လူတစ်ယောက်ဟာ အရမ်းကို စိတ်ပင်ပန်း နွမ်းနယ်နေမိတယ်။ သူ့မှာ တစ်နေ့ တစ်နေ့ များပြားလှတဲ့ အလုပ်တွေနဲ့ အလုပ်ချိန်တွေ မလေက်ငမှုကြောင့် စိတ်ကြပ်တည်းမှု ဖြစ်ကာ စိတ်ဖိစီးမှု ခံနေရတယ်။ ဒါကြောင့် သူက အတိုင်ပင်ခံ ဆရာဆီကို ရောက်တော့ အတိုင်ပင်ခံ ဆရာက သူ့ ဖြစ်ပျက် သမျှ တွေကို သေချာ နားထောင်ပြီး . . . .
“ ခင်ဗျားကို ကျွန်တော် အဖြစ်အပျက်လေး တစ်ခု ပြောပြမယ်ဗျာ။ ဒီအထဲက ခင်ဗျား ဘာဖြစ်ချင်လဲ ဆိုတာကို ရွေးပေါ့။ ဟုတ်ပြီလား။ ”
“ ဟုတ်ကဲ့..။ ”
ဘာမှန်း မသိပေမဲ့ သူ့အတွက် ပြောပြမှာ ဆိုတော့ သူ ခေါင်းငြိမ့်လိုက်တယ်။
“ တစ်ခါက. . .
အလုပ်မှာ အင်္ဂျင်နီယာ တစ်ဦး ကုန်ကြမ်းတစ်ခုမှ ဖြစ်နိုင်သော အခြေအနေများကို တွက်ချက်ပြီး စာရင်းပြုစုတယ်။ ကုန်ကြမ်းကနေ ကုန်ချော ထုတ်လုပ်လို့ ရတာတွေကိုပေါ့။ ပြီးတော့ ဒီစာရင်းကို ကြည့်ပြီး သူ့ဖာသာသူလည်း အံ့သြသွားတယ်။ သူ့စာရင်းက အောက်ပါ အတိုင်းပြတယ်။
သံမဏိ ၅ ဂရမ်လေးသော သံချောင်းတစ်ချောင်းမှ အမျိုးမျိုးသော ပစ္စည်းများ ပြုလုပ်နိုင်ပါသည်။ ထို့အထဲတွင်. . .
၁) ၅ ဂရမ်လေးသော သံမဏိချောင်းမှ အိမ်ရိုက်သံများ ပြုလုပ်ခဲ့ပြီး ပြန်လည် ရောင်းချ ခဲ့မယ် ဆိုရင် အသားတင်အမြတ် ၁၀ ဒေါ်လာ ရရှိနိုင်ပါသည်။
၂) ၅ ဂရမ်လေးသော သံမဏိချောင်းမှ အပ်ငယ်လေးတွေ ပြုလုပ်ခဲ့ပြီး ပြန်လည် ရောင်းချ ခဲ့မယ် ဆိုရင် အသားတင် အမြတ် ဒေါ်လာ ၃၀၀၀ ရနိုင်ပါသည်။
၃) ၅ ဂရမ်လေးသော သံမဏိချောင်းမှ နာရီ စက်သံပတ်ကြိုးများ ထုတ်လုပ်ရောင်းချ ခဲ့မယ် ဆိုရင် အသားတင် အမြတ် ၂၅၀ , ၀၀၀ ရရှိနိုင်ပါသည်။
ထိုကဲ့သို့ အင်္ဂျင်နီယာက သူ့ဖာသာသူ တွက်ပြီး သူ့ဖာသာ အံ့သြတကြီးနဲ့ပေါ့။ သံမဏိ ၅ ဂရမ်လေးက ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေ မတူတာနဲ့ သူ့ကြောင့် ရရှိလာမဲ့ တန်ဖိုးတွေလည်း ဘာလို မတူတာလဲ သူ စဉ်းစားတယ်။
ကျွန်တော်တို့ ဘဝဟာလည်း ၅ ဂရမ်လေးသော သံမဏိချောင်းနဲ့ တူပါတယ်။ ဒီလို ၅ ဂရမ်လေးသော သံမဏိချောင်းကို ကျွန်တော်တို့ အားလုံး နေ့စဉ် ရရှိနေကြပါတယ်။ နေ့စဉ် ၅ ဂရမ်လေးသော သံမဏိချောင်းများကို ကျွန်တော်တို့ ဘယ်လို အသုံးပြုလဲ ဆိုတာ ကျွန်တော်တို့ အပေါ်မှာပဲ သက်ဆိုင်ပါတယ်။
လူတိုင်းမှာ နေ့စဉ် ၂၄ နာရီ ရှိပါတယ်။ ဒါကို ၅ ဂရမ် ရှိသော သံမဏိကဲ့သို့ အိမ်ရိုက်သံများ လုပ်မလား ၊ အပ်ငယ်လေးများ လုပ်မလား ၊ နာရီ စက်သံပတ်ကြိုးများ လုပ်မလား ဆိုတာကတော့ အသုံးပြုသူနဲ့ ဆိုင်ပါတယ်။
မည်သူ မဆို ၂၄ နာရီ ရတာချင်း အတူတူ တစ်ယောက်က အိမ်ရိုက်သံတွေ လုပ်နေချိန်မှာ တစ်ယောက်က နာရီ စက်သံပတ်ကြိုးလို ပိုပြီး အဖိုးတန်တာကို ထုတ်လုပ်နိုင်တာကတော့ လူတစ်ယောက်ချင်းစီနဲ့ပဲ ဆိုင်ကပါတယ်။
ဒါကြောင့် သင်ကရော....။ ”
ဆိုပြီး အတိုင်ပင်ခံက စိတ်ဖိစီးမှု ဖြစ်နေသူကို မေးလိုက်တယ်။
~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~
အခုတော့ ကျွန်တော်က စာဖတ်သူကို မေးပါတယ်။ စာဖတ်သူကရော. .??? ကိုယ့်ရဲ့ ၅ ဂရမ် အလေးချိန်ရှိနေတဲ့ သံမဏိလို တစ်နေ့တာကို ဘယ်လို ကုန်ဆုံးပါသလဲ။ အိမ်ရိုက်သံတွေ လုပ်မိနေလား ၊ အပ်တွေ လုပ်နေတာလား ၊ နာရီ စက်သံပတ်ကြိုးတွေ လုပ်နေတာလား။
source; Chicken Soup For The Soul
ပေးပို့လာတဲ့ ညီလေးကိုလည်း ကျေးဇူးတင်ပါတယ်။ သူမှာ ရေးပို့လိုက် မှားလိုက် ဆိုတော့ နောက်ဆုံး Scan ဖတ်ပြီး ပို့လာတာလေးပါ။
ကိုဇော်
.
2 ယောက် ရဲ့ ထင်မြင်ချက်:
ဖတ်ရတာ အရမ်းအားရှိသွားပီ ..... brother ရေ ....... တကယ်ကို chicken soup သောက်လိုက်ရသလိုပဲ .........
စိတ်ဖိစီးမှုဒဏ်လုံးဝ မခံနိုင်ဘူး။
ဒါကြောင့် အပ်ကလေးတွေပဲ လုပ်မယ်။ ဒါပေမယ့် တစ်ယောက်ထဲမလုပ်ဘူး။ လူအများကြီးနဲ့ လက်တွဲ
လုပ်မယ်။ ဒါဆို ၅ဂရမ်ထက်မက အများကြီး လုပ်နိုင်မယ်ထင်တယ်။ ဒီလိုလုပ်ရင်းနဲ့မှ နောက်တစ်ဆင့်တက်မယ်။
မကောင်းဘူးလား..? :)
Post a Comment