မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 September 2010

အကြွင်း


စီဘောက်မှာ nay phone hlan က “ nay phone hlan: The people who visit to my blorg so How can i know ?Please tell me about that....thanks ”  ဒီလို မေးသွားသောကြောင့် ဘာမှ မသိ ၊ မတတ်သော ကျွန်တော်က အောက်က စာလေးကိုပါ အကြွင်း ဆိုပြီး ဆက်ရေးလိုက်ပါသည်။ ကျွန်တော် သိသမျှ ပြောပြတာပဲ ဖြစ်သည်။

အကြွင်း 

ဒါပေမဲ့ သုညမှ လွဲလို့ ကိန်းဂဏာန်းတွေကို တစ်ခု ဘယ်အရာနဲ့ပဲ စားလို့ ပြတ်တယ် ဆိုတိုင်း အကြွင်းမရှိတာ မဟုတ်ပါဘူး။ ဘယ်အရာကို ဘယ်အရာနဲ့ပဲ စားစား။ အကြွင်းကတော့ ရှိပါ၏။ အသုံးဝင်နေသေးသော အကြွင်း နဲ့ အသုံး မဝင်တော့သော အကြွင်းလို့ ဆိုရမည် ထင်သည်။ ဂဏာန်း အားလုံးကို စားလို့ ပြတ်သော တစ် ( ၁ ) ဖြင့် စားရင်တောင်မှ အကြွင်းဘာမှ မကျန်တာ မဟုတ်ပါ။ နောက်ဆုံးမှာ သုညတော့ ကြွင်းကာ ကျန်ပါသေးသည်။

ကျွန်တော်က ကွန်ပျူတာ အကြောင်း ဘာမှ သိပ်မကျွမ်းပါ။ Web Design ဆိုလည်း ဘာမှ မသိပါ။ မသိတာ ၊ မတတ်တာကို ခဏခဏ ထုတ်ပြောနေရတော့ ကြာတော့ အားနာသလိုတောင်မှ ဖြစ်မိကာ ရှက်များပင် ရှက်မိပါသည်။ လူအများ ရယ်စရာ ကောင်းလောက်အောင် နည်းနည်းပဲ သိပါသည်။

တကယ်တော့လည်း ဘာမှ မသိသူ မတတ်သူ တို့ရဲ့ ထုံးစံအတိုင်း အလွန်ကို မျက်နှာငယ်ဖို့ ကောင်းပါသည်။ ဘယ်သူမှ ဘာမှ မသိဘူး ဆိုရင် လာရောက် ရေးတတ်ကြပါသည်။ ကျွန်တော်ကလည်း ဘာမှ မသိ ဘာမှ မတတ်လေတော့ သူတို့ စီဘောက်မှာ ရေးသမျှ ၊ Comment မှာ Anonymous နဲ့ ရေးချင်တာများ ရေးခဲ့ပါသည်။ သူတို့ ဘယ်သူလဲ ဘာကြောင့် လာရေးတယ် ဆိုတာ ကျွန်တော် မသိပါ။ ကျွန်တော် သိသလောက်ကိုပဲ ပုံလေးတွေနဲ့ ပြောပါ့မယ်။ တခြားသော ပညာရှင်များကိုလည်း မေးမြန်းနိုင်ပါတယ်။


ဒါကတော့ ဘယ်အချိန်မှာ ဘယ်သူက ဘယ်ပို့စ်ကိုဖတ်နေတယ်ပေါ့။


 
ဒါကတော့ ဘယ်အချိန်မှာ ဘယ်သူက ဘယ်ကနေ လာကြည့်တယ်ပေါ့။


 
ဒါကတော့ လာကြည့်နေသူရဲ့ အချက်အလက် အသေးစိတ်ပါ။


 
ဒါကတော့ ဘယ်ကနေ ရောက်လာတယ်ပေါ့။

ဒါကတော့ ဘယ်ကနေ လာတယ် ၊ ဘယ်ဟာကို ဖတ်နေတယ် ၊ ဘယ်အချိန်မှာ ဘာလုပ်တယ်ပေါ့။


 
ဒါကလည်း လာဖတ်သူရဲ့ နေရာကို ပြတာပါ။


ဒါကတော့ ဘယ်ပို့စ်ကို အခု လူအဖတ်များနေတယ် လို့ ပြတာပါ။

ဒါကတော့ ဘယ်ကနေ လာပြီး အများဆုံး ဖတ်တယ် လို့ ပြတာပါ။


ဒါကတော့ လာဖတ်သူတွေရဲ့ အချက်အလက်တွေပါ။



လက်ရှိ စာဖတ်နေသူတွေပါ။

( ဝါးတားတား လုပ်ထားတာကိုတော့ ခွင့်လွှတ်ပါ ) 

ဘာမှ မဟုတ်ပါဘူး။ ကျွန်တော်က ဘာမှ မသိ ၊ မတတ်သူ တစ်ယောက်ပါ။ ဘာမှလည်း နားမလည်ပါဘူး။ သိသလောက်လေးကိုပဲ သိချင်သူကို ပြောပြတာပါ။ အဆင်ပြေပါစေ။


*** ဒီပို့စ်က တကယ်တော့ “ စပ်မိစပ်ရာ ဘာညာကွိကွ ” မှာ တစ်ခါတည်း ကျွန်တော် အချိန်မရလို့ ပေါင်းရေးထားတာပါ။ ဒါပေမဲ့ ဒါကပဲ ဟိုပို့စ်ကို အရသာ ပျက်စေတယ် လို့ ယူဆလို့ ဒီမှာ ထပ်တင်လိုက်ပါတယ်။ တခြား တတ်ကျွမ်းသူ ပညာရှင်များကိုလည်း လေ့လာ မေးမြန်းပါဦး။ ကျွန်တော် သိသမျှသာ ပြောပြထားတာ ဖြစ်လို့ Comment ပေးဖို့ မလိုပါဘူး။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark