို့ သူနဲ့ အနီးဆုံးမြင်ရ ၊ ကြားရနိုင်တဲ့ စက်ရုံ ရှေ့က သံဇကာနားကို ကပ်လာတော့ . . ၊ ကျွန်တော်တောင်မှ သံဇကာနား မရောက်သေးဘူး။ ဒလကြမ်း မောင်းလာတဲ့ လော်ရီတစ်စီးက သူ့နားကို “ ဂွီခနဲ ” ရောက်လာတော့တာပါပဲ။

သြော်. . တော်ပါသေးရဲ့ ၊ သူ့ကို လာကြိုတဲ့ လော်ရီကား ရောက်လာပြီကိုး ၊ ကျွန်တော်လည်း သံဇကာ အနားလည်း ရောက်ရော သူက သူ့ရဲ့ မလှမပ စူပုပ်ထားတဲ့ မျက်နှာ ရှစ်ခေါက်ချိုးကို ဟန်လုပ်ပြီး လော်ရီကား ပေါ်တတ်သွားတယ်။ ကျွန်တော်လည်း ဘာများ ကြားရမလဲလို့ စိတ်ဝင်စားနေတဲ့ သူဆိုတော့ သူလော်ရီ ကားတံခါးကို ဖွင့်ပြီး တတ်လိုက်တော့ လော်ရီထဲက သူ့အဖေနဲ့ အမေ ပြောသံကို ကြားလိုက်ရတယ်။

“ ကားလမ်းတွေ ပိတ်နေလို့ သမီးရယ် ၊ စောင့်နေရတာ ကြာပြီလား။ ”

သူကတော့ မလှမပ စူပုပ်ထားတဲ့ မျက်နှာကြီးကို သူ့မျက်ခွက်မှာ တပ်ထားရင်း. . .

“ ကြာပြီပေါ့. . ၊ နာရီဝက်လောက်တောင်မှ ရှိတော့မယ်။ ”

ဒီမှာ သူ့အဖေ နဲ့ အမေ ဆီက အသံတွေ တပြိုင်နက်တည်း ကျွန်တော် ကြားလိုက်ရတယ်။

“ ဟုတ်တာပဲ..တော်တော် စောင့်လိုက်ရတာပဲ။ အေးကွယ် . . နောက်နေ့တွေ အဖေ နဲ့ အမေ နောက်မကျအောင် စောစော ထွက်ခဲ့ပါ့မယ်။ ”

ဒီလိုပြောပြီး လော်ရီတံခါးပိတ်ပြီး စူစူပုပ်ပုပ် ရှစ်ခေါက်ချိုး မျက်နှာနဲ့ သူ့ကို လော်ရီကြီး မောင်းထွက်ပြီး ခေါ်ဆောင် သွားတော့တယ်။ ကျွန်တော့်မှာသာ တစ်ယောက်တည်း အတွေးတွေနဲ့ ကျန်ခဲ့တယ်။

တကယ်ဆို သူ စောင့်နေရတာက ဒီတစ်ရက်တည်းပါ။ နောက်ပြီး နာရီဝက် မရှိ ၊ တရှိ ။ နေ့စဉ် စောင့်နေရတာက အဖေ နဲ့ အမေ ။ နေ့တိုင်း နာရီဝက်ကနေ ။ တစ်နာရီ ။ ဒါပေမဲ့ သူတို့ အပြစ်မပြောကြ ။ တစ်ရက်လေး နာရီဝက်လောက် သူစောထွက်လာလို့ စောင့်နေရတဲ့ သူက ဒီလို ဖြစ်သွားတယ်။

ဒီအချိန်မှာပဲ ကျွန်တော် ခုနက ပြောတဲ့ What is that? ဗီဒီယိုလေးကို သွားသတိရတာပါပဲ။ သြော် . . ဒီကမ္ဘာလောကကြီးမှာ What is that? တွေက တစ်ယောက်တည်း မဟုတ်ပါလား။ ဒီလိုမျိုး ဘယ်နှစ်ယောက်များရှိနေမလဲ။ ပြီးတော့ ကျွန်တော်ရော ဒီလို ဖြစ်ခဲ့ဖူးပါသလား ၊ ဒီလို ကြုံခဲ့ဖူးပါသလား ၊ ဒီလို လုပ်ခဲ့မိပါသလား ၊ ဒီလို တုံပြန်ဖူးပါသလား ၊ ဒီလို နားမလည်တတ်ခဲ့ဘူးလား။

နောက် အခု စာဖတ်နေတဲ့ သူငယ်ချင်းတွေရော . . . .  
  • ဒီလို ဖြစ်ခဲ့ဖူးပါသလား ၊ 
  • ဒီလို ကြုံခဲ့ဖူးပါသလား ၊ 
  • ဒီလို လုပ်ခဲ့မိပါသလား ၊ 
  • ဒီလို တုံပြန်ဖူးပါသလား ၊ 
  • ဒီလို နားမလည်တတ်ခဲ့ဘူးလား။ 
  • ဒီလို ကြုံခဲ့မယ်ဆိုရင်ရော ဘယ်လို ဖြစ်နေမလဲ. . What is that? ထဲကလိုပဲ ဖြစ်နေမလား ၊ လိုက်ကာ အရောင်းစာရေး လိုပဲ ဖြစ်နေမလား.။

ကျွန်တော် အခုထိ တွေးနေမိပါတယ်။



လေးစားစွာဖြင့်
ကိုဇော် ခံစားပုံဖော်သည်။

( စာရေးချင်တယ် ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ နောက်လည်း အလျင်းသင့်သလို အတွေး အမြင်လေးတွေ ပြောပြပါ့မယ်။ စာများများ ရေးနိုင်ကြပါစေ။ )


.

Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

ကိုဇော်

အဲလို သမီးမျိုး အိမ်ထောင်ကျ မှ ဒုက္ခရောက်မယ်
မိဘ နှိုတ်စက်တာ

ခင်မင်တဲ့
ရွှေစင်ဦး

ညလင်းအိမ် said...

ကြုံခဲ့ဖူးသလား .. အဲလို တုန့်ပြန်ခဲ့ဖူးသလား ...
??????????
အတွေးတော့ ပွားသွားတယ် ကိုဇော်ရေ ...
ကျေးဇူး ...

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဇော်ရဲ့ အတွေးတွေကို ဖတ်ရူသွားပါတယ်။

sv said...

ပြုံးရုံတင်မကပါ..ရယ်နေပါသည်...
ဒီပို.စ်လေးအတွက် အဲ့ဒီ ပရိဘောဂဆိုင်က အမျိုးသမီးလေးကို ကျေးဇူးတင်မိတယ်... သူ.ကို ငန်းရင်း ( အဲ့လေ သတိထားကြည့်ရင်း ) ဒီပို.စ်လေး ဖြစ်လာတာကိုး..

လေးစားစွာဖြင့်

sv

နေ၀သန် said...

ကမ္ဘာကြီးကလည်း တစ်ဘ၀အမြင်နဲ့ကြည့်ရင် ချိန်ခွင်မညီတာနဲ့ တည်ဆောက်မှပဲ လှသလိုလိုကိုး....


ခင်မင်တဲ့
နေ၀သန်

Anonymous said...

အဲဒီ ကလေးမလေးကိုပဲ သနားသလိုလို ဖြစ်လာပါတယ်။
နောင်ဆို ဒုက္ခ လှလှ တွေ့မှာလား၊အချွဲ ကြိုက်သူနဲ့ဆို တော်သေး ... စသည်ဖြင့် တွေးမိပါကြောင်း ...
ငြိမ်းစိုးဦး

khin oo may said...

something related ဖြစ်ခဲ့ဘူးပါတယ်။

သဒ္ဓါလှိုင်း said...

အဲဒီမိန်းကလေးလည်း ဒီလိုဇာတ်လမ်းမျိုးကိုကြည့်မိ
လိုက်ရင် သူပြုမူခဲ့တာတွေကို နောင်တရနိုင်တယ်နော်.
ကိုယ်လည်း သတိထားစရာပေါ့..။

ခင်မင်စွာ
သဒ္ဓါ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.