မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


20 August 2010

23 စစ်သား အိမ်အပြန်


သူတို့ဟာ လူသားတွေပါပဲ။ သူတို့ဟာ သူတို့ နိုင်ငံရဲ့ မြင့်မားမှုကြောင့် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုသော ဆက်သွယ်ရေး ၊ ကိရိယာပစ္စည်း ၊ အစားအသောက် ၊ လက်နက်ခဲယမ်းတွေကို သုံးစွဲခွင့် ရကြပါလိမ့်မည်။ သို့သော် မေတ္တာတရားရဲ့ ထိတွေ့မှုကိုတော့ သူတို့ ရှောင်လွဲလို့ မရနိုင်ခဲ့ပါဘူး။ ခေတ်မှီလွန်းသော နိုင်ငံမှာ နေရသောကြောင့် သူတို့ ဥပမာ - အင်တာနက်ကနေ တဆင့် မိသားစုနဲ့ အဆက်အသွယ် မပြတ် နေနိုင်ကြပါလိမ့်မည်။ သို့သော် ပုံရိပ် ဆိုတာ အစစ် မဟုတ်ခဲ့ပါဘူး။ ဒီလို ခေတ်မှီသော နိုင်ငံမှ စစ်သားတွေတောင်မှ သူတို့ အိမ်အပြန်မှာ သူတို့ မိသားစု ရဲ့ နွေးထွေးမှုကို ဘယ်လောက် အလေးထား ၊ တန်ဖိုးထား မြတ်နိုးတယ် ဆိုတာ မြင်ကြည့်ဖို့ သက်သက်ပါပဲ။

တစ်ခါကတော့ ကျွန်တော့် ဆရာ တစ်ယောက်က ပြောဖူးပါသည်။ ကမ္ဘာပေါ်မှာ စစ်သားတိုင်းကို အမိန့်ပေးတဲ့ ဗိုလ်တွေ ပြောတဲ့ စကားလေး အကြောင်းပေါ့။ ဆရာကတော့ ရယ်စရာ အနေနဲ့ ဟာသနှောပြီး ပြောတာပါ။ ကမ္ဘာပေါ်မှာ စစ်ဗိုလ်တိုင်းက တိုက်ပွဲမှာ အမိန့်ပေးပြီ ဆိုရင် “ Follow Me ” ( ငါ့နောက် လိုက်ခဲ့ ) လို့ပဲ ပြောလေ့ရှိပါတယ် တဲ့။ ဒါပေမဲ့ ကမ္ဘာမှာ ထူးခြားတဲ့ နိုင်ငံ တစ်နိုင်ငံပဲ တိုက်ပွဲမှာ အမိန့်ပေးရင် တစ်မျိုး ဖြစ်နေတတ်တယ် တဲ့။ အဲဒါကတော့ “ တက် ” ဆိုပဲ။

အခု ဗီဒီယိုလေးကတော့ “ တက် ” နဲ့ မဆိုင်သလို ၊ “ ငါ့နောက် လိုက်ခဲ့ ” နဲ့လည်း မဆိုင်ပါဘူး။ ဒီဗီဒီယိုလေးကတော့ အဝေးရောက် နေတဲ့ စစ်သားတစ်ယောက် အိမ်အပြန်မှာ သူတို့ရဲ့ မိသားစုလေးတွေနဲ့ တကယ့်ပြင်ပမှာ အဖြစ်အပျက်ကို မှတ်တမ်း တင်ထားတာပါ။ ရုပ်ရှင်မဆန်သော ဟန်ဆောင်မှု မပါသောကြောင့် နင့်နင့်နဲနဲကို ခံစားရစေပါသည်။

နောက်တစ်ခုက သူတို့နိုင်ငံတွေမှာ အချစ် ၊ မေတ္တာတရား ( Love ) မရှိဘူး ဆိုပြီး လိင်ဆက်ဆံမှု ( Sex ) တစ်ခုတည်းကိုသာ ဦးစားပေးတယ် ဆိုသော အချက်ကို ကျွန်တော် အမြဲတမ်း တစ်ယောက်တည်း ခံငြင်းမိနေတဲ့ အချက်ကိုလည်း ထောက်ပြချင်တာပါ။ တကယ်တော့ လူဆိုတာ လူပါပဲလေ။ လူဆိုတာ ချစ်ခြင်း ၊ မုန်းခြင်း အစရှိသော ခံစားချက်တွေ ရှိကြတာပါပဲ။ ပြောနေတာထက် ဗီဒီယိုလေး ကြည့်လိုက်တာ ပိုပြီး အဆင်ပြေမယ် ထင်ပါသည်။ ကြည့်ကြရအောင်ဗျာ။



သူတို့ဟာ လူသားတွေထဲက လူသားတွေပဲ မဟုတ်လား။ ဒါကြောင့် သူတို့ဟာ လူသားတွေလိုပဲ ခံစားတတ်ကြပါသည်။ မိသားစု ဆိုတာလည်း သူတို့ရဲ့ ဘဝတွေထဲက အစိတ်အပိုင်း တစ်ခုပဲ မဟုတ်လား။ ပြန်လည် ဆုံစည်းရင် ဘယ်သူမဆို ခံစားရစေမှာပါပဲ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

23 ယောက် ရဲ့ ထင်မြင်ချက်:

Nge Naing said...

ကိုဇော်ရေ ကိုဇော်ပို့စ်ကို ဖတ်ပြီး အမေနဲ့ ပထမဦးဆုံး ပြန်တွေ့တုန်းက အဖြစ်အပျက်လေးကို သတိရပြီး အမေနေ့အမှန်တရရေးထားတဲ့ http://nge-naing.blogspot.com/2010/05/blog-post_09.html ဒီပို့စ်လေးကို ပြန်ဖတ်မိတယ်။ ကိုဇော်တင်ထားတဲ့ ဗွီဒယိုအထဲကအတိုင်း စစ်သားဘ၀နဲ့ ကိုယ်တိုင်လည်း ကြုံဖူးခံစားဖူးလို့ အခုဒီဗွီဒယိုကို ကြည့်ပြီး အသစ်တဖန် ပြန်ခံစားသွားပါတယ်။

ချစ်ခြင်းမေတ္တာဆိုတာ လူမဟုတ်တဲ့ တိရိစ္ဆာန်တွေမှာတောင် ရှိသေးတာပဲ အနောက်နိုင်ငံကလူတွေကလည်း ခံစားတတ်တဲ့ နှလုံးသားနဲ့ တည်ဆောက်ထားတဲ့လူတွေပါပဲ။ သတ္တ၀ါတိုင်းမှာ ချစ်ခြင်းမေတ္တာ ရှိပါတယ်။ ဒီဗွီဒယိုကို မိတ်ဆက်ပးတဲ့ နိဒါန်းပျိုးပုံနဲ့ အကြောင်းအရာကိုလည်း သဘောကျပါတယ်။

SHWE ZIN U said...

ကိုဇော်

ထူးခြားတဲ့ အမိန့်ပေးတာက တက် လား တတ် လား

နောက်ပြီး ကိုးနတ်ရှင်ကြောင့် ကြည့်မရဘူး သူကြည်သာ မှဘဲ ပြန်လာကြည့်မယ်

ခင်တဲ့
ရွှေစင်ဦး

Anonymous said...

စာတွေတော့ဖတ်မှတ်တွေးပွားသွားတယ်ကိုဇော်ရေ......
ကိုးနတ်ရှင်ကြောင့်ပဲ ဗီဒီယိုဖိုင်မကြည့်နိုင်ပါး)

မောင်ဘကြိုင်

ဝက်ဝံလေး said...

မျက်ရည်ဝဲလိုက်တာ ကိုဇော် ရယ်...........
ဟင့် ရွှတ်

getsuyoobi said...

ကိုဇော်
အိမ်ပြန်ချိန်တွေ ကိုအမြဲမျော်လင်.နေတဲ.
အဝေးရောက်စက်ရုပ်လူသားတွေအတွက်
ထိမိတဲ. အရေးအသားနဲ.ဗီဒီယိုလေးတစ်ခုပါ။

သူကြီးမင်း (တုံးဖလား) said...

အစအဆုံးနှစ်ခေါက်လောက် ကြည့်သွားပါတယ်။ ခံစားမှုအပြည့်နဲ့ပေါ့ဗျာ။ မေတ္တာတရားရဲ့ ရိုက်ခတ်မှုကတော့ ပြောမပြတတ်အောင်ပါဘဲ။ အင်တာနက်ကျေးဇူးကြောင့် ရုပ်သံတို့ကို တွေ့ထိခွင့်ရတဲ့နိုင်ငံတွေမှာတောင်မှ အပြင်မှာ တကယ်ပြန်ဆုံကြတဲ့အခါ ကြည်နူးမျက်ရည်ဝဲကြသေးတယ်ဆိုရင် ကျနော်တို့လို နိုင်ငံမှာဆို ပြောစရာမလိုတော့ဘူးပေါ့ဗျာ။ ဘယ်သူဘယ်ဝါဘဲဖြစ်ဖြစ် မိသားစုမေတ္တာဘွဲ့လေးတွေက ရှင်သန်နေဦးမှာပါဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခိုင်နုငယ် said...

အင်း တက်က (က)သတ်မဟုတ်လား။
ကိုဇော် မသိလို့မေးတာပါနှော်။
အင်း စစ်သားအိမ်အပြန်မှ မဟုတ်ပါဘူး။
အဝေးရောက် ရွက်လွင့်နေရသူတွေတိုင်း
ကမ်းနဲ့ပြန်ကပ်ရင် ထွေးပွေ့မူ့ကိုခံယူချင်ကြတာပါပဲ။
ခုတလော လွမ်းနေပါတယ်ဆိုမှ ဗွီဒီယိုဖိုင်လေးကြည့်ပြီး
ပိုလွမ်းသွားပြီး။

ခင်မင်စွာဖြင့်
ခိုင်နုငယ်

ကိုဇော် said...

ညီမပြောတော့မှ ဝေဝေဝါးဝါး ဖြစ်သွားတော့တယ်။

( က ) သတ်လား ၊ ( တ ) သတ်လားတောင်မှ မသိတော့ပါဘူးကွယ်။ ဒီမှာတော့ ဒီလို ပြတာပဲ။

http://myanmarwords.pikay.org/2008/12/ta-one.html#taone36

ကိုရီး{ကိုကြီး} said...

ကိုယ်တိုင် စစ်သားဖြစ်ခဲ့ လုပ်ခဲ့ဘူးတော့ မျက်ရည်စို့မိတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မောင်မောင် said...

ကိုဇော်ရေ ဗီဒီယိုဖိုင်လေး ကို ကြည့်သွားခဲ့ ပါတယ်။
စစ်သားတွေ ရဲ့ အိမ်ပြန်ချိန် ဆိုတဲ့ အတိုင်းပဲ မသေ
မကြေခဲ့ လို့  အသက်ရှင်လျှက်ပြန်လည်ဆုံဆည်းကြရ
တဲ့  မိသားစုတွေ ရဲ့ ဘ၀ တွေ ကို တကယ်ပဲထင်ဟပ်
ပေါ်လွင်အောင်၊ချစ်ခြင်းမေတ္တာ တရားတွေ ရစ်ပတ်ဖွဲ့ နှောင်ထားတာကြတာလေး ကို ပေါ်လွင်အောင်ရိုက်ကူး
ထားနိုင်တဲ့ ဗီဒီယိုလေးပါ။
ထို့ အတူပဲ ကိုယ့် နိုင်ငံ နဲ့ဝေးကွာပြီး အလုပ်ကနေပြီး
ပြန်လာကြတဲ့ သူများလဲ မိသားစုတွေ နဲ့ပြန်လည်ဆုံဆည်းကြတဲ့အခါမှာ လဲ ချစ်ခြင်းမေတ္တာတွေ နဲ့ ပြန်လည်နွေးထွေးလှိုက်လှဲစွာ ကြိုဆိုကြတာမျိုးမြင်ဖူးခဲ့ပါတယ်။

ကိုအောင် said...

ကိုဇော်ရေ စာလာဖတ်တယ် နေကောင်းလား။

blackroze said...

အကိုဇော်ရေ..
Video file လေးကတော့
မေတ္တာတရားတွေကိုဖော်ပြလိုက်တာပါဘဲလေ..
ကျမတို့နိုင်ငံကစစ်သားတွေအိမ်အပြန်မှာလဲ
ခုလိုဘဲစိတ်လှုပ်ရှားံစားမိကြမှာပါ
အိမ်မပြန်နိုင်တော့တဲ့..စစ်သားတွေအဖို့ေ၇ာ
သူတို့မိသားစုတွေကရော....
ကျမတော့လေ..စစ်ပွဲတွေကိုမရှိစေချင်ဘူး

မိုးယံ said...

ဟွန့် နဂိုကမှ အသည်းနုပါတယ်ဆို။ သူ့စစ်သားအိမ်အပြန် ကိုဖတ်ပြီးပြန်ရင်အကောင်း သား။ ခု ဗွီဒီယို ကြည့်မှ တော့မှ ၊ အင့် ဟင့် ဟင့် ရွှတ်။

ဂယ်ပြောတာ ပြီးအောင်ကို ကြည့်မသွားပါဘူးခင်ဗျာ။ ဆက်ကြည့်နေမိရင်။ အင့်ဟင့် ဟင့် ရွတ်ကနေပြီး။ ဗြဲ ဟဲ ဟဲ ဂွဲ ဆို ၊ ငိုမိမှာစိုးလို့

ညီမိုး said...

ကြည့်သွားပါ၏ ဦးဇော် ..
စကားမစပ် " တပ် " ကိုပြောတာလားမသိ ..
အပေါ်မှာ က ကြီးနှင့် တ၀င်း ပူး ကိစ္စက .

kyawkyaw said...

ကိုဇော်ရေ"တက်"လို့အမိန့်ပေးပီးတဲ့....အခါ
ခေါင်းဆောင်ကအရှေ့ဆုံးကို ရောက်နေပီ
ကိုဇော်တင်ပေးလိုက်တဲ့ ဖိုင်လေးကို ကြည့်ပီး
စိတ်ထဲမှာ ခံစားရပါတယ် ကိုယ်တိုင်စစ်သား
ဖြစ်တော့ ပိုပီးကိုယ်ချင်းစာ မိပါတယ်
လေးစားလျက်ပါ.....

သဒ္ဓါလှိုင်း said...

ရုပ်ဝတ္ထုပစ္စည်းတွေဘယ်လောက်ပဲတိုးတက်လာလာ.
စိတ်ခံစားချက်ရှိတဲ့လူသားတိုင်းကတော့ခံစားချက်တွေနဲ့
အသက်ရှင်နေကြတာပဲ..။ဗွီဒီယိုလေးကိုကြည့်ပြီးတော့..
အိမ်အပြန်လမ်းမှာမိသားစုတွေနဲ့တွေ့ဆုံတဲ့အခါ ပျော်မြူး
နေပေမဲ့..လမ်းတ၀က်မှာ ဖိတ်စင်ခဲ့တဲ့သူတွေကျတော့..
သူတို့ရဲ့မိသားစုတွေဘယ်လောက်များဝမ်းနည်းပူဆွေး
နေမလဲဆိုတာ တွေးမိရင်း...ကိုယ်ချင်းစာမိတယ်.

ခင်မင်စွာ
သဒ္ဓါ

နေ၀သန် said...

လူ့လောကဆိုတော့လည်း ခံစားတတ်ကြတာကိုး..


နေ၀သန်

အဖြူရောင်နတ်သမီး said...

ပထမဦးဆုံး အကွက်နဲ့တင် ငိုမိသွားတယ်..
စိတ်မကောင်းဖြစ်တာလား..
ကြည်နူးတာလား...
ကြေကွဲတာလား..
ဝမ်းသာပီတိဖြစ်တာလား..
ဝေခွဲလို့မရတဲ့ မျက်ရည်တွေ ..နဲ့
အဆုံးအထိ ကြည့်သွားပါတယ်..။

ADMIN said...

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် တပ်မတော်သားအားလုံးရဲ့ အိမ်ပြန်ခရီးတိုင်းက ဒီလိုပါပဲဗျာ....။ Facility အပြည့်အစုံနဲ့ စစ်မြေပြင်မှာ နေခဲ့ကြရတဲ့ အမေရိကန် တပ်မတော်သားတွေအတွက် ဒီလို feel မျိုး ရှိကြရင် မိုးထဲ ရေထဲ၊ တောထဲ တောင်ထဲ ၊ မိုင်းတွေထဲက ပြန်လာတဲ့ မြန်မာတပ်မတော်သား တွေရဲ့ အိမ်ပြန်ခရီး ဆိုရင် စဉ်းစားပြီး ကိုယ်ချင်းစာကြည့် နိုင်ပါတယ်ဗျာ။

ရွေနတ်သား said...

တော်ရုံနဲ့  စိတ်မလှုပ်ရှားတတ်ပါဘူးဗျာ..ဒီဗီဒီယိုဖိုင်လေးကြည့်၇တာ ရင်ထဲမှာ နင့်နင့်နဲနဲကြီးခံစားလိုက်ရတယ်....

nla said...

the video shows how media in US cares about family live and the sacrifice of a soldier.

ဖိုးသား said...

မှန်ပါတယ် စစ်သားဆိုတာလည်းနှလုံးသားရှိတဲ့ လူသား တစ်ဦးတစ်ယောက်ဖြစ်ပါသည်

may htaik said...

God Bless America!