မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 March 2011

19 ပြုပြင် မဆုံးယာဉ်



ဒါက ဒီလိုရှိပါတယ် ၊ ဟိုဟာက ဟိုလို ရှိမှာပေါ့လေ . . . .

ဟိုတစ်နေ့က ဘလော့ဂါ မိုးယံ က သူ့စက်မှာ ဇော်ဂျီထည့်ဖို့ ဆိုပြီး ပြောတော့ ကိုယ်ကလည်း အစ်ကို့ဘလော့မှာ ယူလိုက်လေကွာ လို့ ပြောလိုက်မိတယ်။ သူက လာယူတော့ “ Font ယူရန် ” လို့ ရေးထားတဲ့ နေရာက ဘယ်မှာလဲ အစ်ကို တဲ့။ ကိုယ်ကလည်း ဒီဘက်က ဟမ် ခနဲပေါ့။ အဲဒီ ဆိုက်ဘားမှာလေ ဆိုတော့ သူက မမြင်ရဘူး အစ်ကို ၊ အခု ဖားပုံတွေချည်းပဲ တွေ့နေရတယ်တဲ့။

ဟေ ဆိုပြီး ဘလော့ကို ရီဖလက် လုပ်ပြီး ကြည့်လိုက်တော့လည်း အားလုံးက ပုံမှန်ပါပဲ ၊ မြင်နေရတာပဲလေ။ ဒါနဲ့ အဲဒီမှာလေကွာ ဆိုတော့ သူက မမြင်ရဘူး တဲ့။ အယ် . . . ဒါဆို မင်းမှာ ဘာလို့ မမြင်ရတာလဲဟ ဆိုပြီး မေးရင်း ဇော်ဂျီဖောင့် ယူဖို့နေလေးကို “ အပေါ် ၊ အပေါ် ၊ အောက် ၊ အောက် ” နဲ့ ပြောရင်း သူလည်း အဆင်ပြေ သွားပါတယ်။ ဒီတော့ ပြန်ပြီး ဖာသိဖာသာ နေမိသွားပြန်တယ်။

မနေ့က စူပါနဲ့ ဟိုဘက် စက်ရုံကို သွားရင်း အပြန်မှာ သူ့အိမ်ကို ဝင်ပြီး စားရ သောက်ရ ပါသေးတယ်။ ပြီးတော့ သူ့စက်ကို ဟိုဟာ ၊ ဒီဟာ လုပ်ပေးရင်း အားလုံး အဆင်ပြေသွားတော့ ကိုယ့်ဘလော့လေးကို ဖွင့်ကြည့်လိုက်တော့ အားလုံးဟာ “ ဖား ” တွေ ဖြစ်နေပါရောလားဗျာ။ ဖားပုံ ၊ ဖားပုံ ၊ ဖားပုံတွေ . . . . . . . . . ၊ လင့်ယူပြီး တင်ထားတာ မှန်သမျှ ဖားပုံတွေ ဖြစ်နေတယ်။

တကယ်တော့ Blogspot မှာ ပုံတွေကို တင်မယ် ဆိုရင် Blogspot က ပေးထားတဲ့ image upload နဲ့ တင်လိုက်ရင်လည်း တင်လို့ ဖြစ်ပါတယ်။ ကိုယ်ရဲ့ ဘလော့ကို ဘယ်လိုပဲ ဒိုမိန်း ပြောင်းထားထား အဲဒီလို Blogspot ကနေ တင်ထားတဲ့ ပုံလေးတွေ ဆိုရင် ကြည့်ရင် မမြင်ရဘဲ ဗြောင်ချည်း မြင်ရတာ များပါတယ်။ လိုင်းကောင်းတယ် ၊ ကျော်တယ် ခွတယ် ဆိုမှ မြင်ရတယ် လို့ ဆိုကြတယ်။ ဒါကြောင့် ကိုယ်တင်ထားတဲ့ ပုံလေးတွေကို မြင်စေချင်ရင် တခြားသော နေရာမှ ပုံကို လင့်ယူပြီး တင်ရပါတယ်။ ဒါဆိုရင်တော့ ဘယ်နိုင်ငံကပဲ ကြည့်ကြည့် အဆင်ပြေပြေ မြင်ရပြီပေါ့။

ဒါကြောင့် ကျွန်တော် အဆင်ပြေသလို ပုံလင့်ပေးတဲ့ ဆိုက်လေးတွေကနေ ယူပြီးတော့ တင်ပါတယ်။ အားလုံး အဆင်ပြေနေတာပါပဲ။ နောက်တော့ ImageShack ကနေ ပြီးတော့ တင်ပါတယ်။ ဒီဆိုက်ကလည်း အကောင်းဆုံးလို့ ညွှန်းထားတဲ့ ဆိုက်ပါ။ ဒါပေမဲ့ ဟိုတလောက သူ့ဆီမှာ တင်နေရင်း သူက Register မလုပ်ဘူး ဆိုရင် ပုံကို ဖျက်ပစ်ပါလိမ့်မယ် ဆိုလာတယ်။ ဒါကြောင့် Register လုပ်ပြီး ပုံတွေကို တင်နေတော့ အဆင်ကို ပြေလို့။

နောက်တော့ နောက်တစ်ခု တိုးပြီး သူက လုပ်လာတယ်။ Register မလုပ်ရင် မမြင်ရဘဲ ဖြစ်နိုင်တယ် တဲ့။ ဒါပေမဲ့ သတိမထားမိပါဘူး။ ကိုယ့်မှာက မြင်နေရတာကိုး။ ပြီးတော့ ဘယ်သူကမှလည်း မပြောတော့ မသိဘူး။ ကိုယ့်စက်ကတော့ အမြဲတမ်း login ဖြစ်တော့ ပုံတွေ အားလုံး မြင်နေရတာပေါ့ဗျာ။ အခုလို စူပါအိမ်က စက်ဆီ ရောက်မှပဲ ၊ ဘလော့ တစ်ခုလုံး ဖားတွေနဲ့ဖုံး ဆိုသလို ဖြစ်နေတော့တာပဲဗျာ။ ကိုယ့်ဖာသာ ဟိုးအရင်ကတည်းက တင်နေကြ နေရာကနေ ယူတင်ရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး။

အခုတော့ဗျာ။ ဖားဆိုက်ကနေ ပုံလင့်ယူပြီး ထည့်ထားမိတော့ Register မလုပ်ဘဲ ကြည့်သူတွေကတော့ အပေါ်က ပုံလို အတုံးထဲမှာ အထည့်ခံရတဲ့ ဖားလို ပုံကိုပဲ မြင်ရတော့မှာပါ။ သူများတွေပါ အောက်ကလို ပုံမျိုးလေး မြင်အောင်လို့ ကျွန်တော့်မှာ အရင်က ဖားဆိုက်ကနေပြီးတော့ ပုံလင့်ယူပြီး တင်ထားမိခဲ့တဲ့ ပုံတွေကို တစ်ခု မကျန် အခုမှ လိုက်လိုက် လဲနေရတယ်ဗျာ။

ဘလော့လေးကလည်း ဟိုနေရာက ဟိုလို ပြင်လိုက် ၊ Malware က ဘလော့တွေ ဖြစ်လိုက်လို့ ဟိုလိုတွေ ပြင်လိုက် ၊ ဖတ်ရတာလည်း မျက်စိရှင်းရှင်းနဲံ့ ဖတ်ရအောင် ဟိုဟာ ပြင်လိုက် ဒီဟာ ပြင်လိုက်နဲ့ ပြင်လို့ကို မဆုံးတော့ပါဘူးဗျာ။

ဒါကြောင့် အခုတော့ ကျွန်တော့်မှာ အရင်က ဖားဆိုက်ကနေ ပုံလင့်ယူပြီး တင်ထားမိတဲ့ ပုံတွေကို အခုတော အားလုံး တစ်ပုံ မကျန် လိုက်ပြီးတော့ ပြင်နေရပါတော့တယ်။ ပြင်ရတာကလည်း တစ်ပုံတည်း မဟုတ်ဘူးလေ။ တင်ထားမိတဲ့ ပို့စ်တွေ အလိုက် ပုံတွေက များတော့ ပြင်လို့ကို မပြီးနိုင်ဘူး ဖြစ်နေတော့တာပေါ့။ ဒီမှာ ကျွန်တော် ငယ်ငယ်က အဖြစ်အပျက်လေး တစ်ခုကို သွားပြီး သတိရမိပါတယ်။ ဒီလိုပါ။



ငယ်ငယ်က အိမ်မှာ ကျွန်တော် စိတ်ညစ်ရတယ် ဆိုတဲ့ ခံစားမှု နဲ့ ပျော်တယ် ဆိုသော ခံစားမှု တပြိုင်နက် ရတဲ့ အချိန်ရှိခဲ့ဖူးတယ်။ ဒါကတော့ ကားကို လိုင်စင်ဝင်ဖို့ သန့်ရှင်းရေး လုပ် ၊ ပြုပြင်ရေးတွေ လုပ်တဲ့ အချိန်ပါပဲ။ တိုတိုပြောရရင် လိုင်စင် သက်တမ်းတိုးတာပေါ့။ ပြောရင်သာ လွယ်တာ လိုင်စင် ထုတ်ပေးမဲ့ ကိုကိုတွေက လွယ်လွယ်ကူကူ သက်တမ်းတိုးပေးဖို့ အတွက် အတော်ကို ပြင်ဆင်ရပါတယ်။

ကားရဲ့ ဘော်ဒီ ကောင်းသေးရဲ့လား ၊ အတွင်းမှာ သံချေးတတ်ပြီး စားနေလား ၊ ဆေးကရော ကောင်းရဲ့လား ၊ ရှေ့မီး နောက်မီးတွေ အားလုံး ကောင်းရဲ့လား ၊ ဟွန်းကရော အသံမြည်ရဲ့လား ၊ အင်ဂျင်ကို စက်နှိုးထားရင် မီးခိုးတွေ ထွက်နေလား ၊ . . . . . လား ၊ . . . . . . လား ၊ အစ ရှိသဖြင့် လားပေါင်းများစွာပေါ့။ ဒီအထဲက စည်းကမ်းချက်တွေ မပြည့်မှီရင် ( အဲဒီတုန်းကပေါ့ ) လိုင်စင်ကို သက်တမ်း မတိုးပေးဘူးဗျ။

ဒီတော့ ကားပိုင်ရှင် အနေနဲ့ ပြင်ရပြီပေါ့ဗျာ။ ဝပ်ရှော့ကို ပြေးလိုက်ရ ၊ ဘော်ဒီရုံကို ပြေးလိုက်ရ ၊ ကား အလိုင်းမင်း ဆိုင်ကို ပြေးလိုက်ရ ၊ အိတ်ဇောဆိုင်ကို ပြေးရ ၊ ကူရှင်ဆိုင်ကို ပြေးရ ၊ မှန်လိုင်နာ ဆိုင်ကို ပြေးရနဲ့ ကားလိုင်စင် ဝင်ခါနီးရင် အတော်ကို အလုပ်ရှုပ်တယ်ဗျာ။ ဒီအချိန်မှာ ကားကလည်း ပြင်နေတာ ဆိုတော့ ဆေးတွေကလည်း ဟိုနေရာက ကွက် ၊ ဒီနေရာက ကွက်နဲ့ ဖြစ်နေတတ်တာပေါ့။

ဒါကို မြင်ရင် မသိဘဲနဲ့ လက်ပြနေတတ်တဲ့ ယာဉ်ထိန်းရဲကလည်း လက်ပြပြီပေါ့ဗျာ။ ရပ် . . . ဖမ်းမယ်ပေါ့။ ဒီတော့ ဒီလို အဖမ်းမခံရအောင်လို့ မော်တော်ယာဉ်တွေမှာ စာတန်း တစ်ခုကို ကပ်ထားတတ်ကြပါတယ်။ အဲဒါကတော့ . . .

“ ပြုပြင်ဆဲယာဉ် ”

တဲ့။ ဒီလို တပ်ထားလိုက်တော့ လိုင်စင်ဝင်ဖို့ ပြင်နေတဲ့ယာဉ် ဆိုပြီးတော့ ယာဉ်ထိန်း ရဲကြီးတွေကလည်း မဖမ်းတော့ဘူးပေါ့။ ကျွန်တော် စိတ်ညစ်တယ် ဆိုတာက ကိုယ့်ကားလေး ဆေးတွေ ကွက်တိ ကွက်ကြား ဆိုင်းဘုတ်ကြီး တကားကားနဲ့မို့ပါ ၊ ဒါပေမဲ့ ဒီလိုလေးလည်း ပြီးရော ကိုယ့်ကားလေးက အသစ်လေးလို လှပြီး တောက်ပသွားမယ် ဆိုတဲ့ အတွေးကြောင့်တော့ ပျော်ရွှင်မိပါတယ်။ ဒါကြောင့်လည်း ခံစားမှု နှစ်မျိုး တစ်ခါတည်း ဖြစ်နေတာပါ။ လိုင်စင်ဝင်တဲ့ အချိန်တိုင်း ကားမှာ ပြုပြင်ဆဲယာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေးက တွဲလောင်းခိုလို့ပေါ့လေ။

ကျွန်တော်တို့ နေတဲ့ လမ်းထဲမှာ ဦးထွန်းဝေ ဆိုတဲ့ လူကြီး တစ်ယောက် ရှိပါတယ်။ သူက ပါမုန့်ခြောက် လုပ်ငန်း လုပ်ပါတယ်။ သူ့ရဲ့ ကုန်ပစ္စည်းတွေကို ပို့ဖို့ ၊ ကုန်ကြမ်းတွေကို ဝယ်ဖို့အတွက် သူ့မှာ ဟိုင်းလတ်ကား တစ်စီးရှိပါတယ်။ ဒါပေမဲ့ ဒီဟိုင်းလတ်ကားက လုပ်ငန်းသုံးဖြစ်ပြီး မိသားစု စီးဖို့ အတွက် သူက အခုခေတ်ပေါ် Hi Ace ကဲ့သို့သော ကားတစ်စီး ရှိပါတယ်။ အဲဒီတုန်းကတော့ အဲဒီကားကို ပါမုန့်ကား လို့သာ ခေါ်ပါတယ်။

သူ့ကားက အသစ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ စုတ်ပြတ်နေတာလည်း မဟုတ်ဘူး။ ဟောင်းနွမ်းလှတယ်လည်း မဟုတ်ပါဘဲနဲ့ အတော်ကို ခြူခြာပါတယ်။ ခဏနေရင် ပျက်ပြန်ပြီ ၊ ခဏနေရင် ဟိုဟာဖြစ်ပြန်ပြီ ၊ ခဏနေရင် ဟိုဟာ လဲရပြန်ပြီ ၊ ဝပ်ရှော့ ရောက်ပြန်ပြီ ၊ ဘော်ဒီရုံ ရောက်ပြန်ပြီ နဲ့ အတော်ကို ပြင်ဆင်ရပါတယ်။ ဒီလို ပြင်ဆင်ရတိုင်း သူ့ကားလေးမှာလည်း ဆိုင်းဘုတ်လေးကို ချိတ်ဆွဲခံရပါတယ်။ ဒီဆိုင်းဘုတ်ကတော့ အားလုံးသိပြီး ဖြစ်တဲ့ အတိုင်း “ ပြုပြင်ဆဲယာဉ် ” ဆိုတာပါပဲ။

ကျွန်တော်တို့ အိမ်က ဆိုင်းဘုတ်လေးက လိုင်စင် ဝင်ရတော့မယ် ဆိုတဲ့ အချိန်ကာလ အတောအတွင်းသာ သိမ်းထားတဲ့ ချောင်ကလောင်ထဲက ရှာဖွေ ဖုန်သုတ်ကာ တပ်ရတာပေမဲ့ ဦးထွန်းဝေရဲ့ ပြုပြင်ဆဲယာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေးကတော့ ဖုန်ကို မတတ်အားပါဘူး။ သူ့မှာ အမြဲလိုလို ကားကို ဂုတ်ခွစီးကာ ဝင့်ဝင့်ကြွားကြွား နေရာ ယူလေ့ရှိပါတယ်။ သူ့ကားလေးကို ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် ပြုပြင်ဆဲယာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေး တပ်လျက်သား တွေ့ရလေ့ ရှိတယ်။ သူ့ကားကလည်း အမြဲလိုလို တစ်ခု မဟုတ် တစ်ခု ပြင်နေရတယ် မဟုတ်လား။

တစ်နေ့တော့ ကျွန်တော့် အဖေနဲ့ ကျွန်တော် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း သူ့အိမ်ရှေ့က ဖြတ်တော့ သူက ထုံးစံ အတိုင်း သူ့အိမ်ရှေ့မှာ ကားကို ရပ်ထားပြီးတော့ ဟိုနှိုက်ဒီနှိုက် လုပ်နေတယ်။ သူ့နားကို ရောက်လာတော့ ဖေဖေက . . . .

“ ဦးထွန်းဝေ ဘာတွေ လုပ်နေတာလဲဗျ ”

အသံကြားတော့ ကားထဲကို ခေါင်းစိုက်နေရာကနေ သူ ခေါင်းပြူကြည့်ပြီး . . .

“ အေးဗျာ . . . ကားကလည်း တစ်ခုမဟုတ် တစ်ခုကို ဖြစ်နေတော့တာပါပဲ။ ဆိုင်ကို ပိုရင် ပို့ရ ၊ မပို့ရဘူး ဆိုရင် ကိုယ့်ဖာသာပဲ ပြင်နေရတာပဲဗျာ။ အတော်ကို ပညာသင်ပေးတဲ့ ကားပဲ ”

လို့ ရယ်ရယ် မောမော ပြန်ပြောတယ်။ ပြီးမှ . . . .

“ အခုလည်း ကားက ခဏခဏ ပျက်နေတာနဲ့ ကားမှာ တပ်တဲ့ ပြုပြင်ဆဲယာဉ် ဆိုတဲ့ ဆိုင်းဘုတ်လေးက ဟောင်းနေလို့ အသစ် အပ်ထားတာကို သွားယူမယ် ဆိုတော့မှ ကားက စက်မနှိုးဘူး ဖြစ်နေပြန်တာဗျာ။ ဒါကြောင့် အခု နှိုက်နေတာ။ ဆိုင်းဘုတ်ကလည်း ဖြုတ်လိုက် တပ်လိုက် လုပ်နေတာထက် တစ်ခါတည်းတောင်မှ အပြီး တပ်ရင် ကောင်းမလား ဆိုပြီးတော့တောင်မှ စဉ်းစားမိ ပါသေးတယ်ဗျာ။ ”

လို့ ပြောလည်း ပြော သူကိုယ်တိုင်လည်း တဟားဟား ရယ်ရှာတယ်။ ဟိုဟိုဒီဒီ ခဏ စကားပြောပြီး ကျွန်တော်နဲ့ ဖေဖေ သူ့ကို နှုတ်ဆက်ပြီး ဆက်လျှောက်လာခဲ့တယ်။ ကျွန်တော်တို့ ပြန်လာတော့ သူ့အိမ်ရှေ့မှာ သူ့ကားရော သူရော မတွေ့တော့ဘူး။ ကားစက် နိုးသွားလို့ ထွက်သွားပုံ ရပါတယ်။ ဒီလိုနဲ့ အိမ်ကို ပြန်ရောက်ပြီး လုပ်စရာ ရှိတာ လုပ်နေတုန်း ကျွန်တော်တို့ အိမ်ရှေ့ကို ကားတစ်စီးက လာရပ်တယ်။ ပြီးတော့ ဟွန်းတီးသံကို ကြားလိုက်ရတယ်။

ဘယ်သူလဲ ဆိုပြီး ကြည့်လိုက်တော့ ဦးထွန်းဝေကို သူ့ရဲ့ ပါမုန့်ကားထဲမှာ တွေ့လိုက်ရတယ်။ သူက ကားထဲကနေ လက်လှမ်းပြပြီးတော့ နှုတ်ဆက်တယ်။

“ ကားစက်နိုးသွားလို့ အပ်ထားတဲ့ ဆိုင်းဘုတ်လေး သွားယူတာဗျ။ ရလာခဲ့ပြီ။ ဖြုတ်လိုက် တပ်လိုက် လုပ်နေရလို့ တစ်ခါတည်းပဲ တပ်ထားလိုက်တော့တယ်။ ကား ရှေ့နဲ့ နောက်မှဗျို့. . .ကြည့်လိုက်ပါဦး။ ”

လို့ လှမ်းအော် ပြောတယ်။ သူပြောနေတဲ့ အသံကလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ပါပဲ။ ဒီတော့ အိမ်ထဲကနေပြီးတော့ ကျွန်တော် ပြေးထွက်ပြီးတော့ သူ့ကားရဲ့ အရှေ့နဲ့ အနောက်ဘက်မှာ တပ်ထားတဲ့ ဆိုင်းဘုတ်လေးကို ကြည့်လိုက်တော့ အောက်ပါ အတိုင်း တွေ့ရပါတော့တယ်။


ဒါကို ကြည့်ပြီး ပါးစပ် အဟောင်းသားနဲ့ ကျွန်တော် ဖြစ်နေတုန်း ၊ ဖေဖေကတော့ တဟဲဟဲ ရယ်ရင်း. . . . . .

“ ဖြစ်မှ ဖြစ်ရလေ ကိုထွန်းဝေရယ် ၊ တကယ်တော့ ပြုပြင်ဆဲယာဉ် ဆိုတဲ့ စာတန်းပဲ တရားဝင်တာနော်။ အခု ခင်ဗျား စာက ယာဉ်ထိန်းရဲ ဖမ်းရင် ဖမ်းလို့ ရတယ်။ ”

လို့ ပြောတော့ သူက . . . .

“ ဒါတော့ ဒါပေါ့ဗျာ။ တစ်နေ့လာလည်း ပြင်ရ တစ်နေ့လာလည်း ပြင်ရနဲ့ ပြင်ပြင်ရနိုင်လွန်းလို့ ပြုပြင်ဆဲယာဉ်မှ မဟုတ်တော့တာဗျာ။ ပြုပြင်လို့ကို မဆုံးတဲ့ “ ပြုပြင် မဆုံးယာဉ် ” ပါ။ ဒါကြောင့် ဒီလိုပဲ ပြင်ရေးထား လိုက်တော့တယ်ဗျာ။ ”

လို့ ပြောလည်း ပြောရင်း မောင်းထွက်သွားပါတော့တယ်။


မောင်းထွက်သွားသော သူ့ကားကို ကြည့်ပြီး ဖေဖေက စကားတစ်ခွန်းသာ ပြောပြီး အိမ်ထဲကို လှည့်ဝင်သွားပါတယ်။

“ တကယ်တော့ သူ့ကားက ဘာမှ မဖြစ်ပါဘူးကွာ။ သူကသာ သူ့ဖာသာ စိတ်တိုင်း မကျ ဖြစ်နေတာ . . . ”



တကယ်တော့လည်း ကျွန်တော်တို့ ဘဝမှာ ၊ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးတွေ ၊ ဒီလိုမျိုး လူတွေ ကြုံကြရဖူးပါတယ်။ သူများတွေ အဆင်ပြေစွာ ကျင်လည် လှုပ်ရှားနေနိုင်တဲ့ အချိန်မှာ သူတို့မှာ သူတို့ကိုယ် သူတို့ ၊ သူတို့ရဲ့ ပိုင်ဆိုင်မှု သေးသေးလေးကို ပြုပြင်လို့ မဆုံးနိုင် ဖြစ်နေတတ်ကြပါတယ်။

ဒီလိုလူမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ မတွေ့ဖူး ၊ မကြုံဖူးဘူး ဆိုရင်တော့ဖြင့် တစ်ယောက်သော သူကို ကျွန်တော် ညွှန်ပြပေးနိုင်ပါတယ်။ ဒီနေရာမှာ အဲဒီလို လူတစ်ယောက် ရှိနေပါတယ်။ သူကလည်း ပြုပြင်ဆဲယာဉ် ထက်မကသော ပြုပြင် မဆုံးယာဉ် လို လူမျိုးပဲ ဖြစ်ပါလိမ့်မယ်။



*** ဒီနေ့ 1.3.2011 ဟာ ကျွန်တော့် အဖေရဲ့ မွေးနေ့ နှစ်ပတ်လည်နေ့ပါ။ ပထမတော့ ဖေဖေနဲ့ ကျွန်တော့် အကြောင်း အရှည်တစ်ပုဒ် ရေးမလို့ ၊ အခုတော့ အခြေအနေအရ ခပ်တိုတို အဖြစ်အပျက် တစ်ခု နဲ့ တစ်ခါက ကြားခဲ့ဖူးသော စကားလေး တစ်ခွန်းကို သတိရမိလို့ ချရေးလိုက်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
1.3.2011


Share/Bookmark

19 ယောက် ရဲ့ ထင်မြင်ချက်:

noblemoe said...

မှတ်သားစရာပါပဲ။


သာယာချမ်းမြေ့ပါစေရှင်း
မိုး

မိုးယံ said...

ဖားတွေ ကိစ္စ ဒီမနက် ပြန်ဖြစ်နေပြန်ရော.. ဒါတင် မက အပြာရောင် မျက်နှာပြင်တွေလဲ ပေါ်ပြီး စက်က ပိတ်သွားတတ်ပြန်ရော.. စိတ်လေပါဒယ်

အော် ပြုပြင်မဆုံးလူ ဂျီးလဲ “တွေ့ဆုံခွင့်” ကို မျှော်လင့်နေတာလား


ဦးဇွတ်ရဲ့ အဖေ မွေးနေ့နှစ်ပတ်လည်မှာ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းသာယာပါစေ.. သိုက်သိုက်ဝန်းဝန်း မိသားစုဘ၀လေးနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ပါစေဗျာ။။

မောင်မောင်တင် said...

ကိုဇော် မြို့ထဲလာရင် ရင်ဝမှာ (ပြုပြင်မဆုံးယာဉ်) ဆိုတဲ့ ဆိုင်းဘုတ် တပ်လာခဲ့နော်...ဒါမှ ကိုဇော် ဆိုတာသိမှာ..ကိုဇော့် ဖေဖေမွေးနေ့မှာ ပျော်ရွှင်မှု အပေါင်းနဲ့ ပြည့်စုံပါစေ........

Anonymous said...

အကို့ ဖေဖေ အသက်ရာကျော်ရှည်ပြီး သာသနာ အကျိုးတွေ ဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေ ..း)

အဲဒီဖားပုံ မြင်တော့ မြင်နေတယ် .. ဘာမှန်းမသိတာလေ .. :D

တော်သေးတယ် ညီမဆိုက်က ပုံတွေ သိပ်မသုံးဖြစ်လို့ .. :D

မိုးခါး

Anonymous said...

ကိုဇော်ရေ...ပြုပြင်မဆုံးယာဉ်ထဲမှာကျနော်လည်းပါတယ်...ပြင်လို့မပြီးနိုင်ဘူး...ကိုယ်တိုင်လည်းဘာမှမတက်တော့စိတ်သွားတိုင်းကိုယ်မပါဘူး...ကိုဇော့် အဖေ ရဲ့မွေးနေ့နှစ်ပတ်လည်မှာပျော်ရွှင်ပါစေဗျာ...ကျနော် ဘလော့မှာလည်း ဇော်ဂျီဖောင့်အလွယ်တကူယူလို့ရအောင်ပုံလေးနဲ့တင်ချင်တယ်....နောက်ကြုံရင်ကူညီပါနော်...ကျေးဇူးတင်ပါတယ်...

Ki Ki said...

အဲ.. ပို့ စ်က စာတွေ ဘာမှ ဖတ်မရ လို့  ပုံတွေ နဲ့  အပေါ်က ကွန်မန့် တွေ ဖတ်ပြီး အတိတ်ဖေါ် လိုက်တယ်..
ကိုဇော့်  ဖေဖေ မွေးနေ့  မှန်းသိရတယ်.. ( သက်တော်ရာကျော်ရှည်ပြီး ရွှင်လန်းချမ်းမြေ့ပါစေ ) လို့  ဆုတောင်းပေးလိုက်ပါတယ်..

ပြုပြင်မဆုံးယာဉ် ကတော့..ကားနီနီလေးတွေ့  ရလို့  ကိုဇော့် ကား လေး များလား လို့  ..ဟိဟိ..
ပစ္စည်း ဆိုတာ= ( ပျက်စီး ) ပဲလေ.. ပျက်ရင် ပြင် ပေါ့ ။ ထပ်ပျက်ရင် ထပ်ပြင် ။( သူများနိုင်ငံတွေ ဆို အချိန်ကုန်ခံ ပြင်မနေတော့ဘူး .. လွှတ်ပလိုက်တာကြာပြီ.. အသစ်ပဲ ဝယ်တော့ မယ် ။လက်ခ က အသစ်တန်ဘိုးနီးပါး ရှိနေတာကိုး..

ဆိုင် မဆိုင်တော့ မသိ.. လက် အ ငြိမ် မနေနိုင် လို့  ဝင် ရေး သွားတယ် ..းးး))

ဝက်မြီး ကိ..

Maung Myo said...

ကျနော့်ဆီမှာ ဖားကြီးဖြစ်နေတာကို မိုးပျံမ မီကို မမဇော်ပို့ထားပေးတဲ့ ကုဒ် ကို ကုတ်ထည့်လိုက်တာ အဆင်ပြေသွားတယ် ကျေးဇူးတင်ပါတယ်ချဉ်း)

မယ်မျိုး

crystal said...

ဖားဇာတ်လမ်းက အခုမှ ရှင်းတော့တယ်။ ဖားပုံတွေ့ရတဲ့ဆိုဒ်တွေမနဲဘူးနော်။ တော်သေး များတို့ဆိုဒ်မှာ ဝဲလ်လည်း ကင်းသွားပီ၊ ဖားလည်း ရှင်းထားတယ်...:)

(ကိုဇော်အဖေ ရုပ်ကျန်းမာ၍ နာမ်ချမ်းသာပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်)

rose said...

ကိုဇော်... ရို့စ်က ဖားပုံ မမြင်ရပါဘူး။ ကိုဇော့်ဆီ လာလည်တိုင်း ပုံတွေ အကောင်း အတိုင်း မြင်ရသားပဲ။ တစ်ခါမှ မမြင်ဘူး အဲ့ ဖားပုံ ဆိုတာ။ သြော်... ဒီနေ့က ကိုဇော် အဖေ မွေးနေ့လား။ ရို့စ် သူငယ်ချင်း တစ်ယောက်လည်း မတ်လ ၁ ရက်နေ့ မွေးတာ။ အဝေးရောက်သားရဲ့ မွေးနေ့ ဆုတောင်းလေး ပေါ့နော်။

An Asian Tour Operator said...

ဖားပုံ ပေါ်တာဒါ့ကြောင့်ကိုး။

(ကိုဇော့် ဒယ်ဒီမွေးနေ့ အတွက် ဆုမွန်ကောင်း တောင်း ပေးပါတယ် ဗျာ။)

အုပ်ကြီး said...

အတွေးတစ်ခုတော့ ရတယ်ဗျာ ..
ကျွန်တော်တို့ ဘဝမှာလည်း ...ကိုယ့်ဖာသာ စိတ်တိုင်းမကျတာတွေရှိတယ်နော် .....

တောက်ပကြယ်စင် said...

ကိုဇော့် ဖေဖေရဲ့မွေးနေ့အတွက် ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်...(နည်းနည်းနောက်ကျသွားတယ် ကိုဇော်ရေ ခွင့်လွတ်ပါနော်)

ကျောက်ဖား said...

ဖားသားစ် မွေးနေ့မှာ ဖားပုံပေါ်ခြင်းသည်..ကောင်းမြတ်ပါပေတကား...

လသာည said...

ဖားပုံများ?..
ကိုဇော်လည်း ဖြစ်တာကိုး..
ဟိုတလောက တို့ဘလော့လည်း အဲ့လိုပဲ ဖြစ်တယ်။ ကိုယ်ကတော့ မမြင်ရတော့ မသိဘူးလေ။ သူများပြောမှ အဲဒီပုံရှိကြောင်း သိရတာ။ အခုတော့ တင်းပလိပ်ပြောင်းပြစ်လိုက်ရတယ်။။

ကိုဇော့်ဖေဖေမွေးနေ့အတွက်လည်း ကူဆုတောင်းပေးတယ်နော်။
(လာဖတ်တာ နောက်ကျလို့ ဆုတောင်းတောင် နောက်ကျသွားတယ်)

ဆလူး ဝက် said...

အပေါ်က ကိ ဘယ့်နှယ့်သူ့သူ ကိ ချင်ကိပါ့လား ဘာကိစ နာ့ကို ဆွဲထည့်လဲ ဝက်မြီးတဲ့ နာတော့မယ် ဟွင့်
အဲ လာရင်းကိစ မေ့နေလို့
တော်သေးရဲ့ ကိုဇော် ဖားမှာ ဝစ္စပေါက် ပါလို့မဟုတ်ရင် များမျက်လုံးပြူးမှာ ခစ်ခစ်

အင်း... ကိုဇော့် ဖေဖေ မွေးနေ့နှစ်ပတ်လည်မှာ ပျော်ရွှင်ပါစေနော်

တိတ်ကဲ
ဘိုင် .....

Angelhlaing(May everybody be happy and healthy! said...

စိတ်တိုင်းမကျတဲ့ ဘဝမှာ စိတ်သာ အဓိကကျတာပေါ့နော်။အားပေးသွားလျှက်ပါအကို။အကို့ ဖေဖေမွေးနေ့ နှစ်ပတ်လည်မှာ ပျော်ရွင်ချမ်းမြေ့ပါစေလို့ ညီမလေးဆုတောင်း လိုက်ပါတယ်အကို။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

အဖြူရောင်နတ်သမီး said...

ကိုဇော့် ဖေဖေ အတွက် မွေးနေ့ဆုတောင်းပေးသွားပါတယ်..။
Happy Birthday အန်ကယ်ကြီး.........

ကိုကိုမောင်(ပန်းရနံ့) said...

အားလုံးက ပြုပြင် မဆုံးယာဉ်တွေပါဘဲ။ လိုချင်နေသရွေ့ စိတ်တိုင်းကျမှာ မဟုတ်ဘူး။ စိတ်တိုင်းမကျသရွေ့ ပြုပြင်နေရဦးမှာပေါ့ဗျာ။ ကျနော့်စိတ်ကိုလဲ ၀ပ်ရှော့ပို့ရမလား စဉ်းစားနေတာ။

ကိုဇော်ရော ကိုဇော့်အဖေကော ကျန်းမာ ချမ်းသာ လိုရာဆန္ဒတွေ ပြည့်ကြပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

buy tramadol medication buy tramadol online cod overnight - order tramadol online overnight delivery