လူတွေကလည်း ခက်တယ် ၊
ဘယ်သူတွေက ဘာတွေ သတ်မှတ်မှန်းမသိ။
ဘယ်လိုမှ လွတ်လပ်မှု မရှိတော့
ရင်ဘတ်ထဲက အတိုင်း
နေခွင့်ရပါတော့မလား။
နေ့ရက်တစ်ရက်ကိုပဲကြည့်
တစ်ရက်..တဲ့
နေ့နဲ့ ည ... နှစ်ပိုင်း..တဲ့
၂၄ နာရီ..တဲ့
၁၄၄၀ မိနစ်..တဲ့
၈၆၄၀၀ စက္ကန့်..တဲ့
ဘာတွေကို ယုံရမလဲ။
သူငယ်ချင်းတစ်ယောက်ပြောသလိုပဲ
ပြောပါရစေတော့ ချစ်သူရယ်။
သူကတော့ နောက်ပြီးပြောဖူးတယ် ၊
အရက်သောက်သေးလား..မေးတော့
သူက ဖြေတယ်။
သိပ်မသောက်တော့ပါဘူး တဲ့
တစ်လမှ သုံးကြိမ်ထဲပါ တဲ့
သြော်..တော်ပါသေးရဲ့လို့ တွေးမိရုံရှိသေး..
သူ..ဆက်ပြောတယ်
တစ်ခါသောက် ဆယ်ရက်..တဲ့။
ကိုယ်ဘယ်လိုပြောရမလဲ ၊
ကိုယ့်ရင်ထဲကို ကိုယ်
မင်းကိုရော မလွမ်းရဘူးလား ၊
မင်းကရော ကိုယ့်ကို မလွမ်းဘူးလား.၊
မလွမ်းဘူးဆိုရင်တောင်မှ
သတိလေးတော့ရပေးပါ ချစ်သူ
တစ်နေ့ကို နှစ်ကြိမ်တည်းပါ ၊
“ အိပ်နေတဲ့အချိန်ရယ်..၊ နိုးနေတဲ့ အချိန်လေးရယ်ထဲပါ.။ ”
ဒါဆိုရင်
ကိုယ့်ရဲ့ဘဝ လုံလောက်မှာပါ။
ကိုဇော် ခံစားပုံဖော်သည်။
http://zaw357.multiply.com/journal/item/764 မှာ 19.11.2009 က ရေးထားတာပါ။
.
2 ယောက် ရဲ့ ထင်မြင်ချက်:
ထိတယ်ဗျာ...
တနေ့ နှစ်ကြိမ်တဲ့လား ...
အိပ်နေတဲ့ အချိန်ရယ် .. နိုးနေတဲ့ အချိန်ရယ် ...
ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး(
ဟုတ်ပ...
တော်ပြီလား..ကိုဇော်ရဲ့...
တစ်နေ့နှစ်ကြိမ်ထဲပေမို့ပဲ.....
ဟင်းးးးးးးးးး
Post a Comment