မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


10 July 2010

13 မှို



မှို

မဟုတ်မဟတ်
လုပ်ဇာတ်တွေနဲ့ ပြောတတ်တဲ့
လူ့ဇာတ်ခုံကို
တစ်ခါတစ်လေ
ကျွန်တော်က စိတ်နာသဗျ။

လိုတာရရင် သူတို့
ပြောတတ်ကြတယ်
“ မှို ” ရတဲ့ မျက်နှာ. .တဲ့။
အပြောပါဗျာ
နင်လား ငါလား ဆွဲကြပြီ ဆိုရင်
သူတို့ လက်တွေက
သား ငါး ဟင်းကနေပြီးတော့ မဆင်း ၊
ကျွန်တော့်ဆိုတဲ့ ဟင်းကိုတော့
ခပ်ကင်းကင်းနဲ့ဗျ။

မတော်လို့ အိမ်ရှင်က
“ စားပါဦး မှိုလေး ” ဆိုပြီးများ
တစ်ဇွန်းတစ်လေ သူတို့ဆီရောက်ရင်
အထိတ်တလန့် မျက်နှာမျိုးနဲ့
“ မှိုတောက်မှာ ပိုကြောက်တယ်။ ” လို့
ဆိုပြိး ဟန်မူပိုကာ ဆိုသေး
ကျွန်တော်က လူသတ်သမားလားဗျ။

ကိုယ့်ဖာသာ အေးအေးဆေးဆေး
ခြုံတွေကြားမှာ ပုန်းနေပါတယ်
တစ်ယောက်တစ်လေများ 
ကျွန်တော်တို့ကို တွေ့သွားရင်
မှိုခင်းတွေ့တဲ့ ပျိုခင်းတသွေ့
အို. . အကင်းဟေ့ ဆိုတာတောင်မှ
ချိုခြင်းကင်းမဲ့ပြီး အတင်းနုတ်ချိုး
ငုတ်စိလေးတောင်မှ မပျိုးနိုင်တော့ဘူး
သူတို့ကလေ. . . 
အကင်းက ပိုချို သတဲ့ဗျာ။

သူတို့ စိတ်ကောင်းဝင်ရင်
မဟုတ်တရုတ်ကို စာလုပ်ချိုးကြတယ် ၊
“ တစ်နှစ်တစ်ခါ ပေါ်လို့လာ 
ငါသာ မင်းလောင်း ထီးဖြူဆောင်း ” တဲ့။
ကျွန်တော်တို့မှာ 
တစ်နှစ်တစ်ခါကို မနေရပါဘူး
အတင်းအကြပ်ကို နှိုးစက်ပေးလို့
မြေသြဇာတွေ ကျွေး
အပူတွေ ပေး
လေတွေ ခပ်နွေးနွေးနဲ့ 
ကိုယ်ဝန်မရင့်ခင် ထုတ်မွေးခိုင်းချင်ကြသဗျ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်စရာ
အပေါ်က အုပ်ဆောင်းတစ်ခုသာ
ကျွန်တော့်မှာ ပါသကို
ဒါကို . . .
မင်းလောင်းမို့ ထီးဖြူဆောင်းရအောင်
ကျွန်တော်က မင်းလောင်းလား
ကျွန်တော်က ဆောင်းပေးရသူလား
ကျွန်တော့်ဖာသာလည်း မကွဲပြားဘူး။

ကျွန်တော်လေ . . . .
ကိုယ့်ဖာသာ အညွှန့်ထုတ်
ခပ်ကုတ်ကုတ်လေးပဲ နေချင်တယ်။

ကိုဇော်
10.7.2010

.

Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကိုဇော် ကဗျာလေးကအရမ်းကောင်းတယ်
မှိုပွင့်လေးရဲ့ နေရာကနေခံစားပြီးရေးစပ်ထားတာ
တကယ်အသက်ဝင်တယ် အော်ကိုဇော်တို့ များရေးတတ်လိုက်တာ
သက်မဲ့ပစ္စည်းကိုတောင်အသက်ဝင်အောင်လို့ 
တော်ပါတယ်နောက်ထပ်လည်းဒီထက်တော်အောင်ကြိုးစားလိုက်ပါအုံး
အားပေးလျက်ပါ၊

ခိုင်နုငယ် said...

ကိုဇော်ရေ..ဂွတ်တယ်ဗျာ..
ဒီကဗျာလေးကိုရေရေလည်လည်ကြိုက်
သွားပြီဗျာ။..လူတွေရဲ့စရိုက်ကိုမိုတစ်ပွင့်နဲ့
ချိုးသွားအံ့ဂွင်ကျပဲ..။
ဂွတ်တယ်။

နေ၀သန် said...

တော်လိုက်တာဗျာ...။ မြင်ရခက်တဲ့ ရှုထောင့်လေးကနေ ခံစားတင်ပြသွားတယ်...။ ကြိုက်တယ်..။ ဒီစာလေးကို...။း))


ခင်မင်တဲ့
နေ၀သန်

နေ၀သန် said...

တော်လိုက်တာဗျာ...။ မြင်ရခက်တဲ့ ရှုထောင့်လေးကနေ ခံစားတင်ပြသွားတယ်...။ ကြိုက်တယ်..။ ဒီစာလေးကို...။း))


ခင်မင်တဲ့
နေ၀သန်

ကိုရီး{ကိုကြီး} said...

ကန်တော့်ဗျာ.....
-ာက်ရမ်းကောင်းလွန်းတယ် ဦးဇော်ရာ
အရမ်းနှစ်သက်မိလို့ပါ။

SHWE ZIN U said...

ကိုဇော်

မှို ကဗျာလေးက ကောင်းတယ် စဉ်းလည်း စဉ်းစားတတ်တယ် ဗျာ တော်ပါပေတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင် said...

ကဗျာက ကောင်းတယ်ဗျို့။

Anonymous said...

ဓာတ်ပုံထဲက မှိုတော့ မစားရဲဘူး။ မှိုခြေကျင်းကြီး...အီးးး။

စကားမစပ်...မှိုလူသားတောင် ဖြစ်ချင်လာပြီ ကိုဇော်။

မောင်သီဟ said...

ရေလည် လန်ထွက်နေတာပဲ
ကဗျာရေးတာ လန်းလှချည်လားဗျ
ဟူးးး နေရာစုံပဲ ကော်ပီပွားပေးစမ်းပါဗျား)

မြစ်ကျိုးအင်း said...

ကိုယ်စားဝင် ခံစားချက်ဆိုပေမယ့် မှိုသာ တကယ်ပြောခွင့်ရရင် ဒီလိုပဲ ပြောမယ် ထင်တယ်။

အပင်တိုင်း သက်ရှိတိုင်းသာ စကားပြောတတ် တုန့်ပြန်တတ်ရင် လူဦးရေ သန်း၆၀၀၀ ကျော်လာပါ့မလားတောင် မသိဘူးနော်

sosegado said...

တော်တော်ကြိုက်တယ်၊ မှို နှင့် လူတို့ရဲ့ဖြစ်စဉ်ကိုဖွဲ့သွားတာ
မှိုကိုစားနေတုန်းအတွေးရတာလား၊ ကြည့်ပြီးတော့ရေးတာလား တစ်ခုခုပဲ၊ ပေါ်လွင်လို့

အဖြူရောင်နတ်သမီး said...

မှို....နဲ့နှိုင်းပြီး တင်စားသွားတဲ့ လူ့ဘဝ..
အရမ်းအဓိပ၌ါယ်ရှိတဲ့ ကဗျာလေးပဲ ကိုဇော်ရေ...
ရေးလည်းရေးတတ်ပ...

ဖိုးသား said...

မှိုရူထောင့်နဲ့ဘဝရူထောင့်ကတစ်ထပ်တည်းကျပါတယ်