မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 April 2011

17 စာရိတ္တ



စာရိတ္တ တိုးတတ်မြှင့်တင်ရေးအတွက် စာပေဟောပြောပွဲ တစ်ခု အကြီးအကျယ် ကျင်းပလေ၏။ ခြိမ့်ခြိမ့်သဲတမျှ စည်ကားခဲ့ပါ၏။ ထို့ကြောင့် ထိုစာရိတ္တ မြှင့်တင်ရေး ဟောပြောပွဲကို အောင်မြင်သည်ဟု အားလုံးက လက်ခံ ယုံကြည်ကြ၏။

ဒါပေမဲ့ ဟောပြောပွဲ တစ်ခု ဘယ်လောက် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာ တတ်ရောက်လာတဲ့ လူနဲ့ သတ်မှတ်လို့ မရဘူး ဟု တချို့က ဆိုကြ၏။ ဒါဆို ဘယ်လို သတ်မှတ်မလဲ ဆိုကာ ဟောပြောပွဲ ကျင်းပသူတို့ ခေါင်းချင်းဆိုင်ကာ ဆွေးနွေး အဖြေရှာကြသည်။ နောက်ဆုံးတော့ သူတို့ နည်းလမ်းကို တွေ့လိုက်ကြရသည်။

ထိုအရာကတော့ လာရောက် လေ့လာ နားထောင်သူများကို အခု ဟောပြောပွဲမှ ဘာတွေများ ရသွားပါသလဲ ဟု ဆိုကာ တိုက်ရိုက် အင်တာဗျူးပြီး မေးမြန်းသော စနစ်ကို ကျင့်သုံးဖို့ အားလုံး လက်ခံလိုက်ကြသည်။ ဒါကြောင့် သူတို့ ကြုံတဲ့ လူတွေကို ကြုံသလို မေးမြန်းကြသည်။ မေးမြန်းလို့ ရတဲ့ စကားတွေကိုလည်း ရေးသား၍ မှတ်သားထားကြပြီး အချင်းချင်း ပြန်လည် စုဝေးကာ တိုက်ဆိုင် စစ်ဆေးကြသည်။

သူတို့ မေးမြန်းလို့ ရတဲ့ အထဲမှ အကောင်းဆုံး ဆိုသော စကားစု တစ်ခုကို ယခု ကျင်းပသော စာရိတ္တ မြှင့်တင်ရေး ဆောင်ပုဒ် အဖြစ် အသုံးပြုမည် ဟု တွေးမိကြသည်။ သူတို့ အထပ်ထပ် ဖတ်ရှု့ကာ စစ်ဆေး တိုင်ပင်ကြပြီးသောအခါ စာစုလေး တစ်စုကို လက်ခံ ရရှိခဲ့သည်။ ဒီစာသား စာစုလေးကို ၁၆ နှစ်သား ကလေးလေး တစ်ယောက်က ပြောသွားခဲ့ပါသည်။ ထိုစာစုလေးက အောက်ပါ အတိုင်းဖြစ်လေ၏။

“ လူလိမ္မာတွေက ခိုးခိုးပြီး မိုက်သလို ၊ လူမိုက်တွေကလည်း တိုးတိုးပြီး လိမ္မာလာကြမှာပါ။ ”




*** သူငယ်ချင်း အာရုဏ် ဆီမှ ပုံနှင့် စာသားကို ဆင့်ပွားခံစားထားခြင်းမျှသာ ဖြစ်ပါသည်။ ***


လေးစားစွာဖြင့်
ကိုဇော်
22.4.2011


Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

ဝက်ဝံလေး said...

ဝက်ဝံလေး said...

စာဖတ်အူးမယ် ခဏ နေရာဦးထားတာ

ဝက်ဝံလေး said...

အွန် ပို့စ်က အရှည်ကြီးမှတ် တာ တိုတိုလေးပါတကား

အဲဒါ လေးကို ဂျီတော့ စတက်တပ်မှာ တွေ့ဖူးတယ် အဲဒါ ဘူပြောတာဒုံး

ကိုဇော် said...

အစ်ကိုလည်း အစ်ကို သူငယ်ချင်းဆီက သိတာ။ သူက ပုံလေး ဆွဲပေးတာနဲ့ ကျောရိုးလေး ယူရေးလိုက်တာ။ စာသားလေး သဘောကျလို့ ၊ အခု ခေတ်နဲ့လည်း အတော် လိုက်တယ်လေ။

မိုးယံ said...

တို့က တိုးတိုးပြီး လိမ္မာလာတဲ့ အထဲကပါတော်။

ကိုးမိနစ်နဲ့ လာတာတောင် မမ၀က်ကို မနိုင်ဘူး။ အဟွန့် ဟွန့်။

အဖြူရောင်နတ်သမီး said...

မှန်ပ တော်...
လူလိမ္မာတွေက ခိုးခိုးပြီးမိုက်နေတယ်လို့ ပြောမယ့်အစား လိမ္မာချင်ယောင်ဆောင်ပြီး မိုက်နေကြတဲ့ အသိခေါက်ခက် အဝေနက်တွေ ပေါမှပေါပဲ..။
ဒေါ်မြလေး အသံနဲ့ပြောလိုက်မယ်..
“ပြောချင်ဘူး..ပြောချင်ဘူး”

ကိုကိုမောင်(ပန်းရနံ့) said...

အဲဒီ အကြောင်းလေး စဉ်းစားနေရင်း ဆိုက်ဆိုက်မြိုက်မြိုက် ဒီကို ရောက်လာတယ်။ သဘောချင်း နှောလိုက်လေဗျာ။ ခိုးခိုးပြီး မိုက်တဲ့အထဲပါလား၊ တိုးတိုးပြီးလိမ္မာတဲ့အထဲပါလား ကိုယ့်ကိုကိုယ် ပြန်စစ်ကြည့်ရဦးမယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

လူမိုက်လိမ္မာတယ်ဆိုတာ
လူလိမ္မာမိုက်သလောက်ပဲရှိတယ်။

Angelhlaing(May everybody be happy and healthy! said...

" လူလိမ္မာတွေက ခိုးခိုးပြိးမိုက်သလို လူမိုက်တွေက တိုးတိုးပြိး လိမ္မာကြတယ်" တဲ့ မိုက်တယ် အကို...
အားပေးလျှက်..
ကောင်းသောနေ့လေးဖြစ်ပါစေအကို။

Anonymous said...

ကိုဇော် ရေ

တိုးတိုးပြီးလိမ္မာလာပါတယ် နီးပြီကိုး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

လူလိမ္မာ ခိုးပြီးမိုက်တာက တကယ့်လူမိုက်ထက် ပိုကြောက်စရာကောင်းတယ်။

ဆူးသစ် said...

ကိုယ့်ကိုယ်ကို ခိုးခိုးပြီးမိုက်တယ်ဆို လူလိမ္မာထဲပါသွားမယ်။ တိုးတိုးပြီးလိမ္မာလာတယ်ဆိုလည်း နဂိုကတည်းက လူမိုက်ဖြစ်နေပြီ။ သေချာတာက နှစ်ခုစလုံးရဲ့ အလယ်မှာရောက်နေတယ်ထင်တယ်။ အဲဒီတော့ ဘာကြီးမှန်းမသိတော့ဘူး။ ကိုဇော့်စာက ကောင်းတယ်။ နည်းနည်းတော့ ခေါင်းစားသွားတယ်။

flowerpoem said...

အောက်ဆုံးက နောက်ဆုံး conclusion ကိုကြိုက်တယ် မှန်လိုက်တာ :)

sosegado said...

လူလိမ္မာတွေက ခိုးခိုးပြီးမိုက်သလို လူမိုက်တွေက တိုးတိုးပြီးမိုက်လာကြတယ်လို့ဖြစ်သင့်ပါတယ်၊

ဟန်ကြည် said...

အင်း တိုးတိုးပြီး မိုက်ရမလား...ခိုးခိုးပြီး လိမ္မာရမလား စဉ်းစားဦးမှပါလေ...

စာဖတ်သူ said...

တစ်ခါတစ်လေတော့ စာဖတ်သူတွေ မမြင်သေး ၊မတွေးဖြစ်တာကို စာရေးသူတွေက ဝေမျှပေးသလို ..
စာရေးသူတွေ မမြင်တာကို စာဖတ်သူတွေကလည်း မြင်တတ်ပါတယ် ..
တစ်ချို့ စာတွေက ပရိတ်သတ်ကြားမှာရေပန်းစားပေမယ့်  ဘယ်သူက စခဲ့သလဲဆိုတာ မသိကြပါဘူး ..
သိတဲ့သူက ကူညီပံ့ပိုးစေလိုတဲ့စေတနာနှင့်
သိုးထိန်း (အန္တိမ) ရဲ့ ကဗျာတစ်ပုဒ်ခေါင်းစဉ်ပါ ..
ကျေးဇူးတင်လျှက်
http://thoehtane.wordpress.com/2009/11/13/never-underestimate-mate/

ကိုဇော် said...

ကျေးဇူးပါ. . .
သူရေးတဲ့ ကဗျာကိုတော့ လုံးဝ မဖတ်ဖူးကြောင်း ဝန်ခံပါတယ်။