မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 September 2010

14 ပြောင်းပြန်များ


ဇောက်ထိုး . . အင်း. . .ကင်းမြီးကောက် ထောင်တယ်ပဲ ဆိုကြပါစို့။ အဲဒီလို အနေအထားတဲ့ အလေ့အကျင့် မရှိဘဲ နေတဲ့ လူတစ်ယောက်ဟာ ကင်းမြီးကောက် ထောင်နေတယ် ဆိုရင် သူ့ရဲ့ ခေါင်းကို သွေးလည်ပတ်မှုက ဖြစ်မြဲ အတိုင်း မဟုတ်တဲ့ အတွက် သွေးတွေက ဖိအားပေးတဲ့ အတွက် ခေါင်းက ခပ်ထုံထုံတဲ့။ အမြင်ဆိုင်ရာ အာရုံကြောတွေကို ကျဉ်းမြောင်းသွားစေတယ် လို့ ဆိုတယ်။ ဒါကြောင့် လူတွေဟာ ကင်းမြီးကောက် ထောင်တဲ့ အခါမှာ အမြင်တွေ ကျဉ်းသွားတယ် လို့ ဆိုတယ်။ ( ငယ်ငယ်က ဦးလေး ဆရာဝန် တစ်ယောက်က ပြောဖူးတာပါ။ အရာရာဟာ အချိန်နဲ့ အမျှ ပြောင်းလဲ နေတယ် မဟုတ်လား။ အခု ခေတ်မှာတော့ မပြောတတ်တော့ပါ။ )

ဒါဆို အမြင်ကျဉ်းတယ် ဆိုတဲ့ လူတွေဟာ ကင်းမြီးကောက် ထောင်နေသူတွေလား လို့ ငယ်ငယ်က ပေါက်ကရ လျှောက်ပြီးတော့ စဉ်းစားမိပါရဲ့။ နောက်တော့လည်း လောကကို ပြောင်းပြန် ကြည့်နေသူတွေဟာ အမြင်ကျဉ်းတယ် လို့ သတ်မှတ်ကြပြန်တယ်။ လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်ကို ထုံးစံ မဟုတ်ဘဲ ကြည့်တာနဲ့ အမြင်ကျဉ်းတယ် လို့ ဆိုရမလား ဆိုပြီး ရင်ထဲမှာ တစ်ယောက်ထဲ ဘယ်သူမှ မသိအောင် ခုခံ ချေပမိပါသေးတယ်။

ဒါပေမဲ့ အခုတော့ လောကကို ပြောင်းပြန်ကြည့်မှ ပိုပြီး အဆင်ပြေတယ် ဆိုသလို ဖြစ်လာပြီ မဟုတ်ပါလား။ ငယ်ငယ်က ဘာမှန်း မသိပေမဲ့ အခု နောက်တော့ ပြောင်းပြန် ဆိုတာလည်း သူ့ဖာသာ သူ အသုံးဝင်တယ် ၊ ပိုပြီး အရာရောက်တယ် ဆိုတာ သိလာရတယ် လို့ဆိုတယ်။ ဒါကို သူတို့က ဥပမာ ပေးရာမှာ “ ဘယ်သန် ” တွေကို ဥပမာ အနေနဲ့ ပေးကြပါတယ်။

“ ဘယ်ကြောင့် ဘယ်သန်တွေ ဖြစ်လာရပါသလဲ ” လို့ မေးတယ်။ အဖြေကလည်း ဒီလို ဆိုတယ်။

“ မွေးကတည်းကတော့ ဘယ်သန် ဆိုတာ မရှိပါဘူးတဲ့။ ကိုယ်ငယ်ငယ်က အနီးကပ် သင်ယူ လေ့ကျင့်ပေးတဲ့ သူက မိမိနဲ့ မျက်နှာချင်းဆိုင် ဆိုတော့ သူက ညာသန် ဖြစ်နေတယ် ဆိုရင် ကိုယ်ရဲ့ အမြင်မှာ ဘက်တူအောင် ဘယ်နဲ့ လိုက်ပြီး လေ့ကျင့် ကိုင်တွယ်ရာကနေ ဘယ်သန်တွေကို အစပြုလိုက်သလို ဖြစ်စေပြီး ဘယ်သန်တွေ ဖြစ်လာတယ် လို့ ဆိုတယ်။

ဖြစ်နိုင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် ညီမ အငယ်ဆုံး ငယ်ငယ်က ဖေဖေ က ဘာပဲ လုပ်ပြပြ ညာသန် ဖြစ်နေလျက်နဲ့ ဘယ်ဘက်နဲ့ပဲ လုပ်ပြပါတယ်။ ထမင်းစားတယ် ဆိုလည်း ဇွန်းကို ဘယ်လက်နဲ့ ကိုင်ပြီး ခပ်စားပြတယ်။ ဒီတော့ ညီမနဲ့ မျက်နှာချင်းဆိုင် ဖြစ်ပြီး ညီမလေး ဘက်က ကြည့်တော့ ညာဘက် ဖြစ်သွားတော့တာပဲပေါ့လေ။ ကျွန်တော် ငယ်ငယ်ကလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။

ဒါကို သတိမထားမိတဲ့ ကျောင်းက ဆရာ ၊ ဆရာမတွေကျတော့ ဘယ်နဲ့ ကိုင်နေတာကို ညာနဲ့ အတင်းသာ ပြောင်းကိုင်ခိုင်းတာ သူတို့ကတော့ ကလေး အမြင်မှာ ဘယ်ဘက်က ကိုင်ပြဖို့ ဆိုတာ သတိမထား မိတတ်ကြဘူး။ ဒါကြောင့် ဒီကလေးက သင်လို့ မရဘူး ဆိုပြီး ပြောတတ်ကြတယ်။ ကလေးတွေ မှာလည်း ထိပ်ပေါက် ၊ ခေါင်းဖု ပေါ့ဗျာ။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော် “ သူများကိုလည်း အမှန်မြင်ပါစေ ” ဆိုတဲ့ ပို့စ်လေးတောင်မှ တင်မိပါသေးတယ်။

အခုတော့ သတိထားမိတဲ့ အပြင်က အရမ်း အရေးကြီးသော နေရာလေးတွေမှာ ပြောင်းပြန်တွေ ဖြစ်နေတာလေးတွေကို ပုံလေးတွေနဲ့ တင်ပြပါ့မယ်။ ဘာလို့ ဒီလို ဖြစ်နေတာလဲ ဆိုတော့ လူတွေမှာ ကားမောင်းနေရင် ကိုယ့်ကားနောက်က ကားကို လူလှည့်ကြည့်တယ် ဆိုတာထက် နောက်ကြည့်မှန်ကပဲ အကြည့်များပါတယ်။

မှန်ဆိုတာ ပြောင်းပြန်ပေါ်သော “ ပုံရိပ်ယောင် ” ပါ။ ဒါကြောင့် အရေးကြီးသော ကားတွေကို သူတို့ရဲ့ အမြင်မှာ ပြောင်းပြန်ပေါ်မှာ စိုးလို့ နဂို မူလ စာတန်းကို ပြောင်းပြန် ရေးထားတော့ နောက်ကြည့် မှန်တွေထဲမှာ အတည့် သွားပေါ်တာပေါ့ဗျာ။ ဒီတော့ အရေးတကြီး ကိစ္စတွေမှာ ၃၅ ရာခိုင်နှုန်း အရင်ကထက် ပိုမို လွယ်ကူသွားတယ် လို့ ဆိုတယ်။

ဟုတ် ၊ မဟုတ်ကတော့ ပုံလေးတွေနဲ့ အပြင်လောကမှာ သတိထားကြည့်ကြရအောင်လားဗျာ။









လေးစားစွာဖြင့်
ကိုဇော်

Share/Bookmark

14 ယောက် ရဲ့ ထင်မြင်ချက်:

မင်းမောင် said...

ကိုဇော်ရေ မင်္ဂလာပါ။
ဘယ်သူမှ မမန့်ရသေးလို့ ဈေးဦးဖောက်သွားတယ်။

ရွှေရတုမှတ်တမ်း said...

ကျွန်တော်တော့ ကျွန်တော့သူငယ်ချင်းမကြီးတွေကို..
နင်တို့ကို ငါက နင်တို့ အမေထင်နေတာလို့ ပြောတော့..
ဆဲကြသဗျ...အမြင်မှန်တိုင်းပြောတာလေ...
ကိုယ်က အဖွားကြီးလို့မြင်နေတာ..သူတို့ကိုသူတို့ ဘယ်လိုမြင်နေကြသလဲတော့မသိဘူး..

SHWE ZIN U said...

ကိုဇော် ရေ

အမှန်မမြင်ဘူးဖြစ်နေတယ် ကြီးကျောက်ပြောသလိုပေါ့


ခင်မင်စွာဖြင့်
ရွှေစင်ဦး

lwin said...

အမြင်တွေကိုမှန်အောင်ဗျောင်းပြန်လုပ်ရမှာပေါ့နော်..

sosegado said...

တစ်ခါတစ်လေ ပြောင်းပြန်ကြည့်ရတာ ကောင်းတယ်၊

ခိုင်နုငယ် said...

အင်း...အမှန်မြင်ဖို့အတွက်..
အမြင်မှန်ဖို့...လိုအပ်လိမ့်မယ်ထင်တယ်

ahphyulay said...
This comment has been removed by the author.
ahphyulay said...

အင်း ...
ရှာရှာ ကြံကြံ ရေးထား ပေမဲ့ 
အမှန် တွေ ဖြစ်နေတာကြောင့် 
လူ့ ဂလန့်  ၊ လူ့ ဂွစာ တွေ ကို အတည့် 
မြင် သွားအောင် ကိုယ် က အမြဲတန်း
ကင်းမြီးကောက် ထောင်နေရ မလို ဖြစ်နေပြီ ပေါ့ နော်...၊

ခင်တဲ့ 

ကိုအောင် said...

ကိုကြီးကျောက်က ရယ်စရာ တော်တော် ပြောတတ်တယ် ...း)၊ နေကောင်းလား ကိုဇော်၊
အလုပ်များနေလို့ သရဲဇာတ်လမ်းတွေ မတင်နိုင်သေးဘူးဗျာ။

ဝက်ဝံလေး said...

သူငယ်ချင်းတယောက်က ပြောတယ်သိလား ကိုဇော် စာရေးတာကိုကြိုက်တယ်တဲ့ သူ ဖတ်တဲ့ ဘလော့ဂ်လက်ချိုးရေလို့ရတယ် အဟုတ်တကယ် သိလား သူသွားတဲ့ ဘလော့ဂ် ဆိုလို့ ၂ ခုပဲ ရှိတာ အဲဒီထဲမှာ ကိုဇော် ပါတယ် သူကလာ မေးနေတယ် နင်နဲ့ ကိုဇော်နဲ့ သိလား တဲ့ ဝမ်းသာအားရ သိတယ်လို့ ဖြေလိုက်တယ် ဟိ

ကိုဇော်နော် မုန့်ဝယ်ကျွေး ဟိဟိ ဘာမှလဲ အဆိုင်ဘူး ဟဟဟဟ

သူကြီးမင်း (တုံးဖလား) said...

ပြောင်းပြန်ဆိုပေမဲ့ အကြောင်းမှန်သိရင်တော့
ကောင်းပြန်ရောဗျား။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သဒ္ဓါလှိုင်း said...

သူများကိုအမှန်မြင်ဖို့အရေးကြီးတယ်နော်ကိုဇော်..
အမှန်မြင်နိုင်အောင်ကြိုးစားပါမယ်..
ခင်မင်စွာ
သဒ္ဓါ

မောင်မောင် said...

ဟောဗျာ ကိုဇော်ရေး ပြမှ ပဲ အမှန်မြင် အောင် လုပ်ယူရဦးမယ်။
အသေးအဖွဲ က အစ သတိထားမိတတ်သူပဲ ဗျ။
အမှန်မြင်အောင်ကြိုးစားသွားမယ်။

Anonymous said...

ကားတွေမှာ ပြောင်းပြန်ရေးထားတာကိုက လူတွေမှာ အမှန်မမြင်နိုင်တဲ့ အားနည်းချက်ရှိတယ်လို့ ကြေငြာထားတာဖြစ်မယ်။။