မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 September 2010

17 မလေးရှား ဟု ခေါ်ပါသည်။



တကယ်တော့ ရေးခဲ့တဲ့ သူတွေလည်း အတော်ကို ရေးခဲ့ ပြီးပါပြီ။ ဒါကြောင့် အကြောင်းအရာ တွေကလည်း အတော်ကို ထပ်နေခဲ့ပါသည်။ ဆရာ ကောင်းသန့် ဆိုရင် “ ပြေးပြေးလွှားလွှား မလေးရှား သွားခဲ့သည်။ ” ဆိုတဲ့ စာအုပ်ကို ရေးပြီးတောင်မှ ထုတ်ထားသလို တခြားသူတွေလည်း သူတို့ အတွေ့အကြုံတွေကို ပုံဖော်ပြီး စာအုပ်ထုတ် ထားပါသည်။ ဒါကြောင့် ကျွန်တော် ဒါတွေကို မရေးပါ။ အခု ကျွန်တော်ကတော့ ကျွန်တော့် လျှောက်တွေးမိတာလေးတွေနဲ့ အမြင်တချို့ကို တင်ပြချင်ပါသည်။

မလေးရှားကို အရှေ့မလေးရှား နှင့် အနောက်မလေးရှားဟု ခွဲခြားထားပါသည်။ အရှေ့မလေးရှားဟာ သဘာဝ ရှုခင်းတောတောင်များနှင့် ပြည့်စုံကာ အခုချိန်ထိတောင်မှ ခေတ်မမှီသေးသော လူများ နေဖြင့်သာ ရှိနေသေးသည် အထိ ခေါင်ပါသည်။ ဖွံ့ဖြိုးမှု နည်းသေးသည် လို့ ဆိုရမည်။ ထိုဒေသမှ လူတွေကို မလေးရှား နိုင်ငံသားချင်း အတူတူတောင်မှ သူတို့ကို ဆာဗား ၊ ဆာရာဝတ်က လူတွေ ဆိုပြီး မလေးနိုင်ငံသား အချင်းချင်းတောင်မှ လူရာ မဝင်သလို ဆက်ဆံတတ်ကြသည်။

ဒီနေရာမှာ မလေးရှားနိုင်ငံသား အချင်းချင်းလို့ ပြောတာမှာ အဓိပ္ပါယ် ရှိပါသည်။ မလေးရှားကို အဓိကအားဖြင့် နိုင်ငံသား သုံးမျိုးဖြင့် ဖွဲ့စည်းထားပါသည်။ မျိုးကွဲပေါင်း များစွာ ရှိနေနိုင်သောလည်း အဓိက အားဖြင့် လူမျိုး သုံးမျိုးဟု အကြမ်းဖျဉ်း သတ်မှတ်နိုင်ကြသည်။ ဒါတွေကတော့ -

၁။ မလိုင်ယူ ဟု ခေါ်သော မလေးလူမျိုး
၂။ တရုတ်လူမျိုး
၃။ တမီလ် ဟု ခေါ်သော အိန္ဒိယ ကုလည် လူမျိုး တို့ ဖြစ်ကြသည်။

ဒီလူတွေထဲကို ထပ်မံ၍ ခွဲခြား စိတ်ဖြာ နိုင်ပါသေးသည်။ သို့သော် ဒီလောက်နဲ့ပဲ ထားလိုက်ပါတော့ ...။  ( ကျွန်တော် ပြောချင်တဲ့ အဓိက အချက်က ဒါမဟုတ်လို့ပါ။ ) ဒီ မလေး ၊ တရုတ် ၊ ကုလည်တွေမှာ တောင်မှ  ဆာဗား နဲ့ ဆာရာဝပ် က မလေး ၊ တရုတ် ၊ ကုလည်တွေကို သူတို့ အချင်းချင်းတောင်မှ နှိမ်ကြပါသည်။

မလေးရှားနိုင်ငံမှာ အဓိက နေထိုင်နေကြတဲ့ မလေး ၊ တရုတ် ၊ ကုလည်တွေကို ထပ်ပြီးတော့ အဆင့်အတန်း ခွဲခြားရင် နှစ်မျိုးစီ ထပ်ထွက်ပါသည်။

မလေးလူမျိုးတွေမှာ ရာထူးခံ ၊ ရာထူးစား လို့ ဆိုနိုင်သော နိုင်ငံရဲ့ ထိပ်တန်း အသိုင်းအဝိုင်းပါ။ သူတို့ကတော့ ဝန်ကြီးတွေ ၊ အမတ်တွေ ဆိုသော အခွင့်ထူးခံ လူတန်းစားတွေ ဖြစ်ပါသည်။ သူတို့ကတော့ သားစဉ်မြေးဆက် ကြွယ်ဝသူများ ဖြစ်သောကြောင့် အခွင့်ထူးခံ လူတန်းစားများ ဟု ဆိုနိုင်ပါသည်။ နောက်ထပ် တစ်မျိုးကတော့ သာမာန် ဆင်းရဲသား လူတန်းစားတွေပါ။ သူတို့ကတော့ ငပျင်းတွေပါ။ ညနေ ၅ နာရီ မထိုးခင်ကတည်းက ပြန်ဖို့ ပြင်နေတဲ့ လူတန်းစားတွေပါ။

တရုတ်လူမျိုးတွေကတော့ သိပ်ပြီးတော့ ကွဲကွဲပြားပြား မရှိပါဘူး။ မလေးရှားနိုင်ငံ တိုးတတ်တယ် ဆိုတာ တကယ်တော့ တရုတ်တွေ ကြောင့်ပါပဲ။ သူတို့ရဲ့ စီးပွားရေးကို တိုးတက်အောင် လုပ်ဆောင်မှုကြောင့် မလေးရှားဆိုတာ တိုးတက်လာတာပါ။ မလေးတွေချည်းပဲ ဆိုရင် မလေးရှားဆိုတာ ဒီလောက် တိုးတက်မှာ မဟုတ်ပါဘူး။ တရုတ်မှာတော့ အရမ်းကို ဆင်းရဲတယ် ဆိုတာ အတော် ရှားပါတယ်။ သူတို့က မလေးရှားရဲ့ စီးပွားရေးကို ချုပ်ကိုင်ထားတာပါ။

ကုလည်လူမျိုးတွေကတော့ များသော အားဖြင့် အခြေခံ ၊ အောက်တန်းစား လူတန်းစားတွေပါပဲ။ လုမယ် ၊ ယက်မယ် ၊ ကားဘီး ဖြုတ်ခိုးမယ် ၊ ရုံးခန်းတွေကို ဝင်ဖောက်မယ် ဆိုသော အောက်တန်းစား အလုပ်ကိုပဲ လုပ်ပါသည်။ ဒါကြောင့် မလေးရှားမှာ လုတယ် ၊ ယက်တယ် ဆိုရင် ကုလည်တွေသာ ဖြစ်နေတတ်ပါသည်။ သို့သော် မလေးရှားရဲ့ IT ပညာရှင်တွေကလည်း ကုလည်တွေ ဖြစ်နေပါသည်။ ကျွန်တော့် အရင် အလုပ်မှ ပစ္စည်းစမ်းသပ်သော စက်တွေကို ဂျာမဏီမှ မှာယူတင်သွင်း သုံးစွဲပါသည်။ အလုပ်လုပ်နေရင်း မတော်တဆ ပျက်ခဲ့ပါက ခေါ်ကာ ပြင်ရသူတို့မှာ ကုလည်တွေသာ ဖြစ်ပါသည်။ သို့သော် သူတို့ကတော့ လုယက် နေသော ကုလည်တွေလို မဟုတ်ဘဲ အဆင့်အတန်း ရှိသော ၊ လေးစားလောက်သော ပညာရှင် လူတန်းစားများသာ ဖြစ်ပါသည်။

ဒီလိုမျိုး မလေးရှား ဆိုတာ လူ့အဖွဲ့အစည်းမှ အထက်တန်းလွှာများ ၊ စီးပွားရေးသမားများ ၊ ပညာရှင်များ ၊ ခိုးဆိုး လုယက်နေသူများ ၊ ဆင်းရဲသားများနဲ့ ဖွဲ့စည်း တည်ဆောက်ထားပါသည်။ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ထုံးစံ အတိုင်း စီးပွားရေး တိုးတက်အောင် ကြိုးပမ်းသူများက တစ်နေ့တခြား တိုးတက်လာကာ စီးပွားရေး အချက်အချာ ကျသော နေရာများကို စီးပွားရေး လုပ်ရန် အကြောင်းပြု၍ စီးပွားရေး မလုပ်သော သူများ လက်မှ ဈေးကောင်းပေးကာ ဝယ်ယူသွားတတ်ပါသည်။



ဟိုတလောက သူငယ်ချင်း တစ်ယောက်နဲ့ စကားပြော ဖြစ်လိုက်သည်။ သူနဲ့ ပြောရင်းမှ သူက “ ဘာလို့ မလေးရှား နိုင်ငံကို မြန်မာ အသံထွက် အတိုင်း မလေးရှား ဆိုပြီး ခေါ်တာလဲ သိလား ” ဟု ဆိုလာသည်။ သူဆိုလိုချင်တာက “ France နိုင်ငံကို ဘာလို့ ပြင်သစ် လို့  ခေါ်တာလဲ ” ဆိုသလို အဓိပ္ပါယ် သက်ရောက်ပါသည်။ မလေးရှား နိုင်ငံကို ဘာလို့ မလေးရှား လို့ ခေါ်တာလဲ ဆိုတော့ အတော်ကို ဖြေရကြပ်သွားပါသည်။

ဒီတော့မှ သူက သူ့ အမြင်ကို ပြောပါတော့သည်။

မလေးရှားနိုင်ငံမှာ အဓိက လူမျိုး သုံးမျိုး ရှိကာ လူတန်းစားများ ထပ်၍ ကွဲပြားပါသည်။ ထိုအထဲမှ သာမာန် ဆင်းရဲသား ဖြစ်သော မလေးလူမျိုးများသည် အရင်က သူတို့ နေထိုင်ရာ နေရာများကို စီးပွားရေးသမား ဖြစ်သော တရုတ်တွေကို စီးပွားရေး ပိုမို လုပ်ကိုင်၍ အဆင်ပြေနိုင်စေရန် အတွက် ဈေးကောင်းပေးကာ ဝယ်ယူကြပါသည်။ ထိုအခါ မလေးများသည် သူတို့ ဆင်းဆင်းရဲရဲဖြင့် နေရာကောင်းတွေ နေထိုင်နေရသည်ကို စဉ်းစားမိကာ တရုတ်တို့ ထံသို့ သူတို့ နေထိုင်ရာ နေရာလေးကို တန်ဖိုးကြီးကြီးဖြင့် ရောင်းချပါတော့သည်။ ရောင်း၍ ရသော ငွေဖြင့် သူတို့သည် အကွက်အကွင်း ကျသော နေရာများမှ ပြောင်းရွေ့ကာ တောရွာများတွင် ရလာသော ငွေဖြင့် ဝယ်ယူကာ သွားရောက်နေထိုင် ကြလေတော့သည်။

ထိုအခါ မလေးရှားနိုင်ငံ၏ အချက်အချာ ကျသော နေရာများတွင် မလေးလူမျိုးများသည် တစ်နေ့တခြား ရှားပါးလာပြီး တရုတ်လူမျိုးများသာ  တစ်စတစ်စ နေရာယူလာကြသည်။ ဒါကြောင့် မလေးရှား အစိုးရသည် မလေးရှားနိုင်ငံ၏ အဓိက အချက်အချာ ကျသော နေရာများကို တရုတ်တို့ လက်ထဲ ရောက်ကာ မလေးလူမျိုးများ တောရွာများသို့ ရွေ့ပြောင်းနေထိုင်ကာ မလေးလူမျိုးများ ရှားပါးကုန်မည် စိုးသောကြောင့် တချို့သော နေရာများကို ရွေ့ပြောင်းရောင်းချခြင်း မပြုရဟု ဆိုကာ ပိတ်ပင်တားဆီး ထားလေ၏။ သို့သော်လည်း တစ်နေ့တခြား မြို့ကြီးများတွင် တရုတ်များ ပိုမို နေရာယူလာကြကာ မလေးများကတော့ တောရွာများကို ပြောင်းရွေ့ခြင်းဖြင့် ရှားပါး လာလေတော့သည်။

ဒါကြောင့် တစ်နေ့ထက် တစ်နေ့ မလေးလူမျိုးများ ရှားပါးလာပြီး တရုတ်တွေ နေရာယူလာခြင်းကို မလေးရှား ဟု ခေါ်ပါသည်။ အတိုချုပ် ပြောရလျှင် “ မလေးတွေ ရှားပါးလာခြင်းကို မလေးရှား ဟု ခေါ်ပါသည်။ ”



ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဓိက အချက်အချာ ကျသော နေရာတွေကို လူများခြားများက ဈေးကောင်း ၊ ကြေးကြီးပေးကာ ဝယ်ယူနေသည်ကို မြင်တွေ့နေရပါသည်။ ထိုသို့ ဈေးကောင်းရတယ် ဆိုပြီးတော့ ပြောင်းရွေ့သွားကြသော မြန်မာလူမျိုးများသည် မြို့သစ်များသို့ ပြောင်းရွေ့နေထိုင်ကြပါသည်။ ဒီလိုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း မြို့၏ အဓိက ကျသော အချက်အချာ နေရာများတွင် မြန်မာများ ရှားပါးလာပြီး လူမျိုးခြားများဖြင့်သာ နေရာယူလာကြသည်ကို တွေ့မြင်နေရပါသည်။

ဒါကြောင့် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆိုသော နာမည်ကနေပြီး နောက်ပြောင်ကာ နာမည်သာ ပြောင်းသွားမယ် ဆိုရင် . . . ၊ မလေးတွေ ရှားပါးပြီး တရုတ်တွေ အစားထိုး ဝင်ရောက်လာရာမှ မလေးရှား ဟု ခေါ်တွင် စေခဲ့လျှင် . . ၊ ယခု မြန်မာတွေ ရှားပါးပြီး လူမျိုးခြားတွေ အစားထိုးဝင်လာသော မြန်မာနိုင်ငံအား ဒီလိုများ နာမည်ပြောင်းကာ ခေါ်ကြလေမလား ဟု တွေးမိပါသည်။ ဒီနာမည်ကတော့ . .

“ မြန်မာရှား ”



မှတ်ချက်။  ။ ဘာရယ် မဟုတ်ပါဘူး စိတ်ကုးပေါက်လို့ လျှောက်တွေးမိတာလေးကို ချရေးမိတာပါ။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင် said...

မြန်မာတွေ ရောက်လာတော့ မလေးတွေ
ရှားသွားတာပေါ့ ...း)

khin oo may said...

တို့လဲကိုအောင့်လိုဘဲတွေးနေတာ။

မြူးမြူး said...

မြန်မာရှားတော့ ဟုတ်မယ်မထင်ဘူး.. ရေမီးရှားတော့ ဖြစ်နေပြီ..

ခိုင်နုငယ် said...

ဟုတ်ပ ကိုအောင်(ပျူနိုင်ငံ)
ပြောသလိုပဲ မြန်မာတွေများလာလို့
မလေးရှားသွားတာ ဖြစ်နိုင်တယ်။

ငွေလမင်း said...

အောာ..မလေးတွေ ရှားသွားလို့ မလေးရှားလို့ ခေါ်တာပေါ့..သိဘူးးး.မှတ်သွားပါတယ်

ရွှေရတုမှတ်တမ်း said...

မလေးရှား ကနေ မြန်မာများ ဆိုတဲ့နာမည်တောင်ပြောင်းဖို့စိတ်ကူးနေပြီတဲ့

မိုးယံ said...

သိပ်ကောင်းတဲ့ အတွေးပါ။ ကျွန်တော်လည်း ဒီကိစ္စကို ရင်လေးနေတာ ကြာပြီ။ မြန်မာတွေ ညံ့လွန်းတယ်ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း သလိုဖြစ်နေမယ်။ မန္တလေးနေပြည်တော်မှာ လူမျိုးခြားတွေ ကြီးစိုးနေတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ ဆိုင်ကြီး ကနားကြီးနဲ့ လုပ်နေတာ လူမျိုးခြားတွေများတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားထဲမှာတောင် မပါတဲ့ လူတွေ မြန်မာ့မြေမှာ ကြီးစိုးချုပ်ကိုင်နေတာကို သတိမထားမိရင်ဖြင့် ။ ဟို စာအုပ်ထဲကလို အမျိုးပျောက်မှာ စိုးကြောက်မိပါသည်။ လေတစ်လုံးမိုးတစ်လုံး ပြောရလျှင်တော့ဖြင့် ။ အနာဂတ် အရေးအရှည်တွေးလို့ အီဖေကို မိုးယံ ရင်လေးမိပါသည်။ ထလော့မြန်မာ ထလော့။

Anonymous said...

မြန်မာရှားလူမျိုးလို့အခေါ်ခံရတဲ့အချိန်မှာ မလေးရှားလူမျိုးတွေလို နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးမျိုး ရနိုင်..မရနိုင် လောင်းကြရင်မကောင်းဘူးလား..ကိုရင်။

kiki said...

ရေရှား မြေရှား ဆီရှား ဆန်ရှား လိုအပ်တာတွေ အကုန် ရှားသော မြန်မာပြည် ကြီး အား `အကုန်ရှား´ ။။ဟု ခေါ် ပါသည် ။

သိင်္ဂါကျော် said...

မလေးတွေ ရှားသွားလို့ မလေးရှားတဲ့လား
ခုမှပဲ ကြားဖူးတော့တယ်.. :D
မြန်မာရှား မဖြစ်ဖို့ကတော့ နိုင်ငံသားတွေမှာလည်း တာဝန်ရှိပါတယ်..

ငြိမ်းစိုးဦး said...

မြန်မာ ရှား ...
တွေးစရာပါပဲ ကိုဇော် ရေ ...
ငြိမ်းစိုးဦး

ဝက်ဝံလေး said...

ခစ်ခစ်လို့အသံထွက်ပြီးရယ်သွားတယ် ကိုဇော် ကြားလိုက်လား ဝက်ရယ်သံ ဟားဟားးးးးးးးးးး

sosegado said...

နောက်ပိုင်း မလေးတော့မရှားနိုင်တော့ဘူးထင်တယ်၊ မိန်းမကနှစ်ယောက်လောက် မွေးလိုက်တဲ့ခလေးတွေ၊

အုပ်ကြီး said...

သြော် ..ဂလိုလား
ခုမှ မလေးရှားဆိုတာ ..ဘာလဲသိတော့တယ် :P

ဆောင်းနှင်းရွက် said...

ရှား တာတွေ
မရှား တာတွေ တော့ သိဘူး..

လောလောဆယ် ..
ကေအယ်လ် နဲ့ မလကားး.. မလေးကား လား
အဲ့ဒီ့ကို လာချင်တာတော့ အမှန်ပဲ ..
Genting လည်း သွားချင်တယ် ..
လန်ကာဝီ လည်း သွားချင်တယ် ..
ဟီးဟီးး
သွားချင်တဲ့ နေရာတွေ များနေသလိုပဲ ... :D

myominsoe said...

ကောင်းပါတယ်ဗျာ ကိုဇော်ရေ မြန်မာရှားတော့မဖြစ်ချင်ပါဘူးဗျာ ဒါတွေကိုနောင်လာမဲ့မျိုးဆက်သစ်တွေ သင်ခန်းစာယူစေချင်ပါတယ် ကိုဇော်ကိုဆရာတစ်ယောက် လိုလေးစားပါတယ်(သော်) ဆိုတာမှာ င သတ်ကျန်နေ၊(တိုးတတ်)မှာက (တက်)ကမှန်သလားလို့ ကျွန်တော်မှားရင်ခွင့်လွှတ်စေချင်ပါတယ်

ကိုဇော် said...

အေးဗျာ.. . .ကျေးဇူးတင်ပါတယ်။

တတ် နဲ့ တက် က ခဏခဏကို လက်က အမြန်ရိုက်မိတာရော ၊ စိတ်က မြန်တာရောကြောင့် နေရာတွေ လွဲလွဲသွားတယ်။ ဘယ်ဟာ မှားတယ် မှန်တယ် ဆိုတာကတော့ ဒီနေရာမှာ ဒီလိုတော့ ရေးထားတယ်။

http://myanmarwords.pikay.org/2008/12/ta-one.html#taone21

ကျေးဇူးပဲ။