မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


03 December 2010

20 ဘယ်လိုယောက်ျားတွေက အားကိုးလောက်လဲ



ဒီမေးခွန်းကို ကျွန်တော် ဘယ်တော့မှ မမေ့ပါ။ ဘာလို့လဲဆိုတော့ မျက်ရည်တွေပါတယ်လေ။

အဲဒီင်္နေ့က မိုးတွေ အရမ်းရွာနေလို့ ကျွန်တော်တို့ ဒဂုံတက္ကသိုလ် ရဲ့ နားနေဆောင်ထဲမှာ မိုးခိုနေတာပါ။ ကျွန်တော်တို့အဖွဲ့ အားလုံး စုံစုံညီညီ ရှိကြတယ်။ Pt ရှိတာလဲ ပါတယ်လေ။ အပြင်က မိုးကိုကြည့်ရင်း ၀တ်ရည် က သူ့အကျင့်အတိုင်း ပွစိပွစိ ၊ ကျော်ဇောတို့က ရရာတုတ် ခဲနဲ့ ကျားထိုးနေတယ် ၊ စိုးဝေကတော့ ဟာသစာအုပ်နဲ့ တခွိခွိ ၊ ထက်ထက်ကတော့ မှန်ထုတ်ပြီး လှလှသထက် လှအောင် ပြင်နေလေရဲ ၊ ရောက်ရာမှာ အိပ်တတ်တဲ့ တင်ဇာတော့ ဟောက်လို့ ၊ ထူးထူးခြားခြား အယူအဆ သိပ်မတူတဲ့ ကေသီ နဲ့ ကျွန်တော် တစားပွဲတည်းမှာ အတူတူတိုင်မိတယ်။

ပြောရရင် အဲဒီက စတာပဲဗျာ။

ကေသီ့မှာ ချစ်သူရှိတယ်။ သူ့ကိုအားလုံးက သားသား လို့ပဲ ခေါ်ကြတယ်။ တော်တော်ခင်ဖို့ ကောင်းပါတယ်။ သူကလဲ ကေသီ့ကို အရမ်းချစ်တယ်။ ကေသီကလဲ သူ့ကို အရမ်းချစ်တယ်။ သူတို့ ချစ်နေတာကို သူ့တို့အိမ်တွေကလဲ သိတယ်။ ကဲ ဘာလိုသေးလဲ ထင်ကြမှာပေါ့။ မဟုတ်ဘူးဗျ။ ကံကြမ္မာက လှည့်စားတတ်တယ်။

ကေသီ့ အစ်ကို တစ်ယောက်ရဲ့ သူငယ်ချင်းက ကေသီ့ကို ကြိုက်တယ် ဖြစ်လာတယ်။ သူ့က အမေရီကားကို အသွားအပြန် ရှိတယ်။ ပြီးတော့ ချမ်းသာတယ်။ ဒါနဲ့ တိုတိုပြောရရင် ကေသီ့ မိဘတွေက ကေသီ့ကို ဖြစ်စေချင်တယ်။ ကေသီ ကောင်းစားမှ သူတို့လဲ ခုလို သာမန် အခြေအနေကနေ လွတ်မယ် ဘာညာ ဆိုပြီး ၀တ္ထုထဲက စာသားတွေ ရွတ်ပြတယ်။

ကေသီ ကတော့ သနားဖို့ ကောင်းပါတယ်။ မိဘတွေ ရှေ့ရောက်ရင် မိဘတွေကို သနားသလို ၊ ချစ်သူ့ ရှေ့ရောက်ရင် ချစ်သူ့ကိုလဲ မစွန့်လွှတ်နိုင်ဘူး။ သူ့ခဗျာ ဗျာများ နေတာပေါ့။ သူ့အကြောင်း ကျွန်တော် မမေးပါ ၊ သူ့ကလဲ ကျွန်တော်ကို သိပ်မပြောရဲဘူး။ ရင်မဖွင့်ရဲဘူး ဆိုပါတော့။

ဟိုတစ်ခါ ကျွန်တော့်ကို အကြံတောင်းတော့ ကျွန်တော် ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် သူ နဲ့ကျွန်တော် အလှမ်းဝေး သွားရတာပါ။ စကားလွန် သွားပေမဲ့ ကျွန်တော် မမှားပါ။ အဲဒီတုန်းက သူ့က သူ့ကို အကြံပေးဖို့ ပြောတော့ ကျွန်တော် တစ်ခု ပဲပြောလိုက်တယ်။

" ကေသီ သူငယ်ချင်း နင်မှတ်ထား ၊ အချစ်မပါဘဲနဲ့ ငွေ ကြေး ချမ်းသာတာ တစ်ခုထဲကို ကြည့်ပြီး လက်ထပ်တယ် ဆိုတာ အထက်တန်းစား ပြည့်တန်ဆာ လုပ်ငန်းပဲ။ "

လို့...

ကျွန်တော့် အပြောအဆို ရင့်သီးချင် ရင့်သီးသွားနိုင်ပါတယ်။ ဒါပေမဲ့ အမှန်တရား တချို့ကလည်း ပန်းသီး တစ်လုံးလို မချိုမြဘူး မဟုတ်လား။ ဒီထဲက သူ့နဲ့ ကျွန်တော် တခြားအရာတွေမှာ အပြောမဆို မပျက်ပေမဲ့ သူ့ အချစ်ရေးတော့ ကျွန်တော် လက်ရှောင်တယ်။ သူလည်း အကြံဥာဏ်အတွက် ကျွန်တော့်ကို မမေးရဲ ၊ မတောင်းရဲ တော့ဘူး။

ခုတော့ . . . .

ရာသီဥတုကလည်း မိုးတွေရွာ တခြား သူငယ်ချင်းတွေ ကလည်း မအားတဲ့ အချိန်ဆိုတော့ ၊ သူ့နဲ့ ကျွန်တော် ဘာဘာညာညာ ပြောမိတယ်။ ပြောရင်း သူလဲ ရင်ထဲက အကြောင်းတွေကို ပြောချင်းပုံရတယ်။ သားသား အကြောင်း စပြောတယ်။ ပြီးတော့ သူ့ရင်ထဲက အကြောင်းတွေ နောက် . . . နောက် . . . နောက် . . . ၊ ဒီမှာ ကျွန်တော် ဘာမှ မပြောရာကနေ စပြီး မေးခွန်းလေးကို မေးမိပါတယ်။

ကျွန်တော် ကေသီ့ကို မေးတယ်. . .

" ကေသီ နင့် အမေရီးကားက အကောင်က ဘယ်လို အခြေအနေရှိလဲ "

( ဒီနေရာမှာ အကောင် လို့ ကျွန်တော် ပြောတာ ရိုင်းတာ မဟုတ်ပါဘူး။ ကိုယ် မနှစ်မြို့သူ ၊ အလိုမတူသူ မို့လို့ ပြောတယ် ဆိုတာ သဘောပေါက်မှာပါ။ ) အဲဒီမှာ ဒီစကားကို သူဖြေတော့တာပဲ။

ကေသီသူ အဝေးကိုငေးတယ်။ ပြီးမှ . . .

" အင်း ၊ အားကိုး လောက်ပါတယ် ၊ အားကိုး လောက်တယ်လေ "

" ဘာ.."

ကျွန်တော် ပေါက်ကွဲ သွားတာပါ။ ကျွန်တော် ဘာမှ မမြင်တော့ဘူး။

" သြော် . . နင်က ဟိုကောင်က အားကိုး လောက်တယ် ဟုတ်လား။ သားသားက အား မကိုး လောက်ဘူးပေါ့။"

ကျွန်တော် ဒေါသနဲ့ပြောနေတော့ . . ကေသီ ကျွန်တော့်ကို မမြင်ဘူး သလို့ ကြောင် ကြည့်နေတယ်။

" နင် မှတ်ထား ကေသီ ယောက်ျားတိုင်းက အားကိုး လောက်တယ်။ အေး ကိုယ်ချစ်တဲ့ လူအပေါ်မှာ ဆိုရင် ပိုတောင်မှ အားကိုး လောက်သေးတယ်။ ကိုယ် ချစ်တဲ့ လူကို ဘယ်သူက မျက်နှာငယ် စေချင်မလဲဟ။ မတတ်သာလို့သာ နေကြရတာ ၊ သူတို့ အစွမ်းကုန် ကြိုးစားကြမယ်လို့ ငါ ယုံကြည်တယ်။ ချစ်သူကို မြင့်မြင့်မားမား ထားချင်မှာပေါ့။

ဒီလိုပဲ နင့် ချစ်သူ သားသားလည်း အစွမ်းကုန် ကြိုးစားမှာပါ။ သူ့ကို ငါ ယုံတယ်။ "

တကယ်တော့ ကျွန်တော် သတိလွတ် သွားပြီး ပြောမိတာပါ။ ပြီးမှ သူငယ်ချင်းတွေ အားလုံးကလဲ မတားရဲ မဆွဲရဲပဲ ၊ ပါးစပ် အဟောင်းသားနဲ့ ၊ ကေသီ လည်း မျက်ရည်တွေနဲ့။ ကျွန်တော် သတိဝင်မှ . . . . . .

" ဆောရီး . . ကေသီ ၊ ငါ . . ငါမှား သွားတယ်။ ငါ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကိုပါ ၀င်ပြော မိသွားပြီ။ ငါ တောင်းပန်ပါတယ်။"

ဒါပေမဲ့ . . ကေသီ မျက်ရည်တွေနဲ့ ပြုံးလာတယ်။ ပြီးတော့.....

" တောင်းပန်စရာ မလိုဘူး ကိုဇော်။ နင်က ငါ့ရဲ့ ဘယ်ဘက်ကို ယိမ်းရ မှန်းမသိတဲ့ စိတ်ကို လမ်းပြ လိုက်တာပါ။ ငါ အခု ငါ့လမ်း ငါတွေ့ပြီ။ ကျေးဇူးပါပဲ သူငယ်ချင်းရယ်။ "

ဒါနဲ့ပဲ ကျွန်တော် ကျောင်းကြီးမှာ ဆက်လက် တတ်ခဲ့ကြတယ်။ နောက်တော့ . . ကျွန်တော် သူတို့နဲ့ အဆက်ပြတ် ခဲ့တယ်။ ကျွန်တော် အဆက်အသွယ် ပြန်ရတော့ သားသားက သားသားလေး တစ်ယောက်နဲ့ဗျာ။ နည်းနည်းများ ရှုပ်သွားမလား။

သူနဲ့ တွေ့တော့ . . သားသားက ကျွန်တော်ကို ပြောတယ်။

" ငါ အပါအ၀င် သူငယ်ချင်းတွေ အားလုံး သူ့ကို ခိုးပြေးဖို့ ပြောတာပဲ မရဘူးကွ။ မင်း ပြောလိုက်တဲ့ စကားကြောင့် သူ ပြောင်းလဲ သွားတာကွ ၊ ကျေးဇူးရှင်ရဲ့။ "

တဲ့။ တကယ်တော့ ကျွန်တော်ကြောင့် ဆိုတာထက် အမှန်တရားက ဖြေသွားတာပါဗျာ။ ဒါကြောင့် သူငယ်ချင်းတို့ရေ။ ဒီလို အကြောင်းမျိုး ကြုံနေရတယ် ဆိုရင် ဒီအဖြစ်အပျက်လေးကို သတိရကြည့်ပါ။

ဒီမှာဗျာ ကျွန်တော် ပြောမယ်။

" ယောက်ျားတိုင်းက အားကိုး လောက်တယ်။ သူ ချစ်တဲ့သူ အပေါ်မှာပေါ့။ "

လေးစားစွာဖြင့်
ကိုဇော်

http://zaw357.multiply.com/journal/item/244/244 မှာ 3.5.2009 က ရေးထားတာပါ။

.

Share/Bookmark

20 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

အင်း.....
အားကိုးမှားသွားလို့ ဘ၀ပျက်သွားတဲ့ မိန်းကလေးတွေလည်းအများကြီးပါပဲ။ ။

တို့ လည်းလန့် နေတယ်...။

Anonymous said...

း) လူမသေငွေမရှားမို့ ငွေနဲ့အရာရာကိုဆုံးဖြတ်တာတော့သဘောမကျပါဖူး။
ဒါနဲ့ ကိုဇော်ကြောင့် မင်္ဂလာရှိတဲ့စုံတွဲလေးဖြစ်လာတာတော့ ပျော်စရာကြီးပါနော်
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဝက်ဝံလေး said...

ဖတ်ပြီးပြုံးသွားတယ် .....
no comment နော်

ahphyulay said...

အင်း...
ပြန်လာမှ နဲနဲ ပြောကြည့် မယ်လေ။
သွားလိုက်ဦးမယ်။

Anonymous said...

:)..မှန်တာဝန်ခံရရင် ဒီ POST လေးဖတ်ပြီး
မှ အားကိုးခြင်းမကိုးခြင်းတွေကို အာရုံရောက်မိတယ်။
ကိုယ့်ဘာသာ ပြန်စမ်းစစ် မိတော့.....
သေချာတယ်..ကျွန်မ ရဲ့ အားကိုးရာ ကတော့
ကျွန်မ ကိုယ်တိုင်ပါပဲ။ :)
ချစ်သူကို ချစ်တယ်။ သူနဲ့ အတူ ရင်ပေါင်တန်းပြီး
လမ်းတွေဖောက်မယ်။ တမျိုးစီ ပေါ့လေ။
POST ကောင်းလေးပါပဲ အစ်ကိုဇော်။
အားလုံးပဲ မှန်ကန်တဲ့ အားကိုးရာကို ရွေးချယ်နိုင်ပါစေ။
..ခင်မင်လျှက်..ခင်မာလာအောင်..:)

မိုးခေတ် said...

ခိုးပြေးဖို့ပြောတာပဲ မရဘူးကွ..ဆိုတော့ ကေသီကိုယ်တိုင်က မိဘတွေကို သေချာပြောပြပြီး သူနဲ့ပဲ ယူလိုက်တယ်ဆိုတာမျိုးကို ပြောချင်တာလား..ကေသီပြောသွားတဲ့ စကားအရ သူတို့နှစ်ယောက်ပဲ ရသွားတဲ့ သဘောမျိုးပေမယ့် သိပ်မရှင်းဘူးဖြစ်နေလားလို့ပါ..ကျွန်တော်ပဲ ပိန်းတာလားမသိဘူး.. :D

ကိုဇော် said...

မိုးခေတ် . . သို့

သူတို့ ခိုးပြေးကြတာပါ။ သူတို့ နှစ်ယောက်ကို အိမ်က သဘောတူဖို့ထက် ဟိုတစ်ယောက်နဲ့ ပိုဖြစ်စေချင်တာ ဆိုတော့ ဒီလိုပဲ ဆုံးဖြတ်ကြတာပါ။
ကျနော်က ခိုးပြေးတာကို သဘောမကျပါဘူး။ ဒါကြောင့် ကျနော် ထည့်မရေးတာပါ။ ဒါပေမဲ့လည်း မဖြစ်နိုင်တဲ့ နောက်ဆုံး ဆိုတော့ ဒီလို ရွေးချယ်မှုကို အားပေး ရမှာပါပဲဗျာ။
ဘာလို့လဲ ဆိုတော့ ချစ်သူတိုင်းကို ညားစေ ချင်ပါတယ်။

အခုလို ထောက်ပြပြောဆိုတာ ကျေးဇူးပါ။

သိင်္ဂါကျော် said...

သားသားက အားကိုးထိုက်တဲ့ ယောက်ျား ဖြစ်နေလို့ တော်သေးတာပေါ့..
ဒါပေမယ့် ယောက်ျားတိုင်းကတော့ အားကိုးလောက်တဲ့ ယောက်ျား မဟုတ်ကြပါဘူး.. ကိုယ်ချစ်တဲ့သူ ဖြစ်ပေမယ့် လည်းပေါ့..။
ကိုဇော့် ပတ်ဝန်းကျင်မှာ အဲလို ယောက်ျားမျိုး မတွေ့ဖူးသေးလို့ နေပါလိမ့်မယ်..။
အချစ်ကို ဦးစားပေးလို့ မှားကြတဲ့ သူတွေလည်း အများကြီးပဲလေ...။

မောင်မိုး said...

ချစ်သူတိုင်းညားစေချင်ပါတယ်ဗျာ။ ခိုးပြေးသည်ဖြစ်ဖြစ်...မခိုးပြေးသည်ဖြစ်ဖြစ် ဒါတွေက အရေးမကြီးပါဘူး..။ ကေသီ့ကိုတော့ ချီးကျူးပါတယ်။

Anonymous said...

ချစ်သူတိုင်း ညားစေချင်ပါတယ်...အားကိုးလောက်လားဆိုတာ တော့ စဉ်းစားသင့်ပါတယ်....

sosegado said...

ရှင့်ကို အားကိုးရမယ်ထင်လို့ ယူခဲ့တာဆိုပြီး
အစဉ်မပြေတိုင်း လင်ယောကျာင်္းကိုရန်လုပ်တဲ့ မိန်းမတွေအများကြီးပဲ။

အင်္ဂါဟူး said...

ဟေ့ ဘာမှ လုပ်မနေနဲ့ ကိုယ်ကြိုက်တာ ကိုယ်လုပ်... ကိုယ်ကြိုက်တာကိုယ်ယူ .... ဘယ်နှယ့်အေ မိဘ ပေးစားတိုင်း သဘောတူတိုင်း ကောင်းတယ် ဘူလူပြောလဲ... တကတည်း တစ်သက်လုံးပေါင်းရမှာက ကိုယ် ဒါကို သူတို့အတွေ့အကြုံ အတွေးအမြင်လေးနဲ့ ရွေးတာ ... လူက တစ်သက်လုံး ဒီအတိုင်းကောင်းနေမယ်.. ချမ်းသာနေမယ် ဘူလူ အာမခံလဲ... ကိုယ့်ဒူးတောင် ကိုယ်မယုံရတာာာကိုများ... မကောင်းရင် တစ်ဘ၀လုံးရင်စည်းခံပဲ...မိန်းခေးဆို ပိုဆိုးပေါ့.

ahphyulayy said...

တစ်ချို့ ကိစ္စတွေက ဦးဏှောက်နဲ့  ဆုံးဖြတ်မှ မှန်သွားတာတွေ ရှိတယ်လေ။
ဘက်နှစ်ဖက်ကြားမှာ မညပ်ရအောင်ပြောကြည့်မယ် ။
မိန်းခလေးတွေက ဦးဏှောက်နဲ့  ဆုံးဖြတ်ပြီး ၊
ယောင်္ကျားလေးတွေက နှလုံးသားနဲ့  ရွေးချယ်ရမယ်..လို့ ပါ။
ဘယ်လိုယေင်္ကျားတွေ အားကိုးလို့ ရမလဲ ဆိုရင်
မီးဖိုချောင်ကိစ္စတွေမှာ နိုင်နိုင်နင်းနင်း လုပ်နိုင်တဲ့ 
ကိုရွှေယောင်္ကျားတွေမှသာလျင်...လို့  ။



ခင်တဲ့ 

သူကြီးမင်း (တုံးဖလား) said...

အင်း... ဒါမျိုးကိစ္စက ပြောရတော့ အခက်သား။ နောက်ပြီး မိန်းခလေးတွေကလဲ အတော်လေး တွေဝေတတ်ကြတာကလား။ အခုလို ကိစ္စမျိုးမှာ ကေသီဆုံးဖြတ်သွားတာက ဘေးပတ်ဝန်းကျင်ကြောင့်ပါ။ ပြောရရင်တော့ ဘေးတီးကောင်းလို့ ထင်ပါရဲ့။ တကယ်လို့ သူငယ်ချင်းတွေကသာ ဟိုတစ်ယောက်ကို လက်ထပ်သင့်ကြောင်း၊ တစ်သက်လုံး ချမ်းချမ်းသာသာနေရမဲ့အကြောင်း၊ အချစ်ဆိုတာ အတူနေပြီးရင် ပေါ်ပေါက်လာတတ်တဲ့အကြောင်း ယုတ္တိရှိရှိပြောဆိုဖြောင်းဖြပေးလိုက်ရင် ကေသီတစ်ယောက် သားသားမဟုတ်တဲ့သူနဲ့ သားသားတွေ အတော်များများ ရနေလောက်ပြီ။ ဒါကတော့ ကျနော့်ရဲ့ တစ်ဘက်သတ်အမြင်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် လောကကြီးက ဒီလိုသဘောပါဘဲ။
..

ဘယ်သူတွေ ဘလော့ဂ်ကို နားနား ကိုဇော်တို့ကတော့ ပန်းပင်လျက်ပါဘဲလား။ ချီးကျူးတယ်ဗျို့။ ပို့စ်တွေဒီလောက်တင်နိုင်တာ ဦးဏှောက်ထဲ ရေးစရာအလိုလိုပေါ်ပေါက်စေတဲ့ စက်များ ရှိလေရော့သလားလို့ အောက်မေ့တယ်။ ဆက်လက်ပြီးလဲ ချီတက်နိုင်ပါစေဗျာ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

အင်း အားကိုးရမယ် အားကိုးမရဘူးဆိုတာ
လူပေါ်မှာ မူတည်ပါတယ် ယောက်ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်
ချစိနေတုန်းတမျိုး ယူပြီးတော့တမျိုးဖြစ်တတ်ကြပါတယ်
တယောက်ရဲ့် လိုအပ်ချက်တွေ တယောက်ဖြည့်ပြီ နားလည်မူရှိတဲ့ ချစ်ချင်းမျိုးနဲ့ လက်တွဲသွားမဲ့ အချစ်မျိုးက ထာဝရ တည်မြဲနိုင်ပါတယ်။

မြလေး

လသာည said...

ချစ်ရုံတစ်ခုနဲ့တော့ အားကိုးလောက်တယ်လို့ မထင်မိဘူး။

ကိုယ့်ချစ်သူက ကိုယ့်ကိုချစ်တဲ့စိတ်အပြင်၊ “သူမလေး အားကိုးသလို အားကိုးလောက်တဲ့ ခင်ပွန်းဖြစ်အောင် ကြိုးစားမယ်ကွ”ဆိုတဲ့ ယောက်ျားမျိုး ဖြစ်မဖြစ်တော့ စဉ်းစားသင့်တယ်လို့ ထင်မိတယ်။ (လသာညရဲ့ အယူအဆပါ)

chindwinthu said...

ချစ်တဲ့သူတိုင်း ညားစေချင်တယ်...။ ယောက်ျားလေးအားလုံးလည်း သူတို့ အပေါ်ချစ်ပြီး အားကိုးလိုသူတွေ အတွက် အားကိုးထိုက်သူတွေ ဖြစ်စေချင်ပါတယ်။

မောင်သီဟ said...

ကေသီ့ကိုလေးစားတယ်....
နောက်ပိုင်းလူတိုင်းဦးနှောက်ထဲမှာ ကယ်ကူလေတာတွေရှိနေတာခက်တယ်း)

မောင်ဘကြိုင်

hein latt said...

ကိုဇော်ရေ...
ဘယ်လို ယောက်ျားတွေက အားကိုးလောက်လဲ ဆိုတဲ့ ဘလော့ဂ်ကို
ဖတ်ပြီး အတွေးပွါးစရာလေး ပေါ်လာလို့ပါ။ ကျွန်တော့်အမြင်တော့ အသက်အရွယ်က အရမ်းစကားပြောမယ်ထင်ပါတယ်။
ကျွန်တော့်အမြင်သီးသန့်ပေါ့လေ... ကျွန်တော်ကတော့
အနောက်နိုင်ငံတွေက living together ဆိုတာတွေကို အရမ်းသဘောကျတယ်ဗျာ..။
ယောက်ျားလေးမို့ ပြောတာလည်း ပါတာပေါ့နော်။
ကျွန်တော့်အမြင်တော့ ရှေးလူကြီးတွေ ကျင့်သုံးသလို
သုံးနှစ်သုံးမိုး ကို သဘောကျတယ်ဗျာ.
သုံးနှစ်လောက် တွဲကြည့်ရင်တောင် ကိုယ့်အိမ်ထောင်ဖက်ရဲ့
အကျင့်စရိုက်ကို ၅၀ ရာခိုင်နှုန်းလောက်ပဲ သိနိုင်လိမ့်မယ်ထင်ပါတယ်။
ဘာလို့လဲဆိုတဲ့ အဲ့ဒီသုံးနှစ်လုံးမှာလည်း ခဏတွေ့ပြီး ကိုယ့်အိမ်
ကိုယ်ပြန်နေရတာ များတယ်မဟုတ်လား။
လူဆိုတာမျိုးကတော့ သူသူကိုယ်ကိုယ် အကောင်းဘက်ခြမ်းကိုပဲ
ပြတတ်ကြတာ မဟုတ်လားလေ။
အများစုကတော့ မြန်မြန် ဆုံးဖြတ်တတ်ကြတော့၊
နောက်ပိုင်းပြသနာတွေ ရင်ဆိုင်ရလာတဲ့ အခါ အိမ်ထောင်က ဆက်မြဲနေရင်တောင်
မသာမယာဆိုရင် ဘယ်ကောင်းမလဲနော်။
နောက်ပြီး ကြာကြာတွဲဖြစ်သွားရင်လည်း မယူဖြစ်ကြတာများတယ်ထင်တယ်။
ဟုတ်မှာပေါ့ အကျင့်ဆိုးတွေက ပေါ်လာပြီကိုး..။
ဒါကြောင့် စီးပွါးရေး လုပ်ငန်းရှင် တစ်ယောက်ပြောဖူးတာကို
အမှတ်ရမိတယ် ..
" ကျွန်တော်တော့ မခုန်ခင် အရင်ကြည့်ဆိုတဲ့ စကားကို လက်မခံဘူးဗျ။ ဘာလို့လဲဆိုတော့ ကြည့်တာကြာသွားရင် ခင်များ မခုန်
ဖြစ်တော့ဘူး "
ကိုဇော်လည်း သိပ်ကြာကြာ မကြည့်နဲ့ဗျနော်။ တော်ကြာ မခုန်ဖြစ်ဘဲ နေမယ်..ဟဟ
အလုပ်များနေတဲ့သူကို နှောင့်ယှက်တယ်လို့
မထင်စေချင်ပါဘူးဗျာ။ ကိုဇော်က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်မို့ပါနော့..

ငြိမ်းချမ်းပါစေ..

ငြိမ်းစိုးဦး said...

ပန်းသီးလို မချိုပေမယ့် ချစ်သူ့အတွက် ဆို အားကိုးလောက်တဲ့ ယောက်ျား ... တစ်ကယ်
ရှိတယ် ဆိုတာ သေချာပါတယ် ကိုဇော်ရေ ...
ငြိမ်းစိုးဦး