မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


09 November 2010

10 မေတ္တာ ရှာပုံတော် ( ၃ )



ဒါနဲ့ပဲ . . . .

တစ်နေ့ သားလတ်ကို ထောက်ခံသူ လူတစ်စုနဲ့ သူက ဘုရင်ကို ဆက်သစရာ ရှိလို့ ဆိုပြီး နန်းတော်ထဲ ဝင်လာခဲ့၏။ ဘုရင်ကို သူ တွေ့ရတော့ ဘုရင်က ပုလ္လင်ပေါ်မှာသာ ထိုင်နေရတာ အသက် ကင်းမဲ့နေသလို သူ့ကို ကြည့်နေ၏။ သူကလည်း ပါလာတဲ့ လက်ဆောင်ကို ဆက်သရင်း သူက တခြားနိုင်ငံက ရောက်လာကြောင်း ပြောသည်။ နောက်တော့ ဒီတိုင်းပြည်မှာ ထူးဆန်းတဲ့ ပစ္စည်းကို လာရောက် ရှာဖွေကြောင်း ပြောပြီး ဘုရင်ကို အကဲခတ်တော့ ဘုရင်က ဒီလိုပဲ တွေဝေနေသလို စိတ်တွေ အဝေးရောက်နေသလို ဖြစ်နေသည်။

သူ့ဘေးက မှော်ဆရာက ဘယ်လို ဆိုပြီး ပြောလိုက်မှသာ ဘုရင်က ပြန်ပြောလေသည်။ မှော်အတတ်ဖြင့် မှိုင်းမိနေသော ဘုရင် ဖြစ်နေလေပြီ။ ဒါနဲ့ သားလတ်လည်း မထူးဘူး ဆိုပြီး . .

“ ဒီမှာ မှော်ဆရာ ၊ အခု ကျွန်ုပ်လာတာ သင့်ကို လာရောက် နှိမ်နင်းတာပဲ ဖြစ်တယ်။ ”

လို့ ပြောလိုက်တော့ မှော်ဆရာက ဟက်ဟက်ပက်ပက် ရယ်လေ၏။

“ မင်းလို့ လူကများ ငါကို နှိမ်နင်းလို့ ရမလားကွ။ ”

ဆိုပြီး သူ့ကို သေချာကြည့်ပြီး လက်ဖျောက်တစ်ချက် တီးလိုက်တော့ သားလတ်ရဲ့ နောက်ကနေ မှော်ဆရာ ဖန်တီးထားတဲ့ မှော်သမားတွေ ထွက်လာပြီး သားလတ်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။ ဒါပေမဲ့ သားလတ်က သိုင်းပညာ ထူးချွန်သူ ဆိုတော့ မှော်ဆရာ ဖန်တီးလိုက်သူ မှန်သမျှကို သုတ်သင် ပစ်လိုက်နိုင်သည်။

ဒီအချိန်မှာ မှော်ဆရာက နောက်ထပ် သူ့ရဲ့ အောက်လမ်းနည်းနဲ့ လုပ်ထားတဲ့ သူ့ရဲ့ အထူး ကိုယ်ရံတော်ကို ထုတ်သုံး လေတော့သည်။ လူ့ဘီလူးကြီးလို့ ပြောလို့ရအောင်ကို ဒီအောက်လမ်း မှော်သမားက ကြီးမားလှ၏။ သူ့ကိုတော့ သားလတ်က ဘယ်လိုမှ ယှဉ်လို့ မနိုင်ဘူး။ သားလတ် အလူးအလှိမ့် ခံနေရတာကို မြင်နေ ၊ တွေ့နေပေမဲ့လည်း မြို့သားတွေက ဝင်ပြီး ဝိုင်းမကူနိုင်ကြဘူး။ သူတို့ကတော့ မှော်ဆရာကြီးကို ငယ်ကြောက် ဖြစ်နေခဲ့၏။

နောက်ဆုံးတော့ သွေး အလူးလူးနဲ့ ဖြစ်နေတဲ့ သားလတ်ကို မှော်ဆရာရဲ့ အောက်လမ်း လူ့မှော်ဘီလူးကြီးက ဖမ်းပြီး ချုပ်ထားလိုက်လေတော့သည်။ ဒီတော့ မှော်ဆရာက . . .

“ ကဲ ကိုယ့်ကိုယ်ကိုယ် အစွမ်းထက် လှပါပြီလို့ ထင်နေတဲ့ ကောင်လေး။ အခုတော့ မင်း ငါ့လက်ထဲမှာ သေရတော့မှာပေါ့ကွာ။ ”

ဆိုပြီး သူရဲ့ ရန်သူကို တိုက်ခိုက်နေကြ ဓါးကောက်ကြီးကို ထုတ်ပြီး လူ့ဘီလူးကြီး ချုပ်ထားတဲ့ သားလတ်ကို ထိုးဖို့ အနီးနား ကပ်လာခဲ့၏။ ဒီအချိန်မှာ သားလတ်ဘက်က အားပေး ကြည့်နေကြတဲ့ လူတွေ အားလုံးကတော့ သားလတ်တော့ သေပြီလို့ ထင်ပြီး မျက်လုံး စုံမှိတ်ကာ သနား ဂရုဏာ သက်နေကြ၏။ သားလတ်ကတော့ ဒီအချိန်မှာ လုံးဝ မကြောက်မိဘူး။

သူအခု ဒီရောက်နေတာ ဖခမည်းတော်ကြီး ရှာခိုင်းလိုက်တဲ့ ထူးခြား ဆန်းပြားပြီး ရှားပါး အဖိုးတန်ဆုံး ပစ္စည်း ကို ရှာဖို့အတွက်လည်း မဟုတ်တော့ဘူး။ အခု သူ့ရင်ထဲမှာက ဒီနိုင်ငံက လူတွေကို အေးချမ်းစွာ လွတ်မြောက်စေချင်တဲ့ မေတ္တာတရားပဲ သူ့မှာ ရှိနေခဲ့၏။ ဒီတော့ သူ လုံးဝ မကြောက်မိ။ စိုးရိမ် တုန်လှုပ်မှုလည်း လုံးဝ မဖြစ်ပေါ်မိ။

အနားကို ကပ်လာတဲ့ မှော်ဆရာကြီးက သားလတ်ရဲ့ ဗိုက်ကို ထိုးစိုက်ဖို့ လက် အလှမ်းလိုက်မှာပဲ သားလတ်ဘက်က လိုက်ပါ အားပေးသူတွေ မျက်လုံးအစုံကို ပိတ်ထားလိုက် ကြလေသည်။ သားလတ်တော့ သေပါပြီပေါ့။ ဒီလို မှော်ဆရာက သားလတ်ဗိုက်ကို ဓါးကောက်ကြီးနဲ့ စိုက်လိုက်တဲ့ အချိန်မှာ လုံးဝကြောက်ရွံ့မှု မရှိတဲ့ သားလတ်က သူ့ကိုယ်ကို တွန့်ပြီး ရှောင်လိုက်လေ၏။ ဘယ်လိုမှ မထင်မှတ်တဲ့ လုပ်ရပ်ပဲ ဖြစ်၏။ သို့သော် သိုင်းပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားတဲ့ သားလတ် အတွက်တော့ ဒါက အလွယ်တကူ အခြေအနေ။

ထိုအခြေအနေကြောင့် ရုတ်တရက် ဆိုတော့ မှော်ဆရာရဲ့ဓါးက သားလတ် နောက်က လူ့ဘီလူးကြီးဆီကို သွားပြီးတော့ ထိုးစိုက်မိသည်။ ဝမ်းခေါင်းသံကြီးနဲ့ အော်ဟစ်နေတဲ့ အချိန်မှာ သားလတ်ကို ချုပ်ထားတဲ့ လက်အစုံက အနည်းငယ် အားပျော့သွားသည်။ ဒီအချိန်မှာပဲ သားလတ်က လူ့ဘီလူးကြီး လက်မှ လုံးဝ လွတ်မြောက်အောင် ရုန်းလိုက်ပြီးတော့ သူ့တပည့်ကို သူထိုးမိသွားလို့ ကြောင်နေတဲ့ မှော်ဆရာ လက်ထဲက ဓါးကို လုပြီး မှော်ဆရာရဲ့ ရင်အစုံကို ထိုးချလိုက် လေတော့သည်။

ဒီတော့ မှော်ဆရာက သားလတ်ကို အံ့သြခြင်း ၊ မယုံကြည်နိုင်ခြင်း မျက်ဝန်း အစုံနဲ့ ကြည့်ကာ သူ့ရင်ဘတ်ထဲက သွေးများနဲ့ အတူ အခိုးအငွေ့များ အဖြစ် ထွက်ပေါ်လာကာ ပျောက်ကွယ် သွားတော့သည်။ မှော်ဆရာဆီက ဒီလို အခိုးအငွေ့တွေလည်း ထွက်လာရော ခုနက သားလတ်ကို တိုက်ခိုက်ထားသော အောက်လမ်း မှော်သမားများနဲ့ လူ့ဘီလူးကြီးတွေကလည်း အခိုးအငွေ့တွေ ဖြစ်ပြီး ပျောက်ကွယ်ကုန်သည်။

ဒီလိုပဲ အရာရာကို မမြင်သလိုလို ၊ မကြားသလိုလို စိတ်ပြောင်းဆေး အကျွေးခံထားရတဲ့ ဘုရင်ကြီးကလည်း သူ့ဖာသာ ပြန်လည်ပြီး သတိ ပြန်လည်လာခဲ့သည်။ မှော်ဆရာကြီး၏ ဆေးရှိန် ပျောက်ပြယ်သွားခဲ့လေပြီ။ 



ဒီလိုနဲ့. . . နောက်နေ့ကျတော့ အရာရာကို နဂိုအတိုင်း ပြန်လည် စိတ်ပြန်ဝင်လာတဲ့ ဘုရင်ကြီးနဲ့ သူ့ကို လေးစားကြသော တိုင်းသူပြည်သားတွေ မှော်ဆရာကို အောင်နိုင်သော အထိမ်းအမှတ်နဲ့ မှော်ဆရာကို သုတ်သင်ခဲ့သော သားလတ်ကို ဂုဏ်ပြုသော ဂုဏ်ပြုပွဲကို ခမ်းနားကြီးကျယ်စွာ ကျင်းပတယ်။ ဒါလည်း ပြီးရော ဘုရင်ကြီးက သားလတ်ကို ဒီတိုင်းပြည်ကို ဘာလို့ ရောက်လာတာလဲ လို့ မေးတယ်။ သားလတ်ကလည်း သူ့တို့ အဖေ ရှာခိုင်းတဲ့ ထူးခြား ဆန်းပြားပြီး ရှားပါး အဖိုးတန်ဆုံး ပစ္စည်းကိုလာရှာတာပါ လို့ ပြောတော့…

“ ကောင်းလှပါတယ် အမောင် ဘုရင့်သား။ သင်ဟာ ကျွန်ုပ် မင်းကြီးရဲ့ အသက်သခင် ကျေးဇူးရှင် ဖြစ်သလို ၊ ဒီတိုင်းသူ ပြည်သူတွေရဲ့ ကျေးဇူးရှင်လည်း ဖြစ်တယ်။ ဒါကြောင့် သင့်ကို ကျွန်ုပ် ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အဖိုး အထိုက်တန်ဆုံး ဖြစ်ပြီး ရှားပါး အဖိုးတန်တာကို လက်ဆောင် အဖြစ် ပေးတော်မူမယ်။ ”

ဒီလို ဘုရင်ကြီးက ပြောလိုက်တော့ တိုင်းသူပြည်သားတွေလည်း ဝမ်းမြောက် ဝမ်းသာစွာ နဲ့ လက်ခုပ် သြဘာ ပေးကြတယ်။

ဒီတော့ ဘုရင်ကြီးက သူ့ရဲ့ မှူးမတ်တွေကို သူတို့ရဲ့ ထူးခြား ဆန်းပြားပြီး ရှားပါး အဖိုးတန်ဆုံး ပစ္စည်းကို သွားယူခိုင်း လိုက်လေသည်။ မှူးကြီးမတ်ရာတွေက သွားယူပြီး ပြန်လာတော့ သူတို့ လက်ထဲမှာ သေတ္တာလေး တစ်လုံးပါလာတယ်။ ဒီသေတ္တာလေးကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ “ မှန်ပြောင်း ” လေးတစ်လက်။ သားလတ်က စဉ်းစားမိ၏။ ဒီမှန်ပြောင်းက ဘာများ ထူးခြားလဲလို့ ၊ သူ စိတ်မဝင်စားမိ။

သို့သော် ဘုရင်ကြီးက သူ့ကို ခေါ်ပြီး ဒီမှန်ပြောင်းကို ပေးသည်။ သူကလည်း ဒီမှန်ပြောင်းကို သာမာန် မှန်ပြောင်းလို့ပဲ ထင်ထားတော့. .

“ အရှင်မင်းကြီး ၊ ကျွန်ုပ် အမြင်မှာတော့ ဒီမှန်ပြောင်းက သာမာန် မှန်ပြောင်းပါပဲ။ ဒီလို မှန်ပြောင်းမျိုး ကျွန်ုပ်တို့ တိုင်းပြည်မှာ အလွန် ပေါများစွာ ရှိပါတယ်။ ဒီလို မှန်ပြောင်းကို ထူးဆန်းတယ် ဆိုတဲ့ ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ”

ဒီတော့ ဘုရင်ကြီးက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင် သားလတ်မင်းသားကို သေချာ ကြည့်ပြီး.. .

“ မဟုတ်သေးဘူး အမောင် ဘုရင့်သား ၊ တကယ်တော့ ဒီမှန်ပြောင်းဟာ တန်ဖိုးနဲ့ တွက်ချက်ယူလို့ မရအောင်ကို လွန်စွာမှ အဖိုးထိုက်တန် လွန်းလှပါတယ်။ ဒီမှန်ပြောင်းရဲ့ ထူးခြားချက်ကို မသိသေးလို့ အမောင်ဘုရင့်သား ပြောဆိုခြင်းမျှသာ ဖြစ်ပါတယ်။

တကယ်တော့ ဤမှန်ပြောင်းက မိမိ အလိုရှိရာကို တမ်းတလိုက်ရုံဖြင့် မြင်စေနိုင်သော မှန်ပြောင်းပဲဖြစ်ပါတယ်။ ”

“ ဟင် ဒီလိုလား။ ဒါ တကယ် ဖြစ်နိုင်ပါ့မလား။ ”

ဒီလို သားလတ်က ကပြောတော့ ၊ ဘုရင်ကြီးက ပြုံးပြီး. . .

“ တကယ်ဖြစ်နိုင် ၊ မဖြစ်နိုင်ဆိုတာကတော့ ယခု မှန်ပြောင်းက သင့်လက်ထဲမှာ ရောက်နေပြီလေ အမောင် ဘုရင့်သားတော်။ ဒါကြောင့် အခု သင့်ကိုယ်တိုင်ပဲ စမ်းသပ်လိုက်ပါတော့။ ”

ဒီတော့ သားလတ်က သူ့တိုင်းပြည်မှာ သူ စွဲလမ်းနေတဲ့ ကချေသည်လေးကို တွေ့ချင်တယ် လို့ နှုတ်က ရေရွတ်ပြီး မှန်ပြောင်းကို ကြည့်လိုက်တယ် ဆိုရင်ပဲ မှန်ပြောင်းထဲမှာ သူမြင်နေရာတာက ဘယ်လိုမှ မဖြစ်နိုင်သော သူတို့နိုင်ငံက ကချေသည်မလေး သူ့ဖာသာ တစ်ယောက်တည်း အက လေ့ကျင့်နေတာကို မြင်လိုက်ရလေတော့သည်။

သားလတ် သူ့မျက်လုံးကိုတောင်မှ မယုံနိုင်သလို မျက်လုံးနဲ့ မှန်ပြောင်းကို အထပ်ထပ် အခါခါ ပွတ်တိုက်ပြီး ကချေသည်မလေး နာမည်ကို ရေရွတ်ပြီး မှန်ပြောင်းကို ကြည့်လိုက်တယ် ဆိုရင်ပဲ အခုလောလောဆယ် ကချေသည်မလေး ဘာလုပ်နေတယ် ဆိုတာကို ချက်ချင်း မြင်ရ၏။ ဒီတော့မှ ဒီမှန်ပြောင်းဟာ အလွန် ထူးခြား ဆန်းကျယ်သော မှန်ပြောင်းဆိုတာကို သားလတ် လက်ခံမိ လေတော့သည်။

သူလိုချင်တာကို ရပြီ ဖြစ်တဲ့ အတွက် သားလတ်က ရက်အနည်းငယ် ကြာအပြီးမှာ ဒီနိုင်ငံက ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားများကို နှုတ်ဆက်ပြီး သူ့ရဲ့ အိမ်အပြန် လမ်းအတွက် ထွက်လာခဲ့၏။



ဒီအချိန်မှာ သားငယ်ကတော့ လူဆိုးလူမိုက်တွေ အရမ်းပေါများသော အာရပ်နိုင်ငံ တစ်ခုကို ရောက်သွားခဲ့လေသည်။

ဆက်လက်ဖော်ပြပါမည်။


လေးစားစွာဖြင့်
ကိုဇော်
.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ကဲ ကြည့်ပါအုံး...ဖတ်ကောင်းနေမှ ရပ်သွားပြန်ပြီ။
ဆက်လက်ဖော်ပြပါမည် ဆိုတော့ ဆက်လက် ဖတ်ရန် စောင့်မျှော်
နေပါသည်ရှင်။

may

ဝက်ဝံလေး said...

ဟေ့လူဂျီး ကျုပ်ပုံပြင်လာဖတ်တယ်ဗျ (မူးသံဖြင့်ဖတ်ရန်)

ahphyulay said...

အင်း...
တစ်ထောင့် တစ်ည ပုံပြင်လိုပါပဲလား၊
ဖတ်လေရှည်လေ ၊ ဖြတ်မရ ၊ ချမရ ဖြစ်လေ လေ..။

ရွှေရတုမှတ်တမ်း said...

သူ့ကို ဘယ်ဘုရင်က တော်ကောက်ထားသလဲမသိဘူး..
ပုံပြောနေလိုက်တာ နှစ်ပေါက်မယ်ထင်တယ်...

အင်္ဂါဟူး said...

ဘာရာဏသီပြည်က ဗြဲလရမ်း ဘုရင်ကြီး က ဘုတ်တလုတ် ရေကန်နားက ကောက်ထားတာ ဖြစ်မှာပေါ့တော့။

သိင်္ဂါကျော် said...

ပုံပြင် လာဖတ်တာပါ.. ဘယ်နှပိုင်း အထိတောင် ရှိမှာလဲ.. :)

SHWE ZIN U said...

မျှော်လင့်စောင့်စားပြီး ဖတ်နေပါတယ်ဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sosegado said...

သားလတ်အပိုင်းတော့ပြီးသွားပြီ၊
စောင့်မျှော်လျှက်

ကွာစေ့လေး said...

အပိုင်း ( ၃ ) တော့ ဖတ်ပြီးသွားပြီ..
အာရပ်နိုင်ငံကိုရောက်နေတဲ့ သားငယ်အကြောင်းကို
ဖတ်ဖို့စောင့်မျှော်လျက်....

ငြိမ်းစိုးဦး said...

မေတ္တာဖြင့်အောင်မြင်မှု ရစေတာပေါ့ ...
မှန်ပြောင်းလေးတော့ လိုချင်သား..
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com