မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 March 2010

1 Youtube ကနေ ဒေါင်းချင်များ သို့



Youtube ကနေ ဗီဒီယိုတွေ ၊ သီချင်းတွေ ဒေါင်းတယ် ဆိုတာ တကယ်တော့ ရုပ်ပါမြင်ရအောင် ဒေါင်းကျတာ မဟုတ်ဘူးလား။ အသံပဲ ကြားချင်မှတော့ သီချင်းတွေဆိုရင် MP3 အနေနဲ့ တခြားနေရာတွေကပဲ ဒေါင်းတော့မှာပေါ့။

ဒီတော့ဗျာ။ Youtube ကနေ ဗီဒိယို ဒေါင်းဖို့ အကောင်းဆုံးလို့ ပြောလို့ရတဲ့ နေရာတစ်ခု ကျွန်တော် ပြောပြမယ်။ သူ့ရဲ့ Site ကတော့ http://www.youddl.com ပါ။ ဘာလို့ အကောင်းဆုံးလို့ ပြောရတာလဲ ဆိုတော့ ဒီနေရာက တိုက်ရိုက်ကူးပေးမဲ့ Site လေးတစ်ခုပါ။ စက်ထဲကို လုံးဝ ဒေါင်းပြီး Install လုပ်စရာ မလိုဘူး/ နောက်ပြီး သူက ရိုးရိုး flv ဖိုင်နဲ့ ကူးမလား ၊ HD အရည်အသွေးရှိနေတဲ့ flv နဲ့ ကူးမလား လို့ ကြိုက်ရာရွေးလို့ရသေးတယ်။

အခု အောက်ကပုံလေး ထဲက Video URL or Searching String ဆိုတဲ့ နေရာမှာ Yuotube ရဲ့ လင့်လေးကိုထည့်ပြီး ဘေးက Download ကိုနှိပ်လိုက်ရုံပါပဲ။


ဒါဆိုရင် သူက အလိုလို နောက်ထပ် စာမျက်နှာ ပြောင်းသွားပြီး အောက်ကပုံလေး အတိုင်းပြောင်းပြီး နောက်ထပ် ဒေါင်းဖို့ လင့်နှစ်ခု ထပ်ပြပြီး ရွေးခွင့်ပေးပါလိမ့်မယ်။ အောက်က ပုံထဲက အတိုင်းပါ။



Y Wine-Twae Sone Kwint. <------ ဒါကတော့ ကျွန်တော် ဝိုင်ဝိုင်းတွေ့ဆုံခွင့် ထည့်ထားတဲ့ လင့်ပါ။
Direct Download Links:
FLV-HD-360: >> DOWNLOAD! << <-------- ဒါကတော့ HD အရည်အသွေးနဲ့ ကူးမလားလို့ မေးတာပါ။
FLV: >> DOWNLOAD! << <-------- ဒါကတော့ ရိုးရိုး ဗီဒီယိုဖိုင်နဲ့ ကူးဖို့ပါ။


အဲဒီအထဲကမှ မိမိနှစ်သက်တာကို ရွေးပြီး >>DOWNLOAD << ကိုနှိပ်လိုက်ရင်တော့ သူ့ဖာသာ ဒေါင်းလို့ Box လေးပေါ်လာပါလိမ့်မယ်။ ဒါဆို ဒေါင်းလိုက်ရုံပါပဲ။ အဆင်ပြေပါပြီ။ ဒါပေမဲ့..သူကတော့ ဗီဒီယိုတွေပဲ သီးသန့် အရည်အသွေး ကောင်းကောင်းနဲ့ ကူးတဲ့နေရာပါ။ ဒါကို MP3 လိုချင်ရင်တော့ သီးခြား ဆော့ဝဲလ် နဲ့ ထပ်ပြီး ပြောင်းရပါတယ်။

တကယ်လို့....

ဒီလို MP3 ကိုလည်း ထပ်မပြောင်းချင်ဘူး။ ဒီ Site နေရာကလည်း ဖွင့်လို့ မလွယ်ဘူးဆိုရင်တော့ အလကားရတဲ့ ဆော့ဝဲလ်လေးတစ်ခုကို ဒေါင်းပြီး MP3 , wma , wmv , flv စတဲ့ Format တွေနဲ့ ပြောင်းလို့ရတဲ့ Youtube Downloader လေးကို ဒေါင်းပြီး စက်ထဲ ထည့်လိုက်ပါ။ ဒေါင်းရမဲ့ နေရာကတော့ “ ဒီနေရာ ” ကနေသွား ဒေါင်းလိုက်ပါ။ ပြီးရင်တော့ စက်ထဲကို run လိုက်ပါ။ ပြီးရင်တော့ သူ့ Icon လေးနဲ့ Shortcut လေးကို နှိပ်လိုက်ရင်..အောက်က ပုံလေး အတိုင်းပေါ်လာပါလိမ့်မယ်။

ဒီမှာ Enter video URL နေရာမှာ ကိုယ်ဒေါင်းချင်တဲ့ Youtube က လင့်ကို ထည့်ပါ။ ရွေးစရာ ၂ ခု ရှိနေတာကနေ Convert video မှာ ရွေးလိုက်ရင် ဘေးမှာ နောက်ထပ်ရွေးစရာ Options တစ်ခုထပ် ပေါ်လာ ပါလိမ့်မယ်.။ ဒါဆိုရင် ဒီက မြားလေးကို နှိပ်ပြီး အဲဒီအထဲက ကိုယ်ဘယ်လို Format နဲ့ ဒေါင်းချင်တာလဲ ဆိုတာကို ရွေးလို့ရပါတယ်.။

ကိုယ်လိုသလို ရွေးပြီးရင်တော့ အပေါ်က Download video from Youtube ဆိုတာကို ပြန်ရွေးပြီး OK ကို နှိပ်လိုက်ရင် ခဏစောင့်လိုက်ပါ.။ ပြီးရင်တော့ ဒေါင်းပြီးရင် သိမ်းထားဖို့ နေရာကို ရွေးခိုင်းပါလိမ့်မယ်။ ပြီးရင်တော့ စပြီး ဒေါင်းလိုက်ပါတော့။ ရပါပြီ။ တစ်ခါ ဒေါင်းပြီးတာနဲ့ ကျွမ်းကျင်သွားပါလိမ့်မယ်။ စာနဲ့ ကျွန်တော် ရေးပြနေလို့သာ ခက်တယ် ထင်နေတာပါ။

အဆင်ပြေပါစေဗျာ။


ကိုဇော် ခံစားတင်ပြသည်။


http://zaw357.multiply.com/journal/item/766 မှာ 20.11.2009 က ရေးထားတာပါ။
.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

ညလင်းအိမ် said...

ကျေးဇူး ... ဘယ်လိုဒေါင်းရင် အဆင်ပြေမလဲ စဉ်းစားနေတာ...