မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


06 July 2010

33 အမွှေးတိုင်များ



ဆရာတစ်ယောက်ရဲ့ အယူအဆ အတွေးလေး တစ်ခုကို နားထောင်ပြီးတဲ့ နောက်မှာ ကျွန်တော်နဲ့ သူငယ်ချင်း တစ်ယောက်ဟာ ဆရာ့ အယူအဆအတိုင်း လက်ခံကျင့်သုံးမိခဲ့ပါသည်။ 

ဆရာ့ရဲ့ အယူအဆလို့ ကြီးကြီးကျယ်ကျယ် ပြောပေမဲ့လည်း တကယ်တော့ လူတစ်ယောက်ရဲ့ လွတ်လပ်သော အတွေးအမြင်လေး တစ်ခုပဲ ဖြစ်ပါသည်။ ထူးထူးဆန်းဆန်းကြီး မဟုတ်ပေမဲ့လည်း တော်ရုံလူတွေ သတိမထားမိတဲ့ ကိစ္စ တစ်ခုကြောင့် ထူးထူးခြားခြားလေး ဖြစ်သွားရတာပါ။ အဲဒီနေ့က ကျွန်တော်တို့ ဆရာနဲ့ အတူတူ ရွှေတိဂုံ စေတီတော်ပေါ်ကို ရောက်နေခဲ့ပါသည်။ များပြားလှတဲ့ လူစီးကြောင်းထဲ ကျွန်တော်တို့ ရောဝင်မွှေနှောက်ပြီး အလိုက်သင့် မျှောပါသွားပါသည်။ စေတီတော်ကို တစ်ပတ် ပတ်မိပြီး ၊ အချိန်အနည်းငယ်ကြာတော့ ဆရာက . . . 

“ တစ်နေရာရာမှာ ထိုင်ကြရအောင်ကွာ။ ”

ဆိုပြီး အစပြု အဆိုတင်သွင်းကာ တန်ဆောင်းတစ်ခုအောက်ကို သူကိုယ်တိုင် ဦးဆောင် ဝင်ရောက်သွားပါတော့သည်။ ဆရာက ရှေ့က ဝင်ပြီး ကျွန်တော်တို့က နောက်က လိုက်ကာ တစ်နေရာမှာ ထိုင်ရင်း ခေတ်အကြောင်း ၊ သမိုင်းအကြောင်း ၊ စကားလုံးတွေ အကြောင်း ၊ စာပေတွေ အကြောင်း ၊ လူတွေရဲ့ စိတ်တွေ အကြောင်းကို ဆရာက ပြောပြနေရင်း ရုတ်တရက် ရပ်သွားကာ ဆရာက အဝေးတစ်နေရာကို ငေးပါသည်။ ပြီးတော့မှ ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်ပြီး ပထမ သူငေးနေရာ နေရာကို လက်ညှိုးထိုးပြရင်း . . .

“ ဟိုးမှာ အမွှေးတိုင် ၊ ဖယောင်းတိုင် ထွန်းနေကြတဲ့ လူတွေကို တွေ့လား။ ”

ဆရာ လက်ညှိုးညွှန်ပြရာ  မဝေးလှတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ရင်ပြင်တော်ပေါ်မှာ အများသူငါတွေ ဘုရားရှိခိုးရင်း လူတွေ ပူဇော်ထားကြသော အမွှေးတိုင် ၊ ဖယောင်းတိုင်များ တင်ထွန်းရာ နေရာကို မြင်လိုက်ရသည်။ စေတီတော်ရဲ့ ပြန့်ကျယ်တဲ့ နေရာကြောင့် ရင်ပြင်တော်မှာ အချိန်တိုင်း လေတွေက တဟူးဟူးနဲ့ တိုက်ခတ်နေစဲပါပဲ။ အခုလည်း လေတိုးနေလို့ ယိမ်းထိုးနေကြတဲ့ ဖယောင်းတိုင်မီးတွေနဲ့ လေတိုက်လို့ ခပ်သုတ်သုတ် အငွေ့ပျံလွယ်နေကြတဲ့ အမွှေးတိုင်များကို တွေ့လိုက်ရသည်။ 

“ ဘုရားကို ပူဇော်တာတော့ ပူဇော်တာပေါ့ကွာ။ ဒါပေမဲ့ ဒီလို ဘုရားကို ဖယောင်းတိုင် ၊ အမွှေးတိုင်နဲ့ ပူဇော်တဲ့ လူတွေထဲမှာတောင်မှ လူအမျိုးအစားက များစွာ ရှိနေကြတယ်။ 

၁။ တချို့က ဘုရားလာတယ် ၊ ရှိခိုးတယ် ၊ ပူဇော်စရာ ဆိုတဲ့ ဖယောင်းတိုင် ၊ အမွှေးတိုင်တွေကို ထုတ်ပူဇော်ပြီး ဦးသုံးကြိမ်ချ ထွက်သွားလိုက်တာ ပူဇော်ထားတဲ့ ဖယောင်းတိုင်နဲ့ အမွှေးတိုင်ကို ပြန်တောင်မှ လှည့်မကြည့်ဖြစ်တော့ဘူး။ 

၂။ တချို့ကျတော့ ဘုရားရှိခိုးဖို့ ဖယောင်းတိုင် ၊ အမွှေးတိုင်တွေကို ထွန်းပြီး ကျကျနနကို ပုတီးစိပ်ပြီး ဘုရားရှိခိုးတယ် ၊ ပြီးတော့ အမျှ အတန်းဝေပြီး သူတို့ ပူဇော်ထားတဲ့ ဖယောင်းတိုင် နဲ့ အမွှေးတိုင် လေတိုးလို့ ငြိမ်းနေရင် မီးထပ်ညှိပြီး ထွက်သွားကြတယ်။ 

၃။ တချို့ကျတော့ ဘုရားရှိခိုး ၊ ပုတီးစိပ် ၊ အမျှအတန်းဝေပြီးတော့ သူတို့ ပူဇော်ထားတဲ့ ဖယောင်းတိုင် နဲ့ အမွှေးတိုင် လေတိုးလို့ ငြိမ်းနေရင် မီးထပ်ညှိပြီး ထွက်မသွားကြဘူး။ သူတို့ ပူဇော်ထားတဲ့ ဖယောင်းတိုင် နဲ့ အမွှေးတိုင် မကုန်မချင်း ထိုင်စောင့်ပြီးမှ ထွက်သွားကြတယ်။

၎။ တချို့ကျတော့လည်း ဘုရား လာရှိခိုးတာ မဟုတ်ဘူး။ သူတို့ ကောင်းကျိုးအတွက် ဘယ်ဟာတွေက ဘယ်လို ရနိုင်တယ် ဆိုပြီး ဒါကိုရည်ရွယ်ကာ ယတြာ လာချေယုံမျှပဲ။ ဒါကြောင့် ယတြာချေခိုင်းသူရဲ့ ပြောကြားချက် အတိုင်း ဖယောင်းတိုင် ၊ အမွှေးတိုင်တွေကို ထွန်းပြီးရင် ဘုရားကိုတောင်မှ ရှိခိုးရမယ် ဆိုတာကို မေ့ပြီး တစ်ခါတည်း ထွက်သွားလိုက်တာ နောက်ကို ပြန်တောင်မှ မလှည့်ကြည့်ဖြစ်တော့ဘူး။

ဒီလို လူတွေဆိုပြီး လောကမှာ အမျိုးမျိုးရှိတယ်။ ဒီလို အမျိုးမျိုး ရှိသလိုပဲ သူတို့ရဲ့ ဘဝအောင်မြင်ရေးနဲ့ အလုပ်လုပ်ကိုင်ပုံတွေကလည်း ကွဲပြားကြတယ်။ နံပါတ် ၃ အမျိုးအစားတွေကတော့ သူတို့ဘာပဲ လုပ်လုပ် တိတိကျကျ သေသေချာချာ လုပ်တတ်ကြတယ်။ နောက်ဆုံး ဖယောင်းတိုင် ၊ အမွှေးတိုင်မီးကြောင့် ဆိုပြီး မတော်တဆ မီးလောင်မှုတွေလည်း မဖြစ်တော့ဘူး။ သူတို့ရဲ့ အလှူကလည်း ပြီးဆုံးသည် အထိ ပြီးမြောက်ကြတယ်။ ကျန်နေတဲ့ နံပါတ်စဉ်တွေက တချို့တွေကျတော့ ဘာပဲ လုပ်လုပ် လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားလေ့ရှိတယ်။ 

ဒါ ဆရာမြင်မိတဲ့ ဘုရားမှာ ဖယောင်းတိုင် ၊ အမွှေးတိုင် ထွန်းသူများရဲ့ စိတ်သဘောထားနဲ့ လူတွေရဲ့ အကျင့်စရိုက် ၊ ဓလေ့လို့ ပြောလို့ရပါတယ်။ ဒါကို ကြည့်ပြီး ဆင်ခြင်တတ်ရင် အလုပ်တစ်ခုလုပ်ရင် ပြီးမြောက်အောင် လုပ်တတ်မှု ဆိုတဲ့ အလေ့အကျင့်လေးကို မွေးမြူတတ်လာမယ်။ အခုတော့ လာကွာ ၊ သူများတွေ လုပ်ထားတဲ့ ကုသိုလ်တွေ လေတိုက်လို့ တစ်ဝက် တစ်ပျက်မှာ ရပ်ကုန်ပြီ ၊ ဆရာတို့ တတ်နိုင်သလောက် ပါလာတဲ့ မီးခြစ်လေးနဲ့ ဆက်ထွန်းပြီး ကုသိုလ်ဆက်လိုက်ကြရအောင် . . ”

ဆရာက ပြောလည်း ပြော ၊ ထလည်း ထွက်သွားပါတော့သည်။ ဆရာက ရှေ့က ဦးဆောင်ပြီး သူများတွေ ထွန်းပြီး ထွက်သွားတဲ့ အခါမှာ လေတိုးလို့ ငြိမ်းသွားတဲ့ ဖယောင်းတိုင် ၊ အမွှေးတိုင်များကို မီးခြစ် တစ်ယောက် တစ်လုံးစီနဲ့ ကျွန်တော်တို့ ဆက်လက် ကုသိုလ်ဆက်ဖြည့်ခဲ့ပါသည်။ တကယ်လို့ နေမကောင်းသူ တစ်ယောက်အတွက် ယတြာ ချေရင်း ထွန်းထားခဲ့တဲ့ ဖယောင်းတိုင် ၊ အမွှေးတိုင် ဆိုရင်လည်း အခုလို တဝက်တပျက်မှာ ဆိုတော့ နေမကောင်းသူကလည်း အပြည့်အဝ ဘယ်ပြန်ကောင်း လာနိုင်ပါ့မလဲ။ ကံကောင်းချင်လို့ ယတြာ ချေသူဆိုရင်လည်း သူ ဘယ်လိုလုပ် အပြည့်အဝ ကံကောင်းလာနိုင်ပါ့မလဲ။ ဘာပဲ ဖြစ်ဖြစ် သူတို့ မပြီးပြတ်ခဲ့တဲ့ ကိစ္စကို ကျွန်တော်တို့ ကုသိုလ်ဆက် ဖြစ်ခဲ့ပါသည်။

အဲဒီနေ့က စပြီး ဆရာ့ရဲ့ အယူအဆလေးကို သဘောကျ နှစ်သက်မိသောကြောင့် ဆေးလိပ် မသောက်တတ်တဲ့ ကျွန်တော့်မှာ မီးခြစ်တစ်လုံး အမြဲတမ်း အသင့်ဆောင်ထားတတ်ပါသည်။ ဆေးလိပ် မသောက်ဘဲနဲ့ ဆေးလိပ်သောက်တတ်တဲ့ သူတွေကတောင်မှ မီးခြစ်မပါလာရင် ကျွန်တော့်ဆီက တောင်းရင်း “ သူ့ ဆီမှာ မီးခြစ် အမြဲတမ်းပါတယ် ” ဆိုပြီး သူငယ်ချင်းတွေ စနောက်ကြသည်။ “ ဘာလို့ မီးခြစ် ဆောင်ထားတာလဲ ” လို့ သူတို့ မေးခဲ့ဖူးပါသည်။ “ မင်းတို့ လိုရင် ပေးလို့ ရအောင်ပေါ့။ ” လို့ ယောင်ဝါးဝါးပဲ ပြန်ဖြေပြီး ဘယ်သူ့ကိုမှ တိတိကျကျ ပြန်မဖြေခဲ့ဖူးပါ။ အခုကတော့ ပထမဦးဆုံး ပြောပြမိခြင်းပါပဲ။

ဆရာ ရှင်းပြခဲ့တဲ့ ဖယောင်းတိုင် နဲ့ အမွှေးတိုင် ပူဇော်သူများ သဘောတရားလေးကို ကျွန်တော် ပထမဦးစွာ ကြားဖူးခဲ့တာ ဖြစ်ပေမဲ့ နောက်တော့ ဒေဝူး ဥက္ကဌ ကင်ဝူချွန်း ရေးတဲ့ “ လမ်းတိုင်းကို ရွှေခင်းထားတယ်။ ” စာအုပ်မှာ ကျတော့ သူက သူ့ရဲ့ စီးပွားရေး အမြင်တစ်ခုကို ချပြထားပါသည်။

“ ကျွန်တော်တို့ ကုမ္ပဏီက ပစ္စည်းပို့မယ် ဆိုရင် သူများတွေလို သင်္ဘောနဲ့ ပို့သလိုပါပဲ ၊ ပို့မဲ့ ပစ္စည်း ဆိပ်ကမ်းရောက်သွားတာနဲ့ ပြန်လှည့်လာတဲ့ လူစားမျိုး ကျွန်တော် မလုပ်ဘူး။ တချို့ကျတော့လည်း ဆိပ်ကမ်းအထိလည်း ရောက်တယ် ၊ သင်္ဘောပေါ်တင်အပြီးလည်း စောင့်တယ်။ သင်္ဘောပေါ် ရောက်ပြီဆိုတော့မှ သူတို့က ပြန်သွားကြတယ်။ ဒီတော့ သူတို့ထက် ဈေးပိုပေး ဒါမှမဟုတ် လာဘ်ထိုးပြီးတော့ သူတို့ပစ္စည်းကို အချက်တစ်ခုခုနဲ့ မကိုက်ညီဘူးဆိုပြီး ပြန်ချကာ သူများပစ္စည်းကို တင်ပြီး သင်္ဘောက ထွက်သွားတတ်ကြတယ်။ 

ကျွန်တော်တို့ကတော့ ကျွန်တော်တို့ ပို့မဲ့ ပစ္စည်းကို ဆိပ်ကမ်းကို ရောက်တယ်။ သင်္ဘောပေါ်တင်တယ် ၊ ပြီးတော့ သင်္ဘောထွက်သွားလို့ မိုးကုတ်စက်ဝိုင်းကနေ ပျောက်သွားတော့မှ ကျွန်တော်တို့ သင်္ဘာ ဆိပ်ကမ်းကနေ ခွာပြီး ပြန်လာခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပစ္စည်းက သတ်မှတ်ချိန် မမှီဘဲ ရောက်သွားတယ် ၊ သတ်မှတ်ချိန်ထက် ကျော်လွန်ပြီးမှ ရောက်သွားတယ် ဆိုပြီး မရှိတော့တာပါပဲ။ ”

ဒီစာလေးကို ကျွန်တော် ဖတ်ရတော့ ကျွန်တော့်ဆရာ ပြောပြခဲ့တဲ့ ဖယောင်းတိုင် ၊ အမွှေးတိုင် ထွန်းသူများရဲ့ စိတ်ဓါတ်နဲ့ အောင်မြင်ရေး အကြောင်းကို သွားပြီး ကျွန်တော် မြင်မိသည်။ ကျွန်တော် ငယ်ငယ် ဆရာပြောပြတုန်းက ဒီလို သဘောမပေါက်ခဲ့မိတာကိုလည်း ပြန်တွေးမိသည်။ ဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ် ကိုယ်လုပ်တဲ့ အလုပ်ကို အဆုံးတိုင် ပြီးမြောက်အောင် လုပ်မိဖို့ ၊ လုပ်တတ်ဖို့ လိုတယ် ဆိုတာကိုလည်း စဉ်းစားမိသည်။ ဖယောင်းတိုင် ၊ အမွှေးတိုင် ၊ သင်္ဘော  ၊ ကွန်တိန်နာ ၊ ပို့ရန်ပစ္စည်း ဒါတွေကို မြင်တိုင်း အလုပ်ပြီးမြောက်ခြင်းနဲ့ တွဲပြီး သိပ်သိပ်သည်းသည်း ခံစားခဲ့ရသည်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ 

ဒီလို ကျွန်တော့်ရဲ့ ခံစားမှု နှစ်ကာလ ရှည်ကာနေပြီး တစ်ရက်မှာတော့ ကျွန်တော့်အတွက် အတွေးလေး တစ်ခု ထပ်ရခဲ့ပြန်ပါသည်။ ဒီအတွေးလေးကတော့ အမွှေးတိုင် အပြတ်လေး တစ်ခုမှ စတင်ခဲ့သည်။

ကျွန်တော့်အလုပ်မှ သူဌေးက တရုတ် သူဌေး ဖြစ်တဲ့ အတွက် သူတို့က တရုတ်တွေရဲ့ ထုံးစံအရ အလုပ်ထဲမှာ ခပ်ရွယ်ရွယ်မျှ ကြီးသော နတ်ကျောင်းကွန်းကို ဆောက်လုပ်ထားပြီး မနက် ၊ နေ့လည် ၊ ညနေ အချိန်တိုင်း ဆီမီးကို ထွန်းထားလေ့ ရှိပါသည်။ ဒီနေရာမှာ မနေတတ်သော ကျွန်တော်ကလည်း ဘုရားကို ရည်ရွယ်ပြီး ထွန်းဖို့ လုပ်ထားတဲ့ နေရာမှာ မနက် ၊ ညနေ ဆိုရင် အမွှေးတိုင်ကို ထွန်းကာ ပူဇော်တတ်ပါသည်။ ပြီးတော့ တရုတ်နတ်ကွန်းမှာလည်း အမွှေးတိုင် သုံးတိုင်ကို ထွန်းကာ ပူဇော် ပါသည်။

ဒီနေရာမှာ ကျွန်တော် နည်းနည်းလောက် ပြောပြချင်ပါသည်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ နတ်ကို မကိုးကွယ်ရဘူး ဆိုပြီး ပြောဆိုနေကြတာပါ။ ဒါက တကယ်ကို အမှန်ပါ။ ဒါဆို ကျွန်တော်က ဘာလို့ တရုတ်နတ်ကွန်းကို အမွှေးတိုင်တွေ ထွန်း ၊ ဖယောင်းတိုင်တွေ ထွန်းနေတာလဲ လို့ မေးစရာ ရှိပါသည်။ ကျွန်တော် အနည်းငယ်တော့ ရှင်းပြပါ့မယ်။ ( များများတော့ မရှင်းပြချင်ပါ။ )

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိနေသော မြန်မာလူမျိုး ( ဗုဒ္ဓဘာသာ အပါအဝင် ) တွေရဲ့ အယူအဆ နဲ့ စွဲလမ်းမှုဟာ တစ်ခုခုကို ယုံကြည်မိပြီ ဆိုရင် တစစ ဖျောက်ဖျက်ပစ်ဖို့ ဆိုတာ အလွန်ကို ခက်လှပါသည်။ ဒါကြောင့် “ ဆေးမီးတို ကုထုံး ” လို့ ခေါ်ရမဲ့ တစ်ခါတည်း တိုက်ရိုက် ပြောလိုက်တဲ့ နည်းနဲ့သာ အကောင်းဆုံးမို့ “ ဘုရားက လွဲပြီး ကျန်တာ ဘာမှ မရှိခိုးနဲ့။ ” ဆိုပြီး ပြောလိုက်တာပါ။ ဒါနဲ့ ပတ်သတ်ပြီး ကျွန်တော်က နည်းနည်းလေးတော့ ခွဲပြီး ပြောကြည့်ပါ့မယ်။ “ ဘုရားမှ တစ်ပါး ကိုးကွယ်ရာ မရှိ။ ” လို့ ဆိုပါသည်။ ဟုတ်ပါတယ်။ ဒါကို ကျွန်တော် အပြည့်အဝ ထောက်ခံပါသည်။ ဘုရားမှ တစ်ပါး ကိုးကွယ်ရာ မရှိပါ။ ဒါကြောင့် ကျွန်တော် ဘုရားမှ လွဲပြီး ကျန်တာတွေကို မကိုးကွယ်ပါ။

သို့သော် နတ်များ နှင့် တခြားသော ပုဂ္ဂိုလ်များကို မရှိခိုးရဘူး ဆိုတာကတော့ မဟုတ်ပါ။ ကျွန်တော် ရှိခိုးမိတယ် ဆိုရင် ဒါဟာ “ ကိုးကွယ်တာ ” မဟုတ်ပါ ၊ “ ပူဇော် ယုံမျှသာ ” ဖြစ်ပါသည်။ တကယ်လို့ ရှိခိုးတိုင်းသာ ကိုးကွယ်တယ် လို့ ဆိုမယ် ဆိုရင် ကျွန်တော်တို့မှာ ကိုယ့်ရဲ့ မိဘကိုတောင်မှ ရှိခိုးပိုင်ခွင့် ၊ ကိုယ့်ဆရာ ဆရာမများကို ပူဇော်ကာ ရှိခိုးပိုင်ခွင့် ၊ သက်ကြီးရွယ်အိုများကို ပူဇော်ကာ ရှိခိုးပိုင်ခွင့်များပါ ရှိတော့မည် မဟုတ်။ တကယ်တော့ ဘုရားမှ တစ်ပါး ကျွန်တော် ရှိခိုးနေတာတွေက ကိုယ်ထက်ကြီးသူ တစ်ယောက်ကို အမွှေးနံ့သာ နဲ့ ပူဇော် ယုံမျှပဲ ဖြစ်ပါသည်။ 

တကယ်လို့ လက်အုပ်ချီတိုင်းသာ ကိုးကွယ်တယ် ဆိုပြီး ယူဆထားသူများ အဖို့တော့ ကိုယ့်ရဲ့မိဘကို ရှိခိုးပိုင်ခွင့် ၊ အာစရိယ ပူဇော်ပွဲတွေမှာ လက်အုပ်ချီပြီး ရှိခိုးပိုင်ခွင့် ၊ သက်ကြီးပူဇော်ပွဲများမှာ လက်အုပ်မချီပဲ ငုတ်တုပ်ထိုင်နေယုံသာ ရှိပါတော့သည်။ တကယ်တော့ လူတွေ အားလုံးက ဘုရားမှ တစ်ပါး ကိုးကွယ်ရာ မရှိဆိုတာကို နားလည်မှု လွဲကာ ဘုရားမှ လွဲပြီး ကျန်တာ မရှိခိုးနဲ့ ဆိုသလို ဖြစ်ကုန်ပါတော့သည်။ ဒီလို လူတွေကို ကျွန်တော်ကတော့ “ ကိုးကွယ်မှု ” နဲ့ “ ပူဇော်မှု ” ကို မကွဲသော သူများလို့ပဲ သတ်မှတ်ပါသည်။ ( ကိုယ့်ဖာသာပဲ သတ်မှတ်ပါတယ်။ ဘယ်သူ့ကိုမှတော့ မပြောချင်ပါ။ )

ဒီလို ရှင်းကာ ပြောလို့ ကျွန်တော့်ကို အထင်မမှားစေလိုပါ။ ( ကျွန်တော် နတ်လုံးဝ မကိုးကွယ်ပါ။ ) ကျွန်တော်က ဘုရားမှ တစ်ပါး ကျန်တာတွေ ဘယ်အရာကိုမှ “ မကိုးကွယ်ပါ။ ” သို့သော် မိမိထက် အသက်အရွယ် ၊ ဝါ ၊ အတွေ့အကြုံ ၊ ပညာ ရင်သန့်သူများကိုတော့ ကျွန်တော် ဦးညွှတ် ရိုကျိုးသော အားဖြင့် သူတို့ကို ဂါရဝပြုကာ ရိုသေလေးစားမိပါသည်။ ၃၈ ဖြာ မင်္ဂလာ တရားတော် ထဲမှာလည်း “ ပူဇော်ထိုက်သူကို ပူဇော် ခြင်းက မင်္ဂလာမည်၏။ ” လို့ ဆိုထားသောကြောင့် ကျွန်တော် ကိုယ့်ထက် ကြီးသူများကို ဂါရဝပြုပြီး ပူဇော်တာ မှားတယ်လို့ ကျွန်တော် မထင်မိရိုး အမှန်ပါပဲ။

အခု အလုပ်က တရုတ် နတ်ကျောင်းဆောင်မှာ အမွှေးတိုင်လေး ၅ တိုင်ကို ယူကာ ကျွန်တော် ဗုဒ္ဓမြတ်စွာ ဘုရားကို ရည်မျှော်ကာ အာရုံပြုပြီး ပူဇော်သမှုကို ပြုကာ ဘုရားအတွက် အမွှေးတိုင်ထွန်းရန် နေရာလေးမှာ အမွှေးတိုင်လေးကို စိုက်ထွန်းလိုက်ပါသည်။ ပြီးရင်တော့ နောက်ထပ် အမွှေးတိုင် ၃ ချောင်းကို ယူကာ မီးညှိ၍ နတ်ကွန်းထဲမှ ဘယ်နတ်မှန်း မသိသော်လည်း သူ့ကို ရည်ရွယ်ကာ ကျွန်တော့် ကိုယ့်ထက် အသက်အရွယ် ၊ ဝါ ၊ အတွေ့အကြုံ စတာတွေကို ပူဇော်ကာ သူ့အတွက် ထွန်းပေးလိုက်ပါသည်။ ဒါကတော့ ကျွန်တော့်ရဲ့ မနက်တစ်ခါ ၊ ညနေ တစ်ခါ လုပ်နေကြ ကုသိုလ်လို့လည်း ပြောလို့ရပါသည်။ သေချာတာကတော့ ကျွန်တော် “ ကိုးကွယ်မှု ” နဲ့ “ ပူဇော်မှု ” ကို ကျွန်တော် ရှင်းရှင်း လင်းလင်း ကွဲပြားပါသည်။

ဒီလို နေ့စဉ် ကျွန်တော် ဘုရားကို ကိုးကွယ်ပူဇော်သော အမွှေးတိုင် နဲ့ နတ်ကို ပူဇော်သော အမွှေးတိုင်များကို သူတို့ရဲ့ ဆိုင်ရာ အမွှေးတိုင်ထွန်းရန် နေရာလေးမှာ စိုက်ထူကာ ထွန်းပါသည်။ ဒီနေရာမှာ တစ်ခု ထူးခြားတာကတော့ ဘုရားအတွက် အမွှေးတိုင်ထွန်းရန် နေရာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဘုရားစင်တွေမှာ အမွှေးတိုင်ထွန်းဖို့ လုပ်ပေးထားတဲ့ ပန်းအိုးလေးလိုထဲကို စိုက်ထူပြီး ထွန်းရတာပါ။  သူ့အထဲမှာ ဘာမှ မရှိပါ။ ဒီအတိုင်းသာ စိုက်ထူ ထွန်းရပါသည်။ ဒီတော့ အမွှေးတိုင်များက သူ့ဖာသာ အရင်းတွေက တစ်နေရာတည်းမှာ စုနေပြီး အဖျားတွေကတော့ သူတို့ဖာသာ သဘာဝအရ တစ်ခုနဲ့ တစ်ခု ကွဲကွဲပြားပြား ခြားခြားနားနား တည်ရှိနေပါသည်။ ဒါကြောင့် ဘာမှလည်း ထူးထူးထွေထွေ ကိစ္စ မရှိပါ။ အမွှေးတိုင်တွေ စိုက်ထွန်းရာ ပန်းအိုးလေးထဲမှာ အမွှေးတိုင်ရိုးများ များပြားလာရင်တော့ ထုတ်ပြီး ရှင်းပေးလိုက်ရတာပါပဲ။ 

နတ်ကွန်းမှာတော့ နတ်အတွက် ထွန်းတဲ့ အမွှေးတိုင်အိုးက ပန်းအိုးလို မဟုတ်ဘဲ ၊ သူက အမွှေးတိုင် စိုက်ထွန်းဖို့ သီးသန့် လုပ်ပေးထားတဲ့ အိုးတစ်မျိုးပဲ ဖြစ်ပါသည်။ အိုးရဲ့ အဝက ကျယ်တော့ ဒီမှာ အမွှေးတိုင်ကို ထောင်ထောင် မတ်မတ် ရှိစေဖို့ အတွက် သူတို့ အိုးထဲကို သဲပြည့်ပြည့်ထည့်ထားရပါသည်။ ဒါမှသဲထဲမှာ အမွှေးတိုင်ကို စိုက်ထူကာ ထွန်းညှိပူဇော်လို့ပါသည်။ အမွှေးတိုင်ကို လောင်ကျွမ်းပြီး ကျလာတဲ့ ပြာများက ကြာရှည်လာတော့ အိုးထဲမှာ ပြန်လည် ပြည့်လာပြီး အိုးတစ်ခုလုံးကို ပြာတွေပဲ ထည့်ထားသလို ဖြစ်နေတတ်ပါသည်။ 


တစ်နေ့တော့ ကျွန်တော် ဘုရား အတွက် အမွှေးတိုင်နဲ့ ထွန်းညှိ ပူဇော်ကိုးကွယ်ပြီး နတ်ကွန်း အတွက် အမွှေးတိုင် ထွန်းညှိဖို့ အတွက် အမွှေးတိုင်ကို မီးညှိကာ ပူဇော်မဲ့ အိုးကို ကြည့်လိုက်တော့ အိုးဘေးနားမှာ ထူးဆန်းတာတွေကို သတိထားမိပြီး မြင်လိုက်ရသည်။ အရင် အခါတွေတုန်းက ကျွန်တော်ပဲ သတိမထားမိတာလား ၊ တစ်ခါမှ ကျွန်တော်နဲ့ မကြုံတာလား  ကျွန်တော် သေချာ မသိပါ။ အခုတော့ အမွှေးတိုင်ထွန်းဖို့ အမွှေးတိုင်အိုးဘေးမှာတော့ မကုန်သေးဘဲ အပေါ်လောင် ၊ အောက်ခြေကပါ လောင်ပြီး ပြတ်ကျနေသော အမွှေးတိုင်ပြတ် သုံးခုကို ကျွန်တော် တွေ့လိုက်ရသည်။ 

ပြတ်ကျနေသော အမွှေးတိုင်ပြတ်များကို ကျွန်တော် ယူကြည့်ပြီး ဘယ်လိုဖြစ်ကာ ဒီအမွှေးတိုင်တွေ ပြတ်ကျရတာလဲ ဆိုတာကို ကျွန်တော် မစဉ်းစားတတ်။ အမွှေးတိုင် ဆိုတာ အထက်ကို မီးညှိလိုက်သည် ၊ အထက်မှ မီးတွေက တငွေ့ငွေ့နဲ့ သူ့ဖာသာ အောက်ဘက်သို့ လောင်ကျွမ်းသွားယုံမျှသာ ၊ ဒီလိုပဲ ကျွန်တော် သိခဲ့သည်။ အခုတော့ အိုးဘေးနားမှာ ပြတ်ကျနေတဲ့ အမွှေးတိုင်တိုများကတော့ အထက်ရော အောက်ပါ မီးသင့်ခံထားခဲ့ရသည်။ ဘာကြောင့်လဲ ဆိုတာကို ကျွန်တော် မတွေးတာမိခင်မှာ လက်ထဲက မီးညှိထားသော အမွှေးတိုင်တွေကို အိုးထဲကို စိုက်ထွန်းလိုက်သည်။ ဒီအချိန် အိုးထဲမှာ ရှိနေတာက မီးသင့်ခံထားရပြီးသော အမွှေးတိုင် ငုတ်တိုများသာ။

ဘာကြောင့် အမွှေးတိုင်တွေ မီးနှစ်ဘက် သင့်ရတာလဲ ဆိုတာကို ကျွန်တော် စဉ်းစားမရနိုင်ဘဲ သုံးရက်လောက် ဒီကိစ္စကိုပဲ ဦးနှောက်ထဲ ရောက်နေပြီး တစ်နေ့တော့ ကျွန်တော် ထုံးစံ အတိုင်း ဘုရားကို အမွှေးတိုင် ပူဇော်ပြီး နတ်ကွန်းထဲကို အမွှေးတိုင် ပူဇော်ဖို့ လက်အလှမ်းလိုက်မှာ အမွှေးတိုင်ထွန်းသော အိုးထဲမှ အမွှေးတိုင် တစ်ချောင်းက သူ့ဖာသာ အလိုလို အိုးဘေးသို့ ပြုတ်ကျလာခဲ့သည်။ အမွှေးတိုင်စိုက်ဖို့ ကျွန်တော့် လက်တွေ ရုတ်တရက်တန့်သွားပြီး ပြတ်ကျလာတဲ့ အမွှေးတိုင်လေးကို ကောက်ယူကြည့်လိုက်တော့ အမွှေးတိုင်လေးက အပေါ်ရော ၊ အောက်ပါ မီးသင့်ခံထားရသည်။ တငွေ့ငွေ့ လောင်နေဆဲ။

ဘာလို့ ဒီလို နှစ်ဘက်လုံး မီးသင့်ရတာလဲ။ ဘယ်သူကမှတော့ အမွှေးတိုင်ထွန်းရင် နှစ်ဘက်လုံး မီး စညှိ မထွန်းလောက်ပါဘူး။ ဒါနဲ့ အမွှေးတိုင်ထွန်းတဲ့ အိုးထဲကို ကြည့်လိုက်တော့ အငွေ့ငွေ့ လောင်နေဆဲ အမွှေးတိုင်တိုတွေ နဲ့ အခုမှ အသစ်ထွန်းထားသော အမွှေးတိုင်ရှည်တွေက ရောပြီး လောင်ကျွမ်းလျှက် ရှိသည်။ သိချင်ဇော နဲ့ ကျွန်တော် ဆက်ကြည့်နေရင်းမှာပဲ လောင်ကျွမ်းကာ ကုန်ခါနီး ဖြစ်နေသော အမွှေးတိုင်တိုက အခုမှ စတင်လောင်ကျွမ်းလျက် ရှိသော အမွှေးတိုင်ရှည်ရဲ့ အောက်ခြေကို တမြေ့မြေ့ မီးမြှိုက်ကာ လောင်ကျွမ်းပစ်လိုက်လေတော့သည်။ နောက်ထပ် အမွှေးတိုင်တစ်ချောင်း အပေါ်က လောင် ၊ အောက်ခြေကလည်း လောင်ကျွမ်းလျက် အိုးအပြင်သို့ ကျလာလေတော့သည်။

ကျွန်တော် ဖြစ်ရပ်မှန်ကို သိလိုက်ရပါပြီ။ တကယ်တော့ အမွှေးတိုင်ထွန်းသူတွေက လက်ကျန်လောင်ကျွမ်းနေသော အမွှေးတိုင်တိုကို သတိမထားမိပဲ ၊ အချိန်တန်ရင် ကုန်သွားမှာပဲ ဆိုတဲ့ အတွေးနဲ့ နောက်ထပ် ထပ်ညှိထားသော အမွှေးတိုင်ရှည်ကို လက်ကျန်လောင်နေသော အမွှေးတိုင်တိုနားမှာ ကပ်စိုက်ကာ ပူဇော် လိုက်မိတာပါပဲ။ ဒီတော့ အမွှေးတိုင်တို ဆိုတာ အထက်ကိုသာ လောင်ကျွမ်းလို့ မရတာ သူ့ကို လာထိနေတဲ့ အမွှေးတိုင်ရှည်ရဲ့ အောက်ခြေကိုတော့ သူက ကောင်းကောင်းကို ဒုက္ခပေးကာ လောင်ကျွမ်းလိုက်လို့ ရပါသည်။ ထိုအခါ အမွှေးတိုင်ရှည်မှာ သူ့ရဲ့ အပေါ်က မီးက သူများကို ဒုက္ခပေးလို့ မရပေမဲ့ ၊ အောက်ခြေက အမွှေးတိုင်တိုရဲ့ မီးကတော့ သူ့ကို ဒုက္ခပေးပြီး လောင်ကျွမ်းလိုက်လို့ အထက် အောက် ညှပ်လောင်ကျွမ်းသလို ဖြစ်ကာ အောက်ခြေမှ ပြတ်ကျရလေတော့သည်။

 ( ထိုကဲ့သိုပြတ်ကျနေသာပုံကို အပေါ်မှာ ကျွန်တော် ပြထားပါသည်။ အိုးထဲကိုတင် သူကတော့ ပြန်ကျနေတာ ဖြစ်သည်။ )

ဒီလို အမွှေးတိုင် ပြတ်ကျလေးတွေကို ကျွန်တော် တွေ့တိုင်း အတွေးလေး တစ်ခု ဝင်လာပါသည်။ လောကမှာ လူကြီး နဲ့  လူငယ် ဆိုတာ အမွှေးတိုင်တို နဲ့ အမွှေးတိုင်ရှည် တွေလိုပါပဲ။ လူငယ်တွေ ဆိုတာ သွက်လက် ထက်မြက်ကာ အထက်ကို တလူလူနဲ့ တတ်ကြွနေတတ်ကြပါသည်။ လူကြီးတွေ ဆိုတာကတော့ သူတို့မှာ ကိုယ်တွေ့တွေ ၊ အသိတရားတွေနဲ့ ပြည့်နေကြပါသည်။ ဘယ်အချိန်မှာ ဘယ်လိုလုပ်ရင် ဘာဖြစ်တတ်တယ် ဆိုတာ လူငယ်တွေမှာ နည်းပါးပြီး လူကြီးတွေမှာ ကြွယ်ဝကြပါသည်။ ဒါကို “ အတွေ့အကြုံ ” ဟု ဆိုကြသည်။ လူငယ်တွေ ဘယ်လောက်ပဲ တော်နေနေ ၊ တတ်နေနေ ၊ ထက်မြက်နေနေ လူကြီးတွေရဲ့ အတွေ့အကြုံကိုတော့ လိုက်မမှီနိုင်တာ အသေအချာပါပဲ။

ဒါကြောင့် လူငယ်တွေ အနေနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံတွေကို အလေးထားပြီး ပညာယူတတ်ရပါမယ်။ ဒီလို မဟုတ်ရင်ဘဲ လူကြီးတွေရဲ့ အတွေ့အကြုံကို လျစ်လျူရှုကာ ကိုယ့်ဖာသာကိုယ် ထင်ရာစိုင်းနေမယ် ဆိုရင်တော့ လူကြီးတွေ ဆိုတာ အမွှေးတိုင်တိုတွေ လိုပါပဲ။ ကိုယ့်ကို အောက်ခြေကနေ တငွေ့ငွေ့ လောင်ကျွမ်း သွားစေနိုင်ပါသည်။ ဘယ်အချိန်မှာ ဘယ်လို လုပ်လိုက်ရင် ဒီလူ တစ်ယောက် ဘယ်လို ပြဿနာတတ်သွားနိုင်တယ် ၊ ဘယ်လို ပြောလိုက်ရင် ဒုက္ခရောက်သွားနိုင်တယ် ၊ ဘယ်လို ချွန်တွန်း လုပ်ပေးလိုက်ရင် အမှုပွေသွားနိုင်တယ် ဆိုတာတွေကို သူတို့က သူတို့ရဲ့ ဘဝမှာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေ အရ သင်ပေးခဲ့လို့ များစွာ တတ်မြောက်နေပါပြီ။

ကိုယ်က ရိုးရိုးလျှောက်နေပေမဲ့ သူများတွေကို မမြင်နိုင်သော လှည့်ကွက်များနဲ့ ကျရှုံးသွားအောင် လုပ်နိုင်သူတွေက မိမိထက် အသက်အရွယ် ၊ ဝါ ၊ ပညာ ရင့်ကျက်သူများပါပဲ။ သူတို့က အမွှေးတိုင်တိုများလိုပဲလေ ၊ မိမိဖာသာ အပေါ်ကနေ တဖြေးဖြေးလောင်မယ် ဆိုတဲ့ စိတ်ကူးကို အောက်ခြေကနေ သူတို့က ပုန်းလျှိုးကွယ်လျှိုးနဲ့ လောင်ကျွမ်းကာ မိမိကိုယ် ပြတ်ကျစေနိုင်ပါသည်။ အတွေ့အကြုံ ဆိုတာ ဘာနဲ့မှ လဲလို့ မရတဲ့ အရာပါ။ ဒါကြောင့် ကိုယ့်ထက် ကြီးသူများနဲ့ ပေါင်းသင်းဆက်ဆံတဲ့ နေရာမှာ အရာရာ သတိထားပြီး ကိုယ်က ဘယ်လောက် တော်တော် ၊ တတ်တတ် သူတို့ရဲ့ အတွေ့အကြုံ ကို မေ့ထားလို့ မရပါဘူး။

အတိုဆုံး အနေနဲ့ ကျွန်တော် ပြောရရင်. . . . .

“ စီနီယာ ဆိုတာ ရယ်စရာ မဟုတ်ပါ။ ”


မှတ်ချက်။   ။ ကျွန်တော် တင်ခါနီးမှ မတင်တော့ဘဲ သိမ်းထားတယ် ဆိုတဲ့ ပို့စ် ၂၃ ပုဒ်မှ တစ်ပုဒ်ပါ။


လေးစားစွာဖြင့်
ကိုဇော်

ဖြည့်စွက်ချက်။   ။ ပို့စ်ကို တင်ပြီး ကျွန်တော် ကိစ္စရှိလို့ အပြင်သွားပါသည်။ မိုးချုပ်မှ ပြန်ရောက်ပါသည်။ ရောက်ရောက်ချင်း မေးလ်ထဲမှာ Comment 7 ခုဆိုကာ ဝင်နေပြီး blog Comment မှာ 2 Comments လို့ ပြနေကာ Comment Box နေရာမှာတော့ တစ်ခုမှ မတွေ့ပါ။ ကျွန်တော်လည်း လုံးဝ မဖျက်ပါ။ ဒါကြောင့် အခု မေးလ်ထဲမှ လက်ခံများကို ပြန်တင်လိုက်သောလည်း Refresh ပြန်လုပ်လိုက်ရင် ပြန်ပျောက်သွားပြန်ပါသည်။ ခဏနေ ပေါ်ချင်ရာတွေလည်း ပေါ်ချင် ပြန်ပေါ်လာပြန်ပါသည်။ ဘာဖြစ်မှန်း မသိသောကြောင့် Comment ရေးထားသူများကို အသိပေးရခြင်းပဲ ဖြစ်ပါသည်။

.

Share/Bookmark

33 ယောက် ရဲ့ ထင်မြင်ချက်:

ကိုရီး{ကိုကြီး} said...

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

ကိုရီး{ကိုကြီး} said...

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

Unknown said...

ကိုဇော်ရေ....
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါနဲ့အတူ အမွေးတိုင်များကို မှတ်သားသွားပါတယ် ....
အရမ်းလဲကောင်းပါတယ်....
သိမ်းမထားပါနဲ့ကိုဇော်ရယ်...ဖုန်ခါတင်ပေးပါနော်..
အသိရပီး သတိထားနိုင်ဖို့ ဖတ်ရတာပေါ့။
ပျော်ရွင်ပါစေနော်
ခင်မင်တဲ့ ရွှေဂဲ

Unknown said...

ငါ့စကားနွားရ ဆိုတဲ့အတိုင်းပါဘဲ
ကိုယ်လိုရာ ဆွဲယူပြီး ရေးထားတဲ့ပိုစ့်ပါလား

thadarhline said...

လူကြီးတွေရဲ့အတွေ့အကြုံကနေပညာကိုယူကြရတာပဲနော်.။
လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းလေးတွေ
သိရတယ်...

ခင်မင်စွာ
သဒ္ဓါ

ခိုင်နုငယ် said...

အရောက်လာလို့ဖတ်၊မှတ်သွားပါတယ်။
ကိုဇော်။
ဘုရားမှာအမွေးတိုင်၊ဖယောင်းတိုင်း၊ဆီးမီးပူဇော်ရာမှာ
ချပြသွားတဲ့အချက်လေးတွေကိုအတော့်
ကိုကြိုက်မိပါတယ်။

ကိုအောင် said...

အတွေးလေး ကောင်းတယ် ကိုဇော်။

ကိုဇော် said...

ကျနော် ဒီနေ့ ဒီပို့စ်လေးကို ရေးတင်ပြီး . .
ကိစ္စရှိလို့ အပြင်သွားပါတယ်။ ညမိုးချုပ်မှ ပြန်ရောက်တယ်။ မေးလ်ထဲကို ကြည့်လိုက်တော့ Comment 7 ခု ဝင်နေပြီး အခု ဒီနေရာကို လာကြည့်တော့ ပို့စ်မှာ 2 comments လို့ ပြနေပြီး Comment Box ထဲကို ဝင်လိုက်တော့ တစ်ခုမှ မတွေ့ရပါဘူး။ ဘာဖြစ်တာလဲ မသိတော့ ကျနော်လည်း မပြောတတ်ဘူး။ သေချာတာကတော့ ကျနော် မဖျက်သလို ၊ Moderation လည်း မလုပ်ထားပါဘူး။ ဒါကြောင့် လာရေးထားသော Comment များကို မေးလ်ထဲကနေ တဆင့် ပြန်တင်ပေးလိုက်ပါတယ်။

ကိုဇော် said...

ကိုရီး{ကိုကြီး} has left a new comment on your post "အမွှေးတိုင်များ":

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

ကိုဇော် said...

ကိုရီး{ကိုကြီး} has left a new comment on your post "အမွှေးတိုင်များ":

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

ကိုဇော် said...

♥shwe♥gal♥ has left a new comment on your post "အမွှေးတိုင်များ":

ကိုဇော်ရေ....
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါနဲ့အတူ အမွေးတိုင်များကို မှတ်သားသွားပါတယ် ....
အရမ်းလဲကောင်းပါတယ်....
သိမ်းမထားပါနဲ့ကိုဇော်ရယ်...ဖုန်ခါတင်ပေးပါနော်..
အသိရပီး သတိထားနိုင်ဖို့ ဖတ်ရတာပေါ့။
ပျော်ရွင်ပါစေနော်

ခင်မင်တဲ့ ရွှေဂဲ

ကိုဇော် said...

Aung Linn has left a new comment on your post "အမွှေးတိုင်များ":

ငါ့စကားနွားရ ဆိုတဲ့အတိုင်းပါဘဲ
ကိုယ်လိုရာ ဆွဲယူပြီး ရေးထားတဲ့ပိုစ့်ပါလား

ကိုဇော် said...

thadarhline has left a new comment on your post "အမွှေးတိုင်များ":

လူကြီးတွေရဲ့အတွေ့အကြုံကနေပညာကိုယူကြရတာပဲနော်.။
လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းလေးတွေ
သိရတယ်...

ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

ခိုင်နုငယ် has left a new comment on your post "အမွှေးတိုင်များ":

အရောက်လာလို့ဖတ်၊မှတ်သွားပါတယ်။
ကိုဇော်။
ဘုရားမှာအမွေးတိုင်၊ဖယောင်းတိုင်း၊ဆီးမီးပူဇော်ရာမှာ
ချပြသွားတဲ့အချက်လေးတွေကိုအတော့်
ကိုကြိုက်မိပါတယ်။

ကိုဇော် said...

ကိုအောင်(ပျူနိုင်ငံ) has left a new comment on your post "အမွှေးတိုင်များ":

အတွေးလေး ကောင်းတယ် ကိုဇော်။

ကိုဇော် said...

ကျနော် ဒီနေ့ ဒီပို့စ်လေးကို ရေးတင်ပြီး . .
ကိစ္စရှိလို့ အပြင်သွားပါတယ်။ ညမိုးချုပ်မှ ပြန်ရောက်တယ်။ မေးလ်ထဲကို ကြည့်လိုက်တော့ Comment 7 ခု ဝင်နေပြီး အခု ဒီနေရာကို လာကြည့်တော့ ပို့စ်မှာ 2 comments လို့ ပြနေပြီး Comment Box ထဲကို ဝင်လိုက်တော့ တစ်ခုမှ မတွေ့ရပါဘူး။ ဘာဖြစ်တာလဲ မသိတော့ ကျနော်လည်း မပြောတတ်ဘူး။ သေချာတာကတော့ ကျနော် မဖျက်သလို ၊ Moderation လည်း မလုပ်ထားပါဘူး။ ဒါကြောင့် လာရေးထားသော Comment များကို မေးလ်ထဲကနေ တဆင့် ပြန်တင်ပေးလိုက်ပါတယ်။

ကိုဇော် said...

ကိုရီး{ကိုကြီး} has left a new comment on your post "အမွှေးတိုင်များ":

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

ကိုဇော် said...

ကိုရီး{ကိုကြီး} has left a new comment on your post "အမွှေးတိုင်များ":

ကိုးကွယ်မှု နဲ့ ပူဇော်မှု
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါ.......
ဟုတ်ကဲ့ ဦးဇော်
လက္ခံနိုင်သလို အတွေးတစ်စလည်း ရသွားပါတယ်။

ကိုဇော် said...

♥shwe♥gal♥ has left a new comment on your post "အမွှေးတိုင်များ":

ကိုဇော်ရေ....
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါနဲ့အတူ အမွေးတိုင်များကို မှတ်သားသွားပါတယ် ....
အရမ်းလဲကောင်းပါတယ်....
သိမ်းမထားပါနဲ့ကိုဇော်ရယ်...ဖုန်ခါတင်ပေးပါနော်..
အသိရပီး သတိထားနိုင်ဖို့ ဖတ်ရတာပေါ့။
ပျော်ရွင်ပါစေနော်
ခင်မင်တဲ့ ရွှေဂဲ

ကိုဇော် said...

Aung Linn has left a new comment on your post "အမွှေးတိုင်များ":

ငါ့စကားနွားရ ဆိုတဲ့အတိုင်းပါဘဲ
ကိုယ်လိုရာ ဆွဲယူပြီး ရေးထားတဲ့ပိုစ့်ပါလား

ကိုဇော် said...

thadarhline has left a new comment on your post "အမွှေးတိုင်များ":

လူကြီးတွေရဲ့အတွေ့အကြုံကနေပညာကိုယူကြရတာပဲနော်.။
လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းလေးတွေ
သိရတယ်...

ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

ခိုင်နုငယ် has left a new comment on your post "အမွှေးတိုင်များ":

အရောက်လာလို့ဖတ်၊မှတ်သွားပါတယ်။
ကိုဇော်။
ဘုရားမှာအမွေးတိုင်၊ဖယောင်းတိုင်း၊ဆီးမီးပူဇော်ရာမှာ
ချပြသွားတဲ့အချက်လေးတွေကိုအတော့်
ကိုကြိုက်မိပါတယ်။

ကိုဇော် said...

ကိုအောင်(ပျူနိုင်ငံ) has left a new comment on your post "အမွှေးတိုင်များ":

အတွေးလေး ကောင်းတယ် ကိုဇော်။

ကိုဇော် said...

♥shwe♥gal♥ has left a new comment on your post "အမွှေးတိုင်များ":

ကိုဇော်ရေ....
စီနီယာဆိုတာ ရယ်စရာမဟုတ်ပါနဲ့အတူ အမွေးတိုင်များကို မှတ်သားသွားပါတယ် ....
အရမ်းလဲကောင်းပါတယ်....
သိမ်းမထားပါနဲ့ကိုဇော်ရယ်...ဖုန်ခါတင်ပေးပါနော်..
အသိရပီး သတိထားနိုင်ဖို့ ဖတ်ရတာပေါ့။
ပျော်ရွင်ပါစေနော်
ခင်မင်တဲ့ ရွှေဂဲ

ကိုဇော် said...

thadarhline has left a new comment on your post "အမွှေးတိုင်များ":

လူကြီးတွေရဲ့အတွေ့အကြုံကနေပညာကိုယူကြရတာပဲနော်.။
လူတွေရဲ့စိတ်နေစိတ်ထားအကြောင်းလေးတွေ
သိရတယ်...

ခင်မင်စွာ
သဒ္ဓါ

ကိုဇော် said...

ခိုင်နုငယ် has left a new comment on your post "အမွှေးတိုင်များ":

အရောက်လာလို့ဖတ်၊မှတ်သွားပါတယ်။
ကိုဇော်။
ဘုရားမှာအမွေးတိုင်၊ဖယောင်းတိုင်း၊ဆီးမီးပူဇော်ရာမှာ
ချပြသွားတဲ့အချက်လေးတွေကိုအတော့်
ကိုကြိုက်မိပါတယ်။

ကိုဇော် said...

ကျနော် ဒီနေ့ ဒီပို့စ်လေးကို ရေးတင်ပြီး . .
ကိစ္စရှိလို့ အပြင်သွားပါတယ်။ ညမိုးချုပ်မှ ပြန်ရောက်တယ်။ မေးလ်ထဲကို ကြည့်လိုက်တော့ Comment 7 ခု ဝင်နေပြီး အခု ဒီနေရာကို လာကြည့်တော့ ပို့စ်မှာ 2 comments လို့ ပြနေပြီး Comment Box ထဲကို ဝင်လိုက်တော့ တစ်ခုမှ မတွေ့ရပါဘူး။ ဘာဖြစ်တာလဲ မသိတော့ ကျနော်လည်း မပြောတတ်ဘူး။ သေချာတာကတော့ ကျနော် မဖျက်သလို ၊ Moderation လည်း မလုပ်ထားပါဘူး။ ဒါကြောင့် လာရေးထားသော Comment များကို မေးလ်ထဲကနေ တဆင့် ပြန်တင်ပေးလိုက်ပါတယ်။

ကိုဇော် said...

ကျနော် ဒီနေ့ ဒီပို့စ်လေးကို ရေးတင်ပြီး . .
ကိစ္စရှိလို့ အပြင်သွားပါတယ်။ ညမိုးချုပ်မှ ပြန်ရောက်တယ်။ မေးလ်ထဲကို ကြည့်လိုက်တော့ Comment 7 ခု ဝင်နေပြီး အခု ဒီနေရာကို လာကြည့်တော့ ပို့စ်မှာ 2 comments လို့ ပြနေပြီး Comment Box ထဲကို ဝင်လိုက်တော့ တစ်ခုမှ မတွေ့ရပါဘူး။ ဘာဖြစ်တာလဲ မသိတော့ ကျနော်လည်း မပြောတတ်ဘူး။ သေချာတာကတော့ ကျနော် မဖျက်သလို ၊ Moderation လည်း မလုပ်ထားပါဘူး။ ဒါကြောင့် လာရေးထားသော Comment များကို မေးလ်ထဲကနေ တဆင့် ပြန်တင်ပေးလိုက်ပါတယ်။

SHWE ZIN U said...

ကိုဇော် ရေ

ဖတ်သွားတယ် ကောမန့်တွေ က ကျနော် မှာလည်း အဲလိုဘဲ ပြသာနာ ဖြစ်နေတယ် ပေါ်လိုက်ပျောက်လိုက်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

အမွှေးတိုင်ထွန်းရကစသွားတဲ့ အတွေးအခေါ်တွေကို ဖတ်သွားပါတယ်၊
ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည် မင်္ဂလာ ဆိုတာနဲ့၊ ကိုကွယ်ခြင်းနဲ့ ပူဇော်ခြင်း ကိုနားလည်ပါတယ်၊
လူကြီး၊ လူငယ် အယူအဆကတော့ တစ်ယောက်နဲ့တစ်ယောက်ကွာပါလိမါ့မယ်။

ပေါ့ဆိမ့် said...

ပညာလေး ရလိုက်ပါတယ်။ အမွေးတိုင် အတွေး အခေါ် အပါအ၀င်ပေါ့။ အတုယူ ထိုက်ပါတယ်။

Anonymous said...

စာတွေကိုသိမ်းမထားနဲ့လေ
လူအများသိရအောင်ရေးထားရင်တော့
ဖော်ပြစေချင်တာ
မှိုတက်သွားလိမ့်မယ်နော်
ခင်မင်စွာဖြင့်
လီလီ

သုခုမလေဒီ said...

ဗဟုသုတများစွာ ရတဲ့ ပိုစ့်ကောင်းတစ်ပုဒ်ပါပဲ။