မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


18 July 2010

6 လူ့နောက်ကျောက ကမ္ဘာ


ကျွန်တော် အခု Zig Ziglar ရဲ့ See You At The Top ကို ဆရာ ခင်မောင်ညို ( ဘောဂဗေဒ ) ဘာသာပြန်သော “ ထိပ်ဆုံးမှာ တွေ့ကြမယ် ” စာအုပ်ကို ဖတ်နေပါတယ်။ အထဲက အကြောင်းအရာများက အလွန်ကောင်းလှပါတယ်။ မူရင်းအတိုင်း ဖတ်ခွင့်ရရင် ပိုတောင်မှ အဆင်ပြေ ကောင်းမွန်ပါလိမ့်မယ်။ အခုတော့ ကျွန်တော့် ဖတ်မိသမျှမှာ ကျွန်တော် မြင်မိသလို ၊ ခံစားမိသလို အဆင်ပြေအောင် ဖော်ပြလိုက်ပါတယ်။ ( မူရင်းအတိုင်း မဟုတ်ပါ။ )  စာဖတ်သူများ ဖတ်လို့ ၊ ခံစားလို့ အဆင်ပြေတယ် ဆိုရင် ကျွန်တော် ခံစားမိသလို ဆက်လက် မျှဝေပေးပါ့မယ်။


တစ်ခါက . . .

အလုပ်အမှုဆောင် ရာထူးကို တာဝန်ယူထားရတဲ့ လူတစ်ယောက်က နောက်တစ်နေ့မှာ ကျင်းပမည့် အရေးကြီး အစည်းအဝေးအတွက် လိုအပ်သည်များကို အိမ်သို့ ယူဆောင်လာကာ ပြင်ဆင်လေသည်။ သူပြင်ဆင်နေစဉ် ( ၅ ) နှစ်အရွယ် သားငယ်က လာပြီး သူ၏ ပြင်ဆင်မှုများ ၊ အတွေးများကို အနှောင့်အယှက်ပေးသည်။ သူက သားငယ်ကို ပြေရာပြေကြောင်းပြောပြီး ထွက်သွားကာ ငြိမ်သွားစေလိုက် ၊ ခဏနေရင် သားငယ်က သးငယ်၏ ကလေးစိတ်ကူးများကို လာပြောလိုက်နဲ့ သူ၏ စိတ်ကူးများကို ခဏခဏ အနှောင့်အယှက် ပေးလာသောအခါ သူ အလုပ်လုပ်ရတာ အဆင်မပြေတော့။ 

ထိုစဉ် သူက သတင်းစာ တစ်စောင်မှ ကမ္ဘာ့မြေပုံကို တွေ့သွားကာ အကြံရသွားသည်။ ထို့ကြောင့် သူက ထိုမြေပုံကို ယူလိုက်ပြီး အစိတ်စိတ် အပိုင်းပိုင်း ဆုတ်ဖြဲကာ သားငယ်အား မူလ ကမ္ဘာမြေပုံအတိုင်း ဖြစ်အောင် ပြန်ဆက်ပေးရန် ခိုင်းလိုက်လေသည်။ သူ့ရဲ့ အတွေးက ဒီလို လုပ်ခိုင်းလိုက်ရင် သူ့သားကို အချိန်အတော်ကြာအောင် အလုပ်ရှုပ်သွားမယ်လို့ သူ ယူဆလိုက်သည်။ ဒီလို မြေပုံဆက်စပ်နေချိန်ကလည်း အတော်ကြာဦးမယ် ဆိုတော့ ဒီအချိန် အတောအတွင်းမှာ သူအလုပ် တော်တော်များများကို ပြင်ဆင် လုပ်ကိုင်  နိုင်လိမ့်မယ်လို့ ထင်မိသည်။

သို့သော် သူခိုင်းပြီး ( ၃ ) မိနစ် အချိန်လောက်မှာ သူ့သားလေးက ပြန်ရောက်လာကာ . . .

“ အဖေ မြေပုံ ပြန်ဆက်ပြီးပြီ။ ”

ဟု လာပြောလေတော့သည်။ သူလည်း ဆုတ်ဖြဲထားသော ကမ္ဘာမြေပုံကြီး တစ်ခုလုံးကို ဒီလောက် အချိန်အတောအတွင်းမှာ ဘယ်လိုလုပ်ပြီး ပြန်ဆက်နိုင်ပါလဲ ဆိုကာ အံ့သြသွားတော့သည်။ ဒါကြောင့် မယုံနိုင်စွာနဲ့ သူ့သားကို. . .

“ ဟုတ်ရဲ့လား သားရယ် ၊ ဒီလောက် အချိန် အတောအတွင်းမှာ ဘယ်လိုလုပ် ဒီလောက်မြန်အောင် ဆက်လိုက်တာလဲ။ ”

ဟု မေးလိုက်လေသည်။ ထိုအခါ သားငယ်က . . .

“ ကမ္ဘာမြေပုံရဲ့ နောက်ကျောမှာ လူတစ်ယောက်ပုံ ပါတယ် အဖေရ။ အဲဒီတော့ ပြောင်းပြန်လှန်ပြီး လူတစ်ယောက်ရဲ့ ပုံစံကို ဆက်လိုက်တာပေါ့။ လူတစ်ယောက်ရဲ့ အစိတ်အပိုင်းတွေပါတဲ့ ပုံကို မှန်မှန်ဆက်နိုင်ပြီ ဆိုရင် ဟိုဘက်မှာ ရှိနေတဲ့ ကမ္ဘာမြေပုံကြီးကလည်း မှန်အောင် သူ့ဖာသာ ဆက်သွားတာပေါ့။ လူတစ်ယောက် သူ့ဖာသာ မှန်အောင် ဆက်မိသွားရင် ကမ္ဘာကြီးလည်း ပုံမှန်အောင် လည်သွားတာပါပဲ။ ”

ဟု ပြောလေတော့သည်။

ဒါ အမှန်ပါပဲ။ ကမ္ဘာကြီးရဲ့ အစိတ်အပိုင်း အများကြီးကို ပြုပြင်ပြောင်းလဲ နေဖို့ထက် လူတစ်ယောက် ဖြစ်သော ကိုယ့်ကိုယ်ကိုယ်ပဲ အရင်ဆုံး မှန်အောင် ဆက်စပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ် မှန်အောင် ဆက်စပ်နိုင်လာပြီ ဆိုရင် ကမ္ဘာကြီးက သူ့ဖာသာ ပုံမှန် လည်ပတ်သွားမှာ ဖြစ်သလို ၊ လောကကြီးကလည်း သူ့ဖာသာ မှန်လာပါလိမ့်မယ်။

source; See You At The Top By Zig Ziglar
ခင်မောင်ညို ( ဘောဂဗေဒ ) ၏ ထိပ်ဆုံးမှာ တွေ့ကြမယ် မှ အဆင်ပြေသလို တင်ပြပါသည်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဖတ်သွားပါတယ် ကိုဇော် ရေ

ခင်မင်စွာဖြင့်

ရွှေစင်ဦး

ညလင်းအိမ် said...

အဓိပ္ပါယ်က အရမ်းမိုက်တယ်နော် ...

လသာည said...

ကလေးလေးက တော်လိုက်တာနော်။ အဖြေမှန်ကို အမြန်ရနိုင်တဲ့နည်းလမ်းကို ဆက်စပ်တွေးနိုင်တယ်။

အဲဒါလေး ဆေးကြော်ငြာမှာ တွေ့ဖူးတယ်။ ခန့်စည်သူနဲ့ ကလေးသရုပ်ဆောင်လေး..ကြော်ငြာတာ။

ahphyulay said...

လောဂျစ်ကလေး က ထိ တယ်ဗျာ..၊
လူ ဆိုတာကလည်း ကိုယ့် ကိုယ် ကိုတောင်
ဘာမှန်း မသိ ဖြစ်နေတာက ခပ်များများ..
ကျွန်တော်က အဲ့ ဒီထဲမှာ ထိပ်...။

ခိုင်နုငယ် said...

ခုလိုရသကောင်းလေးတွေ
ဖတ်ချင်တာ။
အဓိပ္ပာယ်လေးကလေးနက်တယ်။
ကျေးဇူး..ကိုဇော်

Unknown said...

ကိုဇော်ရေ...
မှတ်သွားတယ်...


ခင်မင်စွာဖြင့်
ရွှေဂဲ