မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 November 2010

10 မေတ္တာ ရှာပုံတော်



မေတ္တာ ရှာပုံတော်

ဟိုးရှေးရှေးတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်ကြီး တစ်ပါး အုပ်ချုပ်သတဲ့။ သူ့မှာ သားတော် အမွှာ ( ၃ ) ပါး ရှိသတဲ့။ သားတော် သုံးပါးဟာ အမွှာတွေသာ ဆိုတယ်။ စိတ်ချင်းလည်း မတူကြ ၊ ရုပ်ရည် လက္ခဏာကလည်း ကွာခြားကြ၏။ အကျင့်စရိုက်ကလည်း တခြားစီ။ ကျွမ်းကျင်တတ်မြောက်သော အတတ်ပညာတွေကလည်း မတူကြ။ ဒါပေမဲ့ . . သူတို့မှာ တူတာ တစ်ခုပဲ ရှိ၏။ ဒါကတော့ သူတို့ အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် မတည့်ကြတာပါပဲ။

သူတို့ တစ်ယောက်ကို တစ်ယောက် တွေ့ကြပြီ ဆိုပြီဆိုရင် မင်းက အသုံးမကျဘူး ၊ ငါက မင်းထက် သာတယ် ဆိုပြီး ငြင်းခုန်ကြရင်း ခိုက်ရန် ဖြစ်ပွားတော့တာပါပဲ။ သားကြီးက ယောက်ျားတို့ တတ်အပ်တဲ့ ကိုယ်ခံပညာတွေ အားလုံး တတ်မြောက်ထားပြီး သူ့အစွမ်း အထက်ဆုံးက လေးပစ် ကျွမ်းကျင်တာပဲ။ သားလတ်ကတော့ ကိုယ်ခံပညာတွေ အားလုံးတတ်မြောက်ထားပြီး သူ့အစွမ်း အထက်ဆုံးက လက်ဝှေ့ပညာ ဖြစ်၏။ သားငယ်ကတော့ ကိုယ်ခံပညာတွေ အားလုံးတတ်မြောက်ထားပြီး သူ့အစွမ်းအထက်ဆုံးက ဓါးခုတ်ကျွမ်းကျင်တာ ဖြစ်သည်။

ဒီလို တစ်ယောက်တစ်ခု ကျွမ်းကျင်ပေမဲ့ သူတို့ ကျန်တဲ့ ကိုယ်ခံပညာတွေ အားလုံးလည်း ကျွမ်းကျင်ကြတော့ ဘယ်သူက ဘယ်သူ့ကိုမှ နိုင်အောင် မတိုက်နိုင်သလို ဘယ်သူမှလည်း ဒဏ်ရာ အနာတရ မရကြဘူး။ ဒါပေမဲ့ သူတို့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လိုက်တာနဲ့ ခိုက်ရန် ဖြစ်ပွားတော့ မင်းကြီး အပါအဝင် နန်းတော်ထဲက ဘယ်သူမှ စိတ်မချမ်းသာကြဘူး။ မင်းကြီးလည်း ပြောလို့ မရသလို ၊ မိဖုရားကြီးလည်း ပြောလို့မရဘူး။ သူတို့ကို ထိန်းကျောင်းသူတွေဆို ဘယ်လိုလုပ်ပြောလို့ နိုင်တော့မလဲ။

ဒီလိုနဲ့ နှစ်ပေါင်းများစွာ ကြာလာတော့ ကလေးအရွယ် မင်းသားလေးတွေက လူငယ်မင်းသား ဖြစ်လာ၏။ နောက်တော့ လူငယ် မင်းသားလေးတွေကနေ အရွယ်ရောက်တဲ့ မင်သားတွေ ဖြစ်လာကြသည်။ သူတို့ခန္ဓာကိုယ်တွေသာ အရွယ်ရောက်လာကြတာ သူတို့ရဲ့ စိတ်ဓါတ်တွေနဲ့ လုပ်ရည်ကိုင်ရည်တွေက အရွယ် မရောက်လာကြဘူး။ သူတို့ တစ်ယောက်ကို တစ်ယောက် အနိုင်ယူ ရန်လိုနေတုန်းပါပဲ။ သူတို့ အရွယ်ရောက်လာသလို သူတို့ရဲ့ ခမည်းတော်ကြီးကလည်း အိုမင်းပြီး အရွယ်လွန်လာခဲ့ကြ၏။

ဒီတော့ မခမည်းတော်က စဉ်းစား၏။ “ ငါ့သား သုံးယောက်မှာ ဘယ်သူ့ကို ငါ နန်းတော်ကို လွှဲပေးရင် ကောင်းမလဲ ၊ သားတော်တွေမှာ စွမ်းရည်တွေကလည်း အတူတူ ၊ တစ်ယောက်ကို နန်းတော်ကို လွဲပေးလိုက်ရင်လည်း နောက်တစ်ယောက်က ရန်ရှာလာနိုင်တယ်။ ဒါကြောင့် ဒီလိုတော့ နန်းလွဲပေးလို့ မဖြစ်ချေဘူး ” ဆိုပြီး တစ်နေ့တော့ သူ့သား သုံးယောက်ကို သူ့ဆီလာရောက်ဖို့ အခေါ်လွှတ်လိုက်သည်။ မကြာမှီ သူ့သားသုံးယောက် ရောက်လာခဲ့၏။ ဒါပေမဲ့လည်း စိတ်ချမ်းသာစရာ မကောင်းခဲ့ဘူး။ သူ့ဆီကို နင်အရင်ရောက်မယ် ၊ ငါအရင်ရောက်မယ် ဆိုပြီး သူတို့ တစ်ယောက်ကို တစ်ယောက် ထိုးကြိတ်ဝင်ရောက် လာလေသည်။

မင်းကြီးလည်း အလွန် စိတ်ပျက်သွားပြီး သူ့သားတွေကို ခဏကြည့် နေလိုက်သည်။ ခမည်းတော်ရှေ့ရောက်တော့ သူတို့တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကိုယ်ရှိန်တော့ နည်းနည်း သတ်လိုက်သည်။ ခဏနေတော့ မင်းကြီးက သူတို့ကို ကြည့်ပြီး. . .

“ ကဲ သားတော်တို့ အခု ဆိုရင် ခမည်းတော်လည်း အသက်ကြီးလာပြီ။ ဒါကြောင့် သားတော်တို့ထဲက တစ်ယောက်ကို ထီးနန်း လွှဲပေးဖို့ စိတ်ကူးရှိတယ်။ ဒါပေမဲ့လည်း သားတော်တို့က စွမ်းရည်ကလည်း အတူတူဆိုတော့ ရွေးရခက်နေတယ်။

ဒါကြောင့် အခု အချိန်ကစပြီး သားတော်တို့ ဒီကမ္ဘာပေါ်မှာ တန်ဖိုး အထိုက်တန်ဆုံး ၊ ရှားပါးပစ္စည်းဆုံး ပစ္စည်း တစ်ခုကို ရှာဖွေလာခဲ့ပါ။ သားတော်တို့ထဲက တန်ဖိုး ထိုက်တန်ပြီး အရှားပါးဆုံး ကို ရှာဖွေလာနိုင်သူကို ခမည်းတော် ထီးနန်းကို လွှဲပေးတော်မူမယ်။

ဒီလိုမှ မဟုတ်ပဲ သားတော်တို့ထဲက တစ်ယောက်မှ မရှာဖွေနိုင်ရင်တော့ ပြည်သူလူထုထဲက တစ်ယောက်ယောက်ကို ထီးနန်းလွှဲပေးမယ်။ ဒါကြောင့် သားတော်တို့ အခုပဲ ခရီးထွက်ပြီး ထီးနန်း အတွက် ထူးခြားဆန်းပြားပြီး ရှားပါးအဖိုးတန်ဆုံး ပစ္စည်းကို သွားရှာပေတော့။ ခမည်းတော် တစ်နှစ်တိတိ အချိန်ပေးမယ်။ ဒီအတောအတွင်းမှာ ရအောင် ရှာခဲ့နိုင်သူကို ထီးနန်လွှဲပေးမယ်။ တကယ်လို့ တစ်နှစ်ကျော်သွားလို့ ပြန်ရောက်မလာဘူး ၊ မရှာခဲ့နိုင်ဘူးဆိုရင်တော့ ခမည်းတော် တခြား တိုင်းသူပြည်သား တစ်ယောက်ယောက်ကို ထီးနန်း လွှဲပေးလိုက်တော့မယ်။ ဒါကြောင့် သားတော်တို့ ထူးခြားရှားပါး အဖိုးတန်တဲ့ ပစ္စည်းကို ရဖို့ အခုပဲ ခရီးထွက်ကြပေတော့။ ”

လို့ ပြောလိုက်သတဲ့။ ဖခင်လည်း စကားဆုံးရော သားတော်သုံးပါးက သူ့ထက်ငါ အရင် တိုးကြိတ်တွန်းထိုးရင်း ထုံးစံအတိုင်း ပြေးထွက်သွားကြ၏။ သူတို့ မမေ့မလျော့ လုပ်ကြတာ ဆိုလို့ သူတို့ မယ်တော်ကို သွားနှုတ်ဆက်ကြတာပဲ။ ပြီးတော့ ရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းကို ရှာဖို့ သူထက်ငါ အလျင်အမြန် မြင်းကိုယ်စီနဲ့ ထွက်သွားကြလေသည်။ 



ဒီလိုနဲ့ သူထက်ငါ ရှေ့ရောက်အောင် မြင်းကို အပြိုင်စီးရင်း သူတို့ ခရီးနှင်ခဲ့ကြ၏။ ရက်ပေါင်း အတော်ကြာတော့ သူတို့ နိုင်ငံကနေ အလွန်ဝေးတဲ့ ဒေသတစ်ခုကို သူတို့ရောက်လာသည်။ ဒီနေရာက ဘယ်ကိုပဲ ကြည့်ကြည့် သဲ ကန္တာရကြီး မျှသာဖြစ်သည်။ ဒီတော့ သူတို့ ဘယ်ကို ဘယ်လို ခရီးဆက်ရမှန်း မသိကြတော့ဘူး။ ဒါနဲ့ ကျောက်ဆောင်ကြီး တစ်ဆောင်နားမှာ ခဏထိုင်နေရင်း သူတို့အချင်းချင်း ပြောကြလေသည်။

“ ငါတို့ တိုင်းပြည်ကနေ ထွက်လာတာ ရက်ပေါင်းလည်း အတော်ကြခဲ့ပြီ။ ငါတို့လိုချင်တာကိုလည်း ရှာမတွေ့ကြသေးဘူး။ ”

“ တကယ်လို့ ရှာတွေ့ရင်လည်း ငါတို့ တစ်ယောက်တည်းရဖို့ ငါတို့ အချင်းချင်း လုယူကြရဦးမှာလေ။ ”

“ ဟုတ်တယ်။ ဒီတော့ ငါတို့ လုမယူရအောင် ဒီနေရာကနေစပြီး ငါတို့ လမ်းခွဲကြမယ်။ ”

“ ကောင်းတယ်။ ငါတို့ လမ်းခွဲပြီး ကိုယ်ကြိုက်ရာ နေရာကို သွားပြီး ရှာချင်တာ ရှာခဲ့ကြ။ ”

“ ဟုတ်ပြီ ၊ ဒါပေမဲ့ တစ်နှစ် အတောအတွင်း ဆိုတော့ ငါတို့ အိမ်ပြန်ဖို့ အချိန်လည်း လိုသေးတယ်။


“ ဒါကြောင့် . . ဘယ်သူပဲ ထူးဆန်းရှားပါတဲ့ ဘာပစ္စည်းကို ရခဲ့ရခဲ့ ၊ တစ်နှစ်ပြည့်ဖို့ တစ်လ အလိုမှာ ငါတို့ အားလုံး ဒီနေရာမှာ ပြန်ဆုံကြမယ်။ ”

“ ကောင်းတယ်။ ဒီနေရာမှာ တစ်ပတ်စောင့်လို့မှ ရောက်မလာဘူးဆိုရင်တော့ ကိုယ့်ဖာသာ အိမ်ပြန်ခရီးကို ဆက်ကြမယ်။ ”

“ ဟုတ်တယ်။ ပြီးတော့မှ ငါတို့ နန်းတော်ထဲကို ရောက်ပြီး ခမည်းတော်ကို ငါတို့ရလာတဲ့ ပစ္စည်းတွေကို အပ်ကြမယ်။ ဘယ်သူ့ပစ္စည်းက အရှားပါးဆုံးနဲ့ တန်ဖိုး အထိုက်တန်ဆုံးဆိုတာကိုတော့ ခမည်းတော်ပဲ ဆုံးဖြတ်ပါစေ။ ”

“ အင်း ကောင်းတယ်။ ဒါကောင်းတယ်။ ဒါဆိုရင် ဘယ်လိုမှ လမ်းမှာ ငါတို့ ပြဿနာ တတ်စရာ အကြောင်းမရှိတော့ဘူး။ ”

“ ကောင်းပြီ။ ဒါဆို ငါတို့ အခုအချိန်က စပြီး လမ်းခွဲကြမယ်။ တစ်နှစ်ပြည့်ဖို့ တစ်လ အလိုမှာ ဘယ်သူ ဘာပစ္စည်းပဲ ရခဲ့ရခဲ့။ ဒီနေရာကို ပြန်လာစုပြီး ငါတို့ အတူတူပြန်ကြမယ်။ ”

ဒီလို သူတို့ တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်း တိုင်ပင်ပြီး ခွဲခွာဖို့ ပြင်ဆင်သည်။ ဒါဟာ သူတို့ဘဝမှာ ပထမဆုံး တစ်ယောက်နဲ့တစ်ယောက် ပြေပြေလည်လည် ညှိနှိုင်းတိုင်ပင်ကြတာလည်း ဖြစ်၏။ ဘာပဲပြောပြော ညီအကိုဆိုတဲ့ “ သံယောဇဉ် မေတ္တာ ” တော့ သူတို့မှာ ရှိနေကြတယ်လေ။

ဒါနဲ့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲပြီး ကိုယ်စိတ်ထင်တဲ့ အရပ်ဒေသကို မြင်းကိုယ်စီနဲ့ ခရီးထွက်သွားလိုက်ကြတာ. . နေရာဒေသတွေ များစွာ ရောက်ခဲ့ကြသည်။ ဒါပေမဲ့ သူတို့ လိုချင်နေတဲ့ ထူးခြားရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်းဆိုတာကို လူတွေ မသိခဲ့ကြဘူး။ လူတွေ ထူးဆန်းတယ် လို့ ထင်နေတဲ့ ပစ္စည်း ကျတော့လည်း သူတို့လို မင်းညီမင်းသားတွေ အတွင် မထူးဆန်းလှ။ ဒါနဲ့ ရက်တွေကနေ လပြောင်း ၊ လပေါင်းများစွာ ကြာအောင် သူတို့ နေရာဒေသ မျိုးစုံကို ရောက်ခဲ့ကြသည်။



လပေါင်း အတော်များများ ကြာတော့ “ သားကြီး ” က တောင်တန်းဒေသ တစ်ခုကို ရောက်သွားသည်။ ဒီဒေသမှာ အရမ်းအေးဆေး ငြိမ်သက်ပြီး ဘုန်းကြီးကျောင်းတွေသာ ရှိသည်။ ဒီဒေသကို “ တိဗက်နိုင်ငံ ” လို့ခေါ်ကြ၏။ များသော အားဖြင့်က ဒီနေရာမှာ သာမာန်လူတွေ မနေကြဘူး။ ဘုန်းကြီးတွေသာ သီတင်းသုံး နေထိုင်ကြ၏။ သူတို့ကလည်း တိတ်ဆိတ်စွာနဲ့ပဲ ကောင်းသော အကျင့်ထူးကို ကျင့်ကြသည်။

သူရောက်သွားပြီး တစ်ပတ်လောက် သူ လိုက်စုံစမ်းသည်။ ထူးခြားရှားပါးပြီး အဖိုးတန်သော ပစ္စည်း ဘယ်နေရာမှာ ရှိမလဲ ဆိုတာကို ဘယ်သူ့မှ မသိကြဘူး။ ဒါနဲ့ သူလည်း စိတ်မပျက်ပဲ ဆက်လက် စုံစမ်းရှာဖွေရင်း တစ်နေ့မှာ ဘုန်းကြီးတစ်ပါးဆီကနေ သတင်းတစ်ခုကို ရခဲ့၏။ သူတို့နေထိုင်ရာ တိဗက်ဒေသမှာ အကြီးမားဆုံးနဲ့ သြဇာအရှိဆုံး ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်။ ဒီဘုန်းကြီးကျောင်း မှာတော့ သူလိုချင်နေတဲ့ ထူးခြား ရှားပါးပြီး အဖိုးထိုက်တန်တဲ့ ပစ္စည်း ရှိနေတယ်လို့ သိခဲ့ရလေသည်။

လပေါင်းများစွာ အပင်ပန်းခံခဲ့ရတဲ့ သူ့အတွက် ဒီလို သတင်းကလည်း လွန်စွာ အဖိုးတန်နေပြီ။ ဒါကြောင့် သူ ဒီဘုန်းကြီးကျောင်းကို ထွက်လာခဲ့၏။ ဘုန်းကြီးကျောင်းကို ရောက်တော့ သူကျောင်းထိုင် ဆရာတော်နဲ့ တွေ့ခွင့် တောင်းလိုက်သည်။ ခဏကြာတော့ သူ့ကို ဦးဇင်းလေး တစ်ပါးက လာရောက်ပြီး ခေါ်သွားပြီး ကြီးမားပြီး သန့်ပြန့်တဲ့ အခန်းထဲလည်း ရောက်ရော သူ့ကို ဦးဇင်းလေးက

“ အထဲမှာ ဘုန်းတော်ကြီး စောင့်နေပါတယ် ၊ ဝင်သွားပါ။ ”

လို့ပြောတယ်။ သူဝင်သွားလိုက်တော့ သူရဲ့ရှေ့မှာ ထိုင်နေတဲ့ ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရ၏။


မကြာမှီ ဆက်လက် ဖော်ပြပါမည်။ 



ကျွန်တော် ၆ လလောက် ရေးခဲ့ရတဲ့ မှီငြမ်းပြု ဝတ္ထုလတ် တစ်ပုဒ်ပါ။ အရင်က ကျွန်တော် အပိုင်း တစ်ပိုင်း ဖော်ပြဖူးပါတယ်။ နောက်တော့ သူငယ်ချင်းတွေ စုစည်းပြီး စာအုပ် အဖြစ်ထုတ်ဖို့ အစ်မ တစ်ယောက်ကို စာမူအဖြစ် ပေးထားလို့ ဆက်လက် မဖော်ပြနိုင်တော့ပါဘူး။ အခုတော့ အားလုံး ဖတ်ရအောင် ဖော်ပြပေးပါ့မယ်။


လေးစားစွာဖြင့်
ကိုဇော်

.

Share/Bookmark

10 ယောက် ရဲ့ ထင်မြင်ချက်:

Anonymous said...

ဆက်လက်ဖတ်ရှူ့ရန် စောင့်မျှော်နေပါသည်။
...

ကွာစေ့လေး said...

hello....
ဆက်ရန်ကို စောင့်မျှော်လျက်.....
၆ လလောက်ကြာအောင်ရေးထားတာဆိုတော့
ကိုရီးယား ဇာတ်လမ်းလိုတော့ မလုပ်နဲ့နော်..

အားပေးလျက်..

ဝက်ဝံလေး said...

လုပ်ဘီ ဒီလူဂျီးးးး
များဂါကို လည်ပင်းရှည်အောင်လို့
ဆက်တော့ရေးနော် များက စိတ်သိပ်မရှည်ဘူးရယ် ဟွင့်

ဒေါင်းမင်း said...

ဆက်ရန်မျှော်နေပါသည်။
ကိုးရီးယားဇာတ်လမ်းတွဲလိုတော့တစ်ပါတ်တစ်ပိုင်းမလုပ်နဲ့
နော်။ဖတ်ချင်နေတယ်နောက်တစ်ပိုင်းကိုဆက်ရန်ရှီသည်
ဆိုတော့..ဇာတ်သိမ်းမလာသေးဘူးဆိုတဲ့သဘောပေါ့။
ဟဲဟဲ....။
ခင်မင်စွာဖြင့်
ဒေါင်းမင်း

ဧပရယ်လ်ပူး@ပူးတေ said...

စိတ်ဝင်စားဖို့ကောင်းတယ်.... တရားထူး အသိထူး တွေကို ရှာတွေ့သွားမှာလား မသိဘူးနော် ဘုန်းကြီးတွေဆီရောက်တယ်ဆိုလို့ မှန်းကြည့်လိုက်တာပါ...

Anonymous said...

အင်း စောင့်ဖတ်နေမယ် ကိုဇော်ရေ

ခင်တဲ့
ရွှေစင်ဦး

sosegado said...

တကယ်စိတ်ဝင်စားနေပြီ

မောင်ဘကြိုင် said...

ဒုတိယအပိုင်းကိုပြေးဖတ်အုံးမယ်ဗျာ

nyeinsoe said...

ကိုဇော် ကတော့ ဆွဲခေါ်နေပါပြီ ။ စိတ်ဝင်စားလို့ လိုက်
ရပါဦးမယ် ...
ငြိမ်းစိုးဦး

ဖိုးသား said...

ပုံပြင်လေး ကောင်းဧ။်

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.