မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

1 အထွန့်တတ်ခြင်း


နိဒါန်း


ကျွန်တော် ပြောရင် အံ့သြသွားပါလိမ့်မယ်။ သို့သော်.. အံ့သြကြပါစေ။ ကျွန်တော် ဆက်ပြော ပါဦးမယ်။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

ဖြစ်စဉ်(၁)

ဟိုးအရင် ပုဂံခေတ်က ဒီနိုင်ငံမှာ ကိုးကွယ်ရာ ဆိုပြီး “ အရည်းကြီးကိုးကွယ်မှု ” ကိုပဲ မှားယွင်းကိုးကွယ်မှု လို့ မသိစွာ လူများကိုးကွယ်ကြပါတယ်.။ ဒီလို ကိုးကွယ်မှုမှာ အကိုးကွယ်ခံနေရတဲ့ အရည်းကြီးတွေရဲ့ ကျင့်စဉ်တွေဟာ တော်တော်ကို အံ့သြစရာကောင်းပါတယ်.။ သူတို့ဟာ စိတ်ဓါတ်ကို မြှင့်တင်ဖို့ မစဉ်းစားပဲ ရုပ်လက္ခဏာကျင့်စဉ် ဆိုပြီး ပေါက်ကရတွေ လျှောက်ကျင့်တယ်.။ သာမာန်တွေကို မလုပ်နိုင်တာကို လုပ်ပြနိုင်တာနဲ့ သူတို့ကို သာမာန်လူတွေကို အထင်ကြီးလေးစားမှုကို ခံယူတယ်.။

အဲဒီအထဲမှာ ရှင်ဘုရင်ကလည်း ပါလေတော့ သူတို့ပိုပြီး အောင်မြင်လာတယ်.။ ဒီမှာ ကာလံဒေသံသော်လည်းကောင်း ၊ မျိုးရိုးဗီဇကြောင့်သော်လည်း မွေးလာသော ကလေးမှာ ရောဂါ ၊ ကိုယ်လက်အင်္ဂါချို့တဲ့ပြီး မွေးလာခဲ့ရင် ဒီအရည်းကြီးတွေက ဒါကို သူတို့တန်ခိုးနဲ့ မပြုပြင်ပေးခဲ့ရလို့လို့ ပြောကြတယ် ။

ဒီကနေ စပြီး ပုဂံခေတ် အရည်းကြီး ရာဇဝင်မှာ ချစ်သူနှစ်ဦး အတူပေါင်းသင်းနေထိုင်တော့မယ် ဆိုရင် ဥာဏ်ရည်မြင့်မား ၊ ကျန်းမာ သန်စွမ်းသော သားဦးရတနာလေး လိုချင်တာနဲ့ အရည်းကြီးတွေဆီမှာ မင်္ဂလာမဆောင်ခင် တစ်ည သွားရောက်ပြီး ဆက်သကြတယ်.။ ဒါကို ထိုပုဂံခေတ်က “ ပန်းဦးလွှတ်ပွဲ ” လို့ခေါ်တယ်.။

ဒီလို “ ပန်းဦးလွှတ်ပွဲ ” ကျင်းပတဲ့ အထဲမှာ ရှင်ဘုရင်အပါအဝင် တခြားမှူးကြီးမတ်ရာ တွေလည်းပါတယ်. ။ သူကြွယ် သူဌေးတွေလည်း ပါတယ်.။ ဒီလို ပန်းဦးလွှတ်ပွဲ ဆိုတာ ကိုယ်နဲ့ အကြင်လင်မယားဖြစ်မဲ့ မိန်းကလေးကို ကိုယ်နဲ့ အတူ မနေရခင် ဒီအရည်းကြီးတွေနဲ့ အတူတူ တစ်ညတာ နေရတာလေ.။ ပြီးတော့ အရည်းကြီးတွေဆိုတာ ချောချောလှလှတွေ မဟုတ်..။

ထူးဆန်းတဲ့ ကျင့်စဉ်ကျင့်နေကြတာ ဆိုတော့ ၇၂ ပတ် ရေမချိုးတဲ့ ကျင့်စဉ် ဆိုတာ ပါတယ်.။ သင်္ချီုင်းမှာ မသာနဲ့ အတူတူ အိပ်ပြီး ကျင့်တယ် ဆိုတဲ့ ကျင့်စဉ်တွေပါတယ်.။ အလျင်မြန်တဲ့ ရေထဲမှာ ကျင့်တယ် ဆိုတဲ့ ကျင့်စဉ်ပါတယ်.။ ဘာတွေမှန်းတော့ ကျွန်တော် မသိ..။ တော်တော်တော့ နားလည်ရခက်တယ်.။ ဒီလို ညစ်တီးညစ်ပတ် အရည်းကြီးတွေနဲ့ အတူတူတစ်ညတာ အိပ်ရတယ် ဆိုတဲ့ အပျိုလေး တစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်လို ပုံဖော်ရမလဲ.။

ဘာမှမသိ ၊ နားမလည်ပဲ မိဘဆွေမျိုးတွေက ဒီလို လုပ်တယ် ဆိုလို့သာ လုပ်ရတာ..။ မိဘဆွေမျိုးတွေဆိုတာကလည်း သူတို့လည်း သူတို့အရင်က လုပ်လို့သာ လိုက်လုပ်ရတာ..ဘာမှ မသိတာ မဟုတ်..။ လက်ထပ်ရမဲ့ သူတို့သားကိုလည်း ကြည့်ဦးလေ.။ သူလည်း ဘာမှ သိတာ မဟုတ်..။ အရင်က လူတွေ လုပ်လို့သာ လုပ်ကြရတာ လာဘ်ကောင်းသော သားဦးလေး ၊ ကျန်းမာဥာဏ်ကောင်းသော သားဦးလေး ဆိုတာ ဘာမှန်း မသိ..။ တကယ်လို့ မွေးလာဦးတော့ ဒါကို ကိုယ့်သားလို့ ဘယ်လို ပြောလို့ရမှာလဲ.။ ရှုပ်မကုန်ဘူးလား..။ ဒါပေမဲ့..သူတို့မှာ လည်း ငြင်းပိုင်ခွင့်မရှိ..၊ ဟိုးအရင်ကတည်းက အစဉ်အလာဆိုတာ ဖြစ်နေပြီလေ..။

ဒီမှာ ဒီအစဉ်အလာဆိုတာကို ပိုပြီး ကွန့်တဲ့ လူတွေ ရှိလာပါပြီ.။ ဘာလို့ အစဉ်အလာ ဆိုတာ ဖြစ်လာတာလဲလို့ သူတို့ မစဉ်းစားကြပါဘူး.။ သူများတွေ လုပ်လို့လိုက်လုပ်တယ်.။ ပြီးတော့ လူဆိုတာ သူများထက် သာချင်တယ် ဆိုတဲ့ စိတ်တွေကလည်း ရှိနေတော့ ဒီအစဉ်အလာတွေကို ပိုပြီး အထွန့်တတ်ပါပြီဗျာ..။ ကြည့်ပါ..။

“ ဟဲ့...၊ ဟိုဘက်မြို့က မြို့စားက သူ့သမီးတုန်းက ဟို အရည်းကြီး ဆီမှာ သူ့သမီးကို ပိုပြီးတော့ လာဘ်ရွှင် ၊ စီးပွားတတ်အောင် သူ့သမီးကို အရည်းကြီးတွေဆီမှာ ၃ ရက်တောင်မှ ထားသွားတာ ဆိုပဲ.။ ဒီတော့ ..အခုများ ကြည့်စမ်းပါဟယ်.။ သူတို့သမီး ကျောက်တူးတာ ကံတွေကောင်းလိုက်တာ အောင်လိုက်တဲ့ ကျောက်တွေ ။ အခု သူတို့ အရမ်းချမ်းသာနေပြီ.။

ငါလည်း စဉ်းစားနေတယ်.။ ငါ့သမီးကျရင် သူတို့ထက် ကံတွေကောင်းအောင်လို့ ငါ့သမီး မင်္ဂလာဆောင်ရင် အရည်းကြီးတွေဆီမှာ တစ်ပတ်ထားမယ်လို့ စဉ်းစားထားတယ်.။ မကောင်းဘူးလား..။ ”

ဒီလိုနဲ့ စတာပါပဲ..။ ဒီမှာ မပြောခံရတဲ့ သူကလည်း ဒီအတိုင်း ဘယ်နေလိမ့်မလဲ..။

“ ကောင်းတာပေါ့ဟယ်..။ နင်ဒီလို အကြံရမှတော့..။ ငါလည်း ငါ့သမီးအလှည့်ကျရင် ၁၀ ရက်လောက်ထားမယ်ဟာ.။ အို...ကြာပါတယ်..။ ဒီထက်ကံကောင်းအောင် နှစ်ပတ်လောက်ထားလိုက်မယ်.။ တကယ်လို့ အချိန်သာရရင် တစ်လလောက်တောင်မှ ထားလိုက်ချင်သေးတယ်.။ ”

ကဲဗျာ..။ မခက်ကြဘူးလား.။ ဒါဟာ ...တကယ်ကို ဖြစ်ခဲ့တာပါ ။ ပုဂံ ရာဇဝင်မှာ တကယ်ကို ဒီအတိုင်းရှိနေခဲ့ပါတယ်.။ လူတွေရဲ့ ပြိုင်ဆိုင်ချင်တဲ့ စိတ် ၊ အထွန့်တတ်ချင်တဲ့ စိတ်ကြောင့် မဟုတ်တာတွေ မဖြစ်သင့်တာတွေ ဖြစ်လာရတာပါ.။ စဉ်းစားဆင်ခြင်ဥာဏ် ဆိုတာလေးနဲ့ တွေးကြည့်ကြဖို့ ကောင်းတယ် ။ ဒါတွေ ဘာကြောင့် လုပ်ရတာလဲ..။ ဘာကြောင့် ဖြစ်လာရတာလဲ...လို့..။

လောကမှာ အစဉ်အလာ ဆိုတာမှာလည်း အတိုင်းအတာ ဆိုတာ ရှိပါတယ်.။ ဒီကမ္ဘာကြီး ဖြစ်လာတုန်းက ဘယ်အရာမှ အစဉ်အလာဆိုတာ မဖြစ်လာသေးပါ.။ နောက်မှ အစဉ်အလာ ဆိုတာကို လူတွေက လုပ်တာပါ.။

အခုလည်း ကြည့်လေ.။ တစ်ခုခု အမှားကြောင့် ချို့ယွင်းချက်ကို အရည်ကြီးတွေနဲ့ ပန်းဦးလွှတ်ပွဲ မကျင်းပလို့ ဆိုပြီး အစဉ်အလာဆိုတာကြီး လုပ်လိုက်ကြတယ်.။ ဒါ အထွန့်တတ်တဲ့ သူများ ကြောင့်ပါ.။ နောက်ထပ်..တစ်ညအိပ်တဲ့ သူထက် ၃ ည အိပ်တဲ့ သူက ပိုပြီး ကံကောင်းတယ်လို့ ဖြစ်လာပြန်ပြီ.။ ဒါကြောင့် သူတို့ သမီးကို တစ်ပတ်တောင်မှ ထားဦးမတဲ့..။ ဒါဟာလည်း နောင်ဆိုရင် အစဉ်အလာဆိုတာ ဖြစ်လာဦးမှာပါပဲ.။ ဒါတွေ အားလုံးဟာ အထွန့်တတ်တတ်တဲ့ လူတွေကြောင့်ပါ.။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~ ~

ဖြစ်စဉ်(၂)

ဟင်္သာ ဆိုတာ ကို သင်မြင်ဖူးပါသလား.။ မြင်ဖုးတယ် လို့ ပြောမှာပဲ..။ ဘယ်မှာလဲ ဆိုရင် ဒီမှာလေ ဆိုပြီး ပဲခူး အမှတ်တံဆိပ် ပုံထဲက ဟင်္သာလေးကို ကျွန်တော့်ကို ပြာတော့မယ်.။ မဟုတ်ပါ..။ ဟင်္သာ ဆိုတာ အပြင်မှာလည်း အခု အထိတကယ်ရှိနေတဲ့ ငှက်တစ်မျိုးပါ.။ ရေဘဲ အမျိုးအစားဝင်ဖြစ်ပြီး ရေထဲရော ၊ လေထဲမှာပါ နေနိုင် ၊ ပျံနိုင်ပါတယ်.။ မမြင်ဖူးသူများ မြင်ဖူးအောင်ပါ.။ ဒီမှာ ကြည့်ပါ.။ ဒီထက် များများစားစား ကြည့်ချင်ရင်တော ဒီမှာ သွားကြည့်ပါ.။

တကယ်တော့ ဟင်္သာ ဆိုတာ ပဲဘူး အမှတ်တံဆိပ်ထဲက ဆွဲထားသော ပုံလိုမျိုး အထွန့်တွေ အတတ်တွေ မပါပါဘူး.။ လူဆိုတာမျိုးက အထွန့်တတ် တတ်တယ်လေ.။ ဒါကြောင့် နဂို ရှိနေတာကို ပိုများကောင်းမလား ဆိုပြီး အထွန့်တတ်ပြီး တစ်ယောက်က ဒီလို ရေးတယ်.။ ဒါကို လူကြိုက်များလာရင် နောက်တစ်ယောက်က ပိုပြီး အထွန့်တတ်ပြီး ထပ်ကွန့်ပြန်ရော..။ ဒီလို အထွန့်တတ်ရင်းနဲ့ အရာရာဟာ ပုံမှန်ကနေ ကွဲလွဲ သွားကြတာပါ.။

ရိုးရိုးဟင်္သာလေး တစ်ကောင်တောင်မှ ပုံမှန်ကနေ အရောင်တွေ ရွှေရောင်တွေထွက် ၊ အတောင် အလက်တွေ ပိုလာပြီး ဗဲရီးဂွတ် ဆိုတဲ့ ရွှေဟင်္သာလေး ဖြစ်လာတာပေါ့ဗျာ.။ ဒါဟာ လူတွေ အထွန့်တတ်တာတွေပါပဲ..။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

ဖြစ်စဉ်(၃)


ဒီလိုပဲ ကျွန်တော် ထပ်မေးချင်တယ်.။ နဂါးကို မြင်ဖူးပါသလား.။ (အဲ..နဂါး ဆိုလို့ ကျွန်တော်တို့ သူငယ်ချင်းကြီး ဒီဇီုင်းနာ နဂါးကို ပြောတာ မဟုတ်ဘူးနော်.။ သူက လူနဂါး..။ ) ဒါဆိုရင်လည်း ကျွန်တော့်ကို ဘုရားစောင်းတန်းက ဒါမှမဟုတ် ပန်းချီပုံတွေထဲက နဂါးတွေကို လာပြတော့မှာပါပဲ.။ ဒီလို ပုံတွေလေ.။

မဟုတ်ပါ..။ ဒါတွေဟာ လူတွေရဲ့ ဒဏ္ဍာရီပုံပြင်တွေထဲက နဂါးတွေပါ.။ တကယ် နဂါးဆိုတာတွေက အပြင်မှာလည်း တကယ်ကို ရှိပါတယ်.။ ဒဏ္ဍာရီတွေထဲက ပုံတွေလိုတော့ မဟုတ်ဘူးပေါ့ဗျာ.။ တကယ့်နဂါး အစစ်တွေက ဒီလိုတွေ ပါ.။ ဒါတကယ့်ကို နဂါးအစစ်တွေပါ.။ ဒီနဂါးတွေကို လူတွေရဲ့ ဒဏ္ဍာရီပုံပြင်တွေနဲ့ အထွန့်တတ်မှုတွေ ပေါင်းစပ်ပြီး ပိုလာ ကွန့်လာ ထွန့်လာ တာတွေပါ.။

ဒါနဲ့ပဲ ...နဂါးတွေလည်း ကောင်းကောင်း မနေရတော့ဘူး.။ ဟိုက ဒီကနေ အတောင်တွေထွက် ၊ အကွန့်တွေထွက်လာပြီး နဂါးကနေပြီး ဘာကောင်ကြီး ဖြစ်လာမှန်းကို မသိတော့ပါဘူးဗျာ.။ အဲ..တရုတ်တွေ ယူဆထားတဲ့ သူတို့ နဂါးကတော့ ကျွန်တော်တို့ အခေါ်နဲ့ “ မြွေနဂါး ” ကို ကိုယ်စားပြုတာဗျ.။ ဒါကို “ Snake Dragon ” လို့ ခေါ်တယ်.။ ဒီလို ပုံလေးပါ.။

တကယ်တော့ ခြေတွေ ၊ လက်တွေ ၊ ပါးစပ်ကနေ မီးမှုတ်လို့ရတာတွေ ဒါတွေ လုံးဝမပါပါဘူး.။ ဒါကို လူတွေ အထွန့်တတ်လိုက်တော့မှ နဂါးတွေလည်း ခြေတွေ ၊ လက်တွေ ပေါက်လာတော့တာပါပဲ..။

ဒါကြောင့် ရိုးရိုး မြွေနဂါးလေး တစ်ကောင်ကနေ လူတွေ အတွက် ကြောက်စရာ ထိန့်လန့်စရာ ကောင်းတဲ့ နဂါးကြီး ဖြစ်သွားတာပါပဲ.။ ဒါဟာ လူတွေရဲ့ အထွန့်တတ်ခြင်းကနေ စတာပါ.။

~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~

ဖြစ်စဉ်(၄)


ဒီလောက် ကျွန်တော် ပြောရင် တော်တော်သဘောပေါက်မယ်လို့ ထင်ပါတယ်.။ လူမျိုးတွေမှာလည်း အထွေထွေ ပါးစပ်ရာဇဝင်လေးတွေ ရှိနေတတ်ပါတယ်.။ ဒီလေးတွေကို ကြာလတော့ လူတွေက အထွန့်တတ်ရင်း ၊ ညွှန့်လာ ၊ ကွန့်လာရင်းနဲ့ မူလဇာတိဆိုတာ ပျောက်ပျက်သွားရင်း လက်ရှိပြောနေ ဆိုနေတာတွေက တကယ်လိုလို ဖြစ်လာတတ်တာပါ.။

လူမျိုး ၁၀၁ ပါးမှာ ရှိနေသော ဘာသာပေါင်းများစွာမှာလည်း ဒီလိုပါပဲ.။ ဒါလုပ်ရင် ဒါမဖြစ်ဘူး.။ ဒါပြီး လူတစ်ယောက်ရဲ့ အထွန့်တတ်မှုကပဲ စတာပါ.။ ဒါနဲ့ ကိုယ်တိုင် မလေ့လာ ၊ မစူးစမ်းချင်သော လူများကြောင့် ဒီဟာတွေဟာ ကြာလာတော့ အတည်လို ဖြစ်လာတာပါ.။ တကယ်တော့ အရာအားလုံးဟာ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ယှဉ်တွဲ ဆုံးဖြတ်လေ့လာသင့်ပါတယ်.။

ဒီနေရာမှာတော့ ဗုဒ္ဓဘာသာမှာ သုံးလူ့ထွဋ်ထား ဗုဒ္ဓမြတ်စွာဘုရားက “ မိမိကိုယ်ပိုင် အသိဥာဏ်ဖြင့် စဉ်းစားဆုံးဖြတ်ခြင်းကို အလေးပေးထားပါတယ် ။ မည်သူ တစ်ဦးတစ်ယောက်ပြောတာကိုမှ ယုံကြည်လက်ခံနေစရာ မလိုပါဘူး.။ ငါ ဘုရားဟောတာ ဆိုပြိးလည်း ချက်ချင်းလက်ခံဖို့ မဟုတ်ပဲ စဉ်းစားဆင်ခြင်ပြီးမှသာ လက်ခံပါလို့ .။ ” ဟောကြားထားပါတယ်.။

*တစ်ဆင့်စကားပြောကြားသံ ကြားကာမျှဖြင့် မှန်ပြီဟု မယူဆသင့် … ။

* ဘိုးဘေးစဉ်ဆက် အစဉ်အလာစကားဖြစ်ရုံမျှဖြင့် မှန်ပြီဟု မယူဆသင့် … ။

* သင့်စိတ်အကြံဖြင့် မှန်လောက်သည် ထင်ရုံမျှဖြင့် မှန်ပြီဟု မယူဆသင့် … ။

*သင်လေးစားသော၊ သင့်ဆရာစကားဆိုကာမျှဖြင့် မှန်ပြီဟု မယူဆသင့် … ။

* လူအများအကျိုး၊ သင့်အကျိုးနှင့် ကုသိုလ်တရားတို့ အကျိုးအတွက်၊ ဖြစ်မဖြစ်၊

*မှန်မမှန် ကိုယ်ပိုင်ညဏ်ဖြင့် ပိုင်းဖြတ်ချင့်ချိန်ပြီးမှ ယုံကြည်ပါ ။ အဆိုပါ ယုံကြည်ချက်ကို ဘ၀လမ်းညွှန်အဖြစ် ခံယူပါ ။
(ဗုဒ္ဓမြတ်စွာ)


~ ~ ~ ~ ~ ~ ~ @ @ @ ~ ~ ~ ~ ~ ~ ~


နိဂုံး

အပေါ်မှာ ကျွန်တော် တင်ပြထာတာလေးတွေဟာ နမူနာလေးတွေပါ.။ ဒီလို ကိစ္စရပ်ပေါင်း ၊ အဖြစ်အပျက်ပေါင်းများစွာ ရှိနေပါတယ်.။ ဒါတွေဟာ လူတွေရဲ့ တစ်ဦးနဲ့ တစ်ဦး ပြိုင်ဆိုင်လိုမှုကနေ ပေါက်ဖွားလာတဲ့ “ အထွန့်တတ်မှု ” တွေပါပဲ..။

မှတ်ချက်။ ။ သက်ဆိုင်ရာပုံတွေကတော့ ထုံးစံ အတိုင်းပါပဲ.။ ကျွန်တော် ပြထားတဲ့ အပြာရောင်နဲ့ ဒီမှုာ ဆိုတဲ့ လင့်နေရာတွေမှာ နှိပ်ကြည့်ပါ။


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/734 မှာ 6.11.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

ရနံ့ချို said...

နဂါးကလည်း ရုပ်ဆိုးလိုက်တာနော်....
:(