မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 July 2010

17 မေခလာ ရဲ့ Waka Waka



ကျွန်တော်တို့ ငယ်ငယ်ကတည်းက မေခလာရဲ့ “ အနိုင်ဂိုးကို သွင်းသွားတာ ကိုကိုပါ ” ဆိုသော သီချင်းကို ဆိုကာ  အော်ဟစ်ခဲ့ကြပါသည်။ အဲဒီနောက်ပိုင်း တလျှောက်လုံးမှာ ဘောလုံးသီချင်းတွေ ဆိုရင် မေခလာဆိုတယ် ဆိုသလို ဖြစ်ခဲ့ပါတော့သည်။ သူဆိုရင်လည်း ဒီပြင်သီချင်းတွေသာ မကောင်းရင် နေမယ် :P ဘောလုံးသီချင်းတွေကတော့ တကယ်ကို ကောင်းပါတယ်။ အခုလည်း Waka Waka သီချင်းကို သူက မြန်မာမှု ပြုကာ ဆိုထားတာ ဖြစ်ပါတယ်။ အရမ်းကောင်းတယ်လို့ မဆိုသာပေမဲ့ အတော်ကောင်းပါတယ်။ နားဆင်ကြည့်ကြပါဦး။





ဒီသီချင်းကို လိုချင်သူများ ဒီနေရာမှာ ဒေါင်းနိုင်ပါတယ်။ ကိုယ့်ဆိုက်မှာ ထည့်ချင်သူများကလည်း အောက်ကကုတ်ကို ယူပြီး ထည့်နိုင်ပါတယ်။ ထည့်နည်းကတော့ ကျွန်တော် ရှင်းပြပြီးသွားပြီ ဖြစ်လို့ မပြောပြတော့ပါဘူ။ ပြန်ရှာပြီးပဲ ဖတ်လိုက်ပါတော့။ အဆင်ပြေ ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

17 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်ရေ...
မပြုံးနိုင်ဘူးးးးးဒေါင်းမရလို့ ဒေါ(ဒေါသ) ရတယ်...
.....ပြည်မှာ လူဖြစ်ရတယ်လို့....ဟီးဟီးး(ပြုံးတာဟုတ်ဘူးနော်)
နောက်တော့မှ ပြန်ဒေါင်းမယ်...
ပျော်ရွှင်ပါစေနော်
ခင်မင်တဲ့
ရွှေဂဲ

သဒ္ဓါလှိုင်း said...

ကိုဇော်ရေ...
ဟုတ်ပ..ဒေါင်းမရဘူးဖြစ်နေတယ်..။နားထောင်သွားပါ
တယ်။
အဆင်ပြေပျော်ရွှင်ပါစေ..
ခင်မင်စွာ
သဒ္ဓါ

ဇွန်မ said...

ဒေါင်းမရလို့ နားထောင်သွားတယ် မျှဝေပေးတာ ကျေးဇူးပါ ကိုဇော်။

SHWE ZIN U said...

ဟုတ်တယ် ဗျ ဒေါင်းမရဘူး ကိုဇော်ရေ

နားထောင်ရတယ်လို့ဘဲ သဘောရပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ဒေါင်းသွားပါတယ်ဗျာ လောလောဆယ်တော့ စက်က song audio ပျက်နေလို့ အရင်ပြန်လုပ်ရပါပါအုန်းမယ်။ ကောင်းသွားမှပဲ ဒေါင်းလို့ ရတာလေး နားထောင်ပါတော့မယ်။ ကျေးဇူးပါပဲကိုဇော်။

Anonymous said...

မေခလာက ဘောနဲ့ တော်တော်အကျိုးပေးတယ်။ ဂိုးးဂိုးးး ဂိုးသွင်းကောင်းတဲ့ တို့ ကိုကိုပါ။ အဟီးး ဒေါင်းသွားပြီ။

လသာည said...

ဒီသီချင်းလေး မေခလာဆိုတော့လည်း ကောင်းတာပဲနော။ သူ့အသံနဲ့ နားထောင်ကောင်းတယ်။

ဦးဦးဖျားဖျား တင်ပေးတာ ကျေးဇူး အများကြီး တင်ပါတယ်..

ခိုင်နုငယ် said...

နားထေင်လို့မရ၀ူး...
အာလုပ်မှာမို့...နောက်မှပဲပြန်လာဒေါင်းတော့မယ်..
အဲ...နားထောင်တော့မယ်.။

ဝက်ဝံလေး said...

ဟားးးးးးးးးဟားးးးးးးးးးး တကယ်ရီရတယ် ဟီးးးးးးးး
ဒေါင်းသွားတယ်နော် သိလား သူငယ်ချင်းတွေလဲ ပြန်ရှဲလိုက်တယ် ဟိ သေတော့မယ် ရီရတာ ဟဟဟဟ

သိင်္ဂါကျော် said...

တီဗွီကလာတုန်းက နားမထောင်လိုက်ရလို့ ခုမှ နားထောင်သွားတာ.. သီချင်းလေး မဆိုးပါဘူး..

ဖိုးသား said...

မေခလာရဲ့ Waka Waka သီချင်းလေးဒေါင်းသွားပါတယ်

ကိုအောင် said...

မြန်မာမှု ပြုတာ နားထောင်ပြီး ရယ်လိုက်ရတာ ...း)

ဒိုက်ဦးမောင် said...

ကမ္ဘာ့ဖလားကိုအားပေးတာတော့သဘောကျပါတယ်ဗျာ.
ဒါပေမယ့်ကိုယ်ပိုင်တီထွင်မှုမပါဘဲ ဟိုသီချင်းမြန်မာမှုပြု၊ ဒီသီချင်းမြန်မာလိုပြန်ဆိုလိုက်နဲ့. ကိုယ်ပိုင်အစွမ်းအစတွေ တုံးသထက် တုံးလာတာတွေ့ရတာ စိတ်မကောင်းစရာဘဲ။

အဖြူရောင်နတ်သမီး said...

G Talk မှာ သူငယ်ချင်းတွေ တင်ထားတဲ့ “waka waka”..ဆိုတာ အခုမှပဲ သဘောပေါက်တော့တယ်...။
နတ်သမီးက ဘော်လုံးပွဲကြိုက်ဘူး...းး))

Ko Latt said...

ကျေးဇူး အရမ်းတင်ပါတယ်ဗျာ..
ဒီသီးချင်းလေးကိုဒေါင်းပြီး..
သူငယ်ချင်းတွေရဲ့ ဖုန်းတွေထဲ ထည့်ပေးလို့..
သောက်လိုက်ရတဲ့ ............တွေ.
အကိုကြီးကို ရှိစေချင်တယ်ဗျာ.:D

Saw Yan Aung said...

ကိုဇော်ရေ Download ကအဆင်ပြေပါတယ်။ နားထောင်လို့လဲ မဆိုးပါဘူး။

naylinnhtun said...

ဒေါင်းသွားပြီးအစ်ကိုဇော်ရေ ပိုက်ဆံဖဲတော့သိပ်မပါဘူး အဲလေ ပိုကာဒေါင်းတာနဲ့ ရောကုန်ပြီ
နားထောင်လို့ အဆင်ပြေပါတယ် ကိုဇော်ရေ ကျေးဇူးပါခင်ဗျ