မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


15 March 2010

0 နာရီ ၃ လုံး

ကျွန်တော့်မှာ နာရီ ၃ လုံးရှိပါတယ်။ အောက်ကပုံလေးတွေနဲ့ နမူနာ ပြထားပါတယ်။




ဒါကတော့ မြန်မာနိုင်ငံ အချိန်လေးပါ။ ကိုယ့်လက်ထဲက နာရီလေးနဲ့ တိုက်ကြည့်လိုက်ပါဦး။ မှန်ရဲ့လားလို့ မမှန်ရင်လည်း သူငယ်ချင်း နာရီကို ပြင်လိုက်ပါ။ ဘာလို့လည်း ဆိုတော့ ဒီနာရီတွေက နိုင်ငံတကာ အချိန်နဲ့ဆိုတော့ သူက မှန်တယ်ဗျာ။ ဒီနာရီလေးက မြန်မာနိုင်ငံနာရီလေးဗျ။ မြန်မာနိုင်ငံဆိုတာ ရှိနေသမျှ သူကလည်း မြန်မာနိုင်ငံရဲ့ စံတော်ချိန်ကို ပြနေမှာပါ။ အမြဲတမ်းသူက အချိန်မှန်နေတယ်ဗျ။ ဒါကြောင့် ဒါကို “ အချိန်မှန် နာရီ ” လို့ ခေါ်မယ်။







ဒါကတော့ ပေါ်တူဂီနိုင်ငံက နာရီဗျ။ သူ့ဖာသာ ဘယ်နိုင်ငံက အချိန်ပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး။ ဘာလို့လည်း ဆိုတော့ ဘယ်နာရီပဲ ဖြစ်ဖြစ် ဘယ်အချိန်ပဲ ဖြစ်ဖြစ်ပေါ့လေ။ ကမ္ဘာမြေရဲ့ တစ်နေရာက နိုင်ငံတစ်ခုခု ၊ ဒေသတစ်ခုခုရဲ့ အချိန်နဲ့ သွားပြီး ကိုက်ညီနေမှာပဲလေ။ ဒါပေမဲ့..ကျွန်တော်တို့ မြန်မာနိုင်ငံအချိန်နဲ့ သူက မကိုက်ညီဘူး။ ဒါကြောင့် သူ့ကို ကျွန်တော် မြန်မာနိုင်ငံအချိန်နဲ့ လွဲနေလို့ မမှန်ဘူးလို့ ပြောမယ်ဗျာ။ ဒါဆို ဒီနာရီက “ အချိန်မမှန်တဲ့ နာရီ ” ပေါ့။





အဲ...ဒီနာရီလေးကတော့ ကျွန်တော်လည်း တတ်သလောက် ၊ မှတ်သလောက် ပြင်တာပဲဗျ။ မရဘူး..။ သူကတော့ ပျက်သွားပြီ.။ ဒါကြောင့် နာရီက မသွားတော့ဘူး။ ရပ်သွားပြီဗျာ။ ဒါကြောင့်ကြည့်ကောင်းအောင် ကျွန်တော် ဒီပို့စ်လေး စရေးတဲ့ အချိန် ၅ နာရီမှာ အသေ ထားထားလိုက်တယ်။

ဒါပေမဲ့...နာရီမကောင်းဘူး ပျက်နေတယ် ဆိုပြီး အထင်တော့ မသေးနဲ့ဗျ။ သူက ကောင်းနေ..မှန်နေတဲ့ နာရီကိုသာ မမှီတာဗျ။ ကောင်းနေပေမဲ့ မမှန်တဲ့ နာရီထက်တော့ တစ်ခုသာတယ်။ ဒါက ဘာလဲ ဆိုတော့ မမှန်တဲ့ နာရီ ဆိုတာက မြန်မာနိုင်ငံမှာ ၁ နာရီဆိုရင် သူက ၇ နာရီ ဖြစ်ချင်ဖြစ်နေမှာ။ မြန်မာနိုင်ငံက ၇ နာရီ ဆိုရင် သူက ၁ နာရီ ပြန်ဖြစ်နေပြန်မှာဗျ။ ဘယ်တော့မှ ဘယ်လိုမှလည်း အချိန်က တူညီတယ် တိုက်တယ် ဆိုပြီး ဖြစ်လာတော့မှာ မဟုတ်ဘူး။

အဲ အခု ပျက်နေတယ် ဆိုတဲ့ နာရီလေးက ပျက်နေတယ်ပဲ ရှိတယ် မမှန်တာ မဟုတ်တဲ့ အတွက် တစ်နေ့ကို ၂ ခါတော့ အချိန်မှန်နိုင်သေးတယ်။ ဥပမာဗျာ အခု ဒီနာရီလေးလိုပေါ့။ မနက် ၅ နာရီ ဆိုလည်း သူက “ ဒေါင် ” ဆိုပြီး မှန်နေမှာပဲ။ အဲ..ညနေ ၅ နာရီ ဆိုလည်း သူက “ ဒေါင် ” ဆိုပြီးမှန်နေမှာပဲလေ။ မဟုတ်ဘူးလား။ ဒီနာရီလေးကို “ ရပ်နေတဲ့နာရီ ” လို့ခေါ်မယ်။

ဒါကြောင့် မှန်ချင်ရင် အချိန်တိုင်း မှန်နေလိုက်ပါ။ မမှန်ချင်ဘူးဆိုပြီး တစ်နေရာရာမှာ လွဲနေတယ် ဆိုရင်လည်း ဒါဟာ ဘယ်တော့မှ မှန်မလာနိုင်ဘူး။ ဒီလို လုပ်နေမဲ့ အစား ရပ်နေလိုက်တာကမှ ကောင်းသေးတယ်ဗျာ။ မဟုတ်ဘူးလား။ ဒါဆိုရင်.. ရပ်နေတဲ့ နာရီလေးလိုပဲလေ။ တစ်နေ့တော့ ၂ ကြိမ်လောက်တော့ မှန်နေပါလိမ့်မယ်။

ကျွန်တော်ကတော့ ဒီလိုပဲ တွေးမိတယ်ဗျာ။ လူတွေရဲ့ ဘဝ ၊ လူတွေရဲ့ အကျင့်စာရိတ္တ ၊ လူတွေရဲ့ ကိုယ်ကျင့်တရား ၊ လူတွေရဲ့..........ကျွန်တော် မပြောပြတတ်သော
များစွာ...၊ များစွာ....၊ များစွာ..၊ များစွာ...၊ များစွာ..........ပေါ့။

မှတ်ချက်။ ။ ကျွန်တော် ဆိုလိုချင်သော အဓိပ္ပါယ်ကို တော်တော်နဲ့ ရချင်မှ ရပါလိမ့်မယ်။ သေချာလေး စဉ်းစားကြည့်ပါ။


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/739 မှာ 7.11.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: