မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 April 2011

24 စပ်မိစပ်ရာ ဘာညာကွိကွ ( ၂ )



နိဒါန်း

ကျွန်တော့်မှာ . . .
သတိတရနဲ့ ခဏခဏ
ချရေးထားတဲ့ စိတ္တဇညတွေ
တော်တော်များများ ရှိနေလေရဲ့။



( ၇ )

ဟိုတစ်နေ့က ပုန်းလျှိုးကွယ်လျှိုး ဘဝကနေ လိုင်းပေါ်ကို ခဏလေး တတ်လိုက်မိပါတယ်။ ကျွန်တော့်ကို မြင်တာနဲ့ တန်းပြီးတော့ ညီလေး တစ်ယောက်က “ ဟိုင်း ” ပါလေရော။

“ Hi . . . ကိုဇော် ဘာတွေလုပ် ”

“ အခုပဲ ထမင်းစားပြီးလို့ လိုင်းပေါ် ခဏတတ်ကြည့်တာပါ ညီရာ။ ”

“ ဘာချက်လဲ ကိုဇော် ”

“ ငါးခြောက်နဲ့ အာလူးနဲ့ ချက်တယ်။ ငါးခြောက်ဟင်းကို မေ့ပြီးတော့ ဆားသွားထည့် လိုက်မိတာ အခု တော်တော် လေးနေတယ်ကွာ ၊ စားရတာ ရေငတ်လိုက်တာ ပြောမနေနဲ့တော့။ ”

“ လေးတာကတော့ ပြောမနေနဲ့တော့ ကိုဇော်ရေ ၊ ကျွန်တော်တို့ကတော့ ကိုဇော်လို လေးလို့ ရေသောက်လို့ မရဘူးဗျ ”

“ ဟင် . . . ဘာဖြစ်လို့လဲ ၊ ဘာကို ပြောတာလဲ ၊ နားမလည်ဘူး။ ”

“ အာ . . ကိုဇော်ကလည်း နားမလည်ရင် ကျွန်တော် ဂျီတော့ ကပ်စတန် မက်ဆေ့ကို ဖတ်ကြည့်လိုက်လေဗျာ။ ”

ဒီတော့မှ ကျွန်တော်က သူ့မှာ တင်ထားတဲ့ စာလေးကို ဖတ်ကြည့်လိုက်တော့ ဒီလို တွေ့ရတယ်။

“ မြန်မာနိုင်ငံမှ  internet service provider များခင်ဗျာ။ ဆားနည်းနည်း လျှော့ထည့်ပေးပါ။ တော်တော်လေး “ လေး ” နေလို့ပါ။ 



( ၆ )

“  ရွှေကို ဘယ်လို အမျိုးအစားနဲ့ သတ်မှတ်လဲ မင်းသိလား ”

လို့ ကျွန်တော့် သူငယ်ချင်းက ပြောတော့ ကျွန်တော် ခေါင်းခါပြမိတယ်။ ဒီတော့ သူက ဥာဏ်စမ်းသလို တစ်ခုချင်းမေးပါတယ်။ အခု စာဖတ်သူကလည်း ကျွန်တော်နဲ့ အတူတူ တစ်ခုချင်း လိုက်ဖြေကြည့်ပါလား။

“ ရွှေမဲ ဆိုတာ ဘာလဲ ”

“ ဒါများကွာ ၊  ရွှေမဲ ဆိုတာ ရေနံ ”

“ ရွှေဖြူ ဆိုတာ ဘာလဲ ”

“  ရွှေဖြူ ဆိုတာ ပလက်တီနမ် နဲ့ White Gold လို့ ခေါ်တဲ့ ရွှေ ”

“ ရွှေနီ ဆိုတာ ဘာလဲ ”

“ ရွှေနီ ဆိုတာ ကြေးနီ ”

“ ရွှေဝါ ဆိုတာ ဘာလဲ ”

“ ဟ . . မင်းကလဲ ၊ ရွှေဝါ ဆိုတာ ရိုးရိုး ရွှေပဲပေါ့ကွ။ ”

“ မဟုတ်ဘူးကွ ၊ ရှိသေးတယ်။ ”

ကျွန်တော် စဉ်းစားတယ်။ အဖြေက ရမလာဘူး။ 

“ ရွှေရဲ့ နဂို အရောင်ကိုက အဝါရောင်ပဲလေ ၊ ဒါကို ရွှေဝါ ဆိုပြီးတော့ ဘယ်သူ့မှမှ မခေါ်တာ ”

“ မဟုတ်ပါဘူးဆို ၊ မင်း မသိဘူး မဟုတ်လား။ ”

“ အေးကွာ . . မသိဘူး ၊ ပြော . . .”

ဒီတော့ သူက ရယ်ပါတယ်။ ပြီးတော့မှ ပြောပြတယ်။ ဘာလို့ ထင်ပါသလဲ။

“ မှတ်ထား .  . . ရွှေဝါ ဆိုတာ ဆပ်ပြာ

တဲ့။ အဲဒီလိုပဲ သူငယ်ချင်းတွေကလည်း တစ်ယောက်နဲ့ တစ်ယောက် အကြောင် ရိုက်နေကြပါပဲ။


( ၅ )

ကြွားတာတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော့်မှာ ဂျပန်စက်ဘီးလေး တစ်စီး ရှိပါတယ်။ ညနေခင်းတွေ ဆိုရင် ကျွန်တော်တို့ သူငယ်ချင်းတွေ စက်ဘီး လျှောက်စီးပြီး ဟိုဟိုဒီဒီ သွားကြရင် သူက ပါလေ့ရှိတယ်။ ဟိုသွားဒီသွား ၊ ဟိုထိုင် ဒီထိုင်၊ ဟိုစားဒီစားပေါ့လေ။

အဲဒီလို တစ်နေရာရာမှာ နားကြပြီ ဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့ ဂျပန်ဘီးလေးကို မြေကြီးမှာ ဒေါက်နဲ့ မထောက်ဘဲနဲ့ ၊ လမ်းဘေး ဆင်ခြေလျောမှာ လှဲထားလေ့ ရှိတယ်။ သူငယ်ချင်းတွေရဲ့ စက်ဘီးတွေ ညနေခင်းရဲ့ လေပြေထဲမှာ လှလှပပ ကျော့ကျော့မော့မော့ ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော့် စက်ဘီးလေးကတော့ လမ်းဘေးက ခြုံထဲမှာ လှဲလျောင်းနေပါတယ်။

“ မင်းကလည်း စက်ဘီးကို လှလှပပ စတိုင်လ်ကျကျ ဒေါက်နဲ့ ထောက်ထားတာ မဟုတ်ဘူး ”

လို့ သူငယ်ချင်းတွေ ပြောတိုင်း ဘာမှ ပြန်မပြောဘဲ ကျွန်တော် ရယ်နေမိပါတယ်။ ပြီးတော့လည်း သူတို့လည်း မေ့သွားကာ ကျွန်တော်လည်း စားစရာရှိတာ စားပါတယ်။ ဘူးသီးကြော် ၊ ဘာညာပေါ့။

ညနေခင်းရဲ့ လေပြေနုနုမှာ တစ်နေ့လုံး ပူလောင်ထားသမျှ လေညှင်းခံဖို့ လူတွေ ထွက်လာကြပါတယ်။ အလုပ်က ပြန်လာသူတွေလည်း ပြန်လာကြပါတယ်။ ညနေစောင်း ကျွန်တော်တို့လို လမ်းသလားသူတွေလည်း များလာပါတယ်။ ဒါတော့ လမ်းတွေက ပိုရှုပ်လာပါတယ်။ ပိုပြီး မလွတ်မလပ် ဖြစ်လာပါတော့တယ်။

“ ဝုန်း ”

ကားနဲ့ မလွတ်တလွတ် ၊ လူနဲ့ မလွတ်တလွတ် ၊ ဘာနဲ့ မလွတ်တလွတ်မှန်း မသိဘဲ ၊ ကျွန်တော့် သူငယ်ချင်းရဲ့ စက်ဘီးလေး လဲကျသွားပါတယ်။ ဘာနဲ့ ချိတ်မိသွားတယ် မသိပါဘူး။ သိလိုက်တာကတော့ သူ့စက်ဘီးက အလှတပ်ထားတာလေးတွေ ကျိုးကုန်ပြီး ဆေးတချို့ ပွန်းကုန်ပါတယ်။ သူက ထသွားပြီးတော့ သူ့စက်ဘီးလေးကို ဟိုပွတ် ဒီပွတ် လုပ်ပြီး ထောင်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘက်ကို ပြန်လာရင်း . .. .

“ ကိုဇော့်လို လှဲထားတာကမှ ကောင်းသေး ၊ အခုတော့ လဲတာနဲ့ စက်ဘီးက နာလိုက်တာ ”

လို့ ဆိုပါတယ်။ ကျွန်တော် ဘာမှ ပြန်မပြောမိပါဘူး။ တစ်ခါတလေတော့လည်း ထောင်မတ်နေတာထက် လှဲနေတာက ပိုသက်သာတယ် မဟုတ်လား။ လှဲနေသူ ဆိုတာ ပိုပြီးတော့ ထပ်လဲကျစရာ မရှိတော့ဘူးလေ။ ငယ်ငယ်က စပါးနှံ ပုံပြင်လေးက ဒါကို ဆိုလိုတာလား မသိနိုင်ဘူး။


( ၄ )

အဲဒီနေ့က သူငယ်ချင်း တစ်ယောက်နဲ့ ကျွန်တော်နဲ့ အငြင်းအခုန် ဖြစ်ကြတယ် ဆိုပါစို့။ သူက ပြောတယ်။

“ ကိုယ်စီးတဲ့ မြင်း အထီးမှန်း ၊ အမမှန်း မသိဘူး ဆိုတဲ့ စကားလုံးက မျက်မမြင်တွေ အတွက် ကျတော့ မှန်ချင်မှ မှန်မှာပဲကွာ ”

ဟု ဆိုတယ်။ ကျွန်တော်လည်း ရုတ်တရက် ဘယ်လို ပြန်ပြီး ချေပရမှန်း မသိဘူး ဖြစ်သွားတယ်။ ခဏနေမှ ဖြတ်ခနဲ အကြံက ရလာတယ်။

“ ဒါများကွာ . . . မျက်မမြင် ဆိုပေမဲ့ လက်ကတော့ ကောင်းနေသေးတာပဲ။ လက်နဲ့ စမ်းကြည့်ပေါ့ ”

လို့ . . .။ ပြောပြီးတော့ သူ ပြန်ပြောရ တော်တော် ခက်သွားလိမ့်မယ် လို့ ထင်ထားပေမဲ့ သူက ချက်ချင်း ပြန်ပြောတယ်။

“ အဲဒီလို ဟိုစမ်း ဒီစမ်း စမ်းထားတဲ့ လက်ကြီးနဲ့ မင်းကို How Are You ? ဆိုပြီး လာ လက်ဆွဲ နှုတ်ဆက်ရင် မင်းက I'm Fine. ဆိုပြီး ခပ်ပြုံးပြုံး နဲ့ အဲဒီလက်ကြီးကို ဆွဲကိုင် လှုပ်ရမ်းနေနိုင်ပါ့မလား။”

တဲ့။ ကျွန်တော်လည်း အ သွားတယ်။ နေပါစေတော့ဗျာ။ ခရီးရောက်ဖို့ အဓိက ဆိုရင် ကျွန်တော် ဟိုဟိုဒီဒီ မျက်စိ ကစားပြီးတော့ အထီး အမ လည်း ခွဲမနေချင်ဘူး။ ပြီးတော့ မမြင် မကန်းနဲ့ ဟိုစမ်း ဒီစမ်းလည်း မလုပ်ချင်ဘူး။

သူ့ဖာသာပဲ ထားထား လိုက်ပြီး ဒီအတိုင်းပဲ စီးသွားလိုက်တော့မယ်။  ခရီးရောက်ဖို့က အဓိက မဟုတ်လား။


( ၃ )

ဟိုတစ်နေ့က ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက် စကား ပြောဖြစ်တော့ သူက သူ့ရဲ့ အတွေး ဒဿန တစ်ခုကို ချပြတယ်။

“ ပုရွတ်ဆိတ်တစ်ကောင်ရဲ့ တန်ဖိုးကို သိချင်ရင် . . . . .
ဝတ်ထားတဲ့ အတွင်းခံ ဘောင်းဘီထဲ ထည့်ကြည့်ပြီး ပွဲနေပွဲထိုင်သွားမှ သိနိုင်သလို  . . ၊
ငါ့ရဲ့ အချစ်ကိုလည်း ငါနဲ့ ဝေးသွားတော့မှ မင်း တစိမ့်စိမ့် သိရလိမ့်မယ်။ ”

တဲ့။ သူ ပြောတာ ကျွန်တော် နားထောင်ပြီး တွန့်တောင်မှ တွန့်သွားမိပါတယ်။ နောက်ပြီးတော့ သေချာ စဉ်းစားကြည့်တော့ ဟုတ်သလိုလိုပါပဲလား။ လက်ခံလို့လည်း ရပါတယ်။

မယုံကြည်လို့ အတွင်းခံ ဘောင်းဘီထဲကို ပုရွတ်ဆိတ် ထည့်ချင်သူများ အတွက် အဆိပ် ပြင်းပြင်း ၊ အကောင်ကြီးကြီး ပုရွတ်ဆိတ်များကို ကျွန်တော် လက်ဆောင်ပေးဖို့ အခု ရသလောက် လိုက်လံ စုဆောင်းနေပါတယ်။ လိုချင်သူများ စာရင်းပေးခဲ့လို့ ရပါတယ်။


( ၂ ) 

တစ်ခါက . . .

လူငယ်လေး တစ်ယောက်ဟာ မြားသင့်ခံရပြီး သေအံ့မူးမူးနဲ့ အသက်ငင်နေတယ်။ ဒီအချိန်မှာ သူက ထိမှန်နေတဲ့ မြားတံကို တွေငေးငေးကြည့်ရင်း “ လေ ” ကို အပြစ်တင်တယ်။

 “ ဒီကမ္ဘာလောကကြီးကို လေထုက အုပ်ဆိုင်းပြီး ကာရံထားတာဆို ၊ အခုတော့ ကျွန်တော့်ကို မှန်မဲ့မြား လာနေတာကို ဘယ်မှာ လာပြီး ကာရံနေလို့လဲ။ တကယ်လို့ ကာရံထားတယ် ဆိုရင် တားဆီးပေးပါလား။ အခုတော့ကြည့် ကျွန်တော့် မြား အမှန်ခံရပြီ။ ”

လို့ သေအံ့မူးမူး အံကို ကြိတ်လို့ အော်တယ်။

“  - - - - - - ”

သို့သော် ဘာသံမှ မကြားရ ၊ ဒါကြောင့် ဒုတိယ အကြိမ် ထပ်အော်ပြော၏။ မထူး။ ဒါနဲ့ တတိယအကြိမ် ထပ်အော် ပြောပြန်သည်။ ဒီတော့မှ သက်ပြင်းချသံလိုလို လေပြင်းတစ်ချက်က တစ်ချက် တိုက်ခတ်သွားပြီး . . . .

“ ငါ ကာရံထားလို့ မင်း ဒီလောက် ခံသာတာပေါ့ ကောင်လေး။ လေရဲ့ ဆွဲအား ၊ ပွတ်တိုက်အား ၊ ဆန့်ကျင့်အားတွေကြောင့် မင်း အခုလို ငါ့ကို စကားတုံ့ပြန်ပြီး ရန်လိုနေနိုင်တာပေါ့။ သူ ပစ်လိုက်တဲ့ မြားတံရဲ့ မူလ ပြင်းအားကို ငါ့ရဲ့ ဆွဲအား ၊ ပွတ်တိုက်အားတွေနဲ့ အရှိန်မသတ်ပေးခဲ့ရင် မင်းမှာ စကားတောင်မှ ပြောပိုင်ခွင့် ရှိမှာ မဟုတ်ဘူး။ ”

လေရဲ့ တုံ့ပြန် ပြောဆိုချက် ပြီးတော့ ကောင်လေးက သာသာယာယာ ပြုံးပြီး သူ့ကိုယ်ထဲမှ သူ့ဝိညာဉ်ကို သူ့ဖာသာ ထုတ်ရင်း ပြောတယ်။

“ မြေသည် လည်းကောင်း
 ရေသည် လည်းကောင်း
 လေသည် လည်းကောင်း
ဓါတ်သည် လည်းကောင်း
အရာရာသည် လည်းကောင်း
စိတ်အပေါ်၌ပင် တည်၏။ ”

( ၁ ) 

အခု တလော ကျွန်တော် “ မိုးယံ အငြိမ့် ၂၀၁၀ ပြိုင်ပွဲ ” ကို ကြည့်ပြီး တော်တော်ကို သဘောကျနေမိတယ်။ ဒီအထဲမှာမှ ပထမဆု ရသွားတဲ့ Five Stars အဖွဲ့ကို ကျွန်တော် တော်တော်ကို သဘောကျမိတယ်။ ဒီအထဲမှာမှ  . . .

“ သီချင်းတွေမှာ အပျိုသီချင်း ၊ မယားကြီး သီချင်း ၊ မယားငယ် သီချင်း ဆိုပြီး ရှိတယ် သိလား ”

ဆိုတဲ့ ပြက်လုံးကို ကျွန်တော် တော်တော်ကို သဘောကျ မိပါတယ်။ တွေ့တဲ့ လူတိုင်းကိုလည်း လျှောက်လျှောက် ပြောပြီး ရယ်မိပါတယ်။ ဟိုတစ်နေ့က သူငယ်ချင်း တစ်ယောက်ကို တွေ့တော့ သူကို ပြောပြမိပြန်ပါတယ်။

ဒီမှာ သူက ကျွန်တော့်ကို ရုပ်တည်နဲ့ ပြောပါတယ်။

“ မင်း သိလား ၊ ဒီခေတ်မှာ တချို့သီချင်းတွေက ခေတ်နဲ့ မကိုက်ညီတော့ဘူးကွ ”

“ မဖြစ်နိုင်တာကွာ ၊ အရင်ခေတ်က သီချင်းတွေကိုတောင်မှ ပြန်ဆိုတေး လုပ်နေကြသေးတာပဲ ”

လို့ ကျွန်တော်က ပြန်ငြင်းမိပါတယ်။ ဒီတော့ သူက ကျွန်တော့်ကို ဥပမာလေးနဲ့ ရှင်းပြပါတယ်။

“ ရှိတယ်ကွ ၊ မင်း မှတ်ထား ၊ “ ထွဏ်းထွဏ်း ရဲ့ ၂၅ မိနစ် ” ဆိုတဲ့ သီချင်းပဲ ”

“ အမ် . . .ဘာဖြစ်လို့လဲ ”

“ ဟ . . . ဒီခေတ်မှာ ၂၅ မိနစ်တောင်မှ နောက်ကျလို့ ဖြစ်မလားကွာ ၊ အခမ်းအနား ကျင်းပတာတောင်မှ ၁၅ မိနစ် ထဲဟာကို  ၊ ၂၅ မိနစ်တောင်မှ နောက်ကျမှတော့ အခမ်းအနားမှာ ဘယ်သူတွေ ရှိတော့မလဲကွ ”

လို့ ဆိုပါတယ်။ သူပြောတော့လည်း ဟုတ်သလိုလိုပါပဲလား။ ခေါင်းလည်း မညိတ်မိသလို ၊ ခေါင်းလည်း မခါမိဘူး။

တစ်ခုတော့ ရှိတယ် ၊ သူ ဆိုလိုတဲ့ “ ၁၅ မိနစ် အခမ်းအနား ” ဆိုတာကို ကျွန်တော် စဉ်းစားနေတုန်းပါပဲ။



နိဂုံး

သတိတရ  ဆိုတာ
အသိမဲ့တဲ့ ညရဲ့
အိပ်မက်တွေကို
အပိုင်စီးထားတယ်။

လေးစားစွာဖြင့်
ကိုဇော်
2.4.2011


Share/Bookmark

24 ယောက် ရဲ့ ထင်မြင်ချက်:

ငွေလမင်း said...

စာတွေ ဖတ်မှတ်ပြုံးရွှင်သွားပါတယ်
မှတ်သားထားရတော့ပေါ့ဗျာ
ကျနော်လဲ မိုးယံအငြိမ့်က five star အဖွဲ့ကို တော်တော်လေး သဘောကျတယ်ဗျ ကျနော်ကြည့်တာ ၁၀ ခါ တောင်ကျော်ပြီထင်တယ် ရီရလွန်းလို့ ကြိုက်တယ်ဗျာ

မိုးယံ said...

တော်တော် တွေးတဲ့ တစ်ချို့ဟာတွေ မသိသေးလို့ မှတ်သွားတယ်ဗျို့။

တစ်ကယ်တော့ အများကြီးပြောင်းလဲဖို့ ဆိုတာ 15 မိနစ်လောက် အခမ်းအနားလုပ်လိုက်ယုံနဲ့ လုံလောက်ပါတယ်လေ။

How Are You bro ? လက်ကလေး ပြန်ဆွဲ နှုတ်ဆက်လိုက်စမ်းဘာ.. ဟဲဟဲ။

Anonymous said...

နောက်ဆို ကျောင်းစာမေးပွဲတွေမှာ ၁၅ မိနစ်အတွင်းဖြေလို့ရအောင် မေးခွန်လွှာတွေကို ကျောင်းသားတွေဆီ အရင်ပို့ထားမှာတဲ့...

မောင်မျိုး said...

အပေါ်က ဟာတွေ သိဘူး အောက်ဆုံးက နိဂုံးကဗျာကို အကြိုက်ဆုံးပဲ တော်တော်ကြိုက်တယ် .။

ဆွေလေးမွန် said...

ဘုရား..ဘုရား..
အချစ်ကို ခိုင်းနှိုင်းပုံ တစ်ညှိုးကြီးပါလား..
ဘာပဲပြောပြော .. သူ့အတွေးနဲ့ သူကတော့ ဟုတ်နေတာပဲ..

သူများစဉ်းစားတဲ့ နည်းနဲ့ မတူပဲ တစ်မျိုးကွဲပြီး စဉ်းစားပြီးရေးထားတာကိုက ပိုပြီးဖတ်လို့ကောင်းတယ်။
ပြီးတော့ ကိုမျိုးရေးထားသလို ပဲ
နိဂုံးကဗျာလေးကို သဘောကျတယ်။

Anonymous said...

ရွှေဝါ ဆိုတာ ဆပ်ပြာ လေ ..
ဒါတောင် သိဘူးလား ကိုဇော် ...
စစချင်းဖတ်ရင်းနဲ့
စိတ်ထဲမှာ ဖြေလိုက်တယ် .. ရွှေဝါလို့ .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Angelhlaing(May everybody be happy and healthy! said...

အတွေးတွေ အမျိုးမျိုးနဲ့ ရယ်မော အားပေးလျှက်ပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

IDIOT-Ki said...

ခေတ်ကြီးက တိုးတက်နေပြီလေ..ရွှေဝါကို ဘယ်သူမှ မသုံးတော့ဘူးတဲ့...

၁၅ မိနစ်စာလေး ဖတ်အပြီး ဂေါက်တောက်တောက် ဖြစ်သွားလို့ အမှတ်နှရ..ဟိုကြားထဲက ပရွက်ဆိတ် တကောင် ရဲ့ ခေါင်းကို ပုတ်သင်ညို ခေါင်းနဲ့  ပြောင်းထဲ့ပေးသွားတယ်.. ခွိ ခွိ ...

ခုမှ အိပ်ယာနိုးသော ဝက်ဆလူး said...

ဘိုးဘိုးဇော်ရဲ့ ဘာညာကွိကွ ကိုလာဖတ်တယ် ဟွင့် ခေါင်းစဉ်အတိုင်းပဲ တကယ့်ဗြောက်သောက် ဟဟဟ ရယ်တော့ရယ်ရသားနော် ခစ်ခစ်
တာ့တာ များသွားဘီနော် ဘိုင် ဘိုင် ....

အဖြူရောင်နတ်သမီး said...

ဖတ်ပြီး..
ငယ်ငယ်က သင်ခဲ့ဖူးတဲ့ “စပါးနှံ”လေး အကြောင်းကို ပြန်သတိရသွားတယ်..။

“ အက္ခရာ ” said...

ငါးခြောက်ဟင်း ငပိထည့်ရင်ပေါ့သွားတာပေါ့
အဲဒါပိုစားလို့ကောင်းတယ်
နောက်တခါငပိထည့်ချက် :) :)
ဖတ်ပြီး ပြုံးသွားတယ်နော်

သတိုး said...

စက်ဘီးဆိုတာ လှဲထားရင် မတော်တဆလဲပြိုတဲ့အခါ အနာသက်သာတယ်ဆိုတဲ့ အတွေးကို ကြိုက်ပါတယ် ကိုဇော်...။

စိုးမိုး said...

ပုရွက်ဆိတ် နှစ်ကောင်လောက်လို့ ..... အမြင်ကတ်တဲ့ လူထဲသွားထည့်မလို့ ..ဟီးး

ငြိမ်းစိုးဦး said...

ပုရွက်ဆိတ်လည်း ကြောက်ပါရဲ့ ၊ နှစ်ပေါင်းများစွာလည်း နောက်ကျခဲ့ပါရဲ့ ...

rose said...

တွေးစရာနဲ့ ပြုံးစရာ နှစ်ခုလုံး ပါအောင် ရေးထားတာပဲး) မိုးယံ အငြိမ့်က ဘယ်မှာ ကြည့်လို့ရလဲ ကိုဇော်... ရို့စ် မကြည့်ရသေးဘူး။

ကိုဇော် said...

http://www.burmeseclassic.com/showtime3.php?index=NTQ0OQ==&d=aW1nL21vdmllLzU0NDkuZ2lm&s=3&p=1&tp=1

ဒီနေရာမှာ ကြည့်လို့ ရတယ် ရို့စ်ရေ . . .
ပျော်ရွှင်ပါစေ။

၁၅မိနစ်ကျောက် said...

ပုရွက်ဆိတ်တော့ မဖြစ်ချင်တော့ဘူး..ကောင်မလေးက သူ့အတွင်းခံထဲထည့်ထားရင်....တောကြီးမျက်မဲမှာ ရွာလည်နေမှာစိုးရတယ်..

ahphyulay said...

အင်း....
တောက်လျှောက် ဖတ်လို့ ကောင်းလာခဲ့ ပြီး
ပရွက်ဆိတ်ကို ကိုယ့်ဟာကိုထည့် ကြည့်မလို့ 
စဉ်းစားနေရင်း ဟော.. နိဂုန်း ဆိုတော့ 
ဆန့် တငင်ငင် ဖြစ်ရပြန်ရော..။

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဇော်ဆီမှာ ဘာပဲ အသစ်တက်တက် အမြဲတမ်း ရောက်တယ်၊ မန့်လိုက်ရင် err ဖြစ်
နေလို့၊ ကျနော့်ဖက်က ဖြစ်တာပါ၊ အရာရာ
အဆင်ပြေပါစေ ကိုဇော်ရေ ...

ကိုကိုမောင်(ပန်းရနံ့) said...

ဒီပွဲမှာတော့ ၁၅ မိနစ်နှင့် ပုရွက်ဆိတ် တွဲဖက် ဗိုလ်စွဲသွားပါတယ်။ ဒါပေမဲ့ ပုရွက်ဆိတ်က ပိုအားကောင်းလား မသိ။း))))

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခနွဲ said...

တစ်ချို့စာတွေက စဉ်းစားရသလို၊ တစ်ချို့စာတွေက ပြုံးရယ်စေတယ်။ ၁၅ မိနစ်အခမ်းအနားတော့ ကျွန်တော်လည်း မသိဘူး။ မြင်းအထီးအမတော့ မသိချင်ပါဘူး။ ကိုယ်သွားချင်တဲ့ ခရီးရောက်ဖို့အရေးကြီးတာပဲလေ။

noblemoe said...

တော်ပါပြီး စာရင်းမပေးတော့ပါဖူးးD
အောက်ဆုံးကဗျာလေးကောင်းစ်

သာယာချမ်းမြေ့ပါစေရှင်း
မိုး

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

ပုရွက်ဆိတ်ထက် ခါချင်တစ်ကောင်ဖမ်း ထည့်ထား၇င် တန်ဘိုးပိုပြီးသိမယ်ထင်တယ်။

Anonymous said...

စာတွေဆက်ရေးနေပါ။

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.