မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 July 2010

15 ချစ်သူ ကို ကျွန်တော်က ဒီလို ချစ်ချင်တယ်



*** မပြောပြနိုင်သော ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် စာရေးဖို့ အချိန်နည်းသွားလို့ ရင်ထဲမှာ စာတွေပဲ ရှိပြီး လက်က မရောက်နိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် အမြဲတမ်း ပက်ကြားအက်လို ရင်ဘတ်ထဲက အမြဲတမ်း အညှောက်ပေါက်ထွက်နေတတ်တဲ့ “ ကဗျာ ” လေးတွေပဲ တင်ဖြစ်မိတယ်။ စာလာဖတ်သူများကိုလည်း အားနာပါတယ်။ 

ဒါကြောင့် မရေးတာလည်း ကြာနေပြီး ၊ စာဖတ်သူတွေက ရေးဖို့လည်း ခဏခဏ တောင်းဆို ၊ ပြောပြောနေတဲ့ အချစ်အကြောင်းလေးတစ်ခုကို ပြန်ပြီး Renew လုပ်ပြီးစတိုင်လ် အသစ်လေးနဲ့ ရေးနေပါတယ်။ မနက်ဖြန် သို့မဟုတ် ဘယ်သောအခါ . . အဲလေ . . မနက်ဖြန် သို့မဟုတ် သန်ဘက်ခါ ပြီးပါမယ်။ ဒါလေး မပြီးခင် အချစ်အကြောင်းဆိုတော့လည်း အရင်က ရေးထားတဲ့ ကျွန်တော့် ရင်ဘတ်ထဲက ချစ်သူပုံရိပ်လေးကို အရင်ဖွင့်ပြလိုက်ပါတယ်။ အရင်က ဆိုပေမဲ့လည်း နှလုံးသားတစ်ဝက် ၊ ခံစားချက်တစ်ဝက်နဲ့ ရေးခဲ့တာပါပဲ။ အခု လောလောဆယ်တော့ ဒါလေးကို အရင် အမြည်း ဖတ်ထားကြည့်ပါလား။ Intro ပေါ့ဗျာ။ ***

ကျွန်တော်ဟာ ကျွန်တော့်ချစ်သူကို ဘယ်လိုပဲ ချစ်ချစ် ၊ ကျွန်တော့်ကြောင့် စိတ်မညစ်စေချင်သူ တစ်ဦးပါ။ကျွန်တော့် သူငယ်ချင်းတွေကတော့ ကျွန်တော့်ကို ပြောကြတယ် ။ အရင်ကတည်းကပေါ့လေ။

“ မင်းချစ်သူကတော့ ကံအကောင်းဆုံး နဲ့ ကံ အဆိုးဆုံးဖြစ်မှာတဲ့လေ။”

ကျွန်တော် နားမလည်ခဲ့ပါ။ ပြီးတော့ ..... နားမလည်ချင်ခဲ့ပါ။

ကျွန်တော်ကတော့ ကျွန်တော့် ချစ်သူ အပေါ်မှာ ကျွန်တော့် ဒီလို ခံစားချက်မျိုးရှိတယ်။

ချစ်သူ ကို ကျွန်တော်က ဒီလို ချစ်ချင်တယ်။

ကျွန်တော်ဟာ ချစ်သူနဲ့ တွေ့ဖို့ ဆိုရင် ချစ်သူ လာရာ လမ်းကို ချစ်သူ မလာသေးလို့ မျှော်ငေးကြိုဆွေး နေရတာမျိုး ချစ်သူနဲ့ တွေ့ပြီးလို့ ချစ်သူပြန်ပြီဆိုရင် ချစ်သူ ပြန်ရာလမ်းကို ကြေကွဲ လွမ်းဆွတ်ပြီး ကျန်မနေခဲ့ချင်ပါ။

ချစ်သူကိုလည်း ကျွန်တော် ဒီနေရာမှာ စောင့်ဆိုင်းနေမယ်  ဆိုတာ သူသိလို့ ရှေ့ကို ကြိုတွေး လောနေရမဲ့ အဖြစ်မျိုး ၊ ကျွန်တော် ဒီနေရာမှာကျန်ခဲ့လို့ သူ စိတ်ဖြောင့်ပဲ စိတ်တထင့်ထင့်နဲ့ သွားနေရမဲ့ အဖြစ်မျိုး ၊ ကျွန်တော် မလိုလားပါ။

ဒါကြောင့်....

ကျွန်တော့် ချစ်သူကို ရင်ကွဲအောင် ချစ်နေပါစေ ၊ ကျွန်တော် သူ့အာရုံမှာ အနှောင့်အယှက် ဖြစ်စေမဲ့ ကိစ္စအရာတွေ ကျွန်တော် ရှောင်ရှားပါတယ်။ ဒါကို သူက ကျွန်တော့်ကို ဂရုမစိုက်ဘူး။ သူ့ကို လျစ်လျူရှုတယ်လို့ ပြောလာရင်လည်း ကျွန်တော်ရင်ဖွင့် ပြမှာမဟုတ်ပါ။

ဘာလို့လဲ ဆိုတော့ သူ့စိတ်ထဲမှာ ကျွန်တော့်က ပိုဂရုစိုက်ပြီး ချစ်နေတာကို ပိုခံစားရမှာ စိုးလို့ပါ။ သူ စိတ်ဆိုးတယ် ဆိုရင် ကျွန်တော် ငြိမ်ခံနေမှာ ဖြစ်သလို သူ မချစ်တော့ဘူးဆိုရင်လည်း ကျွန်တော် သူ့ကို နှောင့်ယှက်ပေးမှာ မဟုတ်ပါ။ သူ မုန်းသွားတယ် ၊ ဆိုရင်တောင်မှ သူ မသိအောင် ကျွန်တော် ကွဲကြေ ခံစားမှာပါပဲ။ ဘာလို့လဲ ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ခဲ့ပါ။

ကျွန်တော် ပြောတတ်တာကတော့ ဒါဟာ ကျွန်တော့် ချစ်ခြင်း မို့လို့ပါပဲ။

ကျွန်တော့် သူငယ်ချင်းတွေကတော့ ပြောကြတယ်။ မင်းရဲ့ အချစ်က ရယူပိုင်ဆိုင်တဲ့ အချစ်မဟုတ်ဘူးတဲ့။ တချို့ကတော့ မင်းရဲ့ အချစ်က ပေးဆပ်တဲ့ အချစ်ကွ တဲ့။ သူတို့ ဘယ်လိုပဲပြောပြော ကျွန်တော် ပြုံး နေမှာပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ရင်ထဲမှာ ချစ်သူကို ချစ်နေတယ်ဆိုတဲ့ ချစ်တဲ့ စိတ်လေးက အမြဲ ရှိနေလို့ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော့်ကြောင့် ချစ်သူ အနှောင့်အယှက် ဖြစ်တယ် ဆိုတာမျိုး ကျွန်တော် မဖြစ်စေချင်ပါ။ ကျွန်တော့် အချစ်ကို ဘယ်လိုပဲ သတ်မှတ်သတ်မှတ် ကျွန်တော့်တော့ စိတ်မဆိုးခဲ့ပါ။ ကျွန်တော့်ကတော့ သူ့ကို ချစ်ခြင်းများစွာနဲ့ ပြုံး နေမှာပါပဲ။

** ကမ္ဘာမြေရဲ့ တစ်နေရာက ချစ်သူသို့ . . **

ကိုဇော် ခံစားတင်ပြသည်။

http://zaw357.multiply.com/journal/item/403/403 မှာ 17.6.2009 ကရေးထားတာပါ။

.

Share/Bookmark

15 ယောက် ရဲ့ ထင်မြင်ချက်:

ကိုအောင် said...

ကိုဇော်' အချစ်တွေအကြောင်း လာဖတ်သွားပါတယ်။

lwin said...

သိအောင်များကြိုပြောထားတာလား...

ခိုင်နုငယ် said...

အခြစ်အကြောင်းသိကောင်းစရာ.
လာဖတ်သွားတယ်..ကိုဇော်ရေ...
ဆက်လက်စောင့်မျှော်ဖတ်ပါအုံးမည်။

Anonymous said...

အသက်ပိုကြီးပေမယ့် ဒီနေရာမှာတော့ ကိုဇော်က ဂျူနီယာကျပါတယ်ဗျာ.. ငှဲ..ငှဲ။

သဒ္ဓါလှိုင်း said...

ကိုဇော့်ရဲ့အေးမြသန့်ရှင်းတဲ့အချစ်တွေကိုကမ္ဘာမြေ
တနေရာကချစ်သူသိနားလည်နိုင်ပါစေလို့ဆုတောင်း ပေးပါတယ်။
ခင်မင်စွာ
သဒ္ဓါ

SHWE ZIN U said...

အမယ် ကိုဇော် အခြစ် ကတမျိုးပါလား

ဒါပေမဲ့ တချို့မိန်းမလေး တွေ ကလည်း ပလီပလာ တွေ မှကြိုက်ကြတာလည်း ရှိသေး

နားလည် နိုင်ကြပါစေ ဒို့ ကိုဇော်ကြီး ခြစ်တတ် ပါတယ်ဆိုတာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဧပရယ်လ်ပူး@ပူးတေ said...

ကိုဇော့် ချစ်သူတော့ မသိဘူး....

ပူးတေတော့ ဖတ်ပြီး နားလည်သလိုလို နားမလည်သလိုလိုနဲ့.... နဲနဲဝေးတယ်

:)

အဖြူရောင်နတ်သမီး said...

အင်း....း)
ကိုဇော်တယောက်တော့..
ငှက်ပျောတုံးဖက်အိပ်ရတဲ့ဘဝက လွတ်တော့မယ်ထင်တယ်..
...........................
းးး)))

ဖိုးသား said...

အချစ်အကြောင်းဖတ်သွားပါတယ်(ခင်မင်တဲ့ညီလေးဖိုးသား)

နေ၀သန် said...

အဲလောက်ထိ ရည်ရွယ်ထားရင် လူပျိုကြီးဖြစ်လိမ့်မယ်... :P:P


ခင်မင်တဲ့
နေ၀သန်

Nothing! said...

ကိုဇော်ရဲ့ အချစ်ဋ္ဋီကာကိုဖတ်မိတိုင်း
အချစ်ဆိုတာ နူးညံ့သိမ်မွေ့ ခြင်း
သဘောထားကြီးခြင်း ၊နားလည်တတ်ခြင်း၊
မွန်မြတ်သန့် စင်ခြင်း၊ ငြိမ်းချမ်းအေးမြခြင်း
တကိုယ်ကောင်းမဆန်ခြင်း၊ ဖြူစင်ခြင်း
အစရှိသဖြင့်လောကမှာရှိတဲ့ကောင်းခြင်း
အားလုံးတွေနဲ့ ဖွဲ့ စည်းထားတဲ့အရာကို
ကိုဇော်ရဲ့ အချစ်လို့ ခေါ်မလားပဲ...
သိပ်ညွှန်းတယ်လို့ တော့မထင်ပါနဲ့ ...
အချို့ ရင်ဘတ်ခြင်းတူရင်တော့သိမှာပါ...။

လေးစားပါတယ်...

Anonymous said...

ကိုဇော်
မျှော်နေမယ်
ဒီစာလေးရဲ့ နောက်ဆက်တွဲလေးကိုပါ

Anonymous said...

ကိုဇော်
မျှော်နေမယ်
ဒီစာလေးရဲ့ နောက်ဆက်တွဲလေးကိုပါ

Anonymous said...

ကိုဇော်
မျှော်နေမယ်
ဒီစာလေးရဲ့ နောက်ဆက်တွဲလေးကိုပါ

မသီရိ said...

ကိုဇော့် စာအားလုံးနီးပါးကြိုက်ပါတယ် .

" ချစ်ခြင်းမှာ ပွင့်လင်းရိုးသားစွာ ခံစားပြတတ်ဖို့လိုတယ် လို့ထင်တယ် "

သီရိ