မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

0 ဘဝနောက်ခံပုံရိပ်



ဘဝနောက်ခံပုံရိပ်

မော့ကြည့်လိုက် သူငယ်ချင်း
ငါတို့ ခေါင်းပေါ်မှာ

ပြာလွင်ကြည်စင်နေတဲ့

ကောင်းကင်....၊

ဒါဟာ...ဘဝနောက်ခံကားချပ်လား.။

လူတိုင်းမှာ ရှိတယ်...။

လူတိုင်းပိုင်ဆိုင်ထားတယ်..။

ဒီအပေါ်မှာ

မင်းရဲ့ သမိုင်း

ဘယ်လိုများ မှတ်တမ်းတင်ချင်လဲ..။

တိမ်တွေကင်းဝေး

နေအလင်းရောင်ပေးမလား..။

တိမ်ဖြူတွေနဲ့ ပုံဖော်

လူတွေကို ပျော်စေမလား..။

တိမ်ညိုတွေနဲ့ အုပ်

လူတွေ စိတ်ရှုပ်စေမလား..။

မိုးတိမ်တွေနဲ့ လွှမ်း

လူတွေ စိတ်နွမ်းစေမလား..။

တိမ်မိုးတွေနဲ့ ရွာ

လူတွေ စိတ်မသာမယာ ဖြစ်စေမလား.။

မင်း ကြိုက်တာရွေး..သူငယ်ချင်း.။

မင်း ကြိုက်သလို ရေးနိုင်တယ်.။

လူတွေ ပျော်အောင်လည်း မင်းလုပ်နိုင်တယ်..။

လူတွေ စိတ်ညစ်အောင်လည်း မင်းလုပ်နိုင်တယ်.။

ဒီလိုပဲ သူတို့ စိတ်ခံစားမှုအတိုင်း

မင်းလည်း ပြန်ရမှာပဲ သူငယ်ချင်း..။

ဒါဟာ..မင်းသမိုင်း

မင်းဘဝကို အရောင်ဆိုးထားလိမ့်မယ်..။


ကိုဇော်



http://zaw357.multiply.com/journal/item/710 မှာ 23.10.2009 က ရေးထားတာပါ။


.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: