မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


11 March 2011

11 သူ့အရပ် နဲ့ ဇာတ်ပျက်


 

         “ ဘုတ် ”

         “ အင့် ”

         “ အွ​န့် ”

         အိုး​ချင်း​ထား အိုး​ချင်း​ထိ ၊ ကြိုး​ချင်း​ထား ကြိုး​ချင်​ငြိ ဆို​သော စကားပုံ​ကို ကြား​ဖူး​ပေ​မဲ့ သူ​တို့​ဟာ အတူတူ ထား​သော ကြိုး​များ မဟုတ်​သ​လို အိုး​များ​လည်း မဟုတ်​ကြ​ပါ။ သူ​တို့ အရှေ့ကို ကြည့်​ရင်း အနောက်​ကို ဆုတ်​ကာ ဆုတ်​ကာ​ဖြင့် အိုး​ချင်းချင်း တိုက်မိ​ကြ​လေ​၏။ ဒေါင်​ဒေါင်​မြည်​မှ အိုး​ဆို​သော စကား​အရ အ​သံ “ သာ ” သော အိုး​သံ​လည်း မ​မြည်​သ​လို ၊ ​ဂွ​ပ် ဆို​ကာ အ​သံ “ အ ” နေ​သော အိုး​သံ​လည်း မ​ထွက်​ပါ။ ထို​အ​သံတွေ အစား “ ဘ​ပ် ” ခနဲ​သာ မြည်​ပါ​၏။ သို့​သော် အ​သံ​ရဲ့ နောက်​မှာ အင်အား လိုက်​လာ​သော အခါ ထို​အိုး​ချင်း ခတ်​သံ​သည် “ ဘုတ် ” ခနဲ ဖြစ်​သွား​လေ​တော့​သည်။

         “ ဟင် . . . ရှင်. . . ရှင် . . ဒါ ဘာ​သဘော​လဲ ၊ လူ​ကို ဘာ​လို့ ဖင် နဲ့ ပေါက်​ရ​တာ​လဲ ”

         “ ခင်ဗျား . . ခင်ဗျား . . ဒါ ဘာ​လုပ်​တာ​လဲ ၊ လူ​ကို ဘာ​လို့ ဖင် နဲ့ ဆောင့်​ရ​တာ​လဲ ”

         စကြ​င်္ာ​ဝ​ဠာ ကမ္ဘာ​ကြီး​ထဲ​မှာ တည်​ရှိ​နေ​သော အီ​လက်​ထ​ရို မ​ဂ္ဂ​နက်​တစ် ရေ​ဒီ​ရေး​ရှင်း​တွေ​ရဲ့ စွမ်းအား​ကြောင့်​ပဲ ကမ္ဘာ​ကြီး​မှာ ရှိ​သ​မျှ အရာ​များ တွန်းထိုး​ကာ လှုပ်ရှား ရွေ့လျား​ကြ​သည်​လား မ​ပြော​တတ်။ သံ​လိုက်​ရဲ့ မူလ ဂုဏ်​ရည်​ကတော့ အဖို အဖို​ချင်း ၊ အမ အမ​ချင်း မျိုး​တူ​ပါ​က တွန်း​ပြီး အဖို နဲ့ အမ မျိုးမ​တူ​ပါ​က ဆွဲ​ကြ​သည် ဟူ​သော ဂုဏ်​သတ္တိ​ကြောင့်​ပင် ဖြစ်​ပေ​မည်။ အခု​တော့ မျိုး​မ​တူ​သော အိုး​နှစ်​လုံး ဆွဲ​အား​ကြောင့် ထိ​တိုက်မိ​ကာ အ​သံထွက်​လာ​ခြင်း ဖြစ်​၏။

         “ ကျွန်မ​က ဘာ​လို့ ရှ​င့်​ကို ဖင်​နဲ့ ဆောင့်​ရ​မှာ​လဲ ”

         “ ကျုပ်​က​ရော ဘာ​လို့ ခင်ဗျား​ကို ဖင်​နဲ့ ပေါက်​ရ​မှာ​လဲ ”

         အိုး​ရဲ့ အ​သံ​က သိပ်​မ​မြည်​ပေ​မဲ့ အိုး​ပိုင်​ရှင်​တွေ​ရဲ့ အ​သံ​ကတော့ အောင်​လှ​ပေ​သည်။ အ​တော်လည်း စွာ​လှ​၏။ ကတ်​ကတ်​လန် ဆို​သော အမျိုး​အစား​ထဲ​က ဖြစ်​သည်။ တကယ်​တော့ သူ​တို့ နှစ်​ယောက်​ရဲ့ ဖြစ်​ပုံ​က တစ်​ချိန်​တည်း တပြိုင်နက်​တည်း ဖြစ်​ကာ အ​ပြန်​အ​လှန် ပြော​နေ​ခြင်း ဖြစ်​၏။ သံပြိုင်​ရွတ်​ဆို​နေ​သည်​နှင့် တူ​လှ​ပေ​သည်။ အရှက်​ကြောင့် မိုက်​ရူး​ရဲ​ခြင်း​ကို ကိုးစား​ကာ အရှက်​ဖြင့် မိုက်ကန်း​နေ​ကြ​ခြင်း ဖြစ်​လေ​သည်။ ဒါကြောင့် “ ရှက်​ကိုး ရှက်​ကန်း ” ဖြစ်​နေ​သည်​ဟု ဆို​ရ​ပေ​မည်။

         “ ရှင် အရှက် မ​ရှိ​ဘူး​လား ၊ အမျိုးသမီး တစ်​ယောက်​ကို ဖင်​နဲ့ ပေါက်​ပြီး အရှက်​မ​ရှိ ပြန်ပြော​နေ​ရ​လား ”
       
         “ ဟ . . ကျုပ်​က ခင်ဗျား​ကို ဖင်​နဲ့ ပေါက်​တာ​မှ မဟုတ်​တာ ၊ ခင်ဗျား ပြော​သ​လို ဆို​ရင် ကျုပ်​ဖင်​က​ပဲ မြွေဟောက်​တွေ​လို ပါး​ပြင်း​ထောင်​လို့ ရသ​လိုလို နဲ့။ ခင်ဗျား​သာ ကျုပ်ကို ဖင်​နဲ့ ဆောင့်​တာ ”

         “ ရှင်​နော် ၊ ရှ​င့်​ကို ကျွန်မ​က ဘာ​လို့ ဖင်​နဲ့ ဆောင့်​ရ​မှာ​လဲ။ မ​သိ​ရင် ကျွန်မ​က​ပဲ ဘော​လုံး​သမား လိုလို​နဲ့ ၊ ရှင် အရှက် မ​ရှိ​ဘူး​လား ”

         “ အရှက်​ရှိ​လို့ ခင်ဗျား​ကို ဖြေ​ရှင်း​ပြ​ နေ​တာ​ပေါ့။ ခင်ဗျား​ကို ကျုပ်​က ဖင်​နဲ့ ပေါက်​တာ မဟုတ်​ကြော​င်း ရှင်း​ပြ​နေ​တာ​လေ။ ခင်ဗျား​သာ ကျုပ်ကို ဖင်​နဲ့ ဆောင့်​တာ ”

         “ ကျွန်မ​က ဘာ​လို့ ရှ​င့်​ကို ဖင်​နဲ့ ဆောင့်​ရ​မှာ​လဲ။ မ​မြင်​လို့ ဖြစ်​တာ​ပေါ့။ မြင်​ရင် ရှ​င့်​ကို ကျွန်မ အသား​တောင်​မှ ထိ​ခွင့် မ​ပေး​ဘူး။ ”

         “ မ​မြင်​ရအောင် ခင်ဗျား မျက်လုံး​တွေ​က ဘာ​ဖြစ်​နေ​လို့​လဲ ”

         “ ကျွန်မ မျက်လုံး​တွေ​က ရှေ့မှာ​ပဲ ရှိ​တာ​ရှ​င့် ၊ နောက်​ပြီး​တော့ ကျွန်မ​မှာ မျက်လုံး​က နှစ်​လုံး​တည်း ပါ​တယ်။ ”

         “ ဩ . . မျက်လုံး​ကတော့ ကျုပ်​လည်း နှစ်​လုံး​ပဲ ပါ​တာ​ပဲ။ ဒါပေမဲ့ ခင်ဗျား မျက်လုံး​တွေ​က ကြည့်​မှ မ​ကြည့်​တာ ၊ ဒါ​ကြောင့် ကျုပ်ကို ဖင်​နဲ့ ဆောင့်​တာ ”

         “ ရှင် ပြော​လေ ဆိုး​လေ​ပါ​လား ၊ ကျွန်မ​က ဘာ​လို့ ရှင်​ကို ဖင်​နဲ့ ဆောင့်​ရ​မှာ​လဲ။ ကျွန်မ အရှေ့ကို ကြည့်​နေ​တဲ့ အချိန်​မို့ မ​မြင်​လိုက်​တာ ၊ အနောက်​မှာ​သာ မျက်လုံး​ပါ​လို့ကတော့ . . . .ဟင်း . . . ”

         “ မ​ပါ​တာ​ပဲ ကောင်း​ပါ​တယ်။ ပါ​ရင်​လည်း ခင်ဗျား​က . . . . . ဟွ​န်း ”

         “ ဘာ​လဲ ရှင် ဘာ​စကားပြော​တာ​လဲ ၊ အရှက်​မ​ရှိ မိန်း​ကလေး တစ်​ယောက်​ကို ဖင်​နဲ့​လည်း ပေါက်​သေး​တယ်။ သူ​က​လည်း ပြန်​ရန်​လုပ် နေ​သေး​တယ်။ သူ့​မျက်လုံး​က​ဖြင့် အနောက်​ကို မ​ကြည့်​ဘဲ​နဲ့ ”

         “ အနောက်​ကို ကြည့်​လို့ မြင်​မှ​တော့ ခင်ဗျားက ဖင်​နဲ့ ဆောင့်​လာ​တာ​ကို ဒီ​အတိုင်း ငြိမ်​ခံ​နေ​မ​လား​ဗျ။ ”

         “ ဟင် . . . ရှင် ရှင် . . . မိုက်ရိုင်း​လှ​ချည်​လား ”

         “ ဘာ​လဲ ၊ ကျုပ်​ပြော​တာ​က မြင်​မှ​တော့ ရှောင်​မှာ​ပေါ့​လို့ ပြော​တာ။ သူ​များ ဖင်​နဲ့ ဆောင့်​ခံ​ရ​တယ် ဆို​တာ ဘယ်လောက် ဂုဏ်​နိမ့်​သွား​တယ် ထင်​လဲ။ ”

         “ အောင်မာ . . ရာ​ရာ​စ​စ ၊ ကျွန်မ​က​လည်း ရှ​င့်​ကို သန​တယ် ၊ သဘောပေါက်​လိုက် ၊ အရှက် မ​ရှိ မိန်း​ကလေး တစ်​ယောက်​ကို ဖင်​နဲ့ ပေါက်​ပြီး ရန်တွေ့နေ​တဲ့ လူ ”

         “ ဟာ . . ခင်ဗျား ပြော​လာ​ပြန်​ပြီ​လား ၊ ခင်ဗျား​သာ ကျုပ်ကို ဖင်​နဲ့ ဆောင့်​တာ ”

         “ ကျွန်မ မဟုတ်​ဘူး ၊ ရှင်​က ဖင်​နဲ့ ပေါက်​တာ ”

         “ ကျုပ် မဟုတ်​ဘူး ၊ ခင်ဗျား . . ”

         “ ကျွန်မ မဟုတ်​ဘူး ၊ ရှင်. . .ရှင်. . ”

         “ ခင်ဗျား​ဗျာ . . . ဟွ​န်း ”

         “ ရှင်​နော် . . . ဟင်း ”

         အိုး​ချင်း​ခတ်​ရာ​မှ ထွက်​တဲ့ အ​သံ​တိုးတိုး​မှ အစပြုကာ အိုး​ပိုင်​ရှင်​ဆီ​က အသံကျယ်​ကျယ်​တွေ​ကို လေ​ထု​မှ အောက်​ဆီ​ဂျင်​တွေ​ကို ဖြုန်းတီး​ပြီး ခန္ဓာ​ကိုယ်​မှ အင်​နာ​ဂျီ​တွေ​ကို​ပါ သုံးစွဲ​ပြီး​ကာ မောပန်း​သွား​ကြ​တော့​မှ ဒေါသ​များ​လည်း အတန်ငယ် ပြေ​လျော့​သွား လေ​တော့​သည်။ သူ​တို့​နှစ်​ယောက်​ရဲ့ အိုး​တို​က်​ပွဲ ပြဿနာ​ကို​လည်း ဘေး​ပတ်ဝန်းကျင်​မှ ပြုံးစ​စ​ဖြင့် လူ​များ​က တ​ဖြေးဖြေး များ​လာ​ကာ ဝိုင်း​ကြည့်​နေ​ကြ​ပြီ မဟုတ်​ပါ​လား။

         တစ်​ယောက်​ကို တစ်​ယောက် ဂ​လို​င်​သံ​များ​ဖြင့် သံ​လိုက်​ဓါတ်ကုန်​နေသော သံတုံး​နှစ်​တုံး ပမာ အိုး​တိုက်​ပွဲ​မှ ခွဲခွာ​လာ​ခဲ့​လေ​သည်။



         “ ဟူး . . . ”

         သက်​ပြင်း​ပူပူ​ကြီး​ကို သူ မှုတ်​ထုတ်​လိုက်​ပြီး သူ့​စားပွဲ​အတွက် ပေး​ထား​သော ထိုင်​ခုံ​မှာ ထိုင်​ချ​လိုက်​၏။
ထို​အရာ​က သူ ရုံး​ကို ရောက်​ပြီ ဆို​တာ​ကို ပြ​သော အခြေအနေ တစ်​ရပ်​လည်း ဖြစ်​သည်။ မနေ့ညနေက ဖြစ်ခဲ့သော သူ့​ရဲ့ အဖြစ်အ​ပျက်​ မှန်သ​မျှ​ကို သူ​ပြန်​ပြီး တွေး​ကြည့်​နေ​မိ​သည်။

         ဒီ​အလုပ်​ကို သူ ဝင်​ပြီး သိပ်​မ​ကြာ​ခင်​မှာ​ပဲ အင်​တာ​နက် ​ဆိုတာကို စ​၍ သုံးစွဲ ဖြစ်​ခဲ့​၏။ လို​အပ်​သော ကုန်​ပစ္စည်း​များ မှာ​ယူ​ခြင်း ၊ အဝ​ယ်​တော်​များ​မှ မှာ​ယူ​သော ပစ္စည်း​များ​ကို ရ​နိုင် မ​ရ​နိုင် ပြန်လည်​၍ အကြောင်း ပြန်​ပေး​ရ​ခြင်း ၊ ဈေးနှုန်း​ အတတ်​အကျ​များ​ကို အင်​တာ​နက်​တွေ ရှာဖွေ​ကာ အ​မြဲ​တမ်း ဆန်း​သစ်​နေ​ရ​ခြင်း စသော သူ့​ရဲ့ အလုပ် အခြေအနေ​ကြောင့် သူ အင်​တာ​နက်​ထဲ​မှာ စွဲ​စွ​မြဲ​မြဲ ရုံး​မ​ဆင်း​ခင်​ အချိန်​ထိ ရှိ​နေ​တတ်​သည်။

         အလုပ်​ရဲ့ အခြေအနေ​အရ အ​မြဲ​တမ်း သူ့အတွက် မှာ​ရန် ၊ အကြောင်းပြ​န်​ရန် မေး​လ်​ကို​လည်း သုံးဖို့ မလိုလှပါ။ သုံး​စရာ​လည်း မ​လို။ အလုပ်​နဲ့ သက်ဆိုင်​ရာ မေး​လ်​များ အတွက်​သာ သူ့​မှာ အသုံး​ချ​ရ​၏။ ဒါ​ကြောင့် သူ့​မှာ အင်​တာ​နက် တပ်​ထား​သော ကွန်ပျူတာ တစ်​လုံး ရှေ့​မှာ​သာ ရှိ​နေ​တယ် ဘာ​မှ မယ်​မယ်​ရ​ရ လုပ်​ရန် မ​ရှိ​ပေ။ သို့ပေမဲ့ ဂျီမေးလ် အကောင့်တစ်ခု ရှိသူတို့ရဲ့ ထုံးစံအတိုင်း ဂျီတော့ကိုလည်း လိုင်းပေါ်တတ်ကာ အမြဲပင် စိမ်းနေတတ်၏။ ထို့အတူ လိုင်းပေါ် ဘယ်သူများ တတ်လာမလဲ ဆိုပြီး ချက်ရန် အသင့် စောင့်နေတတ်၏။ သို့သော် အွန်လိုင်းပေါ်မှာ အသိမိတ်ဆွေ နည်းလှသောကြောင့် သူ့အကောင့်မှာ လူက နည်းလွန်းလှသည်။ လိုင်းပေါ်မှာ တစ်ယောက်မှ မရှိ။

         တစ်ခါတလေ အသိ တစ်ယောက်ယောက် တတ်လာရင်တော့ စကားလေးဘာလေး လှမ်းပြောကာ ချက်ရ၏။

         “ ဟိုင်း  . . .  ”

         “ ဟိုင်းယုံတင် မကဘူး ၊ အိုတောင်မှ အိုနေပြီ ”

         “ ဟမ် . . . တိန် . . သေပြီ။ Hi လို့ နှုတ်ဆက်တာပါဗျာ။ အဟဲ  . . . . ဘာတွေ လုပ်နေလဲ ”

         “ အဟဲ  . . . .  ကျနော်ကလည်း နောက်တာပါ။ ဖိုရမ်တွေ ဝင်ကြည့်နေတယ်ဗျာ။ ”

         “ ဘာလဲဗျ ၊ ဖိုရမ်ဆိုတာ . . .”

       “ ဖိုရမ် ဆိုတာ ဖိုရမ်ပေါ့ဗျာ။ သိချင်တာတွေ လိုက်ဖတ်လို့ ရတယ်။ ဆွေးနွေးလို့ ရတယ်။ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်ရင်းနှီးဖို့ မိတ်ဆက်လို့ ရတယ်။ ”

         “ ဟုတ်လား . . ကောင်းလှချည်လား ”

         “ ဟုတ်တယ်။ သေချာတာကတော့ ဖိုရမ် ဝင်ပြီးရင်တော့ ခင်ဗျားမှာ ဂျီတော့ မိတ်ဆွေတွေ များလာမှာပဲ ”

         “ ဟာ . . . ဒါဆို . . . လုပ်စမ်းပါဦးဗျာ။ ကျနော့်မှာ တစ်နေ့ တစ်နေ့ ဒီအတိုင်း ထိုင်နေရတာနဲ့ ပျင်းလွန်းလို့ပါဗျာ။”

         “ ပျင်းရင်လည်း ဘလော့လေး ဘာလေး လိုက်ဖတ်ပေါ့ဗျ ”

         “ ဘလော့ဆိုတာကရော ဘာတုန်း ”

         “ ဟာ . ..  ခင်ဗျားလည်း ခက်တော့ နေပါပြီ။ ဘလော့ဆိုတာကတော့ ဖိုရမ်လိုတော့ မဟုတ်ဘူး။ သူက ဘလော့ပိုင်ရှင်ရဲ့ ကိုယ်ပိုင် ခံစားချက်တွေ ၊ မျှဝေမှုတွေကို ဖတ်လို့ရတဲ့ နေရာ ဆိုပါတော့ဗျာ။ ဖိုရမ်လိုတော့ အပြန်အလှန် ဆွေးနွေးတဲ့ နေရာတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့လည်း သူ့အမြင်ကို ကိုယ့်ရဲ့ ခံစားမှုအရ အောက်မှာ ချရေးဖို့ နေရာတော့ ရှိပါတယ်။ ဒါကို Comment လို့ ခေါ်တယ်ဗျာ။ ”

         “ အဲဒါ ဆိုရင်တော့ ဘလော့ကို သိပ်ပြီးတော့ စိတ်မဝင်စားဘူးဗျ။ မိတ်ဆွေ များများ ရလာနိုင်မဲ့ နေရာဆိုတဲ့ ဖိုရမ်ကိုပဲ ပေးစမ်းပါဗျာ။ ”

         ဒါနဲ့ ဖိုရမ်တွေမှာ သူ မွှေနှောက်နေခဲ့သည်။ အထူးသဖြင့် လူသုံးများသော Ning ဆိုက်တွေမှာ သူ ပျော်နေလေတော့၏။ သူများနေရာတွေ သွားကြည့်ကာ “ လာလည်ပါတယ်နော် ” ဆိုပြီး ရေးထားတတ်ခဲ့ပြီ။ ဖိုရမ်ရဲ့ စကားနဲ့ ပြောရရင် အိမ်လည်ထွက်တယ်ပေါ့လေ။ သူ သွားလည်တဲ့ နေရာကလည်း ၂ ထိပ်စီး ၅ နောက်ပိတ်ထက် မကျော်သော မိန်းကလေး ချောချောတို့ရဲ့ နေရာများကိုသာ။ ပရိုဖိုင်းက ပုံမှာ သာမာန်ထက် ချောတဲ့ ကောင်မလေးဆိုရင်တော့ လာလည်ပါတယ် လို့ ရေးယုံတင် မကတော့ ပုံလှလှလေးတွေ ၊ ပန်းလှလှလေးတွေပါ ချန်ထားတတ်ခဲ့ပြီ။

        PM လို့ ခေါ်တဲ့ ပါဆယ်နယ် မက်ဆေ့မှာလည်း ကောင်မလေး ချောချောလေးတွေ ဆိုရင် မက်ဆေ့ လှမ်းပို့က သူ့ရဲ့ မေးလ်ကိုပါ ထည့်ရေးလိုက်ရင်း “ ဂျီတော့က ခင်ခွင့် ရမလား မသိဘူး ” လို့ ပြောတတ်နေပြီ။ ဒါကြောင့် သူ့ရဲ့ အကောင့်ထဲမှာလည်း ကောင်လေးတွေ အကောင့်ထက် ကောင်မလေးတွေရဲ့ အကောင့်က တစ်နေ့ထက် တစ်နေ့ ပိုပိုများလာခဲ့ပြီ။ အရင်ကလို ရုံးရောက်တာနဲ့ ကွန်ပျူတာ ဖွင့်ပြီး သူ ငုတ်တုတ် ငေါင်တောင်တောင် ထိုင်နေစရာ မလိုတော့ပါ။ ဂျီတော့ကို တတ်လိုက်တာနဲ့ အနည်းဆုံး ၅ ယောက်လောက်တော့ လိုင်းပေါ်မှာ စိမ်းနေတတ်ပြီ။

         “ ဟိတ် . . . စောလှချည့်လား ”

         “ အင်း . . . ဟုတ်တယ်။ သင်တန်းက မနက် စောစောပိုင်း အချိန်ကို ပြောင်းလိုက်လို့လေ ”

        ဂျီတော့မှ ပုံမှာ ဓါတ်ပုံလှလှလေး တင်ထားသော ကောင်မလေး တစ်ယောက်ကို လှမ်း နှုတ်ဆက်လိုက်၏။ ပုံကို ကြည့်ရသည်မှာ အသက် ၂၂ ပင် ကျော်ဦးမည် မထင်။ လှတပတလေးလည်း ရှိသည်။ ထမီနဲ့ မြန်မာဆန်ဆန် ဝတ်စားထားသောကြောင့် ငြိမ်သက်နေတဲ့ ရင်တောင်မှ ခုန်ချင်သလိုလို ဖြစ်သွားသေးသည်။ စာရေးကာ ပြောဆိုကြည့်တော့လည်း အပြောအဆို မဆိုးလှ။

        “ ယူက ဘာသင်တန်း တတ်နေတာလဲ ”

        “ ကွန်ပျူတာ သင်တန်းလေ ၊ ဒါနဲ့ ယူကလည်း စောလှချည့်လား ၊ ဘယ်က ပြောနေတာလဲ ”

        ဟိုက် . . . ဒါမှ ဒုက္ခ။ အင်တာနက်တို့ ထုံးစံအတိုင်း အမှန်တော့ ပြောလို့ မဖြစ်ဘူး။ နည်းနည်းတော့ လိမ်မှ ဖြစ်မယ်။

        “ ကိုယ်ကလည်း ကွန်ပျူတာ သင်တန်းတတ်နေတာပဲ ၊ ယူက ဘယ်မှာ တတ်တာလဲ ”

        “ လှည်းတန်းမှာ တတ်နေတာလေ။ ယူကရော . . . ”

        “ ကိုယ်က မြို့ထဲမှာ တတ်နေတာ ၊ ယူ့အသက် ဘယ်လောက် ရှိပြီလဲ ”

        “ ၂၂ နှစ် ပြည့်တော့မယ်။ ယူကရော . . .  . ”

        “ ကိုယ်အသက်ကို တင်ထားတဲ့ ဓါတ်ပုံကို ကြည့်ပြီး ခန့်မှန်း ကြည့်ပါလား ”

        “ တင်ထားတဲ့ ဓါတ်ပုံက သေးသေးလေးလေ ၊ ဂျီမေးလ်ထဲ ပို့ပေးပါလား။ ဒါဆို သေချာ ခန့်မှန်း နိုင်မှာပေါ့။ ”

        “ ကိုယ်က ပို့ပေးရင် ယူကရော ပြန်ပို့ပေးမှာလား ”

        “ တကယ့် ပို့ပေးရင်တော့ ပြန်ပို့ပေးမှာပေါ့။ ”

       “ တကယ်လား . . . ”

       “ အင်း . . ပေါ့ ”

       “ အိုကေလေ . . . ဒါဆို မေးလ်ကနေ ပို့ပေးလိုက်မယ်။ ”

       “ အင်း . . စောင့်နေမယ် ”

       “ - - - - - - - ”

         သူ့ဘက်ကတော့ ဘယ်လို နေတယ် မသိ။ ကိုယ့်ဘက်ကတော့ ဓါတ်ပုံကို မေးလ်မှာ တွဲနေရင်း ရင်ခုန်သံတွေတောင်မှ မြန်လာမိ၏။ မိန်းကလေး တစ်ယောက်ရဲ့ ဓါတ်ပုံကို မေးလ်ကနေ တောင်းကြည့်မိတာ ဒီတစ်ခါ ပထမဦးဆုံး ဖြစ်သလို ကိုယ်က ပို့ပေးတာလည်း ပထမဦးဆုံးပဲ ဖြစ်၏။

         “ ရောက်ပြီလား ပို့လိုက်ပြီ ”

         “ ဟင့်အင်း . . . ရောက်သေးဘူး။ ခဏစောင့်ဦး ၊ မီးပွိုင့်မိနေတယ် ထင်တယ်။ ”

         “ ဒါနဲ့ ယူ နာမည်က ဘယ်လို ခေါ်လဲ ”

         “ ဒီအကောင့်က နာမည်ပဲလေ။ ”

         “ ဒါဆို “ စိမ်းလဲ့လဲ့ ” ပေါ့ . . .  ဟုတ်လား ”

         “ အင်း . . . ယူက ကျတော့ရော ”

         “ ကိုယ်လည်း ဒီအကောင့်က နာမည်က ကိုယ့်နာမည်ပဲလေ ”

         “ ဒါဆို “ မိုးလွင် ” ဆိုတာလား ”

         “ အစစ်ပေါ့။ ယူကရော ဘယ်မှာ နေတာလဲ ”

         “ ဟော . . . မေးလ် ဝင်လာပြီ ”

         “ သြ . . . ရောက်ပြီလား ၊ မှန်းကြည့်ပါဦး ကိုယ့်အသက် ဘယ်လောက်လဲ ဆိုတာ ”

         “ နေဦးလေ ဖွင့်တောင်မှ မဖွင့်ရသေးဘူး။ ”

         “ အင်းပါ . . . ဖွင့်ပြီးရင် မှန်းကြည့် . . .  ”

         သူ့ဘက်က ခဏ ငြိမ်သွား၏။ ပြီးတော့မှ လက်ကွက်လေး ပေါ်လာကာ စာရိုက်နေဟန် တူသည်။

         “ ထင်တာ မမှားဘူး ဆိုရင် ၂၄ ဝန်းကျင်လို့ ထင်တယ်။ ပြီးတော့ . . . . ”

         “ ဟုတ်ပါတယ် ၊ ၂၄ မပြည့်သေးပါဘူး။ ပြီးတော့ ဘာဖြစ်လဲ ”

         “ သြော်. . .  ပြီးတော့ ယူက လူချောပဲ ”

         “ ဟီး ဟီး ဟီး  . . . . အပြင်မှာ တွေ့ရင် မုန့်ဝယ်ကျွေးပါ့မယ်ဗျာ။ ”

         “ မုန့်စားချင်လို့ ပြောတာ မဟုတ်ပါဘူး ၊ တကယ်ပြောတာပါ ”

         “ ဟုတ်ပါပြီ . . . ထားပါတော့ ၊ ယူ့ပုံလေး ပို့ပေးဦးလေ ”

         “ - - - - - - ”

         “ ဟလို . . . .”

         “ - - - - -- - ”

         “ ဟလို . . . . ”

     “ ဟုတ် . . . ပို့ပေးချင်ပါတယ်။ အခုတော့ စာသင်ဖို့ ဆရာက ဝင်လာလို့ နောက်နေ့မှပဲ ပို့ပေးတော့မယ်နော်။ ”

          “ ဟာကွာ . . . ယူက မပြချင်လို့ပေါ့ ဟုတ်လား  ”

         “ ဟုတ်ပါဘူး တကယ်ပြောတာပါ။ အခု ဆရာက စာသင်တော့မယ် လို့ ပြောနေလို့ပါ။ မနက်ဖြန် တကယ်ကို ဆက်ဆက် ပို့ပေးပါ့မယ်။ ”

         “ တကယ်နော်. . . ကတိ . . . ကတိ ”

         “ တကယ်ပါ တကိပေးပါတယ်။ အခုတော့ အောက်တော့မယ်နော် ”

        “ - - - - - - - ”

        ပြောလည်း ပြော ၊ အောက်လည်း အောက်ကာ သူ့အကောင့်လေး စိမ်းနေရာမှ ပျောက်သွားတော့၏။ ရင်ထဲမှာ တချိတင်ကဲစွာ ခံစားလိုက်ရသော်လည်း ရုံးထဲမှာ လူတွေစုံအောင် ရောက်နေပြီမို့ သူ့ကို ခဏတော့ မေ့ပျောက်ကာ ထားလိုက်တော့သည်။ မထားလို့လည်း မရပါ။

        “ မိုးလွင်ရေ . . . မင်းကို ဆရာ ခေါ်နေတယ် ”

        ဆိုသော လာပြောသူ တစ်ယောက်ရဲ့ အသံကြောင့် မန်နေဂျာ ရုံးခန်းသို့ သွားရန် ကွန်ပျူတာ ထိုင်ခုံမှ ထပြီး ခြေလှမ်းကို ပြင်ကာ လှမ်းထွက်ခဲ့ရလေတော့သည်။



          “ ကဲ . . . ဘယ်လိုလဲ ၊ မလိမ်ဘူး ဆိုတာ ယုံပြီ မဟုတ်လား ၊ အခု ယူ့ကို မတွေ့ခင်ကတည်းက ဓါတ်ပုံ ကြိုပို့ထားတယ်နော် ”

         “ အင်း . . . တွေ့ပြီ ဟီး . . .ဟီး. . .ဟီး . . ”

         “ ဟီး . . . ဟီး . . . ဆိုတာ ဘာဖြစ်တာလဲ ”

         “ သြော်. . . ယူက ဓါတ်ပုံထဲမှာတောင်မှ ဒီလောက် လှနေရင် အပြင်မှာဆို ပိုလှမယ် လို့ တွေးမိလို့ပါ။ ”

         “ ဒါက ဘာသဘောလဲ ”

         “ ဟင် . . . ဘာသဘောမှ မဟုတ်ပါဘူး ၊ စိတ်အထင်ကို ပြောပြတာပါ။ ဘယ်လိုမှ သဘော မရှိပါဘူးဗျာ တကယ်ပါ ။ စိတ်ထဲက အရိုးခံ အတိုင်းပြောမိတာပါ။ ”

          “ ခစ်ခစ်ခစ်  . . . ဒါကို ပြောတာ မဟုတ်ဘူး။ ဟိုနေ့က ယူက မုန့်ဝယ်ကျွေးမယ် ဆိုပြီးတော့ အခုတော့ စိမ်းလဲ့ကို ပြန်ဝယ်ကျွေးအောင် လို့ မြှောက်ပြောနေတာလား လို့ မေးတာပါ ”

          “ သြော်. . . မသိပါဘူးဗျာ။ ကိုယ်က ဘယ်လိုများ ထင်သွားတာလဲ လို့ လန့်သွားတာ ”

         “ အဟိ  . . . ”

         “ ဘာရယ်တာလဲ မသိဘူး။ ”

         “ သြော်. . . ယူက တမျိုးပဲလို့ တွေးမိလို့ပါ ”

         “ ဘာကို တမျိုးလဲ ဟင် . . . ”

         “ သြော် . . . ယူက အတော် ရိုးတယ် လို့ တွေးမိလို့ပါ ”

         ဒီတစ်ခါ စိတ်ထဲမှာ ကျိတ်ရယ်မိတာကတော့ သူပါပဲ။ သူ့ လိမ်နေတာကို မသိရှာသော ကောင်မလေးက သူ့ကို ရိုးတယ် လို့တောင်မှ ဆိုနေပါရောလား။ ဒီထက်များ အသံထွက်ပြီး ရယ်ရရင် ရုံးထဲမှ လူတွေ အားလုံး လန့်သွားနိုင်သည် မဟုတ်ပါလား။



         “ ဓါတ်ပုံ နောက်ထပ် နှစ်ပုံ ထပ်ပို့ထားတယ်နော် ၊ ရောက်ရဲ့လား ”

         “ အင်း . . ရောက်တယ် ၊ အခုပဲ ဒီဓါတ်ပုံလေးကို ဖွင့်ကြည့်ပြီး ကွန်ပျူတာမှာ နောက်ခံအဖြစ် တင်ထားတာ  .. . . . ”

         “ တကယ်လား . . . . မယုံပါဘူး ကိုပို ”

         “ ကိုပို မဟုတ်ပါဘူး မိုးလွင်ပါ ”

         “ အင်းလေ . . . မြင်မှ မမြင်ရတော့လည်း ယုံရမှာပေါ့ ”

         “ မမြင်ရလို့ ယုံရတယ် လို့ မဟုတ်ပါဘူးကွာ ၊ တကယ်ပြောတာပါ။ မယုံရင် ကိုယ်တို့ အပြင်မှာ တွေ့ကြမလား။ ”

         “ - - - - - - - - ”

         “ အပြင်မှာ တွေ့တယ် ဆိုပေမဲ့ မိတ်ဖြစ် ဆွေဖြစ် အအေးဆိုင်လေး ထိုင်ပြီး စကားပြောယုံပါပဲ။ ခဏလေး ပြောပြီး ပြန်ကြမယ်လေ  . . . . . နော် . . . တွေ့မလား ”

         “ - - - - - - - -- ”

         “ ဟလို . . . ဘာမှလည်း ပြန်မပြောတော့ပါလား ”

        “ မဟုတ်ပါဘူး။ မတွေ့ချင်လို့ မဟုတ်ဘူး။ သင်တန်းက အပြန်မှာ အိမ်က လာကြိုတယ်လေ။ ဒါကြောင့် ဘယ်လိုမှ တွေ့လို့ မရတာ . . . ”

         “ ခဏလေးပဲလေကွာ ၊ ဒါမှမဟုတ် သင်တန်းက အချိန်ပို ရှိတယ် ဆိုပြီး နောက်ကျမယ် ပြောခဲ့လေ။ ဒါဆိုရင် ခဏလောက်တော့ တွေ့ရတာပေါ့။ ဘယ်လိုလဲ ”

         “ အင်းလေ. . . ကြိုးစားကြည့်ဦးမယ်။ ”

        အဲဒါနဲ့ပဲ ထိုနေ့က ကောင်မလေး ကျူရှင် အပြန် ၈ မိုင် လမ်းဆုံမှာ ချိန်းထားတာကို စောင့်နေရင်း မိန်းမ တစ်ယောက်ကို ဖင်နဲ့ မိတ်ဆက်မိခဲ့တာ ဖြစ်၏။ တကယ်တော့ သူကလည်း ကောင်မလေး အလာကို ပေါ်ပေါ်ထင်ထင် စောင့်နေခြင်း မဟုတ်ပါ။ အပြင်မှာ ဓါတ်ပုံထဲက ကောင်မလေး ဘယ်လေက် ချောလဲ ဆိုတာ သိချင်ယုံ ၊ မြင်ချင်ယုံ ဆိုသောကြောင့် ကောင်မလေးကို ချိန်းထားသော နေရာကို မြင်ရယုံ ပန်းခြုံတစ်ခြုံကို ကွယ်ကာ ချောင်းကြည့်နေမိခြင်းမျှသာ ဖြစ်သည်။

          ၈ မိုင်လမ်းဆုံမှ များပြားလှသော အရောင်အသွေးစုံ ကောင်မလေးများကို ကြည့်ကာ ဟိုဟာနိုးနိုး ၊ ဒီဟာနိုးနိုးဖြင့် ကျီးကြည့်ကြောင်ကြည့်ကာ ဂဏှာမငြိမ် ဖြစ်နေမိ၏။ ပန်းခြုံလေးကို ကွယ်၍ ဟိုဘက်ကို ချောင်း ဒီဘက်ကို ချောင်းရင်း နောက်ကို ဆုတ်မိရင်း ဆုတ်မိရင်း  ဒီအချိန်မှာ ဘယ်ကနေ ဘယ်လို သူ ကွယ်နေသော ပန်းခြုံရဲ့ တစ်ဘက်ရှိ ထိုအနှီ မိန်းမကို သွား၍ ဖင်ဖြင့် ပေါက်မိ ( တဖုံ ) ဆောင့်မိ ( တဖန် ) တိုက်မိ ( တမျိုး ) တိုးမိခြင်းပင် ဖြစ်လေတော့သည်။



        “ ဘယ်လိုလဲကွ ၊ မနေ့က အဆင်ပြေခဲ့လား ၊ ကောင်မလေးကို တွေ့ခဲ့ရဲ့လား ”

        ညက တိုးမြင့်လွင် ရင်ထကြပ်နေသောကြောင့် ကောင်းကောင်း မအိပ်ရခဲ့။ ဒါကြောင့် ဒီမနက် သူ ရုံး နောက်ကျနေ၏။ အရင်က ရုံးကို စောစော ရောက်လာတတ်သော သူ ၊ အခုတော့ ရုံးမှာ အားလုံး လူစုံတတ်စုံ ဖြစ်နေတော့မှ ပြာယီးပြာယာ ရောက်လာရ၏။ သူ့ကို တွေ့တော့ သူနဲ့ ကောင်မလေး ဇာတ်လမ်းကို သိထားသော ရုံးမှ သူငယ်ချင်းများက လှမ်းမေးကြသည်။

        “ ပြေခဲ့လား မပြေခဲ့လား ဆိုတာကတော့ကွာ ပြောရတာ ရယ်စရာ ကောင်းသလို ၊ စိတ်ညစ်ဖို့လည်း ကောင်းတယ်ကွ ”

        “ လုပ်စမ်းပါဦး ၊ ဘာတွေ ဖြစ်ခဲ့တာလဲ ”

        “ ကောင်မလေးနဲ့ တွေ့တောင်မှ မတွေ့ခဲ့ရပါဘူးကွာ။ သူ့ကို စောင့်နေရင်းနဲ့ မိန်းမ တစ်ယောက်နဲ့ ဖင်ချင်း သွားပေါက်မိပြီး ပြဿနာတွေ တတ်ခဲ့တာ။ ”

        “ ဒါဆို ကောင်မလေးကို မတွေ့ခဲ့ရဘူးပေါ့။ ”

        “ အေးပေါ့ကွာ ၊ ပြီးတော့ ညကလည်း တိုးမြင့်လွင်က ရင်ကြပ်နေလို့ ကောင်းကောင်းကို မအိပ်ရလို့ အခု အလုပ်ပါ နောက်ကျနေတာ။ ”

        ပြောလည်းပြော လွယ်လာတဲ့ လွယ်အိတ်ကို ချပြီးတော့ စားပွဲပေါ်က ကွန်ပျူတာကို ဖွင့်ပြီး လိုင်းပေါ်တတ်မယ် လုပ်တော့ . . . .

          “ မိုးလွင်ရေ . . . မင်းကို ဆရာ ခေါ်နေတယ်။ ”

         ဂျီတော့လေးနဲ့ အင်တာနက်ပေါ်တောင်မှ မတတ်လိုက်ရ ၊ မန်နေဂျာ ရှိရာ ရုံးခန်းထဲကို ခပ်သွက်သွက် သွားလိုက်ရ၏။ ပြီးတော့ အလုပ် အတွက် ဈေးနှုန်းများ ၊ ပို့စာ ၊ ပြန်စာ ၊ အကြောင်းကြားရန် စာများ အားလုံးကို လက်ခံကာ သူ့စားပွဲဆီသို့ ပြန်ရောက်လာခဲ့၏။

          “ ဒီနေ့တော့ အလုပ်က များပြီဟေ့ ”

         ရောက်ရောက်ချင်း ဘေးက သူငယ်ချင်းကို လှမ်းပြောလိုက်တော့ သူငယ်ချင်းက သူပြောတာကို စိတ်မဝင်စားပါ။ သူစိတ်ဝင်စားရာကို ဆက်မေး၏။

           “ ဒါနဲ့ . . . မင်း မနေ့က ဖင်ချင်းပေါက်ပြီး ဝင်တိုက်ခဲ့မိတယ် ဆိုတဲ့ မိန်းမက ချောလား ၊ ဘယ်အရွယ်လောက် ရှိလဲ ”

          “ အာကွာ . . . အသက် ၃၅ လောက် ရှိနေတဲ့ ဝဝတုတ်တုတ် မိန်းမကြီးပါကွာ။ ဆိုးလိုက်တဲ့ ရုပ်ကလည်း ပြောမနေနဲ့တော့။ ငါလည်း ကောင်မလေးကို စောင့်နေရင်း သူက လာဝင်တိုက်တော့ တင်းတင်းနဲ့ ပြန်ကော ပစ်လိုက်တာ။ နောက်မှ ဟိုလူက ကြည့် ၊ ဒီလူက ကြည့်နဲ့ ဆိုပြီး လူတွေ များလာလို့ လစ်ထွက်ခဲ့ရတယ်။ ကောင်မလေးကို စောင့်ကြည့်ဖို့ ဆိုတာတောင်မှ မေ့ရော ဆိုပါတော့လေ။ ”

          “ ဟားဟားဟား . . . မင်းကတော့ ဖြစ်ရမယ်ကွာ။ ဒီတော့ ကောင်မလေးကို မင်း ဘယ်လို လုပ်မလဲ။ ”

         “ ဘယ်တတ်နိုင်မလဲကွာ။ အခုလည်း အလုပ်က ရှုပ်နေတော့ ညနေကျမှပဲ မေးလ်ပို့ပြီး တောင်းပန်ရတော့မှာပဲ။ နောက်ထပ် တစ်ရက် ထပ်ချိန်းမယ်ကွာ။ အဲဒီနေ့ကျရင်တော့ အဆင်ပြေမှာပါ။ ”

          “ အင်း . . . ဒီတစ်ခါတော့ သေချာ လုပ်ဟေ့ ၊ ပြီးတော့ ကောင်မလေးကိုလည်း သေချာ ရှင်းပြလိုက်ဦး။ မင်း နဲ့ ဖင်ချင်းပေါက် ခဲ့ရတဲ့ မိန်းမကြီး အကြောင်းကိုပါ သေချာ ရှင်းပြလိုက်ပေါ့ ”

          “ အေး . . ဟုတ်တယ်။ ငါ ရောက်တော့ ရောက်လာတယ် ဆိုတာ သူသိအောင်တော့ ပြောပြရဦးမယ်။ ကဲ . . အခုတော့ အလုပ်တွေ လုပ်လိုက်ဦးမယ်။ ”

           “ အိုကေ . . လုပ်လုပ် ”



          ပေးရမဲ့ စာရင်းတွေ ၊ လက်ခံရသော မေးလ်တွေ ၊ အကြောင်းပြန်ရသော မေးလ်တွေ အားလုံးကို သက်ဆိုင်ရာသို့ အသီးသီး မေးလ်ပို့ပြီးတော့ သူ့ရဲ့ လက်ကောက်ဝတ်မှ နာရီက ၃ နာရီခွဲကို ညွှန်ပြနေ၏။ ကောင်မလေးကို သတိရမိသော်လည်း အလုပ်များနေသောကြောင့် ဘာဆို ဘာမှ မလုပ်နိုင်။ လိုင်းပေါ်လည်း မတတ်နိုင်ခဲ့။ ဒီအချိန်ကျမှ လိုင်းပေါ်တတ်ရင်လည်း ကောင်မလေးက ရှိတော့မည် မဟုတ်။ မနေ့က အဖြစ်အပျက်နဲ့ ဒီနေ့ မအားလို့ လိုင်းပေါ် မတတ်ဖြစ်တဲ့ အကြောင်းတော့ ကောင်မလေးဆီကို မေးလ်ပို့ရဦးမည်။ မဟုတ်ရင် ချိန်းထားလျက်နဲ့ သူဘက်က မလာဘဲ ပျက်ကွက်တာဟု ထင်သွားနိုင်သည်။

          “ ယူရေ . . .

         မနေ့က ချိန်းထားတဲ့ နေရာကို ကိုယ် ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ယူ့ကို မမြင်ဖူးတော့ စောင့်နေရင်းနဲ့ ရုပ်ဆိုးဆိုး ၊ ခပ်ဝဝ ၊ ခပ်ပုပု ၊ အသက်ကြီးကြီးနဲ့ မိန်းမကြီး တစ်ယောက်နဲ့ နောက်ပြန်ဝင်တိုက် မိကြတယ်။ အဲဒီမှာ သူနဲ့ စကားများနေတာနဲ့ ကြာတော့ လူတွေက ဝိုင်းကြည့်နေကြတာနဲ့ ရှက်ရှက်နဲ့ ပြန်လာမိတယ်။ ယူနဲ့ ချိန်းထားတာလည်း လွဲသွားတယ်။

         ယူ စောင့်နေမှာပဲ ဆိုတဲ့ အသိကြောင့် အခုလို တောင်းပန်စာ ရေးလိုက်တာပါ။ ကိုယ်တို့ နောက်တစ်ကြိမ် ထပ်ပြီး ချိန်းကြတာပေါ့နော်။ ဒီတစ်ခါတော့ အရင် တစ်ခါလို မလွဲအောင် သေချာ ချိန်းတာပေါ့။ ဒီတစ်ခါတော့ မလွဲစေရတော့ပါဘူး ကိုယ်ကတိပေးပါတယ်။ အရင် တစ်ခါ လွဲတာကိုလည်း တောင်းပန်ပါတယ်။

          x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

                                                            မျှော်လင့်ခြင်းများစွာဖြင့်
                                                            ကိုယ်

           ရေးပြီးသား မေးလ်လေးကို စစ်နေတုန်း ရှိသေး ၊ မေးလ် Inbox ထဲကို မေးလ် တစ်စောင် ဝင်လာတာ တွေ့ရသည်။ လက်ရှိ ရေးနေသော မေးလ်ကို မပို့ရသေးသောကြောင့် ဖတ်လို့တော့ မရသေး။ ရေးထားသော မေးလ်ကို အလုံးစုံ စစ်ပြီးတော့ Send ကို နှိပ်ကာ ပို့လိုက်လေတော့သည်။ မေးလ်က အောင်မြင်စွာ ပို့ပြီးကြောင်း အကြောင်းပြန်စာလေး တတ်လာချိန်မှာပဲ . . . .

           “ ဟေ့ကောင် မိုးလွင် ၊ ဖုန်းလာနေတယ် . . . မဝေ ဆီက . . . . ”

           ဟိုက် . . . ဘာဖြစ်တာလဲ ဆိုပြီး ကမန်းကတည်း ဖုန်းဆီကို အပြေးအလွှား သွားကိုင်လိုက်တော့ အမြဲတမ်း ရင်းနှီးနေရသော အသံကို ကြားလိုက်ရ၏။

          “ ယောက်ျားရေ . . . အခု အိမ်က ထွက်လာတော့မယ်။ ရုံးကပဲ စောင့်နေနော်။ သားကို ဆေးခန်း သွားပို့ဖို့ အခု ညနေ ရုံးက ပြန်ရင် အတူတူ သွားမယ်နော်။ ”

          “ သြော် . . . အင်း . . . အင်း . . .”

          “ အင်း . . အင်း . . လုပ်ပြီး မေ့ပြီးလည်း ပြန်မသွားနဲ့ဦးနော်။ ”

          “ အေးပါကွာ စောင့်နေပါ့မယ်။ ”

          “ ဒါဆို ဒါပဲနော် ”

          “ အေး . . အေး ”

          ဖုန်းခွက်ကို ချပြီး ပြန်လှည့်လာတော့ သူငယ်ချင်းက လှမ်းမေး၏။

           “ မဝေက ဘာဖြစ်တယ် တဲ့လဲ ”

           “ သူက ဘာမှ မဖြစ်ပါဘူးကွာ။ ငါ့သားလေး တိုးမြင့်လွင် ရင်ကြပ်နေလို့ ဆေးခန်း သွားပြရအောင် လှမ်းပြောတာပါ။ ”

          “ ဒါဆို မင်းက ဟိုကောင်မလေးဆီကို ချိန်းထားတာ မသွားဖြစ်ပြန်ဘူးပေါ့ ”

         “ အေးလေကွာ ၊ ဘယ်တတ်နိုင်တော့မလဲ ၊ သူ့ကိုကလည်း လူချင်းတွေ့ချင်လို့ သွားတာ မဟုတ်ပါဘူးကွာ။ ငါနဲ့ ချက်တင် ပြောတဲ့ ကောင်မလေး တစ်ယောက်ကို သူ့ မမြင်ကွယ်ရာကနေ မြင်ဖူးချင်ယုံ သက်သက်ပါပဲ။ တခြား ဘာညာစိတ်လည်း မရှိပါဘူး။ အပျော်သက်သက်ပါ။ တကယ်လို့ သူ့ကို တွေ့ရင်တောင်မှ ကိုယ့်ဖာသာ သူမသိအောင် ချောင်းကြည့်ပြီး ပြန်လာယုံပါပဲ။ သူ့ကိုလည်း ဘာမှ နစ်နာလိုစိတ် မရှိပါဘူး။ အခုတော့ မသွားဖြစ်တော့ဘူးပေါ့။ ”

          “ ဒါနဲ့. . .  မင်းကို အသက် ၂၄ ဆိုတာ သူက ယုံပါ့မလား။ ”

          “ ယုံတယ်ကွ ၊ ဘာလို့လဲ ဆိုတော့ အပြင်မှာမှ မမြင်ဖူးတာလေကွာ။ သူက ငါ့ကို ဓါတ်ပုံပဲ မြင်ဖူးတာကိုး။ ”

          “ အေးလေ . . . အခု မင်း အသက် ၃၈ နှစ် ဓါတ်ပုံကြီးကို ကောင်မလေးက ကြည့်ပြီး ၂၄ နှစ်လို့ ဘယ်လိုလုပ် ယုံလဲ လို့ မေးတာလေ ”

          “ မင်းကလည်း တော်တော် ခက်တာပါပဲလား။ ဖိုရမ်တွေ ဒီလောက် ပေါနေတာကွာ။ အသက် ၂၄ နှစ် ကောင်လေး ခပ်ချောချောလေးတွေရဲ့ ပုံတွေကို ကူးပြီးတော့ ငါ့ပုံပါ ဆိုပြီး ပေးလိုက်တာပေါ့။ ”

          “ သြ . . ဒီလိုလား ”

          “ အေးလေ . . .  ဒါကြောင့်လည်း အသက် ၂၂ လောက် ရှိတဲ့ ကောင်မလေးက အသက် ၃၈ ရှိနေတဲ့ ငါ့ကို အသက် ၂၄ ပဲ ထင်နေတာပေါ့ကွာ။ ”

          “ ဒါဆို မင်းက ကောင်မလေးကို လှည့်စားနေတာပေါ့။ ဟုတ်လား . . . ”

         “ လှည့်စားတာတော့ မဟုတ်ပါဘူးကွာ။ ဒါပေမဲ့ အင်တာနက်ထဲက ဆိုတော့ အပျော် သဘောနဲ့ စမိ ၊ နောက်မိတာပါ။ သူ့ကိုလည်း ထိခိုက်လိုစိတ် မရှိပါဘူး။ အခု အပြင်မှာ တွေ့ချင်တယ် ဆိုတာကလည်း နှစ်ဦးစလုံး မြင်ရ တွေ့ရဖို့ မရည်ရွယ်ပါဘူး။ ဒီကောင်မလေးပါလား ဆိုပြီး ငါကပဲ တွေ့ရရင် ပြီးပါပြီ။ တခြား ဘာမှ စိတ်ကူး မရှိပါဘူး။ ပြီးတော့ ကိုယ့်မှာလည်း အိမ်ထောင်နဲ့လေကွာ ”

         “ အေးလေကွာ . . . ဘာမှ မဟုတ်ရင်လည်း ဘာမှ မဖြစ်တာ ကောင်းပါတယ်ကွာ။ ”

         “ မဖြစ်ပါဘူး ၊ စိတ်ချ။ အဓိက က ကိုယ့် အိမ်ထောင်ကပဲ အရေးကြီးပါတယ်။ ”

         “ ဒါဆိုလည်း မင်း ရုံးက ပြန်ရင် အဆင်သင့် ဖြစ်အောင် လုပ်ထားတော့ ရုံးက ဆင်းတော့မယ်။ ”

         “ အင်း . . . ခုနက မေးလ် တစ်စောင် ဝင်နေတာတော့ တွေ့တယ် ၊ အလုပ်ကလား အပြင်ကလည်းတော့ မသိဘူး။ ကြည့်လိုက်ဦးမယ်။ ”

         အလုပ် စားပွဲမှာ ဝင်ထိုင်ပြီးတော့ ခုနက ဝင်လာတဲ့ မေးလ်ကို ဖွင့်ကြည့်လိုက်တော့ ဟိုကောင်မလေးဆီက ပို့ထားတဲ့ မေးလ် တစ်စောင် ဖြစ်နေလေ၏။ မေးလ်ကို ဖွင့်ဖတ်ကြည့်လိုက်တော့ အောက်ပါ အတိုင်း တွေ့ရလေသည်။

          “ ဟလို  . . . ကိုမိုးလွင် . . . .

          မနေ့က ယူ ချိန်းတဲ့ နေရာကို စိမ်းလဲ့ ရောက်ပါတယ်။ ယူ့ကို မမြင်ဖူးတော့ စောင့်နေရင်းနဲ့ ရုပ်ဆိုးဆိုး ၊ အသားမည်းမည်း ၊ ထိပ်ပြောင်ပြောင် ၊ ဗိုက်ရွှဲရွှဲနဲ့ လူကြီး တစ်ယောက်နဲ့ တိုက်မိပြီး မထင်မှတ်ဘဲ စကားတွေ များကြတယ်။ နောက်တော့ တဖြေးဖြေး လူတွေက ဝိုင်းကြည့်နေတာနဲ့ ရှက်ပြီး ပြန်လာမိတယ်။ ဒါကြောင့် ယူနဲ့ မတွေ့လိုက်ရဘူး။ စိမ်းလဲ့ မလာဘူး ထင်နေမှာ စိုးလို့ အခု လှမ်းပြီး မေးလ်ပို့လိုက်တာပါ။

          မနက်ကလည်း သင်တန်းမှာ မအားလို့ အင်တာနက်ပေါ် မတတ်ရတော့ ယူ့ စိတ်ထဲမှာ စိမ်းလဲ့က တမင် ရှောင်နေတယ်လို့ ထင်မှာ စိုးလို့ပါ။ ဒါကြောင့် မေးလ်ပို့ပြီး ရှင်းပြတာပါ။ နောက်နေ့မှ အပြင်မှာ မလွဲအောင် ထပ်ချိန်းကြတာပေါ့။ အခု တစ်ခေါက်ကတော့ အဲဒီ ရုပ်ဆိုးဆိုး ၊ အသားမည်းမည်း ၊ ထိပ်ပြောင်ပြောင် ၊ ဗိုက်ရွှဲရွှဲ လူကြီးကြောင့် မတွေ့လိုက်ရတာကို စိတ်မဆိုးပါနဲ့ရှင်။

         နောက်တစ်ခါ သေချာ ဆုံကြတာပေါ့။ နောက်တစ်ခါဆိုရင်လေ x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x  x x x x x x x x x x x x x x x x x x x x

                                                ခင်တဲ့
                                              စိမ်းလဲ့လဲ့

          မေးလ်ကို ဖတ်ပြီးတော့ သူ ရယ်နေမိသည်။ သူ့အထင် ကောင်မလေးက သူ့ဆီကို မေးလ်ပို့ကာ ချိန်းလိုက်သော နေရာမှာ သူကလည်း ကောင်မလေးကို မေးလ်ပို့ကာ ချိန်းလိုက်သော နေရာပင် ဖြစ်လေသည်။ ထိုနေရာမှာပဲ မနေ့က သူနဲ့ သူ ကောင်မလေးလို့ ထင်နေသော မိန်းမကြီးတို့ နောက်ပြန် ဝင်တိုးကာ တိုက်မိခဲ့သည် မဟုတ်ပါလား။ ထိုနေ့က သူ ဝင်တိုက်မိခဲ့သော ကောင်မလေးက သူ ထင်နေသော အသက် ၂၂ နှစ် အရွယ် ကောင်မလေးတော့ မဟုတ်ပါ။ အသက် ၃၅ နှစ်အရွယ် မိန်းမကြီး တစ်ယောက်မျှသာ ဖြစ်နေပါတော့သည်။

         အခုတော့ သူ ဝင်တိုက်မိခဲ့သော မိန်းမကြီးဟာ အင်တာနက်ထဲမှ သူ့ရဲ့ ကောင်းမလေး ဆိုတာလား ဆိုတာ သူ ကိုယ်တိုင် နောက်တစ်ခေါက် ထိုနေရာကို သွားကာ သေချာ မျက်နှာချင်းဆိုင် တွေ့ဆုံ မေးမြန်း ၊ စုံစမ်း စစ်ဆေးဖို့ပဲ လိုတော့တယ် မဟုတ်ပါလား။

         သို့သော် . . . . . .



         အင်တာနက် ဝန်ဆောင်မှုတွင် အီးမေလ် ဆိုသော ဝန်ဆောင်မှု ပါရှိပါသည်။ ထို အီးမေးလ်ထဲမှ ချိန်းဆိုမှုများထဲမှာ ၈ မိုင်လမ်းဆုံ တစ်နေရာတွင် ကောင်လေး တစ်ယောက် နှင့် ကောင်မလေး တစ်ယောက်တို့ ချိန်းဆိုမှုသည်လည်း တစ်ခု အပါအဝင် ဖြစ်ပါသည်။

          သို့သော် သူတို့၏ ချိန်းဆိုသော နေ့ ၊ ချိန်းဆိုသော အချိန်မှာတော့ ဒီတစ်ခါ ၊ ဒီနေရာကို သူတို့ နှစ်ယောက် စလုံး မလာကြတော့ပါ။ တစ်ယောက်ကို တစ်ယောက် မတွေ့ချင် မမြင်ချင်ကြတော့လို့လား ၊ တွေ့စရာ မြင်စရာ မလိုတော့လို့လား ဆိုတာကိုတော့ သူတို့နှစ်ယောက်မှ လွဲပြီး ဘယ်သူမှ သိနိုင်ကြလိမ့်မည် မဟုတ်ပါ။

         သူတို့ နှစ်ယောက် ချိန်းထားသော နေရာမှာတော့ ဈေးရောင်းသော ဈေးသည်တစ်ယောက်ဟာ သူ့ရဲ့ ကုန်ပစ္စည်းများကို ဖြန့်ခင်းကာ အောက်ပါ အတိုင်း ရောင်းချနေလေတော့သည်။

          “ ဒေါင် . . ဒေါင် မြည်မှ အိုးတဲ့ ၊ စိတ်ကြိုက် ခေါက်ကြည့်လို့ရတယ်။ အသံ မသာရင် လုံးဝ မဝယ်သွားနဲ့။ ကိုယ်တိုင် လုပ်ပြီးမှ ရောင်းတဲ့ အိုးတွေ ၊ အိုးကောင်းတွေ ၊ အိုးကောင်းတွေ . . . ”

           “ ဒေါင် . . . . ဒေါင် . . . . ဒေါင် . . . . ”




*** ကျွန်တော် ဒီပို့စ်လေးကို အချိန်လေး ရတုန်း နီးရာ သူငယ်ချင်း တစ်ယောက်ဆီက “ ယူနီကုတ် ” နဲ့ ရေးလိုက်မိပါတယ်။ ပြီးတော့မှ ပြန်ပြောင်းမယ် ဆိုပြီးတော့ပေါ့။ တကယ်လည်း ပြောင်းရော စာလုံးတွေက အကုန် ကမောက်ကမ ဖြစ်ကုန်တော့တာပါပဲ။ ဒါ့ကြောင့် အပေါ်ပိုင်းမှာ စာတွေ ပုံမကျ ပန်းမကျ ဖြစ်နေပါလိမ့်မယ်။ နောက်ပြီးတော့ တချို့သော စာတွေမှာ ပြင်ရတာ များကုန်တာရယ် ၊ ရေးချင်နေတဲ့ စိတ်ရယ်ကြောင့် အစီအစဉ်ကျမှု အနည်းဆုံး ပို့စ်လို့ ဆိုရမှာပါပဲ။ ထပ်ပြီးတော့လည်း ပြင်ဖို့ အချိန် မရတော့လို့ တင်လိုက်ပါတယ်။ အားနည်းချက် အတော်များများ အတွက် ဆောရီးပါ။ ပို့စ်ထဲက နာမည်များဟာ ကျွန်တော့် စိတ်ကူးထဲက နာမည်များသာ ဖြစ်ပါတယ်။ နာမည်တူများ ရှိနေခဲ့ရင်တော့ တိုင်ဆိုင်မှုသာ ဖြစ်ပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်
11.3.2011


Share/Bookmark

11 ယောက် ရဲ့ ထင်မြင်ချက်:

rose said...

ကိုဇော်ရဲ့ ၀တ္ထုတိုလေး သေချာ လာဖတ် ပါတယ်။ အရေးအသားလေး ညက်တယ်။ ဖတ်လို့ ကောင်းတယ်။ သူတို့ နှစ်ယောက် ပာန်ဆောင်နေ ကြတယ် ဆိုတာကို ဇာတ်သိမ်း ကတော့ ခန့်မှန်းလို့ ရတယ်။ ကိုဇော့် အဖြစ်အပျက်ကိုများ ရေးထားတာလားလို့ ခစ် ခစ် (နောက်တာာာာ) :D

http://redroseofburma.blogspot.com/

ဝက်ဆလူး said...

ဘိုးဘိုးဇော် လဲ ဒဒိထားနော် ခစ်ခစ်

ျsosegado said...

ကိုယ်တွေ့လို့ပဲထင်မိပါသည်၊ မဟုတ်လည်း တခြားသူတစ်ယောက်ရဲ့ ကိုယ်တွေ့လို့ပဲထင်မိပါသည်၊

An Asian Tour Operator said...

ဒီလောက် အသေးစိတ်ပြီး ပီပြင်နေပုံထောက် ရင်.. ဧကန်န.. :P

Anonymous said...

သုံးဆယ့်ရှစ်နှစ်ဆိုတဲ့မိုးလွင်က ဧကန္တတော့ ဧကန္တတော့ ........ပဲလား မသိပေါင်။ ကျန်းမာပျော်ရွှင်ပါစေခင်ဗျား...
တောက်ပကြယ်စင်

သိင်္ဂါကျော် said...

online ပေါ်မှာ ဒါမျိုးတွေ တော်တော်များမှာပဲနော်..

အလွမ်းမြို့လေး said...

တကယ်တော့ ဒီပိုစ်ဟာ ကိုဇော့်ကိုယ်တွေ့ပါ။ မလေးမလေး တစ်ယောက်နဲ့ပေါ့။ဟိဟိ. ဟုတ်တယ်ဟုတ်. ဖတ်လို့ကောင်းတယ်။ ကိုယ်တွေ့လေး တွေထပ်ရေးဦး



အလွမ်းမြို့လေး

အက္ခ၇ာ said...

စာလာဖတ်သွားတယ်နော်...
စိတ်ကူးပဲဖြစ်ဖြစ်
ကိုယ်တွေ့ကိုပဲအခြေခံခံ
ဖတ်လို့ကောင်းပါတယ်
အရေးညက်ပါတယ်

တက္ကသိုလ် အလင်းအိမ်(တေဇာလင်း) said...

မင်္ဂလာနံနက်ခင်းလေးပါ။ စေတနာပန်းခင်း လာလည်သွားသွားပါတယ်။ အရေးအသားကတော့ တကယ့် professional ပါပဲ ။ ဒီထက်မက အောင်မြင်ပါစေ။

မေသိမ့်သိမ့်ကျော် said...

တော်သေးတယ် မြန်မာပြည်မှာမို့လို့..... ရှင်ကြာပုမှာဆိုရင် ရွှမ်းရွှမ်း.... နဲ့ ပွဲသိမ်းသွားမယ်။
ဇာတ်လမ်းလေးက ရိုးရိုးလေးကို စိတ်ဝင်စားအောင်ရေးသွားတာ။ အကိုကသာ အစီအစဉ်မကျဘူး ဇွတ်ပြောနေတာ ကျွန်မကတော့ သဘောတွေကျပြီး ပြုံးစိပြုံးစိဖြစ်နေပြီ။ မျက်လုံးထဲ မြင်ယောင်ပြီးတော့..... :D


ခင်မင်လေးစားလျက်

ချစ်ကိုကိုမောင် said...

မိုက်တယ်ဗျ . . . ကျွန်တော့်အဖြစ်နဲ့ခပ်ဆင်ဆင်ပဲ . . .
စောင်းရေးတာတော့မဟုတ်လောက်ပါဘူးနော . . .
ကျွန်တော်လဲပိုစ့်တွေရေးချင်တယ်ဗျာ . .ကိုယ်ပိုင်ဆိုဒ်လေးနဲ့
ဘယ်လိုရေးရမလဲဗျ

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.