မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


13 March 2010

0 Word ဖိုင် မှ pdf ဖိုင်ကို လွယ်လွယ်ပြောင်းချင်သူများ..သို့


အမှန်ဆို ဒါကို ကျွန်တော် နည်းပညာ နေရာမှာ ရေးရမှာပါ.။ ကျွန်တော် နည်းပညာ Blog လေးလည်း လုပ်ထားမိသေးတယ်.။ ဒါပေမဲ့ အခုတော့ ကျွန်တော်လည်း အချိန်မပေးနိုင်တော့ပါ.။ ဒါကြောင့် ကျွန်တော် အားနာပေမဲ့ ဆက်မရေးဖြစ်တော့တာပါ.။

ကျွန်တော် သူငယ်ချင်းအဟောင်းတွေ အားလုံးသိကြပါတယ်.။ “ စိတ်ကူး အိပ်မက်များ ” ဆိုတဲ့ နာမည်နဲ့ပါ.။ http://kozaw357.multiply.com/ ဒါပါ.။ အခုတော့ ကျွန်တော် အချိန်လုနေရတာနဲ့ ဆက်မလုပ်နိုင်တော့ပါ.။

နောက်တစ်ခုကလည်း ကျွန်တော့်ထက်တော်သူတွေ အများကြီး ရှိနေတော့လည်း သူတို့ လုပ်တာ ပိုကောင်းတယ်လို့ပဲ တွေးမိပါတယ်.။ ဥပမာ - ကိုအုန်း ၊ ကိုဇေမိုးအောင် ၊ ကိုမှိုင်းညို့မိုးစက် သူတို့ အပါအဝင် နည်းပညာဆိုက်တွေကလည်း အများကြီးလေ.။ ဒါကြောင့် ကျွန်တော်လည်း မရေးတော့ပါဘူး.။ ပိုကျွမ်းကျင်သူတွေ လုပ်ရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်.။ ဆက်မရေးဘူးလား မေးတဲ့ သူငယ်ချင်းတွေကိုလည်း ဒီကနေပဲ တောင်းပန်လိုက်တာပါ..။ တကယ်ကိုတော့ အားနာပါတယ်.။ ကျွန်တော်လည်း အချိန်မရှိလို့ပါ.။

အခုကတော့ ကျွန်တော့်ကို မေးလွန်းလို့...။ နောက် ဒီနေ့ တစ်ယောက် ထပ်မေးလို့ တစ်ခါတည်း အဆင်ပြေအောင် တင်ပေးလိုက်တာပါ.။ Word ဖိုင် ကနေ pdf ဖိုင် ကို ပြောင်းရတာ အလွန်လွယ်ပါတယ်.။ ဥပမာ - Adobe 9 မှာဆိုရင် pdf ဖိုင် ပြောင်းတာပါပါတယ်.။ ဒါပေမဲ့ သိပ်တော့ မလွယ်သေးဘူး.။ ကျွမ်းကျင်ဖို့ တော့ လိုတာပါ.။ အခု ကျွန်တော် သုံးနေတာလေးကတော့ အရမ်းကို လွယ်ပါတယ်.။

ဒီနေရာကနေ သွားပြီး ဒေါင်းလိုက်ပါ.။ အဲဒီဆိုက်က မြန်မာလို့လည်း သုံးလို့ ရအောင် မြန်မာ ဖောင့်နဲ့ပါ တင်ပေးထားပါတယ်.။ ဖတ်ရတာလည်း လွယ်တာပေါ့.။ လုပ်နည်း လုပ်ဟန်ကိုလည်း အဲဒီမှာ ရှင်းလည်း ရှင်းပြထားပါတယ်.။ တစ်ခုတော့ ရှိတာပေါ့လေ.။ ကိုယ်ပိုင်စက်ဆိုရင်တော့ ပိုကောင်းပါတယ်.။ စက်ထဲ တစ်ခါတည်း ထည့်ထားလိုက်ပေါ့လေ.။ အဆင်ပြေမှာပါ.။

ဒါကိုမှ ကိုယ်ပိုင်စက်မဟုတ်လို့ သုံးရတာ အဆင်မပြေဘူး ဆိုသူတွေ အတွက်ကတော့ Online ကနေပြီး တိုက်ရိုက် သူ့ဖာသာသူ လုပ်ပြီး ကိုယ့်မေးလ်ထဲကို ပို့ပေးတဲ့ ဆိုဒ်လေး ကို ပေးပါ့မယ်.။

ဒါကတော့ ကိုယ့်မှာ ကိုယ်ပိုင်စက် မရှိလည်း ပြဿနာ မရှိတော့ဘူး.။ သူပေးထားတဲ့ Email address here နေရာမှာ ကိုယ့်မေးလ်ကို ရေး..။ အောက်က Browse နေရာကို နှိပ်ပြီး ကိုယ် သိမ်းထားတဲ့ Word ဖိုင်လေးကို ရွေးပြီး အောက်က Create PDF ကို နှိပ်လိုက်ရုံပါပဲ.။ ဒါဆိုရင် ခဏလေးပဲ ကြာတာနဲ့ သူ့ဖာသာ အလိုလို ကိုယ့်မေးလ်ထဲကို ပို့ပေးပါလိမ့်မယ်.။ ဒါလေးကို ကိုယ်က ဒေါင်းလိုက်ရုံပါပဲ..။ အရမ်းမြန်သလို လွယ်ပါတယ်.။ ဒီနေရာ ကို နှိပ်ပြီး သွားလိုက်ပါ..။

အရာရာ အဆင်ပြေပါစေဗျာ..။ PDF ဖိုင်ကနေ Word ဖိုင် ကို ပြန်ပြောင်းတာကတော့ အချိန်ရရင် ထပ်ရေးပေးပါ့မယ်.။


ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/713
မှာ 24.10.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: