မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


23 July 2010

10 ကုဋေတန်သော ပုံပြင်



တစ်ခါတုန်းက . . . .

စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ် လို့ ဆုံးဖြတ်ပြီး သူ၏ လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကို စီစဉ်သည်။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများ အသီးသီး၌ ဈေးနှုန်း တံဆိပ်ကလေးများ ကပ်ကာ ရောင်းချဖို့ပြသထားသည်။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်။

သို့သော် ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူ အတွက်လဲ အန္တရာယ် ရှိပုံမရသည့် သပ်ပုံသဏ္ဌာန် ပစ္စည်းလေးတစ်ခုကို တွေ့ရ၏။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင် ကြီးမားနေသည်။ ထိုပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီး ဖြစ်ပုံရသည်။

“ ဒါက ဘာပစ္စည်းလဲဗျ။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်။

“ ဟာ . . . ဒါက စိတ်ဓါတ်ချ ကိရိယာပဲ။”

“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ။ ”

ဈေးဝယ်သူက ထပ်မေးသည်။

“ ဒီကောင်က အရမ်း အစွမ်း ထက်တာဗျ။ လူတစ်ယောက်ရဲ့ သိစိတ်အာရုံထဲကို ကျွန်တော် တခြား ကိရိယာတွေနဲ့ ဘယ်လိုမှ ၀င်လို့ ၊ နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူး ဆိုတဲ့ အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်။ ဒီကောင် အထဲဝင်လို့ ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ ရတော့တာပဲ။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်။

~ ~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~ ~ ~

မှန်သည်။ အနုတ်လက္ခဏာ ဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏ နောက်ကွယ်၌ “ စိတ်ဓါတ်ကျဆင်းမှု ” သည်ပုန်းခိုလျက် ရှိနေတတ်သည်။ မည်သူ့မဆို နေ့စဉ်ဘ၀၌ စိတ်ပျက်စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်။ ထိုသို့ နေ့စဉ်ကြုံတွေ့ရသည့် စိတ်ဓါတ်ကျစရာ အကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက် ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ထို့ကြောင့် အကယ်၍ အကြောင်း တစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့။ ငါ အပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ။ လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေး ဆင်ခြင်သောစကားမျိုး မိမိကိုယ့်ကို ပြောပေးပါ။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သော စကားမျိုးဖြင့် မိမိကိုယ့်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ။

ဘ၀မှာ တစ်ခါတစ်လေ ကိုယ့်ဖာသာကိုယ့် စိတ်ဓါတ်ကျဆင်းနေတဲ့ အချိန်ကာလတွေ ရှိဖူးမှာပါ။ ကိုယ့်ဖာသာကိုယ် မမြင်နိုင်လောက်အောင် စိတ်ဓါတ်ပျက်ပြားနေတဲ့ အချိန်မှာ ဘ၀အဖော်ဆိုတဲ့ သူတွေက သင့်အတွက် ကူညီဖေးမပါလိမ့်မယ်။ ဘ၀အတွက် အဖော်ဆိုတာ ဒီလို ကိုယ်စိတ်ဓါတ်ကျနေတဲ့ အချိန်မှာ ဖေးမ ခေါ်မြှင့်တင်ပေးတဲ့ သူ့ကို ပေးအပ်တဲ့ ဘွဲ့ထူး တစ်ခုပါ။



Bill Andatan ရဲ့ ပုံပြင်လေးကို A.L. Williams က သူရေးတဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ! ဆိုတဲ့ စာအုပ်ထဲမှာ ထည့်ရေးထားတဲ့ ပုံပြင်လေးပါ။ “ ကုဋေတန်သော ပုံပြင် ” လို့တော့ ကျွန်တော့်ဖာသာ နာမည်ပေးထားတာပါ။ မူရင်းပုံပြင်က နာမည်မပါပါဘူး။ မြန်မာလို ဘာသာပြန်တာ ဖတ်ချင်ရင်တော့ ဆရာဖေမြင့် ရေးတဲ့ “ ခြုံကြားမှ ဘုံဖျားသို့ ” စာအုပ်ကို ဖတ်ကြည့်နိုင်ပါတယ်။ လူတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓါတ်တွေ အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ အရာရာမှာ လက်စွဲပြုနိုင်ပါတယ်။ ကျွန်တော်ရဲ့ Ideal စာအုပ်တစ်အုပ်ပါ။

ကိုဇော်

http://zaw357.multiply.com/journal/item/213 မှာ 17.4.2009 ကရေးထားတာပါ။




Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

နေ၀သန် said...

မှန်တယ်..။ လူဆိုတာ စိတ်ဓါတ်ကျလာရင်၊ မွန်းကျပ်မှုတွေနဲ့ ပြည့်လာရင် ဒေါသတွေကြီးလာတယ်.. မောဟတွေများလာတယ်.. ဒါနဲ့ပဲ ကျန်တာတွေအကုန်ဖြစ်လာတယ်..။ ဖြစ်တတ်တဲ့ သဘောပေါ့ဗျာ...။


ခင်မင်တဲ့
နေ၀သန်

ခိုင်နုငယ် said...

ဘ၀မှာ..စိတ်ဓါတ်ကျခြင်းအချိန်တွေက
အဆိုးဆုံးပါပဲ။
အလိုမကျခြင်း၊၀မ်းနည်းခြင်း၊အထီးကျန်ခြင်း
ဒါတွေပါ..တွဲကူးရေပါလာတော့တာပါပဲ။
ကုဋေတန်သော..ပုံပြင်လေးဖတ်သွားပါတယ်။
ကျေးဇူး....ကိုဇော်ရေ..


ခင်မင်စွာဖြင့်
ခိုင်နုငယ်

သဒ္ဓါလှိုင်း said...

လူတယောက်ရဲ့အရေးကြီးဆုံးဟာစိတ်ပါ.။
အဲဒီစိတ်ကိုအမြဲပြုပြင်နေထိုင်သွားဖို့လည်းအရေးကြီးပါတယ်
စိတ်ဓါတ်ကျစရာတွေနဲ့ရင်ဆိုင်ကြုံတွေ့လာရရင်လည်း
စိတ်ခွန်အားဖြစ်စေမဲ့ စာပေအဖေါ်၊ မိတ်ဆွေအဖေါ်
ဆိုတာလိုလာတာပဲနော်.။

ခင်မင်စွာ
သဒ္ဓါ

Anonymous said...

ကုဋေတန်တဲ့ပုံပြင် ပိုစ့်ကောင်းလေးလာဖတ်ပါ၏။

သာယာချမ်းမြေ့ပါစေနော်
မိုး

SHWE ZIN U said...

ဖတ်သွားတယ် ကိုဇော် ရေ အဖိုးတန်လှပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ရေသန့်  said...

စိတ်ဓာတ်ကျတော့ ဘူး

ရွေနတ်သား said...

စိတ်ဓာတ်ကျသွားပြီဆို.. အဲဒီလူက ပွဲသိမ်းသွားပြီလေ...
ိစိတ်ဓတ်ကျလည်း ကျကျနဲ့ ဆက်လုပ်ရမှာပေါ့လေ

ဖိုးသား said...

စိတ်ဓတ်ကျဆင်းမှုသည်လူတစ်ယောက်ရဲ့ဘဝပြောင်းလဲစေနိုင်ပါတယ်။ပုံပြင်ကိုမှတ်သားနာယူသွားပါတယ်

ဖိုးသား said...

စိတ်ဓတ်ကျဆင်းမှုသည်လူတစ်ယောက်ရဲ့ဘဝပြောင်းလဲစေနိုင်ပါတယ်။ပုံပြင်ကိုမှတ်သားနာယူသွားပါတယ်

ညလင်းအိမ် said...

မှန်တယ်ဗျာ ... ခုကျွန်တော် စိတ်ဓာတ်ကျနေတယ် ...း((