မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


16 July 2010

22 အညတရ လူသား



အညတရ လူသား

ညကြီးမိုးချုပ်လည်ရင်း
ဘဝကြီး ကြိုးပြုတ်နေတဲ့
အရပ်ဒေသမှာ
ငါ့ကို မွေးတယ်။

နဖူးကချွေး ခြေမ, ကျရတာရော
ဦးကသွေး အခြေမကျ လှတာရော
ဒီမှာ . . .
ဒူးက ကွေး သေကြရမှာ ရောပေါ့။

ပြည်သူများ စားသုံးရန် ဆိုတဲ့
တံဆိပ်ကပ်ထားတဲ့
ဘာမှမရှိတဲ့ ပစ္စည်း
တစ်ခုလောက် ရောင်းပါ။

နေဝင်တော့မဲ့
ငါ့အဖွားအတွက်
အရည်မရှိတော့အောင် သင်စုပ်ပြီးသား
ကြံဖတ်တစ်ဖတ်လောက် 
သူ့ကို ပြရန် ရောင်းပါ။

တချို့လူတွေက
ဘယ်လိုပဲ ထွားထွား
ငါတို့ လူတွေအတွက်ကတော့
ဘဝတွေက ခါးတယ်။

ဘဝ ဆိုတာ
ဘကုန်း နဲ့ ဝလုံး ဆိုပေမဲ့
မဘရ ၊ မကုန်းရပဲ
ဝဝ ၊ လုံးလုံး လူတွေကလည်း
ဒု နဲ့ ဒေး။

x x x x x x x x x x
x x x x x x x x x x
x x x x x x x x x x
x x x x x x x x x x

ကိုဇော်
16.7.2010

မှတ်ချက်။ ။ ဆောရီးပါ။ ဆက်လက်ရေးရန် အင်အား ကျွန်တော့်မှာ မရှိတော့ပါ။ ထို့ကြောင့် x x x x x ရယ်မျှသာ။ 

.
Share/Bookmark

22 ယောက် ရဲ့ ထင်မြင်ချက်:

khin oo may said...

စိတ်ချမ်းသာအောင်နေ။

Anonymous said...

ကိုဇော်အားတွေမရှိရင်အားဆေးလေးသောက်လိုက်ပါ
လား(မှတ်ချက်ဆေးCompanyဝန်ထမ်းတော့မဟုတ်ပါ)
နောက်ထပ်စာမရေးနိုင်မှာဆိုးလို့ ပါ (ဖတ်ချင်သူတွေအများကြီးပါ
အားပေးနေသူတွေအများကြီးပါ)
ရေးနိုင်အောင် စေတနာဖြင့်ရည်ညွန်းသည်။
စာတွေလာဖတ်တယ်နော်စာကြွေးမထားတတ်လို့ ပါ

သိင်္ဂါကျော် said...

ဒီလိုပဲပေါ့.. ဒီလိုပါပဲ...

ကိုအောင် said...

ကဗျာလာဖတ်သွားတယ် ကိုဇော်ရေ။

Anonymous said...

ဦးဇော်

ဟင်းးးးးးးး
ဖျားနေတုန်းမို့လား။
ဆေးသောက်ပါ။
ဘလော့တွေ နောက်ရက်မှ
ထပ်တင်လေ နော်။
အရင်နေကောင်းအောင်နေပါ။


ဒီကွေး

maymay99 said...

လက်ဆက်ရေးရန် အားမရှိရသော အကြောင်းအရင်းမှာ... ကျွန်မ၏ အစ်ကိုသည် အချစ်အကြောင်းရေးပြီး လွမ်းဖျား ဖျားနေပါသောကြောင့် ဖြစ်ပါသည်။

lwin said...

ဆေးသောက်ပြီးနားနားနေနေနေ...အဖျားပျောက်တော့ဆက်ရေး..သိပ်ပြီးများများမလွမ်းနဲ့.....

အဖြူရောင်နတ်သမီး said...

ဟတ်ထိသွားတာလေ...
ငှက်ပျောတုံး...ငှက်ပျောတုံး...
ပြောပါတယ်..အစကတည်းက..ဖက်မအိပ်ပါနဲ့ဆိုတာ..
အခုတော့..းး))
ဟီးဟီး..

“စ”တာနော်...
ကဗျာထဲမှာ အကြောင်းအရာတခုခုကို နားလည်လိုက်သလိုပဲ..
သိပ်မခံစားပါနဲ့...
ဖြေသာသလိုပေါ့...ကိုဇော်တယောက်ထဲမှမဟုတ်တာပဲ..

sosegado said...

အဲဒီမှာ ရပ်လိုက်တာ ပိုကောင်းတာပေါ့၊ xxxxxx တွေကိုတွေးကြည့်လိုက်တယ်

ခိုင်နုငယ် said...

ဘာတွေဖစ်...
သူကလည်းခပ်ပြင်းပြင်းလေး..ချရေးထားတာပဲ။
အပေါ်မှာ..နေမကောင်းဘူးလားလို့မေးနေသံကြားတယ်။
အဲ..မြင်တယ်..နေမကောင်းဖစ်တာလား။။
ဒါဆို..ဆေးပြီးသောက်လိုက်..ကိုဇော်.

Anonymous said...

အင်နာဗွန်စီ သောက်ပါ အားတွေပြည့်လာမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရေသန့်  said...

တွေးစရာလေးတွေနဲ့ ကဗျာကောင်းလေး..

Anonymous said...

နောက်ဆုံးအပိုဒ်က အကြိုက်ဆုံးပဲ မဘဘဲ မကုန်းဘဲ ၀နေတဲ့သူတွေကို မုဒိတာပွားပါတယ်။

သြော်ဒါနဲ့ ..ဒေါ်ရွှေဇင်ပြောတဲ့ အန်နာဗွန်စီကို လူပျိုတွေ မသောက်သင့်ဘူးနော်။ သူကတော့ သဘောရိုးနဲ့ သူ့အိမ်မှာ ဆောင်ထားတဲ့ အားဆေးကို ညွှန်းသွားတာ.. ဒါဗြဲ။

Unknown said...

”ပြည်သူများစားသုံးရန်ဆိုတဲ့
တံဆိပ်ကပ်ထားတဲ့
ဘာမှ မရှိတဲ့ ပစ္စည်း
တစ်ခုလောက် ရောင်းပါ ”

ဇွတ်သွားမ၀ယ်နဲ့လေ ကိုဇော် အရောင်း စာရေးမက မောင်းထုတ်လိမ့်မယ် ဟ
နောက်ဆုံးက အပြီးမသတ်လိုက်ရတဲ့ အပိုဒ် ကိုယ့်ဟာကိုယ် ဆွဲဆန့်ပြီး တွေးလိုက်မယ်နော်..

နေ၀သန် said...

:)).. ကဗျာစာသားလေးတွေက စားတယ်ဗျာ.. ဆိုလိုချက်ကိုတော့ အေးဆေးထိုင်စဉ်းစားသွားတယ်.. ရမ်းပြီးမရေးခဲ့ချင်ဘူး...


ခင်မင်တဲ့
နေ၀သန်

Anonymous said...

ကိုဇော်ရယ်......


မောင်ဘကြိုင်

မြတ်မွန် said...

မာမီ နေမကောင်းဘူးလား..
ပြင်းထန်နေတယ်နော်..ခံစားချက်တွေ..

Anonymous said...

မင်းကိုယ်မင်း အရင်ဆွဲထုတ်နိုင်အောင်ကြိုးစားလိုက်ဦး သူငယ်ချင်း
သိပ်အပြောမကြီးနဲ့
ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိအောင်လုပ်ပါဦး

မြစ်ကျိုးအင်း said...

မိဇော်ရေ ဂွတ် တယ်...။
ဆက်ရေးရင်လည်း ဆက် ထိ စေမှာပဲ

ညလင်းအိမ် said...

သတိ ငှက်ပျောတုံး ရောင်းရန်ရှိတယ် ... :)
စတာနော် ကိုဇော် ...
ကဗျာထဲမှာ တွေးစရာတွေ ပါသလိုပဲ ...

ကိုဇော် said...

Blogger က ဘာဖြစ်မှန်း မသိဘဲ အလိုလို မန့်ထားတာတွေ ပျောက်နေလို့ Anonymous နဲ့ ရေးထားပြီး မန့်ထားတာကို ပြန်တင်ပေး လိုက်ပါတယ်။ နာမည်တပ်ပြီး ပေါ်တင်ရေးရင်လည်း ကျနော်အတွက် စားဝင် ၊ အိပ်ပျော်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးပါပဲ။

...................................

Anonymous has left a new comment on your post "အညတရ လူသား":

မင်းကိုယ်မင်း အရင်ဆွဲထုတ်နိုင်အောင်ကြိုးစားလိုက်ဦး သူငယ်ချင်း
သိပ်အပြောမကြီးနဲ့
ကိုယ့်ကိုယ်ကို ဘာကောင်ဆိုတာ သိအောင်လုပ်ပါဦး

Anonymous said...

သူများတော့မသိဘူးခဗျ...
ကျွှန်တော်တော့အရမ်းကြိုက်တယ်
...အခက်များကြားထဲမှာ
ပျော်ရွှင်စွာနေနိုင်တဲ့လူသား
တစ်ယောက်ဖြစ်ပါစေလို့...
)))))))))))))))))))))))))))))))---|
*TRRR1*