မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


31 March 2010

6 အတားအဆီး







အခက်အခဲ ဆိုတာ နေရာတကာမှာ ရှိပါတယ်။ အခက်အခဲ ဆိုတာကလည်း မကျော်လွှား နိုင်ခင်ကသာ အခက်အခဲပါ။ ကျော်လွှားပြီး သွားခဲ့ရင် အတွေ့အကြုံ တစ်ခုမျှသာ ဘဝမှာ မှတ်တမ်း အဖြစ် ကျန်နေခဲ့ပါတော့တယ်။

ဘဝပြိုင်ပွဲမှာ ပြေးလွှားနေရစဉ် မိမိလမ်းကြောင်းမှာ အခက်အခဲပေါင်းများစွာ မလွဲမသွေ ကြုံတွေ့ရမှာပါပဲ။ ဒီအချိန်မှာ ကံကြမ္မာက ငါ့မှ ရက်စက်လိုက်တာလို့ မထင်လိုက်ပါနဲ့။ အခက်အခဲ ၊ အတားအဆီး ဆိုတာ ထိုအရာကို ကိုယ်က ကျော်လွှားနိုင် ၊ မကျော်လွှားနိုင်ဘူး ဆိုတာကို သက်သေပြတဲ့ နေရာလေး တစ်ခုမျှသာ ဖြစ်တယ်။

မိမိမှာ အောင်မြင်ဖြတ်သန်းနိုင်ရမယ် ဆိုတဲ့ ယုံကြည်မှု စိတ်ဆန္ဒသာ ရှိပါစေ အားလုံးကို ဖြတ်ကျော်နိုင်ပါတယ်။ မိမိရှေ့မှာ ရှိနေတဲ့ အတားအဆီးတွေကို ကြောက်ရွံပြီး နောက်မဆုတ်သွားပါနဲ့။ ဒါကို ကိုင်တွယ် ဖြေရှင်းပါ။ ကိုယ်ဟာ ဘယ်လို လူစားလဲ ဆိုတာကို ဒီအခက်အခဲ ၊ အတားအဆီးကို ကျော်ဖြတ်ခြင်းဖြင့် ကမ္ဘာပေါ်က လူသားအားလုံးကို ဝင့်ကြွားစွာ ပြသပါ။

တချို့ကိစ္စတွေဟာ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ သို့သော် ကြောက်စိတ်ကို မမွေးပဲ ရှေ့သို့ ဆက်တိုးပါ။ တစ်ခါတစ်လေ မိမိကြောက်နေသော အတားအဆီး အနားသို့ ရောက်သော အခါ ထိုအရာက အလိုလို နောက်ဆုတ် ပျောက်ကွယ်သွားတတ်ပါတယ်။ လိုနေတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တစ်ခုတည်းပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှု ၊ အမှန်တရားကို ယုံကြည်မှု ထားပါ။

မိမိမှာ အရာရာဟာ အလွယ်တကူ ဖြစ်မြောက်နေတယ် ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ ဘယ်လို စွမ်းဆောင်ရည်မှ ပြစရာ မလိုတော့သောကြောင့် အောင်မြင်မှု ကြောင့် ရလာနိုင်သော ဂုဏ်သိက္ခာ ဆိုသော အရောင်လည်း မတောက်ပြောင်လာနိုင်တော့ပါ။ ဒါကြောင့် အတားအဆီးတွေကို ကြိုဆိုပါ။ ဒါကို သတ္တိ ရှိရှိဖြင့် ရင်ဆိုင်ပါ။ ဘာလို့လဲ ဆိုတော့ အတားအဆီး ဆိုတာ “ အခွင့်အရေး ” လို့ ခေါ်တဲ့ အောင်မြင်ရေးရဲ့ အခြေခံ အုတ်မြစ်ရဲ့ တခြား နာမည် တစ်ခုလည်း ဖြစ်လို့ ဖြစ်တယ်။



source; Patience Strong ၏ Obstacles
ကိုဇော်
31.3.2010 – 00.28 AM




.


Share/Bookmark

6 ယောက် ရဲ့ ထင်မြင်ချက်:

purple said...

very nice post.thank you.

Unknown said...

this post give me strength for my career ....... thanks Ko Zaw :)

ညလင်းအိမ် said...

အားတက်စရာ ပို့စ်လေးပဲ ကိုဇော်ရ ...

မြသွေးနီ said...

ဖြတ်နေတယ်.. ဖြတ်နေတယ်
အတားအဆီးတွေကို ထိပ်တိုက်ရင်ဆိုင်ပြီးကို
ကျော်ဖြတ်နေတယ်။ :)

Unknown said...

ကျွန်တော့်မှာလည်းအသက်ရွယ်အလိုက်ပေါ့
အခက်အခဲတွေ ၇ှိခဲ့တာပါဘဲဗျာ...ကြုံတွေ့ 
နေခဲ့ ၇တဲ့ အချိန်တိုင်းမှာတော့..အဲဒီအခက်
အခဲတွေက ကိုယ့်အတွက်အင်မတန်ခက်တယ်
လို့ ထင်ခဲ့ တာပါဘဲ....လွန်မြောက်ဖြေ၇ှင်းပြီး
သွားတော့လည်း ပြန်တွေး၇င် တခါတလေ၇ယ်
စ၇ာကြီးတောင်ဖြစ်နေပြန်ေ၇ာ...နောက်ထပ်
အခက်အခဲစိန်ခေါ်မှုတွေကလည်းအသင့်စောင့်
နေပြန်ေ၇ာ...ဒီလိုဘဲ ဘ၀ကိုလှော်ခတ်နေ၇
တာပါဘဲကိုဇော်ေ၇

Anonymous said...

What a great resource!