မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 July 2010

9 ဖွဲ နဲ့ ဆန်ကွဲ


ဖွဲ နဲ့ ဆန်ကွဲ


တစ်တစ်ရစ်ရစ် ခွစီးခံထားရတဲ့
အတ္တတွေနဲ့ အချစ်က
အလျားလိုက် အပြားလိုက်
ငြိမ်

အချစ်ဆုံးလို့ ပြောတိုင်း
ဒီအတိုင်းအတာကို မရောက်တဲ့
အရေအတွက် ဘယ်နှစ်ယောက်လဲလို့
တွေး

ဘဝက ကြမ်းတယ် ပြောတိုင်း
ကိုယ့်ကိုယ်ကိုယ် လား
သူများကို လား စုန်ဆန်ပြန်
ကြည့်

မျက်စိအောက်က
မပျောက်မခံနိုင်ဘူး ဆိုတိုင်း
ဘာကိုလဲလို့ တိတ်တဆိတ်
မေး

အချစ် နဲ့ အလွမ်းကို
ချိန်ခွင်ပေါ်ဘယ်လိုပုံတင်ရကြောင်း
စာစီစာကုံး တစ်ပုဒ် ချကာ
ရေး

ငယ်ငယ်က စီးခဲ့ရတဲ့
အုန်းလက်မြင်းလိုပေါ့
အချစ်က ငါ ပြေးသလောက် ငါ
မော

မဝယ်ပဲနဲ့
ခဏခဏ အခေါက်ခံရတဲ့
အိုးလိုပေါ့ ၊ ကြာတော့လည်း
ကွဲ

လေတင်ရာရောက်နေတိုင်း
လေသာတတ်သူကြောင့်
လေအောက်သူတွေ
မွှန်

မြေနိမ့်လို့ လှံစိုက်တာလား
လှံစိုက်လို့ မြေနိမ့်တာလား
ပြော ၊ မေး ၊ တွေး ၊ ငေး ၊ ခေါင်းကို
ခါ

အခုတော့လေ. . . .
ဘယ်သူမှ မသိပါဘူး
တိတ်တဆိတ်နဲ့ပေါ့
ပြို

ပြီးတော့လေ. . .

ဖွဲ နဲ့ စကွဲ ဆိုပြီး
အခုတော့ . . “ ဖွဲ ” ကနဲ
“ စ” ပြီး “ ကွဲ” တော့တာပဲ
ဝေး

ကိုဇော်
30.7.2010

မှတ်ချက်။   ။ စကွဲ ကို အသံအတိုင်း ချရေးထားပါတယ်။


Share/Bookmark

9 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...

ဂွတ်ထ
နှစ်သက်မိ၏။

ahphyulay said...

အချစ်နဲ့  အလွမ်း ကို ချိန်ခွင်ပေါ် တင်ကြည့် ရင်တော့ 
အတူတူ နေမှာပါ၊ ဘာဖြစ်လို့  ဆို...
ချစ် သလောက် လွမ်းရ တတ် တာကိုး ၊
မမေ့  နိုင် လို့  မမုန်း နိုင် သလို
အင်း... ရှည်တော့ မယ် တော် ပြီ..။

ခိုင်နုငယ် said...

“ငယ်ငယ်က စီးခဲ့ရတဲ့
အုန်းလက်မြင်းလိုပေါ့
အချစ်က ငါပြေးသလောက် ငါ
မော”
ဂွတ်တယ်..တစ်ချက်စီချထားတဲ့
နေရာလေးတွေအားလုံးကြိုက်တယ်။
တစ်ငုံချင်းသောက်နေရတဲ့..ကော်ဖီခါးခါး
တစ်ခွက်လိုပဲ..
တစ်ချို့နေရာတွေကြတော့ဥာဏ်မမှီတော့..နှစ်ခေါက်
သုံးခေါက်လောက်ဖတ်ရတယ်။
အဲ..ပိန်းလိုက်တာလို့တော့မပြောနဲ့နှော်..တကယ်လိုက်မမှီဘူး။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

မောင်သီဟ said...

ဖွဲနဲ့စကွဲအပုဒ်ကတော့ ဒတ်ခနဲ့ကိုမှန်ထှာာာာ

SHWE ZIN U said...

မဝယ်ဘဲနဲ့ ခဏခဏ အခေါက်ခံရတဲ့
အိုးလိုပေါ့၊ ကြာတော့လည်း
ကွဲ

ဟုတ်ပ ကိုဇော် ရေ တခါတလေ ဘာမှ မလုပ်လိုက်ရဘဲ ဘာသွားတယ်လေ အရာများစွာမှာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

နေ၀သန် said...

း)).. သဘောကျတယ်..။ ရေးထားတာတဲ့ကဗျာလေးကို ဖတ်ပြီးတော့ ပြုံးမိတယ်..


ခင်မင်တဲ့
နေ၀သန်

Unknown said...

ကဗျာလေးကို ဖတ်ပြီး တွေးစရာလေးတွေ ယူသွား လိုက်ပါတယ်။

အုပ်ကြီး said...

"... အချစ်က ငါပြေးသလောက် ငါ မော .."

ဟုတ်တယ်ဗျာ ...
တကယ်မောလှပါတယ် .

လေးစားခင်မင်လျှက်
အုပ်ကြီး

kozaw said...

ထပ်မန့်တာပါ။
အဆင်ပြေရင်ကောင်းမယ်။