မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 August 2010

8 ပန်းနဲ့ရေးတဲ့ ပုံပြင်


မမှာမဖြစ်တဲ့ အမှာ

ပြောတဲ့ လူတွေကလည်း ပြောကုန်ပြီ ပို့စ်တွေ အတင်ကြမ်းလို့တဲ့ :P သုံးရက်လောက် မလာဖြစ်ရင် ဘယ်က စဖတ်ရမှန်း မသိတော့ဘူးတဲ့ ပြောတဲ့လူကလည်း ရှိနေသေး။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ ၊ အချိန်ရတဲ့ အချိန်လေး တွန်းတင်ပေးပါတာ ၊ လောကရဲ့ ဇာတ်ခုံမှာ ကပြအသုံးတော်ခံနေရတဲ့ ကျွန်တော်တို့ အတွက် အချိန်ဆိုတာ ပြောင်းလဲမှုနဲ့ အတူ ဘယ်အရာကမှ မတည်မြဲဘူး မဟုတ်လား။ တစ်နေ့ ကျွန်တော် မရေးနိုင် ဆိုပြီး ဖြစ်လာနိုင်တယ်လေ။

ဒါကြောင့် ကျွန်တော် တွေးမိတာလေးတွေကို စာဖတ်သူ အားလုံးကို ကြိုက်သော်ရှိ ၊ မကြိုက်သော်ရှိ  တွေးမိစေဖို့ အရင်ကဆို ( Multiply မှာ ) ကျွန်တော် တစ်နေ့ကို ၆ ပုဒ် ၊ ၇ ပုဒ်လောက်ကို တင်မိတယ်။ ဒါပေမဲ့ အတွေးစလေး နေရာမှာပဲ ရပ်ပြီး ကိုယ့်ဖာသာ ကြိုက်သလိုသာ ဆက်လက် ခံစားရအောင်ပဲ ကျွန်တော်က ရေးပါတယ်။ အခုနောက်ပိုင်းမှ ပိုပြီး ပြည့်ပြည့်စုံစုံ ရေးတာပါ။ 

အခု ဝတ္ထုလေးကတော့ ကျွန်တော် လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ် လောက်က ကျွန်တော်ရေးခဲ့တဲ့ မော်ဒန်ဝတ္ထုရှည် တစ်ပုဒ်ပါ။ အားလုံးကို အမှတ်တရ တင်ပေးလိုက်တာပါ။ pdf ဖိုင်လေးနဲ့ သိမ်းထားချင်တယ် ဆိုရင်လည်း အဆင်ပြေအောင် ဒီလိုပဲ တင်ပေးလိုက်ပါတယ်။ နည်းနည်းတော့ Loading ကြာတာကို သည်းခံပြီး စောင့်ဖတ်ပေးပါ။  မြင်ကွင်းကျယ်ကျယ် ဖတ်ချင်ရင် Scribd ဘောင်ပေါ်က Fullscreen ဆိုတာကို နှိပ်ဖတ်ပါ။

လေးစားစွာဖြင့်
ကိုဇော် 
.



500. ပန်းနဲ့ရေးတဲ့ ပုံပြင်

ဒေါင်းချင်သူများ အတွက်


http://zaw357.multiply.com/journal/item/520 မှာ 7.8.2009 တင်ခဲ့ပါတယ်။

လေးစားစွာဖြင့်
ကိုဇော်


Share/Bookmark

8 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကောင်းတယ်ဗျာ။အားပေးပါတယ်။

Unknown said...

ကိုဇော်ရေ.....
အရမ်းကောင်းပါတယ်
စာအုပ်ထုတ်ပါလား...
သူငယ်ချင်းတွေကိုပေးဖတ်ချင်လို့ ဒေါင်းသွားတယ် နော်
ခွင့်ပြုပါ
ခင်မင်တဲ့
ရွှေဂဲ

Anonymous said...

ကိုဇော် ရေ

ကော်နက်ရှင် ကောင်းမှ လာဖတ်တော့မယ်

ခင်တဲ့
ရွှေစင်ဦး

ArrrLuu said...

ဝတ္ထု တစ်ပုဒ် လောက်တော့ စမ်းရေးချင်တဲ့ စိတ်တော့ ရှိတယ် ... အခုတော့ လုပ်ဖြစ်မှာ မဟုတ်သေးဘူး ... ဘယ်လို ပုံစံမျိုးရေးချင်သေးလည်း ကိုယ်ကိုကိုယ် မသိဘူး ဖြစ်နေတယ် ...

ဒေါင်းသွားပါတယ် ...

့http://amaeteur.blogspot.com ကို ကိုဇော် လာဖတ်ကြည့်ပါအုံး ... ကိုဇော် သသုံးသ ဖတ်ပြီး သေသေချာချာ ပြန်လုပ်ထားတာ ... multiply က ဘလော့ က နည်းနည်း ပစ်စလတ် ဆန်နေသလားလို့ :)

With Regards,
Han Min Htut (amaeteur)

ခိုင်နုငယ် said...

အေးဘုံနဲ့...လဲ့လဲ့စာကိုမဖတ်ခင်
စာဖတ်ပရိတ်သတ်..နည်းနည်းလေး..စိတ်လှုပ်ရှား
သွားတယ်။.၀တ္ထုရဲ့အသက်က..အဲဒါပဲ။
အေးဘုံက..ကိုဇော်ကြီးကိုစိတ်ဝင်စားနေတယ်လို့များ
ပြောလိုက်မလားလို့။:) :) :)


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ရွေနတ်သား said...

ဒေါင်းပြီးဇိမ်နဲ့ ဖတ်တော့မယ်ဗျို့ 
ကျေးဇူးကိုဇော်ရေ

ဖိုးသား said...

ပန်းနဲ့ရေးတဲ့ပုံပြင် down သွားပါတယ်အစ်ကိုကြိုက်ပါတယ်စာအုပ်ကို

သုခုမလေဒီ said...

အေးအေးဆေးဆေးဖတ်ဖို့ဒေါင်းသွားတယ်း))
ဝင်လို့ရတုန်းဝင်လာရတာဆိုတော့....