မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


22 December 2010

10 ဘလော့ဂ် နှင့် ပတ်သတ်နေသူများသို့




       ဘလော့နဲ့ လုံးဝ မပတ်သတ်သူများ အတွက် လုံးဝကို မဆိုလိုပါဘူး။  ဘလော့ ရေးသူပဲ ဖြစ်ဖြစ် ၊ ရေးလည်း ရေးတယ် ဖတ်လည်း ဖတ်တယ် ဆိုသူပဲ ဖြစ်ဖြစ် ၊ လုံးဝ မရေးဘူး ဖတ်ပဲ ဖတ်တယ် ဆိုသော စာဖတ်သူ စစ်စစ်များပဲ ဖြစ်ဖြစ် . . ၊ ဘလော့ကို နည်းနည်းလေးပဲ ပတ်သတ်နေနေ ၊ များများကြီးပဲ ပတ်သတ်နေနေ ၊ ဘလော့ကို ဘယ်လိုနည်းနဲ့ပဲ ပတ်သတ်နေနေ ၊ ထိုသူများကိုသာ ရည်ညွှန်းပါတယ်။

      ဟိုတစ်နေ့က ကျွန်တော့်ရဲ့ ဘလော့က ဘာဖြစ်တယ် မသိပါဘူး။ ခဏခဏ ဖွင့်မရ ဖြစ်နေတယ်။ ဒီတော့ ကိုယ့်ဘလော့က ဖွင့်မရတာ အကြောင်း မဟုတ်ဘူး။ သူများတွေ ဘာအသစ်တင်တယ် ဆိုတာကိုလည်း မသိရတော့ဘူး။ ဒီတော့ လိုက်ဖတ်ဖို့ ခက်သွားတယ်။ နောက်တစ်ခုက ဘလော့ တစ်ခုကို ဒိုမိန်းပြောင်းလိုက်ရင် အဲဒီဘလော့မှာ ချိတ်ထားတဲ့ Gadget တွေ ( လင့်ချိတ်ထားတာတွေ ) ပျောက်သွားတတ်တယ်။ ဒီတော့ အခုလိုလေး လုပ်ထားရင် ဘယ်သူမဆို ကိုယ်ချိတ်ချင်တဲ့ ဘလော့ကို အလွယ်တကူ ချိတ်ဖို့ ရှာရ အဆင်ပြေတာပေါ့လို့ တွေးမိတယ်။

         ဒါကြောင့်လည်း ဒါလေးကို လုပ်မယ်  လို့ စိတ်ကူး ရမိသွားတာပါ။

        ကိုယ်က ဘလော့ရေးမှ မဟုတ်ပါဘူး။ ကိုယ်က စာဖတ်သူ စစ်စစ် ဆိုရင်လည်း ဒီနေရာလေးမှာ မိမိကြိုက်နှစ်သက်သော ဘလော့ကို ထည့်သွင်းပေးဖို့ လင့်လေး ထားခဲ့စေချင်ပါတယ်။ ဒါဆိုရင် ကျွန်တော် ချိတ်ပေးပါ့မယ်။ ညစ်ညမ်းဆိုက်များနှင့် ဘာသာရေး အငြင်းအခုန်ဆိုက်များက လွဲပြီး လူမျိုးမရွေး ၊ ဘာသာမရွေး ၊ စိတ်ကူးမရွေး ဘလော့များကို လင့်ထားခဲ့ပါ။ ချိတ်ပေးပါ့မယ်။

       ဒါဆိုရင် ကျွန်တော် ဖြစ်စေချင်တာကတော့ ဘလော့ဖတ်သူ တစ်ယောက် တစ်နေရာတည်းမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ကို စိတ်ကြိုက် ရွေးကာ ဖတ်နိုင်အောင်ပါ။ ပြီးတော့ မြန်မာဘလော့တွေ အားလုံး စုစည်းထားပြီးသားလည်း ဖြစ်သွားတာပေါ့။ အဲဒီလိုလေး ဖြစ်စေချင်ယုံ ရည်ရွယ်ချက်လေးပဲ ရှိပါတယ်။ ဘလော့ လိပ်စာလေးကတော့ ဒီလိုဗျ . . . .


ဒီပုံလေးကို နှိပ်ရင်လည်း ရောက်ပါတယ်။

အဆင်ပြေကြပါစေ။
ကိုဇော်

.
Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

မိုးယံ said...

ကောင်းတယ် မောင်လေးရေ.

သာဓု သာဓု သာဓု ပါတော်...

Anonymous said...

Great idea Ko Zaw! I'm just a reader only. Normally your blog is my home page and I read other blogs from your blog feed list. Thanks for your new idea!

သူကြီးမင်း (တုံးဖလား) said...

စိတ်ကူးကောင်းတယ်။ ဒါမှ မြန်မာဘလော့တွေ စုစုစည်းစည်းတစ်နေရာထဲ ဖတ်လို့ရမှာ။ အခုလို စိတ်ရှည်ရှည်နှင့်စေတနာထားပြီး တည်ဆောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခနွဲ said...

ကောင်းတယ်။ အစ်ကိုရေ။ မိုက်တယ်။ အဲလို စိတ်ကူးရှိတာ။ လေးစားပါတယ်။

လသာည said...

ကိုဇော်ရေ..

Good idea!

အခုလို တည်ဆောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

noblemoe said...

ကောင်းလိုက်တာ ဒီလင့်လေးယူသွားပါပြီ


သာယာချမ်းမြေ့ပါစေရှင်း“
မိုး

သိင်္ဂါကျော် said...

ကောင်းလိုက်တာ.. Link တွေ ပျောက်သွားရင် အဲဒီကို လာရှာမယ်.. :)

နေ၀သန် said...

ဂုဒို..ကိုဇော်...း))))

sosegado said...

သွားကြည့်လိုက်ပါဦးမယ်၊အစီအစဉ်လေးအတွက်ကျေးဇူးပါပဲ။

မေပယ်လ် said...

အရမ်းကို အကျိုးရှိတဲ့ လုပ်ရပ်လေးပါပဲ