မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


26 September 2010

6 အချိန်ဆွဲတတ်သူ ၊ အချိန်ဖြုန်းတတ်သူများသို့



ကျွန်တော်တို့ ငယ်စဉ်က သင်ယူကျက်မှတ်ခဲ့ဖူးတဲ့ မောင်ငယ်ရင်သွေး ဆုံးမစာလေး " ရှေးသရောအခါ ၊ ပြည်ဗာရာဝယ် ၊ ကုဋေကြွယ်သား ၊ သူဌေးသားလျှင်............. " ဆိုတဲ့ စာလေးကို မှတ်မိကြမှာပါ။ ကျွန်တော်က နည်းနည်းဖြည့် ပြောချင်လို့ပါ။ ကျွန်တော်တို့ ကျက်မှတ်ဖူးတဲ့ သူဌေးသားဟာ ကုဋေရှစ်ဆယ် ကြွယ်ဝပါတယ်။

ဒီလိုပါပဲ သူနဲ့တူရာတန်ရာ မိန်းမနဲ့ လက်ထပ်တဲ့ အတွက် ထိုမိန်းမကလဲ ကုဋေရှစ်ဆယ် ကြွယ်ဝပါတယ်။ ဒါကြောင့် တကယ်တော့ သူတို့နှစ်ယောက်ဟာ ကုဋေပေါင်း တစ်ရာ့ခြောက်ဆယ် ကြွယ်ဝကြပါတယ်။ ဒါနဲ့ လိုရင်းကို ဆက်ရရင် စာချိုးလေး ထဲကအတိုင်း သူတို့ ကုန်ခန်းကြလို့ ခွက်လက်ဆွဲကာ တောင်းရမ်း နေကြရတဲ့ အချိန်။ တစ်နေ့ တောင်းရမ်း စားသောက်ပြီး ဇရပ်ကလေးတစ်ခုမှာ ခဏမှီခို နားနေတုန်း သူတို့ကို ကျွန်တော်တို့ရဲ့ သုံးလောကထွဋ်ထား မြတ်စွာဘုရားက မြင်တော့ ပြုံးတော်မူသတဲ့။

မြတ်စွာဘုရား ပြုံးတော် မူတာကို မြင်တွေ့ရတဲ့ အရှင်အာနန္ဒာက မြင်တော့ အရှင်ဘုရား အဘယ်ကြောင့် ပြုံးပါသလဲ ဟု မေးမြန်း လေသည်။ ထိုအခါ သုံးလူထွဋ်ထား မြတ်စွာဘုရားက အောက်ပါအတိုင်း မိန့်ကြားလေသည်။

မဟာဓန သူဌေးသားအား မြတ်စွာဘုရား၏ မိန့်ကြားချက်..........


၁။ တကယ်လို့ သူတို့နှစ်ဦးဟာ ပထမအရွယ်မှာ လောကီစီးပွား ကြိုးစား အားထုတ်ကြမယ် ဆိုရင် ဒီမြို့မှာ " ပထမတန်းစား သူဌေးတွေ ဖြစ်နိုင်ပါတယ် " ။ ဒါမှမဟုတ် အိမ်ယာတည်ထောင် လူ့ဘောင်မှာ မနေဘဲနဲ့ ရဟန်းပြု ၊ ရဟန်းအမ ပြုပြီးတော့ သာသနာ့ဘောင်မှာ သီလ ၊ ပညာ ၊ သိက္ခာ သုံးရပ်အကျင့်မြတ်ကို ကျင့်ကြံ အားထုတ်ကြမယ် ဆိုရင် သူဌေးက " ရဟန္တာ " ဖြစ်နိုင်ပါတယ် ၊ သူဌေးကတော်က " အနာဂမ် " ဖြစ်နိုင်ပါတယ်။

၂။ တကယ်လို့ ဒုတိယ အရွယ်မှာ လောကီစီးပွား ကြိုးစား အားထုတ်မယ်ဆိုရင် ဒီမြို့မှာ " ဒုတိယတန်းစား " သူဌေးတော့ ဖြစ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် အိမ်ယာတည်ထောင် လူ့ဘောင်ကိုစွန့် ရဟန်းပြုပြီး တရားအားထုတ်မယ် ဆိုရင် သူဌေးက " အနာဂမ် " ဖြစ်နိုင် ပါတယ်။ သူဌေးကတော်က " သကဒါဂါမ် " ဖြစ်နိုင်ပါတယ်။

၃။ တကယ်လို့ တတိယ အရွယ်မှာ လောကီစီးပွားကြိုးစားအားထုတ်မယ်ဆိုရင် ဒီမြို့မှာ" တတိယ တန်းစား သူဌေး" တော့ ဖြစ်နိုင် ပါသေးတယ်။ အိမ်ယာ တည်ထောင် လူ့ဘောင်စွန့်ပြီး ရဟန်း တရားပွားများ အားထုတ်မယ် ဆိုရင် သူဌေးက " သကဒါဂါမ် " ဖြစ်နိုင်ပါတယ် ။ သူဌေးကတော်က " သောတပန် " ဖြစ်နိုင်ပါသေးတယ်။

၎။ အခုတော့ သူတို့ဟာ အရွယ်သုံးပါးကို လွန်သွားကြပြီ ဖြစ်တဲ့အတွက်ကြောင့် လောကစီးပွား အနေနဲ့လည်း ဘာမှ မရှာဖွေနိုင်တော့ဘူး။ တစ်သက်လုံး ခွက်စုတ်တစ်လုံးနဲ့ သူတို့ တောင်းစား ကြရတော့မှာပါပဲ။ တရားဓမ္မ ၊ ဓမ္မစီးပွားအနေနဲ့လည်းပဲ မဂ်ဥာဏ် ဖိုလ်ဥာဏ်တွေ ဆိုတာ အသားထားတော့ ၀ိပဿနာဥာဏ် တောင်မှ ဒီတစ်သက်တော့ ဖြစ်မှာ မဟုတ်တော့ပါဘူး။ အတောင်ကျိုးနေတဲ့ ကြိုးကြာငှက် ၊ ရေမရှိ ငါးမရှိတဲ့ အိုင်ထဲမှာ ခွေခွေလေး ၀ပ်ပြီးတော့ မှိုင်တွေ နေသလို ဖြစ်ကြရတော့မယ်။

လောကီ စီးပွားကိုလည်း အရွယ်ရှိတုန်း မကြိုးစား ၊ မအားထုတ် ၊ ဓမ္မစီးပွားကိုလည်း အရွယ်ရှိတုန်း မကြိုးစား မအားထုတ်တဲ့ အတွက်ကြောင့် ရေမရှိတဲ့ အိုင်ခြောက်ကြီးမှာ မှိုင်တွေပြီး ငေးနေရတဲ့ အတောင်ကျိုး ကြိုးကြာအိုမောင်နှံ လို ဖြစ်နေပါပြီ။
(ဗုဒ္ဓ)




ဒါကြောင့်မို့ ....

လူအများပြောကြသလို “ ဟာ ငါတို့အရွယ်က တရားရှာရမဲ့ အရွယ်မဟုတ်သေးဘူး ။ စီးပွားရှာရမဲ့ အရွယ်မဟုတ်သေးဘူး။ အသက်ကြီးလာ တော့မှ လုပ်တာပေါ့ ၊ ဆိုတာတွေဟာ ဒီဥပမာလေးနဲ့ ယှဉ်ကြည့်ရင် ဘယ်လောက် အချိန်ဖြုန်း ၊ အချိန်ဆွဲရာ ရောက်သလဲ ဆိုတာ စဉ်းစားကြည့်ပါ။ အချိန်နဲ့အမျှ ဘ၀ အခြေအနေတွေက ပြောင်းလဲ သွားနိုင်တယ် ဆိုတာ ထင်ရှားစေတဲ့ ဥပမာလေးပါ။

မှတ်ချက်။ ။ အထက်ပါစာနှင့် ပတ်သတ်၍ လွဲချော်မှု တစ်စုံတစ်ခု ရှိခဲ့သော် ဤတရားကို ပြောကြားသော ဗုဒ္ဓမြတ်စွာဘုရား ၊ ဤတရားကို ရေးသားသော ဆရာတော်များ ၊ စာရေးဆရာများမှားယွင်းမှု မဟုတ်ပဲ ဤစာကို တဆင့်ရေးသားသော ကျွန်တော် ကိုဇော် ( zaw357@gmail.com ) ၏ ညံဖျင်းမှုသာ ဖြစ်ပါသည်။


လေးစားစွာဖြင့်
ကိုဇော်

http://zaw357.multiply.com/journal/item/29
မှာ 2.1.2009 က ရေးထားတာပါ။




Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

SHWE ZIN U said...

ဖတ်သွားပါပြီဗျာ မမှားပါဘူး မှန်ပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နေ၀သန် said...

ဒါဟုတ်တာပေါ့..ဘယ်အချိန်သေမယ်မှန်းမသိတာကို ဘာဝနာကို တတိယအရွယ်မှ ထည့်ထားတာ သဘာဝမကျပါဘူး.... နိုင်သလောက် အခုကတည်းက လုပ်သင့်ပါတယ်ဗျာ..


ခင်မင်တဲ့
နေ၀သန်

မိုးယံ said...

ပြောကို မပြောချင်တော့ ဘူး။ ဒါပေမယ့် ပြောဦးမှာ မြန်မာပြည်မှာ အဲလို အရွယ်သုံးပါး ခွဲနေတဲ့ သူတွေ ကဘယ်တော့များမှ ဦးနှောက်ထွားလာမလဲ မသိဘူး။

သူတို့ပြောပုံဆို သောပါက သာမဏေ၊သံကိစ္စ သာမဏေ၊ ပဏ္ဍိတ သာမဏေ၊ရေ၀တ သာမဏေ(သာမဏေကျော်လေးပါးက)ငယ်ငယ်လေးနဲ့ ရဟန္တာကို ဖြစ်ရမှာ ကို မဟုတ်ဘူး။ သူတို့ပြောသလို အချိန်စောင့်ရင်း သေ။ ပြီးရင် ပြန်မွေး ပြီးရင်သေ ဒါနဲ့ပဲ သံသနရာလည်။

သံချပ်ထိုးရင် အဆင်ပြေမယ်။ တိုင် (ငါတို့ မြန်မာတွေ သေသွားလဲ) ဖေါက်( သံသရာထဲ ၀ဲ) အံမယ် အတိုင်အဖောက်ကို ညီလို့။ ကိုလေးဖြူက မိုးတိမ်ထဲဝဲ သူတွေတွေလဲ သံသရာထဲ ၀ဲ။ ကျွန်တော်လည်း အာဟ အာဟ

(ပါဠိလိုမတတ်ဝူးဆိုတော့ စပါးလင်တော့ သည်းခံကြပါ ခင်ညာ)

sosegado said...

အချိန်ကိုလုနေရတာပါ၊ ကိုဇော်ပျော်ရွှင်ပါစေ။

ရွှေရတုမှတ်တမ်း said...

ဒူဘိုင်းမှာတော့..5 star ဟိုတယ်မှာတည်းပြီး..ခွက်ဆွဲ တောင်းစားလို့ရသတဲ့.. ကြုံရင် အဲဒီလင်မယားကို ပြောလိုက်ပါအုန်း...

ငြိမ်းစိုးဦး said...

ကိုဇော်ရေ ...
ရည်ရွယ်မှု ထိရောက်ပါတယ် ။
အချိန်ဆိုတာ ပို၍ သာ၍ ဂရုစိုက်ရမယ့် အရာ
ဆိုတာ ပေါ်လွင်နေပါတယ် ...
ငြိမ်းစိုးဦး