မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 July 2010

3 လမ်း




လမ်း

ဂျိုးဂျိုးဂျွမ်းဂျွမ်းနဲ့
ကျွပ်ဆတ်ဆတ်စိတ်ဓါတ်က
အတိတ်သောင်ပြင်မှာ
ဖြတ်သာဖြတ်ခဲ့တာ
ခြေရာမထင်ခဲ့ဘူး။

ကွေ့ကွေ့ကောက်ကောက်နဲ့
မဖြောင့်မတန်းလမ်းကို
ဖိနပ်ကလေးစီးပြီး
လျှောက်လှမ်းမိတယ်ထင်ခဲ့တာ
တကယ်တော့ . .
ဖိနပ်က ငါ့ကို ပြန်ခိုစီးသွားခဲ့တာပဲ။

သွားသွားလာလာနဲ့
နင်းကြမ်းလျှောက်လှမ်းခဲ့တဲ့
ခြေလှမ်းတွေမှာ
ဖုန်တွေထူလို့ ရွံ့အလိမ်းလိမ်း
ဘယ်ကို တိမ်းရမှန်း မသိဘဲ
ဘဝက ပိန်းတယ်။

ငြီးငြီးတွားတွားနဲ့
ဝေဒနာတစ်ရပ်
ရင်မှာ ဝှက်လို့
သံသရာလမ်းကို သူငါ နည်းတူ
စမ်းတဝါးဝါး ဖြတ်ရင်း
လောဘ နဲ့ အတ္တ တွေက
ဖိနပ်လို ခိုစီး လိုက်ပါနေဆဲ။


*** ညီမလေး ဒီဒီ နဲ့ ၂ အချိုး ၂ ရေးထားမိတဲ့ ကဗျာလေးပါပဲ။ ***


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

3 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကဗျာလေးကလောကဓံအကြောင်းလေးနော်
ကောင်းတယ်ဆက်ရေးပါအုံးနော်

နေ၀သန် said...

ကောင်းလိုက်တဲ့ကဗျာလေး...း)

ခင်မင်တဲ့
နေ၀သန်

အဖြူရောင်နတ်သမီး said...

ကဗျာတွေဘက် လှည့်လာပါလား....
ဒါဆို ကဗျာလက်ဆောင်တောင်ဖို့ ကဗျာဆရာတယောက်တော့ရပြီ...
မငြင်းကျေးနော်....