မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 December 2010

26 လှိုင်းများ



အသစ် မဟုတ်ပါ။ ဒီနေ့ မရွှေစင်ဦး ဆီမှာ တင်ထားတဲ့ ဘာသာပြန် ဆောင်းပါးလေး တစ်ခုကို ဖတ်မိပြီး ပြန်လည် သတိရလို့ ဖော်ပြလိုက်တာပါ။ တကယ်တော့ ဒီနေ့ ပို့စ်တင်ဖို့ အစီအစဉ် မရှိပါဘူး။ အစ်မ ရွှေစင်ဦးရဲ့ ဆောင်းပါးလေးကတော့ ကိုယ့်ဘ၀နဲ့ကိုယ် ...ဟုတ်တယ်မဟုတ်လား? ပါ။



         ငယ်ငယ်က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ မြင်းကို ပိုက်ဆံ ပေးပြီး စီးလို့ရ၏။ အဲဒီလူက နေ့တိုင်း မြင်းကို စီးစီးပြီး လာတတ်သည်။ ရပ်ကွက်ထဲက ကလေးတွေကလည်း သူ့မြင်းကြီးလာရင် စီးရမှာ ဆိုတော့ သူ့အလာကိုပဲ မျှော်ပြီး စောင့်နေတတ်၏။ သူလာရင် ပျော်ကြသည်။ သူ့ထက် ငါ အလုအယက် စီးဖြစ်ကြ၏။ မြင်းပိုင်ရှင်ကလည်း အရွယ် အရမ်းငယ်တဲ့ ကလေးတွေဆိုရင် သူက နောက်ကနေ ထိုင်ပြီး အဖော်လိုက် ပေးသည်။ အရွယ်နည်းနည်း ကြီးတဲ့ သူတွေ ဆိုရင်တော့ ကိုယ့်ဖာသာ စီးရဲရင် စီးလို့ ရအောင် တစ်ယောက်တည်း မြင်းပေါ် တင်ပေးလိုက်လေ့ရှိ၏။

        ကျွန်တော် ကလည်း သိတဲ့ အတိုင်းပါပဲ ၊ ဆော့လိုက်ရင် မျောက်ရှုံးဆိုတော့ မြင်းတောင်မှ မခံနိုင်ဘူး။ ကောင်းဘွိုင်ကားတွေ ကြည့်မိပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းဘွိုင်လိုလို ထင်နေမိတာ ကလားဗျာ။ မြင်းလာရင် ကောင်းဘွိုင်လို လုပ်စီးရတာ အမော။ တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်က “ ကောင်းဘွိုင်တွေ ဆိုတာ ရုပ်ရှင်တွေထဲမှာ သူတို့ဖိနပ်မှာ သံစူးတွေ ပါတယ်။ မြင်းတွေကို ဒါနဲ့ တို့ပြီး ပြေးခိုင်းတာ ” ဆိုပြီး ပြောပါလေရော။ နဂိုကတည်းက အသစ်အဆန်းဆို ကလိချင်နေတဲ့ ကျွန်တော့်က အဖွားဝယ်ပေးထားတဲ့ ဖိနပ်မှာ အတွင်းကနေ သံကို ရိုက်ထည့်ပြီး အချွန်လေး ထွက်အောင် လုပ်ထားလိုက်၏။ ဒါနဲ့ မြင်းစီးရင် မြင်းကို တို့မယ် ပေါ့လေ။

       မြင်းသမားလည်း လာရော ကျွန်တော့်မှာ သံချွန်တပ်ထားတဲ့ ဖိနပ်နဲ့ ကြွ ရွနေ၏။ စီးချင်နေတာလည်း ပြောမနေနဲ့တော့။ မြင်းပေါ်လည်း ရောက်ရော ဖိနပ်က သံချွန်နဲ့ မြင်းအသားကို ကောင်းဘွိုင်တွေလို ဆက်ခနဲ ထိုးလိုက်၏။ မြင်းကလည်း သံချွန်နဲ့ အထိုးခံနေကျ မဟုတ်လေတော့ လန့်ပြီး ကမူးရှူးထိုး ပြေးတော့တာပဲဗျ။ ရုတ်တရက် ဆိုတော့ ကျွန်တော်လည်း မြင်းပေါ်မှာ လန်ပြီး အိပ်သလို ဖြစ်ပြီး ပါသွား၏။ ပြုတ်ကျတော့မလိုလည်း ဖြစ်နေတော့ ဘေးလူတွေလည်း ဝိုင်းအော် ၊ ကျွန်တော်က စီးနေကြ ဆိုတော့ မြင်းပိုင်ရှင်ကလည်း နောက်က အထိန်းအဖြစ် မထိုင်ဘူး ၊ ဒီတော့ ပြေးနေတဲ့ မြင်းပေါ်မှာ ကို့ယို့ကားယား ပါသွားတဲ့ ကျွန်တော့်ပြုတ်မကျအောင် နောက်ကနေ ပြေးလိုက်သည်။

        ဘေးက လူတွေက အော် ၊ မြင်းပေါ်က ကျွန်တော်က ဗြောင်းဆန် ၊ နောက်က မြင်းသမားက လိုက်နဲ့ တစ်လမ်းလုံး ဆူညံနေ တော့တာပါပဲ။ နောက်ဆုံးတော့ မြင်းစီးကျွမ်းကျင်သူ တစ်ယောက်က ကျွန်တော်မြင်းပေါ်မှာ ဒုံးစိုင်းပြီး ပါသွားတာကို မြင်းဇတ်ကို လှမ်းဆွဲပြီး မြင်းကို ရပ်လိုက်နိုင်တော့မှ ကျွန်တော်လည်း အသက်ရှူ ချောင်တော့၏။ ဒါပေမဲ့ အဲဒီအချိန်က စပြီး ကျွန်တော့်ကို မြင်းစီးခွင့် လိုင်စင်ကို အိမ်က ရက်ရက်စက်စက် တစ်လပိတ်တာ ခံရပါတော့သည်။ ဒါကြောင့် နောက်ပိုင်း မြင်းစီးဖို့ မြင်းသမား လာတယ် ဆိုရင် ကျွန်တော့်မှာ မျက်နှာငယ်လေးနဲ့ အိမ်ရှေ့ကနေပြီး သူများတွေ စီးနေတာကို ထိုင်ငေး နေရတော့လေ၏။

        တစ်နေ့ကျတော့ အငှားစီးတဲ့ အဲဒီမြင်းက ကျွန်တော်တို့ အိမ်ရှေ့ ကတ္တရာလမ်းမပေါ်မှာ အပေါ်က စီးနေတဲ့သူ တစ်ယောက်နဲ့ ရှိနေတုန်း ရပ်ပြီး သေးပေါက်ပါလေရော။ မြင်းသေးပေါက်တယ် ဆိုတာ ကျွန်တော်တို့ ကလေးတွေ တစ်ခါမှ မတွေ့ဖူးတော့ တအံ့တသြ ဝိုင်းပြီး ကြည့်နေမိကြ၏။ မြင်းသေးပေါက်တာကလည်းဗျာ အကြာကြီးပဲ။ ခြေလေး နှစ်ဖက်ကို ဆန့် ၊ လက်နှစ်ဖက်ကို ဆန့်ပြီးတော့ စိမ်ပြေနပြေကို ပေါက်နေတာ။ ကျွန်တော်တို့ကလည်း မမြင်ဖူးတော့ မူး မြစ်ထင် ဆိုသလို ကြည့်နေတာပေါ့။

        အတော်ကြာလို့ မြင်းက သေးလည်း ပေါက်လို့ ပြီးရော ကျွန်တော်တို့ မြင်းသေး ပေါက်ထားတဲ့ နေရာကို သွားကြည့်တော့ ကတ္တရာလမ်းလေးမှာ ကျပ်စိလောက်ရှိတဲ့ အပေါက်လေးတစ်ခု ဖြစ်နေတာကို တွေ့ရတယ်။ ဟ . . မြင်းသေး အားကလည်း တော်တော်ပြင်းတာပဲလို့ တွေးမိ၏။ နောက်တော့ တွေ့သမျှ သူငယ်ချင်းတွေကို ခေါ်ခေါ်ပြတာပေါ့လေ။

       “ ဟေ့ကောင် ဒီနေရာမှာ မြင်းသေးပေါက်သွားတယ် လာကြည့် အပေါက်တောင်မှ ဖြစ်သွား သေးတယ်။ ” 

        ဘာညာပေါ့။ သူငယ်ချင်းတွေကလည်း ထူးထူးဆန်းဆန်း ဆိုတော့ ပြူးတူးပြဲတဲလေး ကြည့်ရှာပါ၏။ ပိုစိတ်ဝင်စားတဲ့ ကောင်တွေဆို အပေါက်လေးကို လက်လေးနဲ့တောင်မှ နှိုက်ပြီး ကြည့်ကြသေး။

       နောက်နေ့ကျတော့ ကျွန်တော့်ဦးလေးကို ကျွန်တော်က ပြမိသည်။ ဒီတော့ ကျွန်တော့် ဦးလေးက သူ့အတွက် မထူးဆန်းဘူး ၊ ဒါပေမဲ့ သေချာ ကြည့်ပြီး ကျွန်တော့်ကို စကား တစ်ခွန်းပြော၏။

        “ မြင်းသေးပေါက်လို့ အခု ဖြစ်လာတဲ့ ချိုင့်ခွက်လေးက ကြီးလာလိမ့်မယ် ကြည့်နေ။ ”

         တဲ့။ ဒါပဲ ပြောသလို ကျွန်တော်ကလည်း ဘာမှ ပြန်မပြောလိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် စိတ်ထဲမှာ လက်တော့ မခံနိုင်ဘူး။ ဘာဖြစ်လို့ ဒီလောက် ချိုင့်ခွက် သေးသေးလေးက ကြီးသွားရမှာလဲလို့ ပေါ့လေ။ သို့သော်လည်း တစ်ပတ်လောက် ကြာတော့ ကျွန်တော်တို့ ကလေးတွေ ဟိုလူ့ခေါ်ပြ ဒီလူ့ခေါ်ပြရင်း တုတ်နဲ့ ထိုးထိုးဆွရင်း ချိုင့်ခွက်လေးက ပိုကျယ်လာ၏။ နောက်တော့ ကား ၊ ဆိုင်ကယ် ၊ ဆိုက်ကား ၊ စက်ဘီး ဘီးတွေ  ကြိတ်ရင်း ၊ ကျရင်းနဲ့ ပိုပိုကျယ် လာခဲ့၏။ နှစ်လလောက်လည်း ကြာပြီးရော ကျွန်တော်တို့ ကားတောင်မှ ရှောင်သွားရတဲ့ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်နေခဲ့ပြီ။

       ကျွန်တော် တကယ်ကို မယုံကြည်နိုင်ခဲ့ဘူး။ မယုံချင်ပေမဲ့ ကျွန်တော့် မျက်မြင်ပါပဲ တကယ်ကို ဖြစ်ခဲ့တာ ၊  နောက်တော့ ကျွန်တော့် ဦးလေးက . . . .

        “ မင်း တွေ့ပြီ မဟုတ်လား။ ချိုင့်ခွက်လေး သေးတယ် ဆိုပေမဲ့ ပေါ့ပေါ့ ထားလို့ မရဘူး။ အချိန်မရွေး ကြီးထွား လာနိုင်တယ်။ ဒီလိုပဲ လိမ်လည်မှု ၊ မကောင်းမှု ဆိုတာတွေကလည်း သေးသေးလေးပါ ဆိုပြီး ဒီအတိုင်း ထားလို့ မရဘူး။ မကောင်းမှု ဆိုတာကို တစ်ခါတည်း သေးသေးလေး အချိန်ထဲမှာ ကတည်းက မြေဖို့ပြီး အပြီးသတ် ပစ်ရတယ်။ မဟုတ်ရင် အခုလိုပဲ ချိုင့်ခွက်လေး ကနေ ချိုင့်ခွက်ကြီး ဖြစ်လာတော့တာပဲ။

       လို့ ပြောခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော် မြင်းသေးပေါက်လို့ ဖြစ်သွားတဲ့ ချိုင့်ခွက်လေးကနေ ချိုင့်ခွက်ကြီး ဖြစ်လာတာကို မျက်လုံးထဲ အမြဲ မြင်ယောင်ကြည့်မိ၏။ ဟုတ်ပါတယ်။ လိမ်လည်တယ် ဆိုတာလည်း တကယ်တော့ ဘာမှ မဟုတ်ပါဘူး  သေးသေးလေး ဆိုပြီး လိမ်လိုက်တာပါ။ ဒါပေမဲ့ ဒီသေးသေးလေးကို သိမှာ စိုးလို့ ထပ်ပြီး ဖုံးအုပ် လိမ်လည်ရင်းနဲ့ နောက်ဆုံးမှာ ကားတွေကိုတောင်မှ ဖင်ထောင်ကျသွားစေနိုင်တဲ့ ချိုင့်ခွက်ကြီးလိုမျိုး လိမ်လည်မှုတွေ ဖြစ်လာရပြီး ကျဆုံးကြရတာပါ။

       ကျွန်တော် အသက်လေး နည်းနည်းကြီးလာတော့ ကျွန်တော့် ဦးလေးနဲ့ ငယ်ငယ်က မြင်းသေးပေါက် လို့ ချိုင့်ခွက်လေးကနေ ချိုင့်ခွက်ကြီး ဖြစ်လာတာကို သတိတရ ပြန်ပြောမိရင်း သူက ကျွန်တော် လက်မခံနိုင်စရာ စကား တစ်ခွန်းကို ထပ်ပြော၏။

       “ ဒီလိုပဲကွ။ ချိုင့်ခွက်လေးက ချိုင့်ခွက်ကြီး ဖြစ်လာရတယ် ဆိုတာ ချိုင့်ခွက်လေး နေရာတင် ဖြစ်နေတာပါ ဆိုပြီး ချိုင့်ခွက်လေး ဘေးနားက ခဲလုံးတွေက သူတို့နဲ့ မဆိုင်သလို နေခဲ့လို့ပဲ။ လူတွေ ပြောပြောနေတဲ့ စကားနဲ့ ပြောရရင် “ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူး ” ဆိုတဲ့ စကားလိုပေါ့လေ။ ဒါပေမဲ့ အခုတော့ ဒီစကားလေးက မှားနေတယ် ဆိုတာ ချိုင့်ခွက်လေးက သက်သေပြနေတာပဲ မဟုတ်လား။ ”

       “ ဟာ . . လေးလေးကလည်း ချိုင့်ခွက်လေးက ချိုင့်ခွက်လေးလေ ၊ လူတွေနဲ့တော့ ဘယ်တူမလဲ။ လူတွေမှာတော့ ကိုယ်က ကောင်းနေရင် သူများတွေ ဘယ်လောက် ပျက်ဆီးဆီး ဘယ်ပျက်ဆီးမလဲ။ ”

        “ ဟုတ်ပါ့မလား ငါ့တူရာ။ မင်း စဉ်းစားကြည့်ပါဦး။ ဒါကို ဘယ်လို ခေါ်လဲ ဆိုတော့ “ လှိုင်းများ ” ( Waves ) လို့ခေါ်တယ်။ လှိုင်းဆိုတာ အမျိုးမျိုး ရှိတယ်ကွ ရေလှိုင်း ၊ လေလှိုင်း ၊ အသံလှိုင်း အမျိုးမျိုးပေါ့။ ဥပမာကွာ ရေလှိုင်းတွေ တတ်လာတော့မယ် ဆိုတာကို ကိုယ်က ငါ့အိမ်က တောင့်ပါတယ် ဆိုပြီး ကာကွယ်ရေးတွေ မလုပ်ဘူးဆိုရင် လှိုင်းကြီးလာမှ လုပ်ရင် မှီနိုင်ပါ့မလား။ တချို့လှိုင်းသေးတာကတော့ ဘယ်လာဖြုံမလဲကွာ။ မဟုတ်ဘူးလား။ ”

         “ ဟုတ်ပါတယ်။ ဒါပေမဲ့. . . လူပတ်ဝန်းကျင်မှာကျတော့ ကိုယ်က ကောင်းနေရင် ပြဿနာ မရှိဘူး မဟုတ်လား။ ”

         “ ရှိတာပေါ့ ငါ့တူရ ၊ လေးလေး ပြောပြမယ်။ လူ့ပတ်ဝန်းကျင်မှာ ကျတော့ “ လှိုင်းတွေ အားလုံးကို ပတ်ဝန်းကျင် ” လို့ သဘောထားတယ်။ ကိုယ်က ကောင်းနေလို့ ပတ်ဝန်းကျင်က ကိုယ့်အပေါ် မသက်ရောက်ဘူး မထင်နဲ့။ သက်ရောက်တယ်။ ဥပမာကွာ မင်းက  မင်းသူငယ်ချင်း တစ်ယောက်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်နေတယ်ပေါ့။ ဒါပေမဲ့ သူက မင်းမသိပဲ မူးယစ်ဆေးဝါးတွေ ရောင်းနေတယ် ဆိုပါတော့ ၊ တကယ်လို့ ရဲက လာဖမ်းတော့ ကျွန်တော်က မရောင်းပါဘူးလို့ မင်း ပြောလို့ မရဘူး။ ဘာလို့လဲ ဆိုတော့ မူးယစ်ဆေးဝါးရဲ့ ဥပဒေ အရကို သူ့ရဲ့ ပေ ၅၀ ပတ်လည်က သူနဲ့ သက်ဆိုင်သူ အားလုံး အကျုံးဝင်တယ် လို့ ဆိုထားလို့ပဲ။ အခုက မင်းက အတူတူတောင်မှ ထိုင်နေတာလေ။

         ဒါကြောင့် လူတွေ ပြောကြတာပေါ့။ တံငါ နားနီး တံငါ ၊ မုဆိုး နားနီး မုဆိုး ဆိုတာလေ။ ဒါပေမဲ့ တံငါ နားနီးပေမဲ့ တံငါ မဖြစ်တဲ့ သူတွေ ရှိပါတယ်။ ဒါပေမဲ့ လေးလေး ပြောချင်တာက လောကမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုလှိုင်း ဆိုတာ ကိုယ့်အပေါ်မှာ သက်ရောက်ကို သက်ရောက်တယ်။ ဒါကို သူ့ဖာသာ မကောင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ ဆိုပြီး လုပ်လို့ မရဘူး။ ကိုယ်က ကြည့်ရှောင်ပြီး နေတတ်ရမယ်။ ”

        “ ဟုတ်ကဲ့။ ဒီတော့. . . . ”

        “ ဒီတော့ မင်းကို လေးလေး အဖြစ်အပျက်လေး တစ်ခု ပြောပြမယ်။ ”

        တစ်ခါက . . .

      လူသုံးယောက်က လှေတစ်စီးနဲ့ မြစ်ကို ဖြတ်ကူးကြ၏။ သူတို့ သုံးယောက်စလုံး ကလည်း ရေမကူး တတ်ကြဘူး။ မြစ်လယ်လောက်လည်း ရောက်ရော သူတို့ထဲက အတူတူပါလာတဲ့ တစ်ယောက်က လွယ်အိတ်ထဲက လွန်ပူကို ယူပြီး သူထိုင်နေတဲ့ လှေရဲ့ ကြမ်းပြင်ကို ဖောက်ဖို့ ပြင်ပါလေရော။ ဒီတော့ သူနဲ့ လှေအတူတူ စီးလာတဲ့ နှစ်ယောက်က. . .

        “ ဟာ . . ဟေ့လူ . . ၊ ခင်ဗျား ဒါ ဘာလုပ်တာလဲ။ ”

       လို့ အလန့်တကြားလည်း မေးလိုက်ရော။ လွန်ပူနဲ့ ဖောက်ဖို့ ပြင်နေတဲ့ လူက သူတို့ကို အေးဆေး ကြည့်ပြီး . . .

       “ ခင်ဗျားတို့ အပူလားဗျ။ ကျုပ်ထိုင်နေတဲ့ အောက်ကို ကျုပ်ဖောက်တာ ခင်ဗျားတို့နဲ့ ဆိုင်လို့လား။ ”

       လို့ ပြန်ဖြေ၏။ ဒီတော့ ကျန်တဲ့ လူနှစ်ယောက်ကလည်း မနေနိုင်တော့ပဲ သူ့လက်ထဲက လွန်ပူကို အတင်းလုယူပြီး ပြောလိုက်သည်။

        “ ဘာလို့ မဆိုင်ရမှာလဲဗျ။ ကျွန်တော်တို့က တစ်လှေတည်းစီးပြီး တစ်ခရီးတည်း သွားနေကြတာလေ။ ”

        တဲ့။ အဖြစ်အပျက်လေးကတော့ ဒါပါပဲ။ လောကကြီးမှာလည်း သူများ ဘာဖြစ်ဖြစ် ငါကောင်းရင် ပြီးတာပဲ ၊ သူ့ဖာသာ မကောင်းလုပ်နေတာ သူ့ဖာသာ ခံစားရလိမ့်မယ်လို့ မထင်နဲ့။ သူ့ရဲ့ လုပ်ရပ်ကလည်း ကိုယ့်ကို ကိုယ့်ဆီကို တိုက်ရိုက် မဟုတ်ရင်တောင်မှ သွယ်ဝိုက်ပြီးတော့ အကျိုးသက်ရောက် လာလိမ့်မယ်။ ဒါလေးကို မှတ်ထား။ ”

        ကြာခဲ့ပါပြီ. . . တကယ်ကို ကြာခဲ့ပါပြီ . . . တော်တော်ကို ကြာခဲ့ပါပြီလေ။ ဒါပေမဲ့ ဒီနေ့ အထိ မှန်နေဆဲပါပဲ။


*** သဘာဝပတ်ဝန်းကျင် နဲ့ လူ့စိတ်ပတ်ဝန်းကျင် ထိန်းသိမ်းစေချင်လို့ ရေးပါတယ်။ ***


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

26 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ဟိဟိ..မြင်းသေးပေါက်တာ ကိုတောင် ထိုင်ကြည့်သတဲ့ ..ကိုဇော်ကတော့ဗျာ....
နောက်ဆုံးမှာပြောသွားသလိုဘဲ.....
ကျွန်တော်တို့  လူမှုပတ်ဝန်းကျင် သာယာအောင်ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိတာအမှန်ဘဲဗျာ..

shwenattharr said...

မြင်းပေါ်မှာ ကောင်းဘွိုင်လေးကို ကိုမြင်ယောင်နေတယ်...ဟိဟိ

kiki said...

အင်.... မြင်းသေးကြောင့် အပေါက်ကလေး ဖြစ်သွားတယ် ဆိုကတည်းက ဒီ ကတ္တရာ လမ်း လေး နဂို အခြေမခိုင် တာ ဖြစ်လိမ့်မယ် ... အရည်အသွေးမှီတဲ့ ကတ္တရာ မသုံးတာ လား... အချိုးအဆ လျှော့ထဲ့ ထားသလား ပဲ ...

ခု ရော .. ကိုဇော် တယောက် မြင်းတွေ့ တိုင်း တက်စီး နေသေးသလား ဗျိုးးး သတိထားအုံး နော်...

ချစ်ကြည်အေး said...

အဲတုန်းက မြင်းပေါ်က ဇောက်ထိုးပြုတ်ကျမသွားဘူးလား...၊ ငါလည်း ဘလော့ဂ်လောက ဆိုတဲ့လှေကြီးကို လွန်ပူနဲ့ ဖောက်အုံးမှ ....ခိခိ...:)

ရွှေရတုမှတ်တမ်း said...

အမလေး....အဖွားကြီးတောင် သူ့ရှေ့ထိုင် သေးမပေါက် ရဲလောက်အောင်ပါလား...

Anonymous said...

မြင်းသေးပေါက်တဲ့ ချိုင့်ခွက်ကနေ ဒဿနတွေ ဆွဲထုတ်လိုက်တာ အံ့မခန်းပါပဲလား ကိုဇော်ရယ်။

thadarhline said...

ကိုယ်တယောက်တည်းကောင်းရုံနဲ့ဘယ်ပြီးမလဲလေ.
ပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကြောင့်လည်းထိခိုက်တာပေါ့။
သူတို့တွေမကောင်းတာကိုယ်နဲ့မဆိုင်ပါဘူးဆိုပြီး
ဒီတိုင်းလက်ပိုက်နေမယ်ဆိုရင်အားလုံးထိခိုက်ဆုံးရှုံး
ကုန်ကြမယ်။
လူကြီးတွေရဲ့စကားသိပ်မှန်ပါတယ်ကိုဇော်...
ခင်တဲ့
သဒ္ဓါ

Flower said...

အရေးရော၊ အတွေးရော ကောင်းတယ်
ဒီလို ထားနိုင်တဲ့စိတ်ဓာတ်ကိုလည်း ချီးကျူးမိပါတယ်..
ကိုဇော်တို့လို လူမျိုးတွေ ကမ္ဘာမှာ များများရှိသင့်တယ်..
ကျွန်မတို့ကတော့ နေရာတကာ ကိုယ်နဲ့မဆိုင်သလို နေတတ်သူတွေဖြစ်နေတယ်..
အင်း ကိုယ်လိုလူမျိုးတွေ များနေရင်ဒုက္ခ
း)း)

Only U said...

ဟုတ်ကဲ့။ ဖတ်သွားခဲ့ပါတယ်။ တင်ပြပုံလေး အရမ်းကောင်းပါတယ်။ အကြောင်းတိုက်ဆိုင်လို့ ပြောချင်သေးတယ်။

{{{လိမ်လည်တယ်ဆိုတာလည်း တကယ်တော့ ဘာမှမဟုတ်ပါဘူး။ သေးသေးလေးဆိုပြီး လိမ်လိုက်တာပါ။ ဒါပေမယ့် ဒီသေးသေးလေးကို သိမှာစိုးလို့ ထပ်ပြီးဖုံးအုပ်လိမ်လည်ရင်းနဲ့ နောက်ဆုံးမှာ လိမ်လည်မှုကြီးက ကြီးလာတတ်တယ်တဲ့လေ...။}}}

လူတစ်ယောက်က ကျမကို အဲ့လိုပြောခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့လူကိုယ်တိုင်က လှိုင်းရိုက်လို့ထင်တယ်။
သူလည်း ပြန်လိမ်ခဲ့တယ်လေ။

ဒီနေရာမှာ ကျမတွေးမိတာလေးတခုပေါ့နော်။
တကယ်လို့ ဒီလူညာနေတာသိရင် ကိုယ်လည်း မလိမ်မညာသင့်ဘူးနော်။ အရင်လိမ်နေသူ ကိုလမ်းမှန်ရောက်အောင် လမ်းညွှန်သင့်ပါတယ်။ အဲ့ဒီလူလိမ်လို့ ငါပါဆက်လိမ်တာ ဆိုတာတော့ ဘယ်ဖြစ်သင့်မလဲနော်။

အပေါက်သေးလေးကို အချိန်မီဖာထေးခဲ့ရင် အပေါက်ကြီးမဖြစ်နိုင်တော့ဘူးလေ။

အတူတူလိမ်ခဲ့ကြပြီးမှ ပထမလိမ်တဲ့သူကို အပြစ်ပုံချပြီး နင်လိမ်လို့ငါလိမ်ခဲ့တာလို့ ပြောခဲ့တဲ့လူတစ်ယောက်ကို ဒီပို့စ်လေးဖတ်မိတော့ သတိရမိသားပဲလေ။

ကျမတို့မြန်မာစကားပုံတောင်ရှိသေးတယ်လေ။

“အချိန်မီချုပ် အစုတ်သက်သာ”တဲ့။ အမှားဆိုတာကို သိရင် ပြုပြင်ဖို့ အချိန်ဆိုတာ မီပါသေးတယ်။ ဘယ်တော့မှ နောက်မကျပါဘူး။

အမှားကို အမှားမှန်းမသိသူသာ ပြုပြင်ရခက်တဲ့လူပါ။

ဟန်ဆောင်လိမ်ညာခြင်း ကင်းဝေးပါစေ။

ဘာပဲပြောပြော အရာရာအတွက် ကျေးဇူးတင်ပါတယ်။
ဒီကွန်းမန့်နဲ့အတူ နှုတ်ဆက်ခဲ့ပါတယ်။



SSA

အမ်တီအန် said...

အယ်တော့..မြင်းကလည်း ချိုင့်ခွက်ဖြစ်အောင်တောင်ပေါက်တယ်ဆိုတော့..
သံမဏိသေးတွေများ ပေါက်သွားသလားမသိ..။ ဒီလိုမြင်းမျိုးများများရှိလို့ နာတို့ လမ်းမတွေ ပျက်ဆီးနေတာ..။ ဟီး..။

မောင်သီဟ said...

ရေးထားတာရော မန့်ထားတာတွေပါဖတ်ပြီး အသိတွေရပါတယ်ဗျာ
ကိုကိုကျောက်ကတော့ ရယ်စရာလေးလုပ်သွားတယ်
း) ရသစုံပဲဗျ

Nge Naing said...

မင်္ဂလာပါ။ လာဖတ်ပြီး သဘောကျစွာ ပြုံးသွားပါတယ်။

SHWE ZIN U said...

ကိုဇော် ရေ

ဖတ်မှတ် သွားပါတယ်နော် ဟီး..ဟီး မြင်းသေးပေါက် တာ မလို့တော်သေး တာပေါ့နော်..

ရွှေစင်ဦး

Unknown said...

ကိုဇော်ပြောတဲ့ ကိုယ်ကောင်းရင်ခေါင်းမရွေ့ ဆိုတဲ့စကားက တွေးစရာလေးတွေဖြစ်သွားပါတယ်။လူ့ ဘ၀အတွက် အသုံးချပညာရပ်လိုမှတ်သားသွားပါမယ်။
တစ်နေရာရာမှာတော့ အသုံးဝင်မှာပါ.....

Unknown said...

ကိုဇော်ပြောတဲ့ ကိုယ်ကောင်းရင်ခေါင်းမရွေ့ ဆိုတဲ့စကားက တွေးစရာလေးတွေဖြစ်သွားပါတယ်။လူ့ ဘ၀အတွက် အသုံးချပညာရပ်လိုမှတ်သားသွားပါမယ်။
တစ်နေရာရာမှာတော့ အသုံးဝင်မှာပါ.....

Unknown said...

မင်္ဂလာပါ နောင်ကြီးကိုဇော်... ညီလေးနာမည်ပြောင်းလိုက်ပြီခင်ဗျ။
မနေ.ကမှနာမည်အသစ်ကိုစဉ်းစားလို.ရတာကြောင့်ပါ။
ခုအသစ်ကကျနော့်ရဲအချစ်ဆုံးသူငယ်ချင်းလေးက အမှတ်တရ ပေးထားတဲ့နာမည်လေ...
နောင်ကြီးပြောသလိုပါပဲ နာမည်တူတွေများနေရင်မကောင်းဘူးခင်ဗျ အထူးသဖြင့်ဘလော့ဂါပဲလုပ်လုပ် ဘလော့တွေမှာကွန်မန်.ပဲဝင်ရေးပါစေဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူးနော် ပြီးတော့ နောက်လူကပထမလူကိုဦးစားပေးရမှာလောကထုံးစံပါပဲ။ကျနော်ကိုယ်ပိုင်ဘလော့မလုပ်နိုင်သေးပေမဲ့ဘလော့တွေမှာကွန်မန်.၀င်ရေးတော့နောင်ကြီးနဲ.နာမည်တူလူမှားနေတာနောက်ဆိုမဖြစ်တော့ပါဘူး
ကျနော်လည်းနာမည်ကလူတွေအတွက်အလွန်အရေးကြီးတယ်လို.ထင်တယ်ခင်ဗျ။
လူတစ်ယောက်ရဲ. ကောင်းတဲ့လုပ်ရပ်တွေ ဆိုးရွားတာတွေက အဲ့လူရဲ.နာမည်ကနေပဲ ဂုဏ်သတင်းစထွက်တာပဲ နာမည်ကနေပဲလူပုဂ္ဂိုလ် ကိုတိုက်ရိုက် ကိုယ်စားပြုတယ်လို.ကျနော်ထင်တယ် အဲ့ဒါကြောင့်လည်း လူသေသော်လည်းနာမည်ကမသေဘူး လိုပြောနေကြတယ်လို.ကျနော်ထင်ပါတယ်။
အဓိကကျနော်ဆိုလိုချင်တာက နောင်ကြီးကိုဇော်ကို ကိုယ်ချင်းစာပါတယ် ဘလော့တွေမှာနာမည်တူတွေရှိနေရင်ပြသနာကရှိလာနိုင်တယ် နာမည်တူတွေကကိုဇော်ကြီး စိုးရိမ်မိတဲ့အတိုင်းပေါက်ကရတွေ
လျှောက်ရေးလာရင်ထင်ယောင်ထင်မှားတွေဖြစ်လာနိုင်ပြီးတော့ ဖတ်မိတဲ့လူတွေကလည်းသူတို.သိတဲ့သူကိုပဲအရင်သတိရမှာသေချာပါတယ်

ကျနော်ကတော့အချိန်မှီသိသိချင်းပဲနောင်ကြီးကိုဇော်ရဲ.လန်းချင်ကြသူများပို.စ်မှာအသိပေးအကြောင်းကြားပြီးတော့နာမည်ပြောင်းလိုက်ပြီ။ မနေ.က နောင်ကြီးရဲ.သီချင်းနဲ.ရေးတဲ့ကျနော့်ည မှာcommentရေးမလို.အချိန်မအားလို.ကျနော်ဒီနေ.commentလေးနဲ.နာမည်ပြောင်းပြီးကြောင်းကိုအကြောင်းကြားနုတ်ဆက်လိုက်တာပါ...

ပြီးတော့နောင်ကြီးကိုဇော်ရဲ.စာတွေကအပြင်လောကရဲ.အမှန်တရားတွေပါတဲ့အတွက်နောင်ကြီးကို ကျနော်အရမ်းလေးစားတယ်ဗျာ အဲလိုစာတွေများများတင်ပေးပါ
အသိဥာဏ်ရှိတဲ့သူတွေပိုများလာတဲ့ခေတ်ကြီးမှာ မိုက်မဲတဲ့သူတွေကလည်း ဆတိုးပွားလာမှာပဲခင်ဗျ
ဘာပဲဖြစ်ဖြစ်မသိသေးတဲ့သူတွေသိအောင် မသိချင်ယောင်ဆောင်ပြီးနေတဲ့သူတွေသတိရအောင်လုပ်ပေးဖို. အတွက်နောင်ကြီးကိုဇော်တို.လိုလူမျိုးတွေများများရှိဖို.လိုအပ်တယ်လို.ကျနော်ထင်တယ်။
"ပတ်ဝန်းကျင်နှင့်လူ.စိတ်ဝန်းကျင်ထိန်းသိမ်းစေချင်တယ်"ဆိုတဲ့စာသားလေးကို ကျနော်အရမ်းကြိုက်တယ်ခင်ဗျ။ အမှန်ပါပဲ... လူတွေရဲစိတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းဖို.လိုနေပါပြီ။
အခုချိန်မှာသဘာဝပတ်ဝန်းကျင်တွေပြုန်းတီးနေသလိုပဲ...
...လူတွေရဲစိတ်ဝန်းကျင်လည်းဟာလည်းတော်တော်ပျက်ဆီးနေကြတယ်
ကျေးဇူးတင်လေးစားပါတယ်...

ကိုဇော် said...

ကျနော်ကလည်း ကျေးဇူး အရမ်းတယ်ပါတယ် ညီလေး “ ည ” ရေ. . .။ နာမည်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။
တတ်နိုင်သလောက် ဆိုတာထက် ပိုပြီးတော့ အစွမ်းကုန် အချိန်လေး ရသလောက်တော့ အကျိုးရှိမယ် ထင်တာလေးတွေ အတွေးလေးတွေ ဆက်ရေးဖြစ်သွားမှာပါ။

အားလုံးကိုလည်း ကျေးဇူး. . . ကျေးဇူးပါ..။

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

လာဖတ်သွားပါတယ် လိုချင်တဲ့ နေရာ ပြောချင်တဲ့ နေရာကို ရောက်အောင် ယူသွားတာလေးကို သဘောကျတယ်ဗျာ
ဘာမှတော့ မဝေဖန်တော့ပါဘူး

Nge Naing said...

ကိုဇော်ရေ ပထမအကြိမ်လာဖတ်တုန်းက အချိန်မရလို့ ပထမမ တမျက်နှာခန့်ပဲ ဖတ်ပြီးပြန်သွားတယ်။ ကိုဇော်ရေးထားတာ မြင်းသေးပေါက်တဲ့အကြောင်း၊ ငယ်ငယ်က ဘယ်လိုဆိုးခဲ့တယ် ဆိုတဲ့အကြောင်း ဟာသပဲ ထင်ပြီးပြီးအောင် မဖတ်လိုက်တာ ဆောရီးပဲနော့်။ လာဖိတ်လို့ တပုဒ်လုံး ပြန်ဖတ်ခွင့်ရတာလည်း ကျေးဇူးတင်ပါတယ်။ အခုဒီတခါမှ ကောင်းကောင်း ဖတ်ဖြစ်တယ်။ အနှစ်သာရတွေ ဒဿနတွေပါတဲ့ ပို့စ်ဆိုရင် ပထမဦးဆုံးပိုဒ်မှာ အရိပ်အကဲလေးအဖြစ် ၀ါကျတကြောင်းလောက် ထည့်ပေးရင် ပိုကောင်းလိမ့်မယ်လို့ အကြံပြုချင်တယ်။ အဲဒါလေး တခုမပါတာကလွဲလို့ ပို့စ်လေးက ဖတ်ရတာ ပေးချင်တဲ့ message ကိုပေးသွားတာ သိပ်ကောင်းပါတယ်။ မိမိဘယ်လောက်ပဲ ကောင်းကောင်း ပတ်ဝန်းကျင် မကောင်းရင် ပျက်စီးခြင်းကို ဦးတည်နေသလို ပတ်ဝန်းကျင်ကောင်းပေမဲ့လည်း မိမိရဲ့ မကေင်းတဲ့ ညာဉ်ကိုမပြင်ရင်လည်း ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်နဲ့ မိမိက အပြန်အလှန် သဟဇာတ ရှိဖို့တော့ သိပ်ကို အရေးကြီးတယ်လို့ ထင်ပါတယ်။ မကောင်းမှုဆိုတာ အသေးအမွှားကအစ ရှောင်သင့်ကြောင်း ပြုပြင်သင့်ကြောင်း message ပေးထားတဲ့ အနှစ်သာရရှိတဲ့ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်။

Unknown said...

အရမ်းကောင်းပါတယ်။ ဒါပေမယ့် ဒီအကြောင်းအရာလေး ဖတ်ပြီးတော့ ဆက်အတွေးပွားလိုက်တာ သိချင်တာလေး တစ်ခု ထွက်လာတယ်။ အဲဒါ ဘာလဲဆိုတော့.....ကတ္တရာလမ်းကို အချိုင့်ဖြစ်အောင် သေးပေါက်သွားတဲ့ မြင်းက အထီးလား၊ အမလား ကွဲကွဲ ပြားပြား သိချင်လာတယ်။ အဲဒါလေး ဖြေကြားပေးပါလား.......ဟဲ..ဟဲ..။
သူများနဲ့ မတူတဲ့ အတွေးအခေါ် အသစ်အဆန်းတွေ တွေးတတ်တဲ့သူတွေကြောင့် ကမ္ဘာလောကကြီး တိုးတက်လာတာဆိုလို့ သူများနဲ့ မတူတာ တွေးကြည့်တာပါ.......။ ဟိ..ဟိ

ကိုဇော် said...

ဖြေရမှာပေါ့ဗျာ. . .
ဒါပေမဲ့ ကျနော်က သေချာပြည့်စုံအောင် ရေးပေးထားမိတယ်လို့ ထင်မိလို့ပါ။
ကျနော် အဲဒီမှာ ခြေနှစ်ဖက်ကို ဆန့် ၊ လက်နှစ်ဖက်ကို ဆန့်ပြီး ပေါက်တယ် ဆိုမှတော့ “ အထီး ” ပေါ့ဗျာ။ အမတွေက ဒီလိုမှ မပေါက်တတ်တာလေ။ ဒီလို ပေါက်လိုက်ခြင်း အားဖြင့် မြင်းရဲ့ XXX က မြေနဲ့လည်း ပိုနီးပြီး ပြင်းအားပိုသွားတယ် ထင်ပါတယ်။ ဒါကြောင့် ဒီချိုင့်လေး ဖြစ်ကျန်ခဲ့တာပါပဲ။

သူများနဲ့ မတူတဲ့ အတွေးအခေါ်ကို တွေးတယ် ဆိုလို့ ဝမ်းသာတယ်ဗျာ. . လက်ခံ ကြိုဆိုလျက်ပါ။

အားလုံးပဲ ပျော်ရွှင်ပါစေဗျာ။

မိုးခါး said...

ပို့စ်ရော ကောမန့်တွေရော ဖတ်ပြီး စဉ်းစားစရာတွေ များသွားတယ် .. မမြတ်မွန်မှာတည်းက တွေးနေတာလေ .. တခါတည်း ဆက်သွားတယ် ..း))

Anonymous said...

အစ်ကိုရေ.....အရမ်းကို တန်ဖိုးရှိပြီး
ကောင်းလွန်းတဲ့ POST တစ်ခုပါ။
အတွေးတွေပွားနေမိရင်း ပေးထားတဲ့ဥပမာလေးတွေက
အရမ်းကို ထိရောက်လွန်းတာခံစားမိပါတယ်။
လှိုင်းတွေတဲ့လား။ လောလောဆယ်တော့ လေပြင်းလို့ ဖြစ်မယ်။ လှိုင်းတွေ ထန်လို့ ထန်။ ကိုယ့်ဘာသာလည်းပြန်ကြည့်ရင်း၊ ဘေးကိုလည်း
စောင်းငဲ့ကြည့်ရင်း ခြေရာလေးတွေ ရှာကြည့်နေမိရဲ့။ လူ့ စိတ်ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုတာလေးတော့
တော်တော့်ကို သဘောတွေ့ အားရမိတယ်ရှင်။ :)
HAPPY NEW YEAR :)

...ခင်မင်လေးစားလျှက်...ခင်မာလာအောင် :)

ငြိမ်းစိုးဦး said...

တစ်လှေတည်းစီးတဲ့ အခါ ဂရုပြုစရာ ကိုထိထိမိမိ ဖော်ပြထားလို့ ၀မ်းသာရပါတယ် ...
ငြိမ်းစိုးဦး

mstint said...

ကိုဇော်ရေ မဖတ်ခဲ့ရသေးတဲ့ ပို့စ်ဟောင်းလေးတွေ လိုက်ဖတ်ရင်း'လှိုင်းများ' ဆောင်းပါးကို ရောက်သွားပါတယ်ကွယ်။
ကောင်းသော စေတသိက်ကို လောကီလူသားများ ပိုင်ဆိုင်နိုင်စေဖို့ရာ သုတ ရသ စာစုတွေကနေ အသိပညာပေးလေးတွေနဲ့ ထိန်းသိမ်းနိုင်ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

အတွေးရော အရေးပါ လေးစားလျှက်ပါအကို....