မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 August 2010

3 ဘီလူးများနဲ့ ကခုန်ခြင်း













 

တစ်ခါက. . . .


မင်းသားသုံးယောက်ဟာ ပညာသင်ယူပြီးလို့ သူတို့ရဲ့ နေရာဌာနသို့ တောအုပ်တစ်ခုကို ဖြတ်ပြီး ပြန်လာခဲ့ကြသည်။ တောအုပ်ရဲ့ အလယ်ကိုလည်း ရောက်ရော တောအုပ်ကို စောင့်နေတဲ့ ဘီလူး အကောင်သုံးဆယ် ထွက်လာပြီး သူတို့ကို စားမယ် လုပ်ပါလေရော။

အဋ္ဌာရသ ( ၁၈ ) ရပ်ကို သင်လာတဲ့ မင်းသားတွေပဲလေ။ အတိုက်အခိုက်ကတော့ ကျွမ်းကျင်စွာ တတ်မြောက်ပါသည်။ ဒါပေမဲ့ ဘီလူးတွေက အကောင် ၃၀ တောင်မှ ဖြစ်နေတော့ တိုက်ကြ ၊ ခိုက်ကြရင် သူတို့လည်း သေကြေမယ်။ ဒါကြောင့် သူတို့ ဥာဏ်ကိုသုံးပြီး တစ်ဖက်လှည့်နဲ့ ဘီလူးတွေကို ပြောကြသည်။

“ ဒီမှာ ဘီလူးများ ၊ သင်တို့ ကျွန်ုပ်တို့ကို စားမယ် ဆိုရင်လည်း စားပါ။ သို့သော် ဒီအတိုင်းစားပါက အလွန်ပဲ ပျင်းဖို့ကောင်းပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ပျော်စရာ ကောင်းသော ကစားပွဲလေး တစ်ခု လုပ်ကြပါမယ်။ ဒီကစားပွဲလေးကတော့ အခု ဘီလူးများက အားလုံးပေါင်း ၃၀ ၊ ကျွန်တော်တို့က ၃ ယောက် ၊ အားလုံးပေါင်း အယောက် ၃၃ ယောက်မဟုတ်လား။ ဒါကို ကျွန်တော်တို့ အားလုံးစည်းဝိုင်းလို ဝိုင်းလိုက်ပါမယ်။

ဒီစည်းဝိုင်းကြီးကို ဟိုမှာ ရပ်နေတဲ့ အရပ်အမြင့်ဆုံး ဘီလူးကနေ စပြီး ကျွန်တော်တို့ ဂဏာန်းရေမယ်။ ၁၀ ကျတဲ့ နေရာမှာ ကျွန်တော်တို့ လူပဲ ဖြစ်ဖြစ် ၊ ဘီလူးပဲ ဖြစ်ဖြစ် သတ်ပစ်မယ်။ ပြီးရင် အဲဒီနေရာကနေ ဆက်ပြီး ၁၀ အထိ ဆက်ရေမယ်။ ဒီနေရာမှာလည်း လူပဲဖြစ်ဖြစ် ၊ ဘီလူးပဲဖြစ်ဖြစ် သတ်ပစ်မယ်။ ဒီလိုဆိုရင် ကျွန်တော်တို့ ပျော်စရာ ကောင်းတဲ့ ပွဲလေး ဖြစ်လာလိမ့်မယ်။ ဘယ်လိုလဲ သဘောတူလား။ ”


ဒီလို မင်းသားတွေက ပြောလိုက်တော့ ဘီးလူတွေက ပျော်သွားပြီး သဘောတူလိုက်သတဲ့။ ဒီမှာ မင်းသားတွေက မြန်မာဗျည်းအက္ခရာ ၃၃ လုံးထဲက အရပ်အရှည်ဆုံး ဘီလူးကြီးကို “ က ” နေရာမှာ ထားလိုက်ပြီး သူတို့ကတော့ “ ဏ ၊ ဘ ၊ ရ ” နေရာတွေမှာ ဝင်ပြီး ပြိုင်ပွဲကို စတင်လိုက်သည်။ ဒီမှာ ၁ ကနေ ၁၀ အထိရေသည်။ ၁၀ ကျတဲ့နေရာမှာ ဘီလူးတစ်ကောင်ဖြစ်နေသည်။ ဒီတော့ သူတို့ သတ်လိုက်ကြသည်။

နောက်ထပ် ထပ်ရေကြသည်။ နောက်ထပ် ၁၀ ကျတော့လည်း ဘီလူးပဲ ဒါကြောင့် ထပ်သတ်လိုက်ကြတယ်။ ဒီလိုနဲ့ သူတို့ ရေလာလိုက်ကြတာ ၁၀ ကျတိုင်းလည်း သတ်လာလိုက်ကြတာ။ သူတို့ သတ်သူတွေကလည်း ဘီလူးတွေပဲ ဖြစ်နေသည်။ နောက်ဆုံးမှာ ဘီလူးတွေ တစ်ကောင်မှ မကျန်တော့ပဲ။ “ ဏ ၊ ရ ၊ ဘ ” မှာ နေရာယူထားတဲ့ သူတို့ပဲ ကျန်ခဲ့တော့သည်။

ဒါဟာ ထူးဆန်းတော့ ထူးဆန်းပါသည်။ တကယ်တော့ မထူးဆန်းလှပါဘူး။ ဗုဒ္ဓဘာသာရဲ့ ပါဠိဘာသာမှာ “ ဏ - ဘ - ရံ ” ဆိုတာ ” ဘေးမရှိ ” လို့ အဓိပ္ပါယ် ရှိနေတယ်လေ။ ဒီတော့ “ ဏ - ဘ - ရံ ” နေရာတွေမှာ ဝင်ပြီး နေရာယူထားမှ တော့ ဒီမင်းသားတွေ ဘယ်လိုလုပ် ဘေးအန္ကရာယ် ကျရောက်တော့မလဲဗျာ။

“ ဏ - ဘ - ရံ ” ဆိုတာ “ ဘေးမရှိ။ ” လို့ ဆိုထားတာကိုး။

ဘာရယ် မဟုတ်ပါဘူး။ သူငယ်ချင်းတွေ အပျင်းပြေ နဲ့ ဗဟုသုတ အနေနဲ့ လုပ်ကြည့်လို့ရတာပေါ့ဗျာ။ စမ်းကြည့်ပါလား။ စာရွက်လေးတွေမှာ “ က ၊ ခ ၊ ဂ ” လေးတွေ ရေးပြီး ၁ ကနေ ၁၀ အထိရေကြည့်။ ၁၀ ကျတဲ့ နေရာကို ဖယ်လိုက်။ နောက် အဲဒီနေရာကနေ ဆက်ရေကြည့် နောက်ဆုံးမှာ တကယ်ကို ” ဏ - ဘ - ရံ ” ဆိုတဲ့ အက္ခရာ ၃ လုံးပဲ ကျန်နေတာ တွေ့လိမ့်မယ်။ စဉ်းစားစရာပါတဲ့ လက်တွေ့ တရားစာလေး တစ်ခုပါပဲ။


ပျော်ရွှင်ကြပါစေဗျာ။
 

ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/759 မှာ 17.11.2009 က ရေးထားတာပါ။

.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်ရေ...
ကခုန်ရင်း မှတ်သားသွားပါတယ်
ရေကြည့်အုံးမှ....

ပျော်ရွင်ပါစေ
ခင်မင်တဲ့
ရွှေဂဲ

သဒ္ဓါလှိုင်း said...

စိတ်ဝင်စားစရာလေးပဲနော်..။
ရေကြည့်လိုက်အုံးမယ်..။

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ဘယ် နိုင်ငံ က လဘီလူးကိုမဆို အဲဒီလို လုပ်နိုင်ရင်ကောင်းမယ်နော် ...
ငြိမ်းစိုးဦး