မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


08 July 2010

12 စုထားမိသော အာဟာရများ ( ၃ )


၆၁။
သောကတွေကို လျော့ပါးစေပြီး ပျော်ရွှင်မှုကို တိုးစေတာ မှန်သမျှကို ကောင်းခြင်းလို့ ကျွန်တော် သတ်မှတ်တယ်။ လူ့အဖွဲ့အစည်းကို ဖြစ်စေ ၊ လူတစ်ဦးချင်းကို ဖြစ်စေ ထိခိုက်နာကျင်စေတာ မှန်သမျှကို မတရားမှုလို့ ကျွန်တော် သတ်မှတ်တယ်။
( ဖန်နီ ဘာတနီ )

၆၂။
လူအချင်းချင်း လူမဆန်ကြလို့ မရေမတွက်နိုင်အောင် ကြေကွဲခဲ့ကြရတာပါ။
( ရောဘတ် ဘမ်းစ် )

၆၃။
အချစ်နဲ့ ဝေးရတာ မီးလောင်ရာ လေတိုက်သလိုပါ။ မီးတောက်သေးရင် ဟုတ်ခနဲ ငြိမ်းသွားမယ်။ မီးတောက်ကြီးရင်တော့ ဟုန်းခနဲ ပိုတောက်မှာပေါ့။ 
( ဘာစီ ရော်ဘင်တန် )

၆၄။
“ အလင်း ဖြစ်စေသတည်း ” လို့ ဘုရားက တိုင်တည်လိုက်တော့ အလင်း ဖြစ်လာတယ်။
“ သွေး ဖြစ်စေသတည်း ” လို့ လူသားက တိုင်တည်လိုက်တော့ ပင်လယ် ဖြစ်လာတယ်။
( လော့ထ် ဂျော့ထ ဂိုဒင် ဘိုင်ရန် )

၆၅။ 
အမြဲလိုလား တောင့်တပြီး တစ်ခါတစ်ရံမှ ရတတ်တာ  “ အကြင်နာ တရား ” ဆိုတာ ခုတော့ သူတို့ သဘောပေါက်သွားကြပြီ။
( အဲလ်ဘတ် ကြူးမျက်စ် )

၆၆။ 
ကိုယ်ကျင့်တရား ဆိုတာ တောက်ပ သန့်ရှင်းရမယ်။
( ဒေါ်ရာ ချက်စတာဖီးလ် )

၆၇။
ဆင်းရဲပြီး အမှီအခိုကင်းဖို့ ဆိုတာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ အရာပါ။
( ဝီလီယံ ကားဘတ်ထ် )

၆၈။
လူတွေရဲ့ အယုံလွယ်မှု ၊ ဒါမှမဟုတ် ဆင်းရဲဒုက္ခတွေပေါ်က နင်းတတ်တာမျိုး မဟုတ်ရင် ဘယ်လို ရည်မှန်းချက်မျိုးပဲ ဖြစ်ပါစေ တရားပါတယ်။
( ဂျိုးဆပ် ကွန်းရပ်ခ်ျ )

၆၉။
ကိုယ့်လုပ်ရပ် မှန်ကန်ဖို့ အရင် သေချာအောင်လုပ် ၊ ပြီးရင်တော့ ဆက်သာ လုပ်။
( ဒေးလ်ဗစ် ခရော့ကက် )

၇၀။
တရားမျှတမှု ဆိုတဲ့ ဓါးကို လွှတ်ချလိုက်ပြီ ဆိုတာနဲ့ သရဖူဆောင်းထားဦးတော့ ဘုရင်တွေဟာ ဘုရင် မဟုတ်တော့ဘူး။ ဘွဲ့ထူး ဂုဏ်ထူး ဆိုတာတွေရဲ့ အခွံတွေပဲ ဖြစ်တယ်။ အဲဒီလို ဖြစ်လာပြီ ဆိုရင်တော့ အကောင်းဆုံးက သူတို့ရဲ့ ထီးနန်းစိုးစံမှုကို အဆုံးသတ် ပစ်လိုက်ဖို့သာ ရှိတော့တယ်။
( ဒိုင်နယ်လ် ဒီဖိုးလ် )

၇၁။ 
ကျွန်တော် ထိုင်နေတယ်လို့ ခင်ဗျားတို့ ထင်နေတယ် မဟုတ်လား။ မကြာခင် ကျွန်တော့်အသံကို ကြားရမယ့် အချိန်ရောက်လာလိမ့်မယ်။ 
( ဘင်ဂျင်မန် ဒစ်ရိရယ်လိ )
( စာကြွင်း ။  ။ ထိုင်နေပေမဲ့ ဦးနှောက်က အလုပ်လုပ်နေတယ် လို့ ဆိုလိုချင်ပုံ ရပါတယ်။ )

၇၂။
မျှော်လင့်ချက်က သေချာတယ် ထားဦး။ ဘယ်တော့ ဖြစ်လာမယ် ဆိုတာ ကြိုသိဖို့တော့ မျှော်လင့်လို့ မရနိုင်ပါဘူး။
( သောမတ်စ် အယ်လိယက် )

၇၃။
အနုပညာရှင် ဆိုတာ ကိုယ့်အနုပညာထဲမှာ ကိုယ့်ကိုယ်ကိုယ် စတေးရဲရမယ်။ ပျားတွေက သူတို့ကိုယ် သူတို့ အသက်စွန့်ပြီး တုပ်ကြသလိုမျိုးပေါ့။
( အီမာဆန် ရပ် ဝေါ်ဒိုလ် ) 

၇၄။ 
ပေါ့ပေါ့နေသူတွေက ကံကို ယုံတယ်။ အစွမ်းရှိသူတွေက အကြောင်းအကျိုးကို ယုံတယ်။
( အီမာဆန် ရပ် ဝေါ်ဒိုလ် ) 

၇၅။
အကယ်၍ လူငယ်တွေမှာ အတွေ့အကြုံ ဗဟုသုတ ရှိပြီး ၊ လူကြီးတွေမှာသာ ခွန်အားအစွမ်း ရှိခဲ့ရင် . . . . .။
( ဟင်နရီ အက်စတီယန် )


*** အစ်မတစ်ယောက် လက်ဆောင်ပေးသော ဇွန်လထုတ် စတိုင်သစ် မဂ္ဂဇင်းထဲမှ အချက်များကို ကျွန်တော့်အတွက် အဆင်ပြေအောင် ပြင်ဆင်ရေးသား ထားပါတယ်။ မူရင်းအတိုင်းကတော့ မူရင်းမဂ္ဂဇင်းကို ဝယ်ဖတ်တာ ပိုပြည့်စုံတိကျပါလိမ့်မယ်။ အချိန်အခက်အခဲကြောင့် မူရင်း အင်္ဂလိပ်လို ကူးယူ မဖော်ပြလိုက်ရပါ။ ***

အဟောင်းများ



လေးစားစွာဖြင့်
ကိုဇော် စုစည်းတင်ပြသည်။

.

Share/Bookmark

12 ယောက် ရဲ့ ထင်မြင်ချက်:

ခိုင်နုငယ် said...

အာဟာရတွေအရောက်“
လာလို့မြည်းသွားတယ်။
ဂွတ်..

Anonymous said...

ကိုယ်ကျင့်တရားဆိုတာတော်က်ပသန်ရှင်းရမည်
ဆိုတဲ့ အဆိုလေးကိုသဘောကျမိတယ်၊ ကိုယ့်ကျင့်တရားကိုအရောင်မဆိုးမိတာအကောင်းဆုံးပါ၊
ကိုယ့်လုပ်ရပ်မှန်ကန်ဖို့ အရင်သေချာအောင်လုပ် ပြီးရင်တော့ဆက်တာလုပ်ဆိုတာကတော့ သေချာမှအရာရာကိုဆက်လုပ်ခိုင်းတာဆိုတော့
ညီမလေးရဲ့ ခံယူချက်နဲ့ တူတယ်
ကျေးဇူးကိုဇော်နောက်ထပ်စုဆောင်းပေးပါအုံး

thadarhline said...

ခုလိုစုဆောင်းပေးတာကျေးဇူးပါ...။
အသိတရားလေးတွေတိုးလာရတာပေါ့..။

ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

လာရောက်မြည်းစမ်းသွားပါတယ်

ဖိုးသား said...

အဟာရမှတ်စုလေးတွေစုသွားပါတယ်အစ်ကို။ကျွှန်တော်တို့လိုလူငယ်တွေအတွက်တကယ်မှတ်သားထိုက်ပါတယ်(ဖိုးသား)

ကိုကိုးအိမ်(မန္တလေး) said...

ကိုဇော်ရေ ကိုဇော့်ဆီရောက်ရင် အားတွေပြည့်ပြည့်သွားသလိုပဲ နောက်နေ့လည်း ချာဂျင် လာသွင်းမယ်နော့

ခင်လျှက်
ကိုကိုးအိမ်

မောင်သီဟ said...

အားကုန်ရင် ပျားအုံတုတ်နဲ့ထိုး အဲ
း) ကိုဇော်ဆီမှာ အားတွေလာလာယူအုံးမှာ နောက်လည်း ကျွန်တော်အမြဲအားပြတ်နေတတ်လို့
၇၄ ကိုသဘောကျဆုံးပဲး)

မြတ်မွန် said...

အဟာရ စားပြီး
အိမ်ပြန်အိပ်လိုက်ပါအုံးမယ် ဦးဇော်ကြီး

sosegado said...

ဖတ်ရတာ စုံပါတယ်၊ ဆင်းရဲပြီး အမှီအခိုကင်းဘို့ဆိုတာ……

ပေါ့ဆိမ့် said...

ဟုတ်ပါ့ ဗျာ ...
လူအချင်းချင်း လူမဆန်ကြလို့ မရေတွက်နိုင်အောင် ကြေကွဲခဲ့ ကြတာ ဒုနဲ့ ဒေး ..

Unknown said...

အာဟာရတွေ ဖြည့်တင်းသွားပါတယ် အစ်ကို။

နေ၀သန် said...

အဟာရကတော့ အဟာရပါပဲ... ကောင်းတယ်ဆိုတာကတော့ ကိုယ်တိုင်မြည်းစားကြည့်မှ ကောင်းမှာပါ.... မလုပ်ကြည့်ရသေးလို့ ကောင်းတယ်လို့ မပြောခဲ့တော့ဘူး ကိုဇော်ရေ...


ခင်မင်တဲ့
နေ၀သန်