ရေအောက်ရတနာ ရှာဖွေသူ မဲလ်ဖစ်ရှာ ဆိုသူ တစ်ယောက်ရှိသည်။
အာတိုချာ အမည်ရှိ စပိန်ရှေးဟောင်း သင်္ဘောတစ်စင်းသည် အမေရိကန်ပြည် အရှေ့တောင်ပိုင်း ဖလော်ရီဒါ ကျွန်းဆွယ်အနီး ပင်လယ်ပြင် တစ်နေရာ၍ နစ်မြှပ်ခဲ့ကြောင်းနှင့် ထိုသင်္ဘောပေါ်တွင် အဖိုးတန်ရတနာ အမြောက်အမြား ပါသွားခဲ့ကြောင်းကို ဖစ်ရှာသည် စပိန်မော်ကွန်းတိုက်ရှိ မှတ်တမ်းတစ်ခုအရ သိရှိခဲ့ရသည်။
သို့သော် တစ်စွန်းတစ်စ သိရရုံမျှသာ ဖြစ်ပြီး အာတိုချာနှင့် ပတ်သတ်၍ ပြည့်စုံခိုင်မာသော အချက်မလက်များကိုကား သူ ဘယ်ကမျှ မရရှိခဲ့ပေ။
အထောက်အထား နည်းသော်လည်း ဖစ်ရှာသည် ရေအောက်ရတနာ ရှာဖွေရေးနှင့် ပတ်သတ်၍ အတွေ့အကြုံ ကြွယ်ဝသူဖြစ်ရာ သူ.ယခုရထားသော အထောက်အထားမျှနှင့်ပင် “ အာတိုချာ ” ကို ရှာဖွေရန် အကြောင်းလုံလောက်သည်ဟု ယုံကြည်ခဲ့သည်။
ဖစ်ရှာ သည် အာတိုချာအား ဆယ့်ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့ပြီး ၊ ရှာဖွေစရိတ်အဖြစ် ဒေါ်လာ ၁၆ သန်းနီးပါးမျှ ကုန်ကျခဲ့သည်။ ထိုဆယ်ခြောက်နှစ်အတွင်း သူသည် အာတိုချာသင်္ဘောမှ ကျသည်ဟု ယူဆရသည့် ရှေးခေတ်လက်ရာ ပစ္စည်းအချို့ကို ပင်လယ်ရေအောက် ကြမ်းပြင်တစ်နေရာမှ တွေ့ရှိခဲ့ရသည်။ သို့သော် သင်္ဘောကိုကား မတွေ့ရသေးပေ။
နှစ်ကာလ ရှည်ကြာလာသောအခါ ဖစ်ရှာအား အာတိုချာ ရှာဖွေရေးအတွက် ငွေအရင်းအနှီး ထောက်ပံ့ပေးသူများက အယုံအကြည်ကင်းမဲ့လာကြသည်။ ရေအောက်မှ ရသည် ဆိုသော ပစ္စည်းတွေကလည်း အတုအယောင်ပင်ဖြစ်မည်ဟု မှတ်ယူလာကြသည်။ နောက်ထပ် ငွေးကြေးတောင်းခံကောင်းအောင် ကြံဖန်ခြင်းဖြစ်မည်ဟု မှတ်ယူလာကြသည်။ သည်အလုပ်ကို ဆက်မလုပ်ပါနဲ့တော့ဟု တားမြစ်သူတွေ တားမြစ်လာကြသည်။ ဖစ်ရှာသည် တစ်နေ့တခြား အကြွေးထူးသထက် ထူလာခဲ့လေသည်.။ နောက်ဆုံးတွင် သူ၏ ရှာဖွေရေးသင်္ဘောမှ အဖွဲ့သားများကိုပင် လစာငွေ မရှင်းပေးနိုင်သည့် အနေအထားသို့ ရောက်လာခဲ့သည်။
သို့သော် ဖစ်ရှာ၏ အဖွဲ့သားများသည် သူတို့ ခေါင်းဆောင်၏ စိတ်ဓါတ်နှင့် ဇွဲသတ္တိကို လေးစား ကြသည် ဖြစ်ရာ ၁၆ ပတ်ဆက်တိုက်လစာမရသည့်တိုင်အောင်ပင် သင်္ဘောမှ မထွက်ခွာပဲ ရှာဖွေရေးလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်နေခဲ့ကြသည်။
ရှာဖွေရေး ကိစ္စအတွက် ဖစ်ရှာ မည်မျှ စွန်လွှတ် အနစ်နာခံခဲ့ရကြောင်းနှင့် သူမှာ ပြင်းပြသော စိတ်ဓါတ်နှင့် ယုံကြည်မှုများ ရှိနေကြောင်းသူတို့အားလုံးသိပြီးဖြစ်သည်။ ဖစ်ရှာသည် ရေငုတ်ရှာဖွေရေး လုပ်ကိုင်ရင်း သားတစ်ယောက်နဲ့ ချွေးမတစ်ယောက် ရေနစ်သေဆုံးသည့်တိုင်အောင် နောက်မဆုတ်ခဲ့သူ ဖြစ်သည်။ ငွေရေး ကိစ္စကို သူ နည်းနည်းလေးမှ အရေးမထား။ နှစ်ပေါင်းများစွာ သူစွဲကိုင်လာသော ဝါဒမှာ “ ဒီနေ့ တွေ့ရမယ် ” ဟူသော ဝါဒပဲ ဖြစ်သည်။
သူ့သားကွယ်လွန်ပြီး ဆယ်နှစ်မြောက်သည့်အချိန်တွင် ဖစ်ရှာသည် “ အာတိုချာ ” ကို ရှာဖွေတွေ့ရှိခဲ့ပေသည်။ အာတိုချာကို တွေ့ရှိလိုက်သဖြင့် ဖစ်ရှာသည် နေ့ချင်းညချင်း ကျော်ကြားသွားသကဲ့သို့ အလွန်ကြွယ်ဝ ချမ်းသားသူ တစ်ဦးလည်း ဖြစ်သွားခဲ့သည်။
အာတိုချာမှ ရရှိခဲ့သော ပစ္စည်းများသည် ဒေါ်လာကုဋေပေါင်းများစွာ တန်သကဲ့သို့ သမိုင်းဝင် ပစ္စည်းများလည်း ဖြစ်ရာ တချို့ဆိုရင် တန်ဖိုးဖြတ်နိုင်ရန်ပင် ခဲ့ယဉ်းလှသည်။ ရေအောက် ရတနာရှာဖွေမှု သမိုင်း၌ ဖစ်ရှာ၏ အာတိုချာတွေ့ရှိမှုကို အကြီးကျယ်ဆုံး တွေ့ရှိမှုကြီး အဖြစ်မှတ်တမ်းတင်ခဲ့ကြပေသည်။
ထိုကြောင့်... လူတစ်ယောက်မှာ ရည်ရွယ်ချက် အိပ်မက် ကြီးကြီး မက်လေလေ မဆုတ်မနစ်သော စိတ်ဇွဲ ရှိရန် လိုအပ်လေ ဖြစ်ကြောင်း ဖစ်ရှာ၏ သာဓက က ဖော်ဆောင်နေလေသည်။
Arthur Lynch Williams ရဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ထဲမှ အပိုင်းအစ တစ်ခုကို
ကိုဇော် ခံစားပုံဖော်သည်.။
ဆရာဖေမြင့်က “ ချုံကြားမှ ဘုံဖျားသို့ ” ဆိုပြီး ရေးထားပါတယ်။
http://zaw357.multiply.com/journal/item/719 မှာ 27.10.2009 က ရေးထားတာပါ။အာတိုချာ အမည်ရှိ စပိန်ရှေးဟောင်း သင်္ဘောတစ်စင်းသည် အမေရိကန်ပြည် အရှေ့တောင်ပိုင်း ဖလော်ရီဒါ ကျွန်းဆွယ်အနီး ပင်လယ်ပြင် တစ်နေရာ၍ နစ်မြှပ်ခဲ့ကြောင်းနှင့် ထိုသင်္ဘောပေါ်တွင် အဖိုးတန်ရတနာ အမြောက်အမြား ပါသွားခဲ့ကြောင်းကို ဖစ်ရှာသည် စပိန်မော်ကွန်းတိုက်ရှိ မှတ်တမ်းတစ်ခုအရ သိရှိခဲ့ရသည်။
သို့သော် တစ်စွန်းတစ်စ သိရရုံမျှသာ ဖြစ်ပြီး အာတိုချာနှင့် ပတ်သတ်၍ ပြည့်စုံခိုင်မာသော အချက်မလက်များကိုကား သူ ဘယ်ကမျှ မရရှိခဲ့ပေ။
အထောက်အထား နည်းသော်လည်း ဖစ်ရှာသည် ရေအောက်ရတနာ ရှာဖွေရေးနှင့် ပတ်သတ်၍ အတွေ့အကြုံ ကြွယ်ဝသူဖြစ်ရာ သူ.ယခုရထားသော အထောက်အထားမျှနှင့်ပင် “ အာတိုချာ ” ကို ရှာဖွေရန် အကြောင်းလုံလောက်သည်ဟု ယုံကြည်ခဲ့သည်။
ဖစ်ရှာ သည် အာတိုချာအား ဆယ့်ခြောက်နှစ်တိုင်တိုင် ရှာဖွေခဲ့ပြီး ၊ ရှာဖွေစရိတ်အဖြစ် ဒေါ်လာ ၁၆ သန်းနီးပါးမျှ ကုန်ကျခဲ့သည်။ ထိုဆယ်ခြောက်နှစ်အတွင်း သူသည် အာတိုချာသင်္ဘောမှ ကျသည်ဟု ယူဆရသည့် ရှေးခေတ်လက်ရာ ပစ္စည်းအချို့ကို ပင်လယ်ရေအောက် ကြမ်းပြင်တစ်နေရာမှ တွေ့ရှိခဲ့ရသည်။ သို့သော် သင်္ဘောကိုကား မတွေ့ရသေးပေ။
နှစ်ကာလ ရှည်ကြာလာသောအခါ ဖစ်ရှာအား အာတိုချာ ရှာဖွေရေးအတွက် ငွေအရင်းအနှီး ထောက်ပံ့ပေးသူများက အယုံအကြည်ကင်းမဲ့လာကြသည်။ ရေအောက်မှ ရသည် ဆိုသော ပစ္စည်းတွေကလည်း အတုအယောင်ပင်ဖြစ်မည်ဟု မှတ်ယူလာကြသည်။ နောက်ထပ် ငွေးကြေးတောင်းခံကောင်းအောင် ကြံဖန်ခြင်းဖြစ်မည်ဟု မှတ်ယူလာကြသည်။ သည်အလုပ်ကို ဆက်မလုပ်ပါနဲ့တော့ဟု တားမြစ်သူတွေ တားမြစ်လာကြသည်။ ဖစ်ရှာသည် တစ်နေ့တခြား အကြွေးထူးသထက် ထူလာခဲ့လေသည်.။ နောက်ဆုံးတွင် သူ၏ ရှာဖွေရေးသင်္ဘောမှ အဖွဲ့သားများကိုပင် လစာငွေ မရှင်းပေးနိုင်သည့် အနေအထားသို့ ရောက်လာခဲ့သည်။
သို့သော် ဖစ်ရှာ၏ အဖွဲ့သားများသည် သူတို့ ခေါင်းဆောင်၏ စိတ်ဓါတ်နှင့် ဇွဲသတ္တိကို လေးစား ကြသည် ဖြစ်ရာ ၁၆ ပတ်ဆက်တိုက်လစာမရသည့်တိုင်အောင်ပင် သင်္ဘောမှ မထွက်ခွာပဲ ရှာဖွေရေးလုပ်ငန်းကို ဆက်တိုက်လုပ်ကိုင်နေခဲ့ကြသည်။
ရှာဖွေရေး ကိစ္စအတွက် ဖစ်ရှာ မည်မျှ စွန်လွှတ် အနစ်နာခံခဲ့ရကြောင်းနှင့် သူမှာ ပြင်းပြသော စိတ်ဓါတ်နှင့် ယုံကြည်မှုများ ရှိနေကြောင်းသူတို့အားလုံးသိပြီးဖြစ်သည်။ ဖစ်ရှာသည် ရေငုတ်ရှာဖွေရေး လုပ်ကိုင်ရင်း သားတစ်ယောက်နဲ့ ချွေးမတစ်ယောက် ရေနစ်သေဆုံးသည့်တိုင်အောင် နောက်မဆုတ်ခဲ့သူ ဖြစ်သည်။ ငွေရေး ကိစ္စကို သူ နည်းနည်းလေးမှ အရေးမထား။ နှစ်ပေါင်းများစွာ သူစွဲကိုင်လာသော ဝါဒမှာ “ ဒီနေ့ တွေ့ရမယ် ” ဟူသော ဝါဒပဲ ဖြစ်သည်။
သူ့သားကွယ်လွန်ပြီး ဆယ်နှစ်မြောက်သည့်အချိန်တွင် ဖစ်ရှာသည် “ အာတိုချာ ” ကို ရှာဖွေတွေ့ရှိခဲ့ပေသည်။ အာတိုချာကို တွေ့ရှိလိုက်သဖြင့် ဖစ်ရှာသည် နေ့ချင်းညချင်း ကျော်ကြားသွားသကဲ့သို့ အလွန်ကြွယ်ဝ ချမ်းသားသူ တစ်ဦးလည်း ဖြစ်သွားခဲ့သည်။
အာတိုချာမှ ရရှိခဲ့သော ပစ္စည်းများသည် ဒေါ်လာကုဋေပေါင်းများစွာ တန်သကဲ့သို့ သမိုင်းဝင် ပစ္စည်းများလည်း ဖြစ်ရာ တချို့ဆိုရင် တန်ဖိုးဖြတ်နိုင်ရန်ပင် ခဲ့ယဉ်းလှသည်။ ရေအောက် ရတနာရှာဖွေမှု သမိုင်း၌ ဖစ်ရှာ၏ အာတိုချာတွေ့ရှိမှုကို အကြီးကျယ်ဆုံး တွေ့ရှိမှုကြီး အဖြစ်မှတ်တမ်းတင်ခဲ့ကြပေသည်။
ထိုကြောင့်... လူတစ်ယောက်မှာ ရည်ရွယ်ချက် အိပ်မက် ကြီးကြီး မက်လေလေ မဆုတ်မနစ်သော စိတ်ဇွဲ ရှိရန် လိုအပ်လေ ဖြစ်ကြောင်း ဖစ်ရှာ၏ သာဓက က ဖော်ဆောင်နေလေသည်။
Arthur Lynch Williams ရဲ့ All You Can Do Is All You Can Do..But All You Can Do Is Enough ထဲမှ အပိုင်းအစ တစ်ခုကို
ကိုဇော် ခံစားပုံဖော်သည်.။
ဆရာဖေမြင့်က “ ချုံကြားမှ ဘုံဖျားသို့ ” ဆိုပြီး ရေးထားပါတယ်။
.
0 ယောက် ရဲ့ ထင်မြင်ချက်:
Post a Comment