မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


25 December 2010

10 ကျွန်တော့်ရဲ့ ဒီဇင်ဘာ




         ဒီဇင်ဘာ . . . တဲ့။

       ကျွန်တော့် အတွက်တော့ ၃၁ ရက်ဖြင့် ကုန်ဆုံးသော လပေါင်း ခုနစ်လထဲမှာ ပါဝင်သော လတစ်လ ဟုသာ သိခဲ့ရပါသည်။ ကျွန်တော့် အပေါ်မှာ သူက ထူးထူးခြားခြား မရှိခဲ့သော်လည်း ကျွန်တော်နှင့် ပတ်သတ်သူများ အပေါ်မှာတော့ ထူးခြားခဲ့ဖူးသည်။

       တချို့ အတွက်တော့ Sweet December ဟု ဆိုကြသည်။ သူတို့ အတွက် ချိုမြိန်ခဲ့ရင်တောင်မှ ကျွန်တော့် အတွက်တော့ ဒီဇင်ဘာဟာ မချိုမြိန်ခဲ့ပါဘူး။ ခင်မင်ရသော သူငယ်ချင်းပေါင်း များစွာ ဒီလမှာ အဝေးသို့ ခွဲခွာသွားကြသည်။  တကယ့် ညီအစ်ကို မောင်နှမ လို ခင်မင်ရသော အွန်လိုင်းမှ မောင်နှမများ နှင့် ခွဲခွာခဲ့ရသည်။ ချစ်သော သူတွေနဲ့ ခွဲခွာခဲ့ရသည် ၊ ခွဲခွာရဦးမည် ၊ ခွဲခွာလတ္တံ။

       Blogspot.com ဆိုတာရဲ့ အရှေ့မှာ zaw357 ဆိုတာလေးကို တပ်ပြီး ဘလော့လေး စဖွင့် ဖြစ်ခဲ့တာ September 2008 ရဲ့နေ့ရက်တစ်ခုမှာ . . . ။ ဒါပေမဲ့ ကျွန်တော် ပို့စ်မရေးဖြစ်ခဲ့ပါ။ စာရွက်မှာသာ ချရေးတတ်သော ကျွန်တော့်အတွက် ဘာချရေးရမယ်မှန်း မသိခဲ့ပါ။ ဒါနဲ့ပဲ ဘလော့ပေါ်မှာ စာဆိုပြီး စိတ်ကူးတည့်ရာ ချရေးမိတာက အလုပ်ပိတ်ရက် ဖြစ်တဲ့ ၂၅ ရက်နေ့ ဒီဇင်ဘာလမှာ ဖြစ်၏။ ပထမဦးဆုံး ပို့စ် ဆိုတော့လည်း ဘာမှလည်း နားမလည်သလို ၊ ဘယ်ဘလော့ကိုမှလည်း လိုက်မဖတ်တတ်ပါ။

      ဒီဇင်ဘာ ၂၅ ရက်နေ့ရယ်လို့ သတ်သတ်မှတ်မှတ် ဘလော့ ရေးဖြစ်ခဲ့တာ မဟုတ်ပါ။ စိတ်ကူး ပေါက်ရာ စိတ်ကူး ရှိရာလေးကို ချရေးကာ ဘလော့ရေးတော့မည် ဟု ဆိုကာ ဘလော့ စရေးဖြစ်ခဲ့တဲ့ နေ့လေး တစ်နေ့ပါပဲ။ ဒီဇင်ဘာရဲ့ ရက်ပေါင်း ၃၁ ရက်မှာ ဒီနေ့လေး တစ်နေ့သာ ကျွန်တော့် ဘဝအတွက် အမှတ်တရ နေ့လေး တစ်နေ့ ဖြစ်သည်ဟု ဆိုရမည်။

     September 2008 က စဖွင့်ခဲ့သော ဘလော့လေးကို December 25 မှာ စပြီး ပြင်ဆင် ရေးသား ဖြစ်ခဲ့တာ အခု December 25 မှာဆိုတော့ ဘလော့ ရေးသက် ၂ နှစ်ပြည့် ပြန်ပါရောလားဗျာ။ ဒီနှစ်နှစ် အတောအတွင်းမှာ ကျွန်တော် ဘလော့ပေါ်မှာ ကောင်းတာတွေချည်းပဲလည်း မဟုတ်ပါဘူး။ ကျွန်တော် စိတ်ကူးပေါက်ရာကို စိတ်ကူးပေါက်သလို ချရေးခဲ့ပါသည်။ တချို့ကို တိုက်ရိုက် ၊ တချို့ကိုတော့ အားမတန်၍ သွယ်ဝိုက်ကာ ရေးခဲ့ပါသည်။

        ဘယ်လိုပဲ ဖြစ်နေပါစေ . . . အချိန်ပေး၍ ဖတ်ရှု့ပေးသူ အားလုံးကို ကျေးဇူးတင်ပါသည်။

ပျော်ရွှင်ကြပါစေ။

လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

2နှစ်ပြည့်မှသည်..
နှောင် စာတွေရေးချင်သေ၇ွ့ 
ဆက်လက်ရေးနိုင်ပါစေ။


Baby taster

Anonymous said...

၂ နှစ်မှသည် ရှေ့ဆီသို့ ပျော်ရွှင်ချမ်းမြေ့စွာဖြင့်
ဆက်လက်ချီတက်နိုင်ပါစေ။

SHWE ZIN U said...

ကိုဇော် ရေ

၂နှစ်သားလေးပေါ့နော် နှစ်ပေါင်းများစွာ ပျော်ရွှင်စွာနဲ့ ဘလော့ဂင်းနိုင်ပါစေ

Merry Christmas ပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခနွဲ said...

2 နှစ်ပြည့်အခမ်းအနား တက်ရောက်သွားပါတယ်။

sosegado said...

ရေးနိုင်ဖန်တီးနိုင် စွမ်းအားရှိသော ကိုဇော်ကို လေးစားအားကြမိပါ၏၊
ဖတ်နိုင်စွမ်းအားရှိသ၍ ဖတ်ဖြစ်ပါသည်၊
၂ နှစ်မှသည် ဆက်လက်ချီပါလော။

Anonymous said...

မှတ်မှတ်ရရ နေ့ ရက်ကလေးမှာ
ပြည့်ခဲ့တဲ့ ၂ နှစ်ပြည့်လေးမှသည် ရတုအဆက်ဆက်
တိုင်ပါစေသားရှင်။ :)
...ခင်မင်လေးစားလျှက်..ခင်မာလာအောင်..:)

" HAPPY MERRY CHRISTMAS " :)
ပျော်ရွှင်ပါစေ ။

ahphyulay said...

အင်း...
ညီရေ..၊
၂ နှစ်ပြည့် တော့  ကိုယ့် ဝေစုထဲက နှစ်နှစ်ရော့  သွား
တော့ တာပေါ့ နော်။ တဖြည်းဖြည်း စွန့် ခွာသွားကြရတာ
ဆိုတော့  ဘဝရထားကြီးစီးနေရသလိုပါပဲလေ..။
ကိုယ်လဲ တနေ့  တော့  ဆင်းကျန်ခဲ့ ရမှာပဲမဟုတ်လား..။
ဘာပဲ ဖြစ်ဖြစ် နှင်းတောထဲမှာတော့  ငိုင်မနေနဲ့ ..။
ကိုယ်ပါ ရော ခဲ သွားမယ်။

ဆောင်းနှင်းရွက် said...

ဘိုင်သယ်ဝေးးး ..

what is the meaning of 357 ???
Is it အတိတ်ပေး ဂဏန်း or ... ??? :D
မယ်ရီးခရစ်မတ် ...း)))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

သူကြီးမင်း (တုံးဖလား) said...

ကိုဇော်ရေ..
နှစ်နှစ်ဆိုတော့ အသက်အတော်လေးရလာပြီဘဲ။ ကျနော်နဲ့ဆို လကြီးလငယ်တွေဘဲ။ သက်တမ်းတူလို့ ပြောရင်လဲ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က အောက်တိုတာ ၂၀၀၈ မှာ ဘလော့ကို စရေးခဲ့လို့လေ။

နောင်နှစ်ပေါင်းများစွာ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ပေါ့ဆိမ့် said...

အစွမ်းအစရှိတဲ့ ဘလော့ကာ တစ်ယောက်လို့ မြင်ခဲ့ပါတယ်...