မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 September 2010

6 မောင်ချောနွယ် ဟု ခေါ်ပါသည်။



မောင်ချောနွယ် ဟု ခေါ်ပါသည်။

ရုတ်တရက်ပဲ မိုးညို
ရုတ်တရက်ပဲ ပြို
ရုတ်တရက်မဟုတ်ဘဲ
ဗရုတ်ဗရက်နဲ့ နေ့သစ်တွေကိုကြို
စိုခနဲ ငိုခဲ့ကြသလို
စီခနဲ အော်ခဲ့ကြတယ်။

သူ့လမ်းတလျှောက် ပန်းမခင်းပါ
စိတ်မတူသူတွေရဲ့
အထေ့ ၊ အငေါ့ ၊ အမဲ့ ၊ အရွဲ့
အထု ၊ အထောင်း ၊ အပုတ် ၊ အခတ်က
သူ့အပေါ် . . .
အယုတ် ၊ အလှ ၊ အမြတ် မရွေး
တွန်းတိုက် ပယ်ချ. .
မော်ဒန်ကဗျာ ဆိုတာကို ဟားတိုက်
ဒါပေမဲ့. . .သူက
တုံးတိုက်တိုက် ၊ ကျားကိုက်ကိုက်
တစိုက်မက်မက် စူးစိုက်ခဲ့တယ်။

သူ့ကဗျာမှာ. . .
အရောင်တွေ ဝေဝေဆာဆာ ဖြာခဲ့တယ်။
သူ့ကဗျာမှာ. . .
အလင်းအမှောင်တွေ ရုန်းကန်ကြတယ်။
သူ့ကဗျာမှာ. . .
သီချင်းတွေက တေးဆိုတယ်။
သူ့ကဗျာမှာ. . .
ကလေးတွေငို ၊ သေးတွေစိုတယ်။
သူ့ကဗျာမှာ. . .
ပန်းပွင့်ကလည်း ရှက်ပြုံးလေးနဲ့ ပွင့်တယ်။
သူ့ကဗျာမှာ. . .
အမေအိုကြီးကလည်း သွားမပါတဲ့ အပြုံးပြုံးတယ်။
သူ့ကဗျာမှာ. . .
အင်နဲ့အားက ယိမ်းယိုင်လို့ ခပ်နွဲ့နွဲ့ကျနေတယ်။
သူ့ကဗျာမှာ. . .
တိမ်မြူခိုးတွေက ခပ်အေးအေး ဝေနေတယ်။
သူ့ကဗျာမှာ. . .
သူ့ရင်ဘတ်ကို သွေးနဲ့ ရေးထားတဲ့ စကားလုံးတွေနဲ့ မွှန်းတယ်။
သူ့ကဗျာမှာ. . .
လယ်ပိုင်ရှင်တို့ရဲ့ အညွှန်းကင်းတယ်။
သူ့ကဗျာမှာ. . .
အာဏာရှင်တို့ အတွက် အမိန့်မဲ့ နေရာ ဖြစ်တယ်။
သူ့ကဗျာမှာ . . .
ငါးမျှားသူကလည်း ငါးမရဘဲ ပျော်နေတယ်။
သူ့ကဗျာမှာ. . .
သူက ချဉ်ခြင်းတပ်နေတဲ့ ရှင်ဘုရှင်တစ်ပါးလည်း ဖြစ်တယ်။
သူ့ကဗျာမှာ. . .
သူက ရထားတစ်စီးဖြစ်ပြီး မြို့တစ်ပတ်တောင်မှ မောင်းခဲ့တာ ဖြစ်တယ်။
သူ့ကဗျာမှာ. . .
သူက ကဗျာစစ်စစ် တစ်ယောက်သာ ဖြစ်ချင်တယ် လို့ ဆိုခဲ့တာ ဖြစ်တယ်။
သူ့ကဗျာမှာ. . .
X X X X X X X X X 

သူ့ကဗျာမှာ. . .
သူက ရေးခဲ့ဖူးတယ်။
ပြီးတော့ သူ့သူငယ်ချင်းကို ပြောခဲ့ဖူးတယ်။
အစွမ်းကုန် ဆိုတာထက်ပိုပြီး
မော်ဒန်ကဗျာ အတွက် ကျွန်တော် လုပ်ခဲ့ပြီးပြီတဲ့။
ကျွန်တော့်သေပျော်မှာပါတဲ့။
ပြီးတော့. . . . တဲ့။
. . . . . . . တဲ့။
. . . . . . . တဲ့။

အခု. . .
ခေတ်ကာလတွေ
တိတ်တဆိတ်နဲ့ ရွေ့လျားဖြတ်သန်း သွားကြတယ်။
သူကတော့. .
ကျွန်တော်တို့ ဘေးမှာ
သူ့ပုံစံအတိုင်း လိုက်ပါ စီးမျောနေတုံးပါပဲ။
ဘာလို့လဲ ဆိုတော့. . .
သူက မောင်ချောနွယ် ဟု ခေါ်ပါသည်။

ကိုဇော်


ကိုကြည်နိုင် ( ကျုံတိုင်းရွာ ) ဦးစီးကျင်းပသော ဆရာမောင်ချောနွယ် အမှတ်တရ နံရံကပ်စာစောင် အတွက် ကဗျာလေးပါ။ ကဗျာဈာန်ပျောက်နေတဲ့ အချိန်မှာ ဒီလိုတွေ ရေးရတာ တကယ်တော့ ထင်သလောက် မကောင်းလှပါဘူး။ ဒါပေမဲ့ ကျွန်တော့် ရေးဟန် ဆိုတာထက် ဆရာ မောင်ချောနွယ်အတွက် အမှတ်တရ ဆိုတော့ ဆရာမောင်ချောနွယ် ရေးဟန်အတိုင်း အမှတ်တရ ရေးပေးလိုက်ပါတယ်။

ပါဝင်လိုသူ အမည်သူ မဆိုလည်း ဝင်ရောက်ရေးသား ပေးပို့နိုင်ပါသည်။ ဒီလို နံရံကပ်စာစောင်လေးတွေ ကျွန်တော်တို့ မကြာခဏ လုပ်ဖြစ်ပါတယ်။ အထက်ပါ ပုံလေးကို ကိုကြည်နိုင် နေရာမှ ယူသုံးပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ဝင်တော့ ရေးချင်သားပဲ ။ များက ရေးမှ မတတ်တာ။ မော်ဒန်ကဗျာ ဆိုတာကြားပဲကြားဖူးတာ။ ဘယ်လို ရေးရမှန်းကို မသိဘူး။ ဘယ်လိုမျိုးလဲ ဆိုတာလဲ သိဘူး။

ကိုဇော် said...

မဟုတ်ဘူး ညီ။ အကို ကဗျာ အကြောင်း ရှင်းပြထားတာ ရှိပါတယ်။ အခုတော့ အတိုချုပ်ပြီး ပြောပြရရင် ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ

ဒါကြောင့် ရင်ထဲက အသံကို ရင်ထဲက အတိုင်း လူတွေ မြင်အောင်ရေးနိုင်ရင် ရပြီ။

မြတ်မွန် said...

ကိုဇော် ကဗျာ မိုက်တယ်..
ကြိုက်တယ်..
ရင်ထဲမှာတောင် ဝမ်းနည်းသွားပါတယ်..။

SHWE ZIN U said...

ကဗျာ ထက် စာတွေကို ပိုကြိုက်တယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

အဖြူရောင်နတ်သမီး said...

“ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ”...
တဲ့လား....။
စာသားလေးအရမ်းလှတယ်...။
အစဉ်လေးစားလျှက်...

khin oo may said...

မရေးတတ်ဘူး ကဗျာ.
စာလဲမတတ်ပါဘူး။