မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 August 2010

18 ဆရာတော် ဦးကောဝိဒ ဆီမှ သြဝါဒ နဲ့ အလှူ



များမကြာခင် ရက်တစ်ရင်မှာ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်း အသင်း     နှင့်  http://kovida.multiply.com    တို့ကို တည်ထောင် ဦးစီးနေသော ဆရာတော် ဦးကောဝိဒ နဲ့ စကားစမြည် ပြောလိုက်ရပါသည်။ အရင်ကတော့ မာတီဆိုက်မှာသာ PM ပို့ကာ ပြောဖူးပါသည်။ အခုတော့ ဂျီတော့ကနေ သြဝါဒ ခံယူ ဖြစ်ပါသည်။ 

အလှူကိစ္စ ဖြစ်နေသည်မို့ သဒ္ဓါတရား ထက်သန်သူများကိုလည်း လှူဒါန်းနိုင်ဖို့ ဆရာတော် မြွက်ကြားသမျှကို နာယူရင်း လှူဒါန်းနိုင်အောင် ကုသိုလ်ပြုပါသည်။ သို့သော် စကားဦးသန်းကာ ပြောရရင် ငွေကျပ် လေးသိန်းဝန်းကျင်ခန့် ရှိသော ဒိုင်နမို တစ်လုံးကို ကလေးငယ်များ စာကျက်ရန် လိုအပ်နေပြီး နောက်ထပ် တစ်ခုကတော့ ထပ်တိုး၍ လှူနိုင်ရန် ရှင်ပြု ရဟန်းခံလေး တစ်ခု ဖြစ်မြောက်ဖို့ ရှိပါသည်။ 

စိတ်ဝင်စားရင် ဖတ်ကြည့်ကာ ဆရာတော် ဦးကောဝိဒ ဆီသို့ “ ဦးဇင်းမေးက kovida9@gmail.com ၊ ဦးဇင်း ဖုန်းနံပါတ်က.. 009592110202 ဖြစ်ပါတယ်။ ”  ဟု ဆရာတော် ရေးပေးထားတဲ့ အတိုင်း လှူဒါန်းနိုင်ပါသည်။

ဦးကောဝိဒ: မင်္ဂလာပါ ၊ ဒါယကာ ကိုဇော်
me: တင်ပါ့ဘုရား

ဦးကောဝိဒ:  ဦးဇင်း ဒါယကာဆီကို မေးပို့ထားပါသေးတယ်။
me: မင်္ဂလာပါ ဘုရား
တင်ပါ့
 
ဦးကောဝိဒ:  ဒါယကာ ကျန်းမာရဲ့လား
me: ရောက်ပါတယ် ဘုရား
 
ဦးကောဝိဒ:  အလုပ်တွေ များနေလား
me: အလှူရှင်တွေကိုလည်း ပြောထားပါတယ် ဘုရား
 
ဦးကောဝိဒ:  ဒါယကာရဲ့စာတွေ အမြဲ ဖတ်ဖြစ်ပါတယ် ဒါယကာ။
me: တပည့်တော်က အလုပ်ညဆိုင်းပါ ဘုရား။ အခုက ညီမနဲ့ ချိန်းထားလို့ အခု ထစောင့်နေတာ ဘုရာ့။
 
ဦးကောဝိဒ:  အင်တာနက်ကို တန်ဖိုးရှိစွာ အသုံးချတတ်သော ဒါယကာကို ဂုဏ်ယူပါတယ် ဒါယကာ။
အော်...
me: တင်ပါ့ဘုရား။
 
ဦးကောဝိဒ:  မြန်မာပြည်မှာ အင်တာနက် သုံးတက်တဲ့ လူတိုင်း ဦးဇင်း ကြည့်ပါတယ်။ ဘာရည်ရွယ်ချက်မှ ရေရေရာရာမရှိဘူး။
me: မှန်ပါ့။ ဒါပေမဲ့လည်း လူတိုင်းစိတ်နဲ့တော့ အဆင်မပြေနိုင်ပါဘူး ဘုရာ့။ ဝေဖန်မှု ၊ အတိုက်အခံတွေ ကတော့ ရှိပါတယ် ဘုရာ့။
 
ဦးကောဝိဒ:  အင်တာနက်ကို ဘာရည်ရွက်ချက်နဲ့သုံးနေသလဲလို့ဖြေရင် မဖြေတတ်တာ များပါတယ်။
ဦးဇင်းကြားပါတယ် ဒါယိကာ။ 
 
me: တပည့်တော်ကိုလည်း ဝေဖန်သူတွေ မနည်းပါဘူး ဘုရား။
တင်ပါ့
 
ဦးကောဝိဒ:  ဦးဇင်းတို့ဆီလည်း ဒါယိကာကို ဝေဖန်မှုတွေ ရောက်ပါတယ်။
me: တင်ပါ့ ဘုရား
 
ဦးကောဝိဒ:  အကျိုးရှိတဲ့ အလုပ်လုပ်တဲ့ သူတိုင်း ပြောခံရစမြဲပါ ဒါယိကာ။ အကောင်းရှိရင်၊ အဆိုးရှိရမယ်။
me: တင်ပါ့
 
ဦးကောဝိဒ:  အဆိုးရှိရင်လည်း အကောင်းရှိရမယ်။
me: တပည့်တော်ကတော့ စိတ်ထား မပျက်ပါဘူး ဘုရား။
တင်ပါ့
 
ဦးကောဝိဒ:  ကောင်းပါတယ် ဒါယိကာ။
me: အချိန်ကာလ တစ်ခု အတောအတွင်းလေးပါပဲ ဘုရား။
 
ဦးကောဝိဒ:  ကိုယ့်အလုပ်ကိုသာ ဆက်လုပ်ပါ ဒါယိကာ။
ဟုတ်ပါတယ် ဒါယိကာ
me: တင်ပါ့ ဘုရား
 
ဦးကောဝိဒ:  လှည်းအိုတစ်စီး၊ ရွာထဲကို ၀င်သွားတယ်။
me: တင်ပါ့
 
ဦးကောဝိဒ:  အဲဒီလှည်းထဲမှာ ကုန်ပစ္စည်း အပြည့်ပါတယ်။ လှည်းဝင်ရိုးတွေကလည်း ဆီ ခမ်းခြောက်နေတယ်။ လမ်းမှာလည်း ခွေးတွေ ဟောင်တယ်။
me: တင်ပါ့ဘုရား
 
ဦးကောဝိဒ:  ကလေးတွေ လူငယ်တွေ ထွက်ကြည့်ကြတယ်။ ဒါပေမဲ့ အဲဒီ လှည်းအိုကြီးက တအိအိနဲ့ သူ့လမ်းသူသွားတယ်။
me: တင်ပါ့
 
ဦးကောဝိဒ:  ဒီလိုနဲ့ခွေးဟောင်တာကိုလည်း ဘာမှပြန်မလုပ်ဘူး။ ရွာထဲကနေ လမ်းအတိုင်း ရွာပြင်ကို ထွက်သွားတယ်။
me: တင်ပါ့
 
ဦးကောဝိဒ:  ဟောင်တဲ့ခွေးတွေလည်း ပါးစပ်ညောင်းပြီး ကျန်ခဲ့တယ်။ လှည်းအိုကြီး ကတော့သူ့ခရီးသူ ပုံမှန်အတိုင်း တအိအိနဲ့သွားနေတာပဲ။
me: တင်ပါ့
 
ဦးကောဝိဒ:  အဓီက ဦးဇင်းပြောချင်တာကတော့ ဒါယိကာက အင်တာနက်မှာ လူကြိုက်များတဲ့ စာရေးဆရာ တစ်ဦး ဖြစ်နေပြီဆိုတော့ ပုံမှန်သာ ဆက်ရေးစေချင်ပါတယ် ဒါယိကာ။
me: တင်ပါ့ ဘုရား
 
ဦးကောဝိဒ:  ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့ဒါယိကာ။
me: မှန်ပါ့
 
ဦးကောဝိဒ:  ဒါယိကာရဲ့စာ အရေးအသားတွေကို ဦးဇင်းတို့ မြန်မာပြည်က ဆရာတော်ကြီးတွေ ဖတ်တယ်။
me: တင်ပါ့ ဘုရား
 
ဦးကောဝိဒ:  ဦးဇင်းကိုယ်တိုင် ကော်ပီလုပ်ပြီး စာရေးဆရာ တွေ ၊ ဆရာတော်ကြီးတွေကို ပြတယ် ၊ အားပေးကြတယ်။ ဆရာတော်တစ်ပါးက မိန့်တယ်။
me: ဝမ်းမြောက်ပါတယ် ဘုရား။
 
ဦးကောဝိဒ:  ဒါယိကာက လူဖြစ်ရခြင်း ရည်ရွယ်ချက်ကို သိလို့ဒီလိုရေးတယ် ဆိုပြီး
me: တပည့်တော်ကလည်း ကိုယ်လည်း အချိန်လေး ရတုန်း ရေးနေတာပါ ဘုရား။ နောင်တစ်ချိန် ဆိုတာ ဘာမှန်း မသိနိုင်ပါဘူး ဘုရား။ ဒါကြောင့်မို့.....
 
ဦးကောဝိဒ:  ဘာကြောင့်လဲ ဆိုတော့ နေ့စဉ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုက ပတ်ဝန်းကျင်အတွက်၊ အများအတွက် တစ်စုံတစ်ခုအကျိုး ရှိသွားတယ်ဆိုရင် ကိုယ့်အလုပ် မှန်တာပဲ။
me: တပည့်တော် အိပ်ချိန် နားချိန်ထဲကနေ ရေးနေတာပါ ဘုရား။
 
ဦးကောဝိဒ:  ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။
me: တင်ပါ့
 
ဦးကောဝိဒ: ၀မ်းသာပါတယ် ဒါယကာ နဲ့အခုလို တွေ့ရတာ။ ဦးဇင်း အကောင့်ကို ဒါယိကာ အပ်တော့ ဦးဇင်း တော်တော်လေး ၀မ်းသာမိတယ်။
me: တင်ပါ့ ဘုရား တပည့်တော်လည်း ဝမ်းမြောက်ပါတယ်။ တပည့်တော်က အလုပ် ညဆိုင်းဆိုတော့ နေ့ဘက် အိပ်နေတာ များတော့ . .. .
 
ဦးကောဝိဒ:  ဦးဇင်းကို တစ်ချို့ ဒါယိကာတွေက ပြောကြပါတယ်။ ဒါယိကာနဲ့ပါက်သက်လို့ ဦးဇင်း ပြန်မေးလိုက်ပါတယ်။ သူလိုရေးတတ်လား ၊ ရေးနိုင်လားလို့။
me: ဦးဇင်း တတ်လာရင် ပြန်မပြောမိမှာ စိုးလို့ပါ ဘုရား။
 
ဦးကောဝိဒ:  အကြောင်းပြချက် ကတော့ အမျိုးမျိုးပေါ့ ဒါယိကာ။
me: တင်ပါ့ ဘုရား
 
ဦးကောဝိဒ:  ဒါပေမဲ့ လူတွေက ကိုယ်တိုင် အစွမ်းအစရှိအောင် မလုပ်နိုင်ဘူး သူများ လုပ်တာကိုလည်း အမျိုးမျိုး ဝေဖန်မှု လုပ်တယ် ဒါယိကာ။ ဒါသဘာဝပါပဲ။
me: တပည့်တော်ရဲ့ ဒိန်းမတ်က ညီမလေးကလည်း အခု အက်ထားတယ် ဘုရာ့။
 
ဦးကောဝိဒ:  ဦးဇင်းတို့တောင် အတိုက်အခံ တော်တော်များများ ကြားထဲကနေ အောင်မြင်အောင် ကြိုးစားနေရတာ။
me: တင့်ပါ့ ဘုရား။ ဟုတ်ပါတယ် ဘုရာ့။
 
ဦးကောဝိဒ:  ဒါယကာ ညီမအရင်းလား XXX နိုင်ငံက. .. . . . .
me: မဟုတ်ပါဘူး ဘုရာ့။  အွန်လိုင်းကပဲ ညီမ အရင်းလို ဖြစ်နေတာပါ ဘုရာ့။ သူကလည်း အလှူကို တော်တော်ကို ဝါသနာပါတယ် ဘုရာ့။ ဒါကြောင့် ပေါင်းမိကြတာ . . . . .
 
ဦးကောဝိဒ:  ဦးဇင်း အကောင့်ကို အပ်တာလား ဒါယိကာ။
me: ဟုတ်ပါတယ် ဘုရာ့။
 
ဦးကောဝိဒ:  ဦးဇင်းအကောင့်ကို အခုတစ်ယောက် လာအပ်တယ်။
me: တင်ပါ့။
 
ဦးကောဝိဒ:  X X X X အကောင့် ဆိုတာလား။ ကောင်းပါပြီ ဒါယိကာ။
me: X X X X ဆိုတာပါ ဘုရာ့ ။ တင်ပါ့။ အခု သူက ဟိုက လူတွေကို စုပေးနေတာ စကားကတော့ မပြောတတ်လို့ အမှားပါရင် ခွင့်လွှတ်ပေးပါ ဘုရာ့။
 
ဦးကောဝိဒ:  ရပါတယ် ဒါယိကာ။
me: တင်ပါ့
 
ဦးကောဝိဒ: ဒါယိကာ
me: တင့်ပါ့
 
 
X X X X X X  ဒီနေရာမှာ ဆရာတော်နဲ့ ညီမ NNM တို့ ပြောကြပါသည်။ အောက်တွင် စုစည်းကာ သီးသန့် ဖော်ပြထားပါသည်။ X X X X X X 


ဦးကောဝိဒ:  ဒါယိကာမကြီးက ခရစ်ယာန် ဟုတ်တယ်နော်။
me: ဟုတ်ပါတယ် ဘုရာ့။ ဒါပေမဲ့ ဗုဒ္ဓဘာသာတွေ ထက်တောင်မှ  . . . .
 
ဦးကောဝိဒ:  သူက တကယ်ကို ဆင်းရဲချို့တဲ့ပြီး ကိုရင်ဝတ်ချင်တဲ့ ကလေးကို တာဝန်ယူချင်တာ . . .
me: သူက ပိုပြီး သိပါတယ် ဘုရာ့။
 
ဦးကောဝိဒ:  မြန်မာပြည်က ချမ်းသာတဲ့ သူတွေထက် စိတ်ထားမြတ်ပါတယ် ဒါယိကာ။ မြန်မာပြည်က ချမ်းသာတဲ့ သူတွေက နာမည်ကြီး ဆရာတော်ကြီးကို လိုက်ပြီး ကံထပ်ချင်ကြတယ်။
me: တင်ပါ့ ဘုရား။ သူက တော်တော်လေးကို စိတ်ထားကောင်းတာပါ ဘုရာ့။
 
ဦးကောဝိဒ: ဒါယိကာ ၊ ဒါယိကာမကြီးက ကလေးသုံးဦး ရှင်ပြုဖို့ကိစ္စအပြင် အခြား လိုအပ်တာကို မေးတော့ . . . .
me: တင်ပါ့
 
ဦးကောဝိဒ:  ဦးဇင်း မြရတနာရွာ အကြောင်း ပြောပြလိုက်ပါတယ်။
me: တင့်ပါ့
ဦးကောဝိဒ:  အဲဒီ ရွာမှာ ကလေးတွေ  ၊ စာကျက်ဖို့ စာဖတ်ဖို့ အတွက် ညပိုင်း လျှပ်စစ်မီးမရှိဘူး။
me: တပည့်တော်လည်း ပြောပြထားပါတယ် ဘုရာ့။
 
ဦးကောဝိဒ:  ဖယောင်းတိုင်လည်း နေ့စဉ်မ၀ယ်နိုင်ကြဘူး။
me: တင်ပါ့
 
ဦးကောဝိဒ: အဲဒီအတွက်လည်း ဒါယိကာမကြီးကို ပြောပြလိုက်ပါတယ် ဒါယကာ။
me: တင်ပါ့ ဘုရား။ သူက အတော်ကို စိတ်ဓါတ် တတ်ကြွသူပါ။ အဆင်ပြေပါလိမ့်မယ်။
 
ဦးကောဝိဒ: ကောင်းပါပြီ ဒါယကာ။
me: တင်ပါ့ဘုရား။ နောက်လည်း တပည့်တော် အလှူရှင် ရရင် ဆက်သွယ်ပေးပါ့မယ်။
 
ဦးကောဝိဒ: သာဓုပါ ဒါယကာ။ သာဓု ၊ သာဓု။
me: ပေးတဲ့ ဆုနဲ့ ပြည့်စုံပါစေ ဘုရား
 
ဦးကောဝိဒ:  ဒါယကာတို့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း အပေါင်တို့နှင့် ပြည့်စုံ၍ သာသနာ အကျိုး ၊ လောက အကျိုးများ သယ်ပိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုတောင်း မေတ္တာများ ပို့သလိုက်ပါတယ်။ ဦးဇင်း ပြန်ကြွ လိုက်ပါဦးမယ်။
me: ပေးတဲ့ ဆုနဲ့ ပြည့်စုံရပါစေ။ တင်ပါ့ဘုရား။
 
ဦးကောဝိဒ:  မနက်ဖြန် ဆွမ်းလောင်းရက်ရှိလို့ ချက်ပြုတ်ဖို့စီစဉ်ရဦးမယ် ဒါယိကာ။
me: တင်ပါ့။ လုပ်ပါ ဘုရား
 
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~






ဖခင်မရှိတော့ပဲ မိခင်က ပလပ်စတစ်ကောက်ပြီး ကျောင်းထားပေး နေရသော ကလေးငယ်

မိဘများမရှိ အဘိုးအဖွားများမှ စောင့်ရှောက်ပေး နေရသော ကလေးငယ်

သီလရှင် ၀တ်ချင်သော ကလေးငယ်


သီလရှင် ၀တ်ပေးမည့် ဆရာကြီးဒေါ်ဝိလာသီ

kovida9: မင်္ဂလာပါ
NNM: မင်္ဂလာပါ ဦးဇင်း။  တပည့်တော်က ကိုဇော် ညီမ ပါ။
 
kovida9: ဦးဇင်းက စစ်ကိုင်းတောင်ကပါ ဒါယိကာမကြီး။ ကိုဇော် အခုပဲ ပြောပါတယ် ဒါယိကာမကြီး။ မသေခင် ခဏလာရတဲ့လူ့ဘ၀မှာ လူဖြစ်ကျိုးနပ်အောင် ကြိုးစားနေဆဲပါ ဒါယိကာမကြီး။
NNM: တင်ပါ့.. တပည့်တော် လည်း ဒီလိုပါဘဲ.. ။ တပည့်တော်က ခရစ်ယာန် တယောက်မို့ ဦးဇင်းကို စကားပြော မှားတာများရှိခဲ့ရင် ခွင့်လွှတ်ပါ ဘုရား။ အလှူကိုတော့ စိတ်အား ထက်သန်လို့ ကိုဇော်နဲ့ တိုင်ပင်မိကြတာပါ။
 
kovida9: ရပါတယ် ဒါယိကာမကြီး။ ၀မ်းသာပါတယ်။
NNM:  ဦးဇင်းဆီက မေလ်းပြန်ရလို့ ဝမ်းသာနေတာ ဘယ်တော့လောက်များ ရှင်ပြုပွဲ လုပ်ဖြစ်မလဲ ဘုရား။
 
kovida9: လောလောဆယ် ဦးဇင်း ကလေးသုံးဦး ရှိပြီ။
NNM:  တပည့်တော် စိတ်အား ထက်သန်စွာနဲ့ လှူဘို့ စောင့်နေပါတယ် ဘုရား။
 
kovida9: အဓိက ရှင်ပြုတာနဲ့ပါသက်လို့ဒါယိကာမကြီးတို့နားလည်အောင် ပြောပြရရင် . . . .
NNM:  တင်ပါ့
 
kovida9: ရှင်ပြုတယ်၊ ရဟန်းခံတယ် ဆိုတာ မိဘက သားသမီးမရှိလို့ ကလေး တစ်ယောက်ကို မွေးစားသလိုပါပဲ။ သာသနာ့ဘောင်မှာ ဒီကလေးက ပျော်တယ်ဆိုရင်  သူ့ဘ၀ စာသင်ဖို့၊ ပစ္စည်းလေးပါး ခေါ်ပါတယ် ဒါယိကာမကြီး။ ဆွမ်း ၊ သင်္ကန်း ၊ ကျောင်း ၊ ဆေးပေါ့။ သူ့အတွက် လိုအပ်တာလေးတွေကို တတ်နိုင်သလောက် ဆက်လက် ထောက်ပံ့ ပေးတာမျိုးပါ။
NNM:  ရပါတယ် ဘုရား။ တပည့်တော် လှူပါမယ် ဘုရား။  တပည့်တော် ကိုယ်တိုင်ကလည်း မပြည့်စုံဘဲ တကယ် ကိုရင်ဝတ်ချင်တဲ့ ခလေးတွေ ကို တာဝန်ယူ ချင်တာပါ ဘုရား။
 
kovida9: ဦးဇင်း ကိုဇော်ဆီကို မေးပို့ထားပါတယ်။ ဓါတ်ပုံလေးတွေ ပါပါတယ်။ အခု ကလေးတွေရဲ့မိဘတွေက မရှိကြတော့ဘူး။  သူတို့ အဖိုးအဖွားတွေနဲ့နေကြပါတယ်။  အဖိုးအဖွားတွေကလည်း အလုပ်အကိုင် မရှိကြဘူး။ တောင်းရမ်း စားသောက် ကြပါတယ်။ ဒါယိကာမကြီး ဦးဇင်း အခု မေးပို့လိုက်ပါတယ်။ ကြည့်လိုက်ပါဦး။ ဓါတ်ပုံတွေပါပါတယ်။  ဒါယိကာမကြီး မြရတနာရွာ ဆိုတာ ကြားဖူးလား မသိဘူး။
NNM:  တင်ပါ့ ဦးဇင်း။ တပည့်တော် တော့ အဲ ဒီ ရွာ ကို မသိပါ ဘူး။ သိုသော်လည်း အလှူဆိုရင် တကယ် စေတနာ သဒ္ဒါ ထက် သန်တာမို့ တပည့်တော် ကိုဇော် နဲ့ ဆက်သွယ်ပြီး နော်ဝေးက သူငယ်ချင်း တွေ ကိုပါ
ပြောထားပါ တယ် ဘုရား။
 
kovida9: ၀မ်းသာပါတယ် ဒါယိကာမကြီး။ ဒါယိကာမကြီးတို့ ဘယ်ရက်ကို ဆောင်ရွက်ချင်လဲ။  အဲဒီနေ့မှာ အထိမ်းအမှတ် တစ်ခုအဖြစ်လည်း ဆောင်ရွက်ပေးပါမယ်။ မြရတနာ ဆိုတာ အနာကြီး ရောဂါသည်ရွာပါ။ စစ်ကိုင်းမြို့ရဲ့ အစွန် ရေမရှိ၊ မီးမရှိတဲ့ နေရာလေးတစ်ခုပါ။  မူလတန်းကျောင်း တစ်ခုတော့ရှိပါတယ်။ ဒါပေမဲ့ ကလေးတွေကို မူလတန်းကျောင်းမှာ လေးတန်းအောင်ရင် မြို့ပေါ်ကျောင်းတွေက ငါးတန်း လက်မခံကြဘူး။ ပယ်ထားကြတယ်။ 

အဲဒီရွာက လူတွေက ပလပ်စတစ် ကောက်ကြတယ်။ တောင်းရမ်းစား စားသောက်ကြပါတယ်။ အခု တော့ရောဂါကင်းနေကြပါပြီ။ ကိုယ်လက်အင်္ဂါမပြည့်စုံတာ ၁၅ ဦးပဲကျန်ပါတော့တယ်။ ဦးဇင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ အ၀ိစီရေတွင်း တစ်တွင်းတူး ပေးခဲ့ပါတယ်။ ၂၀၁၀ မတ်လထဲမှာ လမ်းခင်းပေးပြီးလမ်းဖွင့်ပွဲလုပ်ပေးခဲ့ပါတယ်။  ရေတွင်းတူး ပေးတာကတော့ မာတီပလိုင်းဆိုက်က ဒါယကာကိုကြီး{ကိုရီး}   

NNM: ခုလို တိုင်းတစ်ပါး မှာရောက်နေတော့ ကုသိုလ် ယူ ဘို့.. အလှူ အတန်း ပြု ဘို့ ဆိုတာ အရမ်း ဝေး လှပါတယ်.. အဲဒီနောက် အဲဒီ အလှူအတန်းတွေ နဲ့ ဝေးသွားမှာ ကြောက်တာရယ်ပါ.. တပည့်တော် တို့ကသာ ဒီနိုင်ငံမှာ မပူပန်ရပေမဲ့ မြန်မာပြည်က အခက်ခဲရောက် သူတွေ ကို သတိရ သနားမိ ကိုယ်ချင်းစာ မိပါတယ် ဘုရား.. ဒါကြောင့် တတ်နိုင်တာလေး အလှူပေးချင်တာပါ ဘုရား..
 
kovida9: ကောင်းမှုပါ။ လမ်းခင်တာကတော့ ကိုဇော်တို့ ကောင်းမှုတွေပါ။
NNM:တင်ပါ့
 
kovida9: အခုကလေးတွေက အဲဒီဒေသကပါ။
NNM: အဲတုန်းက ကိုဇော် နဲ့ စကားစပ်မိတာ နောက်ကျ သွားလို့ ပါ ဘုရား။
 
kovida9:အခု အဲဒီကလေးတွေအတွက် ဒီနှစ် ခြောက်တန်းအထိ ကျောင်းမှာစာသင်ခွင့်ရကြပါတယ်။ ဦးဇင်း ဆရာ၊ဆရာမ ဌားရမ်းပေးထား ရပါတယ်။ ညပိုင်းကလေးတွေ စာကျက်ဖို့ပဲအခက်အခဲ ရှိနေပါတယ်။   လျှပ်စစ်မီးကမရှိ၊ ဖယောင်းတိုင်ကလည်း ဈေးကြီးတော့ သူတို့စာကြည့်စာဖတ်ဖို့ အချိန်မရှိကြပါဘူး။
NNM: ဦးဇင်း.. တကာမ  လျှောက်ချင်တယ်.. ကိုရင် တစ်ပါးကို ကုန်ကျစရိတ် ဘယ်လောက် ရှိမလဲ သိချင်ပါတယ် ဘုရား.. ဝေးကွာခဲ့တဲ့ နှစ် ပေါင်းတွေ ကြာပြီဆိုတော့ မသိတာရယ် တစ်ခါမှ ကိုရင်ဝတ်တာ မလှူဖူး တာရယ်ကြောင့် ပါ ဘုရား.. ခု ပထမ ဆုံး အကြိမ်ပါ ဘုရား။
 
kovida9: ကိုရင်တစ်ပါး ကို အဓိက လိုအပ်တာကတော့ ပရိက္ခရာ ရှစ်ပါးကအဓိကပါပဲ။ ကျန်တာကတော့ ဒါယိကမကြီးတို့ ချဲ့ရင်ချဲ့သလို  ရပါတယ်
NNM: လိုအပ်တဲ့ အကူညီများရှိရင် တပည့်တော် ကိုပြောလည်း ရပါတယ် ဘုရား.. တတ်နိုင် တာ ကူညီ ပါမယ် ဘုရား။ ရှင်ပြုပွဲအနေနဲ့ အလှူပွဲလိုလုပ်ချင်လည်းရပါတယ်။ ကလေးတွေကို မောင်ရှင်လောင်းဝတ်ပေးပြီး . . .
NNM: ပရိက္ခရာ ရှစ်ပါးက ဘယ်လောက် ကုန်ပါသလဲ ဘုရား. တပည်တော် တကယ်မသိလို့ ပါ ဘုရား..
 
kovida9: မှ ကိုရင်ဝတ်ပေးလည်းရပါတယ်။ တစ်ပါးအတွက် ပရိက္ခရာရှစ်ပါးဆိုရင် တော့ နှစ်သောင်း ဆိုရင်လောက်ပါတယ်။
NNM:  ဦးဇင်း အကောင်းဆုံး စီစဉ်ပြီး ကုန်ကျငွေ ကို ပြောပြရင် ပိုအဆင်ပြေပါမယ် ဘုရား..။
 
kovida9: အဲဒါအပြင် ကိုရင်အတွက် စောင်၊ ခေါင်းအုံး၊ ခြင်ထောင်၊ ဖျာ ၊ မျက်နှာသစ်ရေခွက် ၊ သွားတိုက်တံ ၊ ဆပ်ပြာခဲ ၊ သွားတိုက်ဆေး ၊ တဘက် ၊
အဲဒါတွေလည်း လိုအပ်ပါတယ် ဒါယိကာမကြီး။
NNM:တင်ပါ့ ဘုရား
 
kovida9: ဦးဇင်းအားလုံးစီစဉ်ပြီးတစ်ပါးအတွက်ကုန်ကျစားရိတ်ကို ဒါယိကာမကြီးကို မေးပို့ထားပါမယ်
NNM:  လိုအပ်တာ အားလုံးပေါင်း ကုန်ကျငွေ သိချင်ပါတယ် ဘုရား ကိုရင် တစ်ပါး အတွက် ပါ ဘုရား
တင်ပါ့
 
kovida9: ဒါယိကာမကြီးတို့ဘယ်ရက်မှာ ဆောင်ရွက်ချင်ချင်လဲသိချင်ပါတယ်
NNM:  တပည့်တော် လည်း စိတ်တူ သူငယ်ချင်းများရှိလို့ လှူချင်ခဲ့ရင် ပြောပြလို့ ရအောင် အတွက် ပါ ဘုရား။
 
kovida9: ခဏလေး ဦးဇင်း ဖုန်းဆက် မေးကြည့်ပေးပါမယ် သင်္ကန်းပရိက္ခယာဆိုင်ကို
NNM:  ဦးဇင်း အဆင်ပြေမယ်ဆိုတဲ့ အချိန်ပါ ဘုရား။
 
kovida9: ဒီလထဲမှာ လုပ်ရင်လည်း ရပါတယ် ဒါယိကာမကြီး။ အခုဝါဆိုလဆိုတော့ . . .
NNM: တင်ပါ့ ဘုရား။ ကိုဇော် နဲ့ တိုင်ပင်ပြီး ဦးဇင်း ကို မေလ်းပိုလိုက်ပါမယ် ဘုရား။
 
kovida9: ကလေးသုံးဦး ကုန်ကျစားရိတ်နဲ့အတူ ကလေးများ စာကျက်နိုင်ဖို့ကိစ္စလေးပါ။ ဒါယိကာမကြီးတို့ တတ်နိုင်ကြမလားမသိဘူး။
NNM:  ပြောပြပါလား ဘုရား။ ဦးဇင်း ပြောပြမှ လိုအပ်ချက်နဲ့ လှူနိုင်ပါမယ် ဘုရား။
 
kovida9: အခု အဲဒီရွာ ကလေးများ ညအတွက် လျှပ်စစ်မီး အတွက် ဦးဇင်း ကြိုးစားနေပါတယ်။ ကလေးတွေ ညပိုင်း စာကျက်ဖို့နဲ့ ရွာထဲက လူတွေအတွက် မနက် ၊ ညနေ တရားနာယူဖို့အတွက် ကိုကြီးေ၇တွင်း လှူတုန်းက အင်ဂျင်တစ်လုံးပါ လှူခဲ့ပါတယ်။ အသံချဲ့စက် ၊ ဘက်ထရီအိုး၊ ၊ ဟွန်းတွေပါ လှူခဲ့ပါတယ်။ အဲဒါတွေကို အသုံးပြုရနိုင်ဖို့ ဒိုင်နမိုတစ်လုံး တပ်ဆင်လိုက်ရင် ရွာထဲမှာ မီးလင်းပါမယ်။ ကလေးငယ်တွေကိုလည်းစာကျက်ဖို့အခွင့်အရေး ၊စာဖတ်ဖို့တွေပါ စီစဉ်ပေးနိုင်ပါလိမ့်မယ်။
NNM:  ဒိုင်နမို တစ်လုံး ဘယ်လောက်ကုန်ကျမလဲ ဘုရား။ တပည့်တော်ကြိုးစားကြည့်ပါမယ် ဘုရား။
 
kovida9: ဒိုင်နမိုက လေးသိန်းခွဲလောက် ကုန်ပါမယ် ဒါယိကာမကြီး။
NNM: တင်ပါ့ ဘုရား။
 
kovida9: အမှောင်ထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့တဲ့ ဒေသအတွက်  အလွန် အဆင်ပြေပါတယ် ဒါယိကာမကြီး၊။
NNM:  တပည့်တော် သူငယ်ချင်း တယောက် ကို လည်း အရင်မေးလိုက်ပါဦးမယ် ဘုရား။ သူလည်း အလှူမှာပါဝင်ဘို့ ပြော ထား လို့ ပါ ဘုရား။ တပည့်တော် ဦးဇင်းဆီမေလ်း ပြန်ပို့ အကြောင်း ပြန်ပါမယ် ဘုရား။
 
kovida9: ကောင်းပါပြီ ဒါယိကာမကြီး။ အဲဒါဆိုရင် ကိုရင်တစ်ပါးစီအတွက် ကုန်ကျစားရိတ် အသေးစိတ်ကို ဦးဇင်း အကြောင်းပြန်ပေးပါမယ် ဒါယိကာမကြီး။
NNM:  တင်ပါ့ ဘုရား။ ၂ ခုလုံး လှူနိုင်အောင် တပည့်တော် ကြိုးစား ပါ့မယ် ဘုရား။
 
kovida9: ကောင်းပါပြီ ဒါယိကာမကြီး။ လောလောဆယ် ကိုရင် ၃ ပါးစာအတွက် ကလေး ၃ ဦးရှိပါတယ်။ နောက်ထပ် ရှာရဦးမလား။ ဒါယိကာမကြီး။ ဒီ ၃ ယောက်ကိုပဲ စီစဉ်ရမလား ဒါယိကာမကြီး။
NNM:  တပည့်တော် အဲဒီ ၃ ဦး အတွက် တာဝန်ယူ ပါတယ် ဘုရား။
 
kovida9: ကောင်းပါပြီ ဒါယိကာမကြီး။
NNM: ကိုဇော် ကိုလည်း တပည့်တော် မေးလိုက် ပါဦးမယ် ဘုရား။
 
kovida9: အဲဒါဆိုရင် အဲဒီကလေး သုံးဦးအတွက်ကို စီစဉ်လိုက်ပါတော့မယ် ဒါယိကာမကြီး။
NNM:  တင်ပါ့ ဘုရား။
 
kovida9: ဒါယိကာမကြီးတို့ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်း အပေါင်းတို့နှင့်ပြည့်စုံ၍ သာသနာအကျိုး ၊ လောကအကျိုးများ သယ်ပိုးဆောင်ရွက်နိုင် ကြပါစေလို့ ဆုတောင်း မေတ္တာများ ပို့သလိုက်ပါတယ်။
NNM:  ပေးတဲ့ဆုနဲ့  ပြည့်ပါစေ ဘုရား
 
kovida9: ဦးဇင်း ပြန်ကြွ လိုက်ပါဦးမယ် ဒါယိကာမကြီး။
NNM: မှန်ပါ့ ဘုရား။
 
kovida9: http://kovida.multiply.com  ဦးဇင်းဆိုက်ပါ။
NNM: တင်ပါ့ ဘုရား

အခု လက်ရှိ အချိန်အထိတော့ ကျွန်တော်တို့ အွန်လိုင်းမှာ မောင်နှမသုံးယောက် စုပြီး ညီမ NNM က ကိုရင် သုံးပါးကို  တာဝန်ယူထားပါသည်။ နော်ဝေးမှ ညီလေးကတော့ ကိုရင်တစ်ပါးကို တာဝန်ယူထားပါသည်။ ကျွန်တော်က ကိုရင် ( သို့ ) သီလရှင် တစ်ပါး ( ဘာပဲ ဖြစ်ဖြစ် ) ကို တာဝန်ယူထားပါသည်။ တစ်ပါးကို သာမာန်ရှင်ပြုခြင်း အနေဖြင့် ကျပ်ငွေ ၅ သောင်း ခန့်သာ ကုန်ကျမယ် လို့ မျှော်မှန်း လှူဒါန်းထားပါသည်။

ကျောင်းသား ကလေးငယ်များ စာဖတ်ဖို့ အဆင်ပြေစေရန် ကျပ် လေးသိန်း ဝန်းကျင် တန်ဖိုး ရှိသော ဒိုင်နမိုကိုတော့ အလှူငွေအတွက် စုဆောင်းနေဆဲပါပဲ။ ဒါကို ပါဝင်လှူဒါန်းချင်သူများ ဆရာတော် ဦးကောဝိဒ သို့ အထက်တွင် ကျွန်တော် တင်ပြထားသည့် အတိုင်း ပေးပို့ လှူဒါန်းနိုင်ပါသည်။ ရဟန်းခံ ရှင်ပြု အတွက် ထပ်မံပြီး တာဝန်ယူလိုသူများလည်း ဆရာတော်ထံသို့ ဆက်သွယ် နိုင်ကြပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

18 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

အစ်ကိုဇော် ကောင်းလေစွ ကောင်းလေစွ ကောင်းလေစွ ပါဗျာ
ကျွန်တော် အစ်ကို့ကို အားကျမိတယ် ။

ကိုရီး{ကိုကြီး} said...

အဲဒီ ညီမလေးကို လေးစားတယ်
ဖြစ်နိုင်ရင် ကျနော်က ညီမလေး အမည်ကိုတောင် ချပြချင်တယ်
ဂုဏ်ယူပါတယ် ညီမငယ် NNM...
ကျနော် အဲဒီ ဒိုင်နမိုကို လှူမယ်ဗျာ
ဒီလ အိမ်ကို ငွေမပို့ဘူး။
ကျေးဇူးတင်တယ် ဦးဇော်။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုရီး{ကိုကြီး} said...

ကျနော် ဒိုင်နမိုကို လှူမယ်လို့ ဆုံးဖြတ်လိုက်ပြီ
သာဓု ခေါ်ပါ ဦးဇော်။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ကိုဇော် said...

သာဓု . . သာဓု . .သာဓု . ကိုရီး။

တကယ်ကို ဝမ်းသာတာ။

ညီမိုး said...

သာဓု သာဓု သာဓုပါ ..
ချစ်ကိုကြီး ဦးဇော် နဲ့ အမ NNM
ဦးဇော်လည်း ဒီထက်မက အောင်မြင်ပါစေဗျာ

လင်းဦး(စိတ်ပညာ) said...

ဒီထက်.. လှူနိုင်ပြီး ကောင်းကျိုးချမ်းသာ ရပါစေ....

ကိုကြီးလည်း ဒီထက် လှူဒါန်းနိုင်ပါစေ....

ကိုကြီးရေ... သာဓု ခေါ်သွားပါတယ်..

ကိုရီး{ကိုကြီး} said...

ကျနော် ရှာနိုင်သမျှတာ့ လှူနေဦးမှာပါ
ဒီဓါတ်ပုံတွေ ပြန်မြင်ရတော့
အလှူကို သတိရပြီး အဲဒီနေရာလေးကို ပြန်ရောက်သွားခဲ့တယ်
ဆိုတော့... မျက်ရည်ကျခဲ့ရတဲ့ ပီတိကို ပြန်ခံစားမိတယ်ဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

mama said...

သာဓုခေါ်ခဲ့ပါတယ်နော်.....မမ.....ကိုကြီးတို့..
ကိုဇော်တို့ ..သိတတ်သည့်အချိန်မှစလို့ လှုတန်းဒါနပြုသမျှကို
ဝမ်းမြောက်ကြည်နူးစွာနဲ့.......
သာဓုခေါ်ဆိုပါတယ်.......

သာဓု.........သာဓု......သာဓု................

နေ၀သန် said...

သာဓုပါ ကိုဇော်ရေ.. သာဓု သာဓု...


ခင်မင်တဲ့
နေ၀သန်

Unknown said...

ကိုရီး ၊ ကိုဇော် ၊ NNM ညီမလေး အားလုံးသော အလှူဒါနအတွက် အားကျ ၀မ်းမြောက်စွာ သာဓု.. သာဓု.. သာဓု ခေါ်ပါတယ်.. မွန်မြတ်သော စေတနာအတိုင်း ဒီထက်မက လှူနိုင် တန်းနိုင်ပြီး မြင့်မြတ်သော ဘ၀တွေမှာ ပါရမီထူးတွေ ဖြည့်ကျင့်နိုင်ကြပါစေ..

အဖြူရောင်နတ်သမီး said...

သာဓု(၃)ကြိမ်ခေါ်ဆိုသွားပါတယ်..ကိုဇော်ရေ..
သာသနာ အကျိုးပြုလုပ်ငန်းများကို ပိုပြီးလုပ်နိုင်ပါစေ..။

အမ NNMနဲ့ ကိုရီးတို့အတွက်လည်း သာဓု(၃)ကြိမ်ခေါ်ဆိုသွားပါတယ်..။

တကယ့်ကိုမွန်မြတ်တဲ့သူတွေအဖြစ် လေးစား အသိအမှတ်ပြုသွားပါတယ်..။

thu thu win said...

သာဓု။သာဓု။သာဓု။

~ဏီလင်းညို~ said...

ကိုဇော်......၊ ကိုရီး....နဲ့ ညီမလေးတစ်ယောက်ဆိုသူတွေအတွက် သာဓု ၃ကြိမ်ခေါ်မိပါတယ်......။
ဆထက်တစ်ပိုး သယ်ပိုးနိုင်ကြပါစေခင်ဗျား.......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

Anonymous said...

ဖတ်ခဲ့၊သာဓုခေါ်ခဲ့ပါတယ် ...
ငြိမ်းစိုးဦး

ဖိုးသား said...

မလှူဒါန်းနိုင်သေးပေမယ့် လှုဒါန်းသွားတဲ့ အစ်ကိုကြီးအစ်မကြီးအားလုံးကို စိတ်ဓတ်ပိုင်းဆိုင်ရာလေးစားပါတယ်

Anonymous said...

လေးစားအားကျတယ်ဗျာ
တကယ်ပါ
မောင်ဘကြိုင်

Anonymous said...

I would like to exchange links with your site www.zaw357.net
Is this possible?

ကိုဇော် said...

Yes, of course.
Thanks...