မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


01 January 2011

13 ကျွန်တော် . . . . လား



       Happy New Year လို့ နှုတ်ဆက်လာသူတွေ ၊ တကူးတက ဆုတောင်းပေးတဲ့ သူတွေ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်။ ကျွန်တော်တို့ အားလုံး နေရာ အချိန် ကွာခြားကြပေမဲ့ ဒီပို့စ်လေးကို ဖတ်နေရတဲ့ အချိန်မှာ အားလုံး နှစ်သစ်မှာ ပျော်ရွှင်သော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်။

      ၂၀၁၁ မှာ ဘာလုပ်မှာလဲ။
      
      ၂၀၁၁ မှာ ဘာအစီအစဉ် ရှိလဲ။

      ၂၀၁၁ မှာ ဘယ်တွေ သွားမှာလဲ . . .
     
      ဆိုပြီး မေးလာတဲ့ သူတွေကို ကျွန်တော် ဘယ်လို ပြန်ဖြေပေးရမလဲ မသိပါ။ ဒါပေမဲ့ စိတ်ထဲမှာ ရှိနေတဲ့ အတိုင်းပဲ ဖြေလိုက်ပါ့မယ်။

       ကျွန်တော် . . . . လား။ ၂၀၁၁ မှာ ကျွန်တော် ဘာလုပ်နေမှာလဲ ဆိုတော့ ဒီအောက်က သီချင်းလေး အတိုင်းပါပဲဗျာ။

.
.

        ၂၀၁၀ ခုနှစ် အတွင်းမှာ ကျွန်တော် တောင်းပန်စရာ တစ်ခု ရှိပါတယ်။ အွန်လိုင်း မတတ်တာ ကြာနေပြီ ဖြစ်တဲ့ ကျွန်တော်က 18.12.2010 နေ့က ကိုယ့်ရဲ့ ခင်မင်ရသော သူငယ်ချင်းတွေ ၊ မိတ်ဆွေတွေ ၊ စာဖတ် ပရိသတ်တွေနဲ့ စကားပြောမယ် ဆိုပြီး zaw357@gmail.com အကောင့်ကို အွန်လိုင်းပေါ် တတ်မိပါတယ်။ အွန်လိုင်းတတ်တော့ ဝိုင်းပြီး နှုတ်ဆက်ကြပါတယ်။ ကျွန်တော်ကလည်း ပြန်ပြီး နှုတ်ဆက် ပြန်ပြောတာပါပဲ။ ဒါပေမဲ့လည်း ပြောရင်းပြောရင်း ကျွန်တော် ဘယ်လိုမှ မနိုင်ဖြစ်လာတယ်။ 

         နောက်ဆုံးတော့ ခဏဆိုပြီး လှဲလိုက်တာ လုံးဝကို အိပ်ပျော်သွားတယ် :P နောက်တော့  ညနေစောင်းမှ နိုးတယ်။ နိုးနိုးချင်း သတိရလို့ ကြည့်လိုက်တော့ ကျွန်တော့် မော်နီတာ တစ်ခုလုံး အောက်က အတိုင်း ဖြစ်နေတော့တာပါပဲ။



        တကယ်တော့ ကျွန်တော် ကိုယ်ပြန်မပြောနိုင်တာကို သိသိကြီးနဲ့ နိုင်အောင် ပြန်ပြောကြည့်မယ် ဆိုပြီး အပျော်တတ်မိတာပါ။ အခုတော့ နိုင်အောင် ပြန်မပြော နိုင်ခဲ့ပြန်ပါဘူး။ ဒီအတွက် အားလုံးကို တောင်းပန်ပါတယ်။ တစ်ယောက်ချင်းစီ ပြန်ပြီး မေးလ်ပို့ပြီး တောင်းပန်ဖို့ပါပဲ။ ဒါကို အချိန်ယူရင်း ကျွန်တော်လည်း မအား ဖြစ်နေတာနဲ့ ဒီလောက် ကြာသွားတာပါ။ 

         နှစ်သစ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင်း အဲဒီနေ့က ပြန်မပြောမိခဲ့သလို ဖြစ်ခဲ့တာ အတွက် ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။ တကယ်တော့ ကိုဇော်က အခြေကြီးပြီး ပြန်မပြောတာ မဟုတ်ပါဘူးဗျာ။ တကယ်ကို ပြန်ပြောနေရင်း မနိုင်လို့ ပြောနေရင်း အလှည့်မရောက် ဖြစ်သွားတာပါ။

        အားလုံးပဲ နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်နိုင်ကြပါစေ။ ၂၀၁၁ မှာ ကျွန်တော် ဘာလုပ်နေလဲ ဆိုတော့ . . .  ကျွန်တော် . . . . လား . . . . 

“ အရင်လိုပါပဲဗျာ။ ”


လေးစားစွာဖြင့်
ကိုဇော်
.
Share/Bookmark

13 ယောက် ရဲ့ ထင်မြင်ချက်:

vampire said...

ဦးဇော်စုတ်,
ဒီဒီးတော့ နှစ်သစ်ကို
ချြောင်းဆိုးပီးကြိုနေပါလေရဲ့။ =(((
ဒါပဲ။

အဖြူရောင်နတ်သမီး said...

ကိုဇော်တို့နာမည်ကြီးလိုက်ပုံများ.....
ဟောလိဝုဒ်က မင်းသားတွေတောင်မမှီပါလား...
တော်ပြီ...
နောက်အွန်လိုင်းမှာတွေ့ရင် မခေါ်တော့ဘူး...
(စတာပါ...ကိုယ်ချင်းစာပါတယ်)..ဟဲဟဲ

HAPPY NEW YEAR.....ပါ ကိုဇော်ရေ...

...အလင်းစက်များ said...

ဟက်ပီးနယူးရီးယားပါဗျာ........

ရွှေရတုမှတ်တမ်း said...

အင်း..ဟုတ်ပါ့ ကိုဇော်ရာ..ကိုယ်ဖျောက်နေရတော့လဲ အားနာစရာ..ပေါ်နေပြန်တော့လဲ......

Anonymous said...

အားပါးပါး.....များလိုက်တဲ့ ပရိတ်သတ်။ :)
( ၂၀၁၁ ) မှာ အရင်အတိုင်းအေးချမ်းပျော်ရွှင်စွာ
ဖြတ်သန်းသွားနိုင်ပါစေ အစ်ကိုရေ။

...ခင်မင်လေးစားလျှက်..ခင်မာလာအောင် :)

sosegado said...

အရင်လိုထက်တော့ပိုပါတယ်၊ အသက်တစ်နှစ်ကြီးသွားတာ၊
ဖြစ်လေ့ဖြစ်ထဖြစ်လေံရှိပါတယ်၊
2011 နှစ်သစ်မှာ ပျော်ရွှင်စရာအပြည့်နှင့်ဖြစ်ပါစေ။

အင်္ဂါဟူး said...

အရင်လိုပါပဲ ချဉ်ပေါင်ဟင်းနဲ့
အရင်လိုပါပဲ ဖက်ခေါင်းအုံးနဲ့
အရင်လိုပါပဲ ဗိုက်တစ်လုံးနဲ့

ငြိမ်းစိုးဦး said...

2011- ခုနှစ် ၊ နှစ်သစ်နှင့်အတူ
ငြိမ်းချမ်းမှုများ စိုးမိုးလျက် ပညာဖြင့် ဦးဆောင်နိုင်ပါစေ
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

lwin said...

နှစ်သစ်မှာပျော်ရွင်ပါစေ...

SHWE ZIN U said...

ကိုဇော်ရေ

စာတွေအခုမှ ဖတ်ရတယ် ကော်နက်ရှင် အရမ်းညံနေလို့ ဒါနဲ့ အရင်လို လူပြို ကြီးဘဲပေါ့
မင်္ဂလာ နှစ်ကူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Than Yaw Zin said...

Opps...များလိုက်တဲ့ပရိတ်သတ်ပါလား...နှစ်သစ်မှာ ပျော်ရွှင်ပါစေ

ဖိုးသား said...

နောင့်တစ်ခါ နိုင်အောင် ပြောနိုင်မှာပါ အစ်ကို

Anonymous said...

Terrific work! This is the type of information that should be shared around the web. Shame on the search engines for not positioning this post higher!