မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


21 December 2010

20 အဝေး . . .



အဝေး . . .

သူ့ကို . . .
လှမ်းမျှော်ကြည့်လို့ မရသလို
လှမ်းခေါ်ကြည့်လို့လည်း မရဘူး။
ရမ်းရော် မှန်းဆကာ
တမ်းတ လွမ်းရတဲ့ အချိန်တိုင်း
ကဗျာ သီမယ်။

သူ့ကို . . .
မြင်တွေ့ခွင့်လည်း မရှိသလို
တမင် မေ့နေခွင့်လည်း မရှိဘူး။
သတိတရ ခဏခဏ
နာမည်လေး ရေရွတ်မိတဲ့ အချိန်တိုင်း
သီချင်း ခပ်တိုးတိုးလေး ညည်းမယ်။

သူ့ကို . . .
ချစ်ကြောင်းပြောဖို့ မနီးသလို
ချစ်လား မေးဖို့လည်း မနီးဘူး။
တိုက်ဆိုင်တဲ့ အချိန်မှာ
နှလုံးသွေး တဒိတ်ဒိတ် တိုးနေတိုင်း
မှတ်စုလေး ချရေးမယ်။

သူ့ကို . . .
သတိရလား မေးခွင့် မရှိသလို
လွမ်းနေလား လို့လည်း မေးခွင့် မရှိဘူး။
ကိုယ်သတိရမိတိုင်း
စာတိုလေးတွေနဲ့
ကိုယ့်ညကို ကိုယ်ဖွမယ်။

သူ့ကို . . .
သတိရ ၊ တမ်းတ ၊ လွမ်းမိတိုင်း
ကိုယ့်ဘဝရဲ့ညတွေကို
ကဗျာတွေနဲ့ သိပ်
ကာရံတွေနဲ့ အိပ်
သီချင်းတွေနဲ့ မှိတ်
မှတ်စုတွေနဲ့ ပိတ်
ဘဝထဲမှာလေ . . .
တစ်ယောက်တည်း တိုးတိုးကျိတ်
ခပ်တိတ်တိတ်လေးပဲ ဆွေးနေမယ်။

ကိုဇော်
21.12.2010






.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

...အလင်းစက်များ said...

လင့် ချိတ်ခွင့် တောင်းတယ်........

ခွင့်ပြုပါ.....

ကိုဇော် said...

ဟုတ်ကဲ့ . . ချိတ်ပါဗျာ။
ကျေးဇူးတင်ပါတယ်။
JUSTICE999BURMA ရဲ့ လင့်လေး ထားခဲ့ရင်လည်း ချိတ်ချင်ပါတယ်။

Anonymous said...

အဝေးကဗျာရဲ့ စာသားလေးတွေက အရမ်းမိုက်တယ်...သူ့ကို...သူ့ကိုနဲ့ ...ကဗျာစပ်တာလည်းတော်၏..မေးကြည့်အုံးမယ်..
ကိုဇော်ရဲ့ သူက ဘယ်သူပါလိမ့်..UAE က နွယ်လား :P ကိုဇော်ရဲ့ သူ ဒီကဗျာကို ဖတ်မိရင် အရင်ထက်ပိုလို့ ကိုဇော်ကို သတိရနေမယ်ထင်တယ်.....၀ိုင်းဝိုင်းနဲ့ မျိုးကြီး သီချင်းနှစ်ပိုဒ်စလုံးလည်း ကောင်းတယ်...
ကိုဇော်ရဲ့ စာတွေကို အမြဲ အားပေးနေတယ်နော်..
စိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် စာတွေအများကြီး ဆက်လက်ရေးနိုင်ပါစေ။

နေ၀သန် said...

:P.. တယ်နုပါလား.. ကိုဇော်...း)))))


ခင်မင်တဲ့
နေ၀သန်

Anonymous said...

စာတိုလေးတွေ နဲ့ ကိုယ့် ညကို ကိုယ်ဖွမယ် တဲ့

တော်သေးတယ် ကွန်ပျူတာပေါ်လာလို့ အမှိုက်နဲသွားတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မေပယ်လ် said...

ဟုတ်ပ..ကိုနေ၀သန်ပြောသလိုပဲ
တယ်နုနေပါ့သကော..
မဝေးစေနဲ့လေ..ဖမ်းထား..
အဲ..ဖွဖွလေး ဖမ်းထားဖို့ ပြောတာနော်:)

နှင်းနဲ့မာယာ said...

အဝေးကို
သေသေချာချာ ခံစားသွားတယ်....
စိတ်မကောင်းဘူး....
တဖက်သတ် ဘဝတွေ ဆိုးတယ်....

နှင်းနဲ့မာယာ

သူကြီးမင်း (တုံးဖလား) said...

လုပ်လှချည်လားဗျ။ ကဗျာမရေးတတ်ဘူးဆိုပြီး ရေးတော့လဲ ခပ်လှလှတွေချည်းပါဘဲလား။ အားမငယ်ပါနဲ့ဗျာ။ မဝေးသေးပါဘူး။ ဆွဲငင်အားတွေ အားပြည့်လာတဲ့တစ်နေ့ အနီးဆုံးကို ရောက်လာမှာပါ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ahphyulay said...

ဘာပဲပြောပြော..
လုံးဝ လက်မခံချင်ဘူး ဒါမျိုးကို..။
ကိုယ်က ရှုံးနေတယ်ဆိုတာကိုရောသိရဲ့ လား ။
ရှုံးတာမှ ဒိုင်ပွဲရပ်နဲ့  ပက်ပက်စက်စက် ရှုံးနေတာ..။
ကိုယ်ခင်တဲ့ သူတစ်ယောက် အခုလိုရှုံးနေတာကို
မကြားလို မနာ လိုပါဘူး။
ခေါင်းကလေးမော့ လိုက်စမ်းပါ။
လေကလေးကိုတဝကြီးရှုသွင်းလိုက်စမ်းပါ။
ဘဝကို ဘာတွေနဲ့ တည်ဆောက်နေပါသလဲ..။

အုပ်ကြီး said...

ကိုယ့်ညကို ကိုယ်ဖွ
အတွေးတိုင်းသူ့ ဖို့ ချည်း...
ကဗျာတွေရေးပြီး
တိတ်တိတ်လေးပဲဆွေး
ဘယ်သူမေးမေး
တစ်ယောက်တည်းလို့ မပြောကြေး ....

yin said...

အဝေး ဆိုတဲ့ ကဗျားလေး ဖတ်လို့ ကောင်းတယ်...

ဝါလွင် said...

ရေးသမျှ ကဗျာတွေ ထဲမှာ ဒီကဗျာ အကြိုက်ဆုံးပဲ။

...အလင်းစက်များ said...

ချိတ်ပါနဲ့ လေ....... ဒို့ ဂ နိုင်ဂံရေးယောင်ယောင်၊ ပညာပေးယောင်ယောင်၊ ဟာသယောင်ယောင်၊ ဘ၀ယောင်ယောင် ယောင် ဆစ်စတိ့ မို့  အားနာပါရဲ့ ကိုဇော်ရေ....

...အလင်းစက်များ said...

ချိတ်ပါနဲ့ လေ....... ဒို့ ဂ နိုင်ဂံရေးယောင်ယောင်၊ ပညာပေးယောင်ယောင်၊ ဟာသယောင်ယောင်၊ ဘ၀ယောင်ယောင် ယောင် ဆစ်စတိ့ မို့  အားနာပါရဲ့ ကိုဇော်ရေ....

kiki said...

အဲ့ဒီ အဝေး က သူ နဲ့ ပြန် နီး ရမယ် ဆိုရင် ရော.. ည တွေ ကို ဖွ နေဦးမှာ ပဲ လား...း))
ကဗျာတွေရေးတာ ပိုပင်ပန်းမယ် နော်..ခံစားမှုတွေ ပေါက်ကွဲရတာ ပင်ပန်းတယ်..

kiki said...

အဲ့ဒီ အဝေး က သူ နဲ့ ပြန် နီး ရမယ် ဆိုရင် ရော.. ည တွေ ကို ဖွ နေဦးမှာ ပဲ လား...း))
ကဗျာတွေရေးတာ ပိုပင်ပန်းမယ် နော်..ခံစားမှုတွေ ပေါက်ကွဲရတာ ပင်ပန်းတယ်..

Unknown said...

အော် ဆွေးနေမယ်တဲ့... သနားပါတယ်.. ဟဲဟဲ.. တစ်ကယ်ကောင်းပါကြောင်း.. ကိုဇော်ရေ..

Anonymous said...

ကဗျာဖတ်သွားပါတယ်..
သီချင်းလည်းနားထောင်သွားပါတယ်...
အရမ်းကောင်းပါတယ်....
may

Anonymous said...

အိပ်လို့မရတဲ့ ညတစ်ခုလုံး...
ကိုယ်ရောက်နေရာ အရပ်ကနေ.....
ငါမှတ်မိသေးတယ်......
ထပ်ခါ ထပ်ခါ နားထောင်သွား၏

Anonymous said...

good တို့ ... best တို့ နဲ့ တင်မလုံလောက်တော့ဘူး...
ကျနော်ကတော့ Excellent = သောက်ရမ်းကောင်းလို့ ပဲပြောလိုက်ချင်တော့ တယ်... ဟီးးး

တော်တော်ကောင်းတယ်ဗျာ...တိုက်ဆိုင်မှုရှိသွားလို့ လားတော့မသိဘူး... :D