မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


24 July 2010

15 အကြားမှန် ၊ အထင်မှား ( ၄ )



တစ်ခါက ............တဲ့

ကောင်မလေး တစ်ယောက်ကို ကောင်လေးတွေ အများကြီးက ဝိုင်းပြီးတော့ ကြိုက်ကြတယ် တဲ့။ ဒီလို ကောင်လေးတွေ အများကြီးက ဝိုင်းကြိုက်နေတော့ ကောင်မလေးကလည်း ဘယ်သူ့ကို ရွေးရမှန်း မသိဘူးတဲ့။ ဒီလိုနဲ့ ကောင်မလေးက ဟိုလူ့ကို ရွေးရနိုးနိုး ၊ ဒီလူ့ကို ရွေးရနိုးနိုးနဲ့ အချိန်တွေ ကုန်လာတယ်တဲ့။

ဒီတော့ နောက်ဆုံးမှာ အကြံလေး တစ်ခု ရပြီးတော့ သူ့ကို တကယ်ချစ်တဲ့ ကောင်လေးတွေ ဆိုရင် သူ့အိမ်ကို လာခဲ့ပါ ဆိုပြီး ဖိတ်ခေါ်လိုက်တယ်တဲ့။

ဒါနဲ့ တကယ်ကြိုက်တဲ့ ကောင်လေးတွေ လာကြတာပေါ့။ အများကြီးပါပဲ။ ဒီတော့မှ ကောင်မလေးက ကောင်လေးတွေကို ခုံပေါ်မှာ တင်ထားတဲ့ အိုးကြီးထဲက သစ်စေ့လေးတွေ တစ်ယောက် တစ်စေ့စီ ပေးလိုက်တယ်တဲ့။ အဲဒီ အိုးကြီးထဲက သစ်စေ့လေးတွေကလည်း အိုးကြီးနဲ့ ထည့်ပြီး ပြုတ်ထားပုံ ရတယ်။ ပြီးမှ အခြောက်ခံ ထားတဲ့ပုံ။ ဒါပေမဲ့ ကောင်မလေးက ပေးတော့လည်း ကောင်လေးတွေက အားလုံးကလည်း တစ်ယောက် တစ်စေ့စီ ယူကြတာပေါ့။

ပြီးတော့မှ ကောင်မလေးက ပြောတယ်။ ဒီသစ်စေ့လေးတွေကို ယူသွားပြီး စိုက်ကြပါ။ နောက်ထပ် ၃ လ နေတဲ့ အခါမှာ အလှဆုံး သစ်ပင်စိုက်နိုင်တဲ့ လူကို ကျွန်မ လက်ထပ်မယ်ပေါ့။ ဒါနဲ့ ကောင်လေးတွေ ပြန်သွားပြီးတော့........

နောက်ထပ် ၃ လလည်း နေရော ကောင်လေးတွေ အားလုံးက ကောင်မလေး ခေါ်ထားတဲ့ စုရပ်ကို ပြန်လာကြတာပေါ့။ ဒါပေမဲ့ ကောင်လေးတွေရဲ့ လက်ထဲမှာ တစ်ယောက်မှာမှ သစ်ပင်စိုက်ထားတဲ့ အိုးတွေ မပါဘဲ သစ်စေ့လေးတွေကိုသာ ကိုင်ကာ ယူလာကြတယ်တဲ့။ ကောင်လေး တစ်ယောက်ကပဲ ပိန်ပိန်လိမ်လိမ် သစ်ပင်လေး တစ်ပင်ကို ကိုင်ပြီး လာတယ်တဲ့။ ဒီတော့ အားလုံးကလည်း ဝိုင်းပြီးတော့ ရယ်ကြတာပေါ့လေ။

ကောင်မလေးက ဟိုးရှေးရှေးတုန်းက ဘုရင်ကြီး စမ်းသပ်သလို သစ်စေ့ကို ပြုတ်ပြီးတော့ အစေ့ကို အပင်မပေါက်နိုင်အောင် လုပ်ထားတာ ၊ ဒါကိုလည်း အားလုံး ကြားဖူးလို့ သိကြတယ်။ ဒီကောင်လေးကတော့ ဒီအဖြစ်အပျက်ကို မသိလို့ သစ်စေ့ကို ယူပြီး ပြန်လာရမဲ့ အစား အပင်တော့ ပေါက်လာပါတယ် ဆိုပြီး တခြား အပင်ကို စိုက်လာတယ် ဆိုတဲ့ သဘောနဲ့ ယူလာလို့ ကျန်တဲ့ ကောင်လေးတွေက ဝိုင်းဟားကြတာပေါ့လေ။ ဒီအချိန်မှာပဲ ကောင်မလေးက ထွက်လာပြီးတော့ အားလုံးကို ပြောတယ်။

“ ကျွန်မရဲ့ ဖူးစာရှင်ကတော့ ဟောဒီက အပင်ပေါက်လေး ကိုင်လာတဲ့ သူပါပဲရှင်။ ရှင်တို့တွေ အားလုံးက အရင်က ဘုရင်ကြီးပုံပြင်ကို ကြားထားဖူးလို့ ဒါကို ယူပြီး နောက်ဆိုရင်လည်း ဒီလိုပဲ လုပ်လိမ့်မယ် ဆိုပြီး တကယ့်သစ်စေ့လေးတွေ ပေးတာတောင်မှ ကြိုးစား မစိုက်ကြပဲ ရေသာခို အချောင်လိုက်ချင်ကြတယ်။ မစမ်းသပ်ချင်ကြဘူး။ နည်းနည်းလေးတော့ မြေကြီးမှာ ချပြီး ရေလောင်း ၊ နေရောင်ခြည်လေးတော့ ပေးပါလား။ ဒီတော့ အပင်လေး ပေါက်မပေါက် ဆိုတာကို စမ်းသပ်သင့်တယ်။  တကယ်တော့ ကျွန်မက ဒီသစ်စေ့လေးတွေကို ဘာမှ မပြုလုပ်ထားဘဲ ၊ သစ်စေ့လေးတွေရဲ့ မျိုးရင်း အမှန်အတိုင်းပါပဲ။ အားလုံးကလည်း သစ်ပင်လေးတွေ အဖြစ် ပေါက်ရောက်နိုင်ပါတယ်။ အခုတော့ သူများတွေ ပြောတာကို ကြားထားမိတဲ့ အတွက် အခုတော့ သင်တို့ရဲ့ အထင်တွေ အားလုံး မှားပြီးတော့ ကျွန်မရဲ့ ချစ်သူ အဖြစ်ကနေ လွဲခဲ့ရပါပြီ။ ”

လို့ ပြောသတဲ့ကွယ်။

အဲဒီထဲက ကောင်လေးကတော့ “ ကိုဇော် ” ဆိုတာပဲ ဖြစ်ပြီး ကောင်မလေးကတော့ “ သက်မွန်မြင့် ” ဆိုတာပဲ ဖြစ်တယ်။ အဲဒီလိုပါပဲ ထပ်ပြီး ကြားလိုက်ရတယ် ဆိုပါစို့။ ကြားသမျှကို လိုက်ပြီးတော့ အမှန်လို့ ထင်လို့ မရနိုင်ပါဘူး။ ကိုယ်တိုင်လေး သေချာ ဟုတ်မဟုတ် ၊ မှန်မမှန် လေ့လာပြီးမှ လက်ခံသင့်ပါသည်။

တကယ်တော့ ကျွန်တော်နဲ့ သက်မွန်မြင့် ဘာမှ မဖြစ်ပါ။ တကယ်ကို ဘာဆို ဘာမှ မဖြစ်ပါ။ သူနဲ့ ကျွန်တော် ဘာမှကို မဟုတ်ပါ။ နည်းနည်းလေးတောင်မှ ယောင်ယောင်လေး ဘာမှ မဖြစ်တာပါ။ ဘုရားစူး မိုးကြိုးပွတ် ဘာမှ မဟုတ်ပါ။ လူမြင် သူမြင်လည်း ယောင်ယောင်လေး မသွားဖြစ်ပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဘာမှ မဟုတ်လို့ပါ။ ( မဖြစ်တာကိုပဲ ရှင်းပြရတာ အရသာတောင်မှ ရှိသလိုလိုပါပဲလား. . .  ကြားရတာ များလာရင် အထင်မှာ ဟုတ်သလိုလို ဖြစ်လာတာကိုး. . .:P )

ပုံပြင်လေးကတော့ ဒါပါပဲ...ဟီးဟီး။

source; လူတိုင်းကြားဖူးနေတဲ့ သစ်စေ့လေး ပုံပြင်ကို ပြောင်းပြန် ဇောက်ထိုးလုပ်ကာ ပြန်လည် စဉ်းစား၍ ရေးပါသည်။ ဒါက ကျွန်တော့် မူပိုင်ပါ ၊ ဘယ်စာအုပ်ထဲကမှတော့ မဟုတ်ပါ။ 

လေးစားစွာဖြင့်
ကိုဇော်

.


Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

sosegado said...

တစ်ခါတစ်လေ ဟုတ်လားလို့ ကြားတာနဲ့ ထင်လိုက်မိတယ်၊ နောက်တော့လည်း ထင်မိတာကိုးဖြစ်သွာတယ်၊
တစ်ချို့လည်း တကယ်ဟုတ်နေတယ်၊
ခုလည်း ကိုဇော်နဲ့ သက်မွန်မြင့် ဟုတ်လားပေါ့၊ ထင်လိုက်ဦးမယ် သက်မွန်မြင့် admire.

ခိုင်နုငယ် said...

အဟတ်..ဟတ်..
သက်မွန့်မြင့်ကြားရင်တော့..ဖျားတော့မှာပဲ:) :)
အကြားမှန်ပြီး..အထင်မှားမလို့ဖြစ်နေတာ..
ကိုဇော်...နဲ့..သက်မွန်မြင့်ဆိုတော့..
မမှားတော့ပါဘူး။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

Anonymous said...

ဟားဟား အတွေးကောင်းတယ် ကိုဇော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဒါနဲ့ သက်မွန်မြင့် ကိစ္စ က ယုံရမှာလား

မင်းမောင် said...
This comment has been removed by the author.
Anonymous said...

ဘယ်လိုဖြစ်တာလဲကိုဇော်ရယ် ကိုဇော်ကအောက်ရောက်လိုက် သက်မွန်မြင့်က အထက်ရောက်လိုက်။ သက်မွန်မြင့်က အောက်ရောက်လိုက် ကိုဇော်က အထက်ရောက်လိုက်နဲ့ လုံးလည်ချာလည်ကို လိုက်နေတာဘဲ။

Anonymous said...

ဘယ်လိုဖြစ်တာလဲကိုဇော်ရယ် ကိုဇော်ကအောက်ရောက်လိုက် သက်မွန်မြင့်က အထက်ရောက်လိုက်။ သက်မွန်မြင့်က အောက်ရောက်လိုက် ကိုဇော်က အထက်ရောက်လိုက်နဲ့ လုံးလည်ချာလည်ကို လိုက်နေတာဘဲ။

နေ၀သန် said...

အလိုအလို.. အသားယူသွားတယ်.. နောက်ဆုံးတော့.. :P:P


ခင်မင်တဲ့
နေ၀သန်

လသာည said...

ဟာဟား ဒီပိုစ်ကို ဖတ်ရတာ ပျော်စရာကောင်းတယ်ဗျို့
သက်မွန်မြင့်နဲ့ မဟုတ်ဖူးဆိုတာ ကြားလိုက်တယ်..

ရွေနတ်သား said...

အင်းကိုဇော်ရာ..ကျွန်တော့်မှာလည်းချစ်သုဝေနဲ့ ဘာမှမဟုတ်ပါဘူးဆိုတာ..ရှင်းရတာမောလာပြီဗျာ..
အဟုတ်ကို မဟုတ်တာပါဗျာ...

မောင်မောင် said...

ဟော ဗျာ အဟုတ်မှတ်လို့ ဖတ်လာတာ နောက်ဆုံးကျ
တော့ သူ က သက်မွန်မြင့် နဲ့  ဖြစ်နေတယ် ဆိုပါလား။

မောင်မောင် said...

ဟော ဗျာ အဟုတ်မှတ်လို့ ဖတ်လာတာ နောက်ဆုံးကျ
တော့ သူ က သက်မွန်မြင့် နဲ့  ဖြစ်နေတယ် ဆိုပါလား။

ညလင်းအိမ် said...

အောဟော ... ကြော်ငြာတယ်ဗျို့ .. မဟုတ်တာကိုး :P :P :P

Angelhlaing(May everybody be happy and healthy! said...

:):)

မြတ်နိုး said...

သက်မွန်မြင့်ကိုစောင့်ရမ်းမုန်းတယ်

မြတ်နိုး said...

သက်မွန်မြင့်ကိုစောင့်ရမ်းမုန်းတယ်