မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


17 March 2010

0 တနင်္လာနေ့များကို ကိုင်တွယ်ခြင်း

ကျွန်တော် ငယ်ငယ်ကတည်းက အခု အချိန်အထိ ကြားနေရတဲ့ စကားလေး တစ်ခွန်းရှိတယ်။ တကယ်ဆို ကျွန်တော်တင်မကပါဘုူး။ မြန်မာနိုင်ငံသားတွေ တော်တော်များများကို ကြားဖူး ၊ ကြုံဖူးကြမှာပါ။ တကယ်လို့ ကိစ္စတစ်ခုခု ရှိလို့ သွားတော့မယ် လုပ်တော့မယ် ဆိုရင် ပြောကြပါတယ်။

“ ဒီနေ့ မသွားနဲ့လေ။ ဒီနေ့က တနင်္လာနေ့ကြီး။ မနက်ဖြန်မှ သွား။ ”

“ ဒီနေ့က တနင်္လာနေ့လေ မလုပ်နဲ့။ နှစ်ခေါက်ပြန် လုပ်ရလိမ့်မယ်။ မနက်ဖြန်မှ စ။ ”

ဒီလို တနင်္လာနေ့ ၊ တနင်္လာနေ့ ဆိုပြီးတော့ တားမြစ်တတ်ကြပါတယ်။ ဒီမှာ ကျွန်တော် ငယ်ငယ်ကတော့ မသိခဲ့ပါဘူး။ သူတို့ ပြောတဲ့ အတိုင်းလုပ်လိုက်တာပါ။ နောက်တော့ အသက်ကြီးလာပြီး နည်းနည်း စဉ်းစားတတ်လာတော့ ကျွန်တော် ဒီ တနင်္လာနေ့ကို ခွဲခြမ်းကြည့်မိတယ်။ ဟုတ်လား။ သူတို့ ပြောတဲ့ အတိုင်း တနင်္လာနေ့မှာ လုပ်သမျှဟာ နှစ်ခါလုပ်ရပါသလား။

ကျွန်တော်တို့ . . . 

တစ်ခုခုကို တစ်နေရာထဲကနေ မဟုတ်ပဲ ရှုထောင့်တစ်နေရာကနေ ပြောင်းပြီး ကြည့်ရအောင် ၊ ဒါကြောင့် တနင်္လာနေ့ကို ခွဲခြမ်းကြည့်မိတယ်။

၁။ တနင်္လာနေ့ဆိုတာ စနေ ၊ တနင်္ဂနွေ ၂ ရက် ပိတ်ပြီးမှ ပြန်ဖွင့်တာ မဟုတ်လား။ ဒီတော့ လူတွေရဲ့ ထုံးစံအရ ပိတ်ရက်ခံနေရင် သူတို့ သိပ်ပြီးတော့ မတတ်ကြွဘူးပေါ့ဗျာ။ အလုပ်ပြန်စဆင်းရတဲ့ ရက်ဆိုတော့ အထနှေးတယ် ဆိုပါတော့။

၂။ တနင်္လာနေ့ ဆိုတာ ပိတ်ရက်ခံနေတော့ ပိတ်ထားတဲ့ ရက်တွေမှာ ဝင်ထားတဲ့ အလုပ်ကိစ္စတွေ ၊ အမှာစာတွေ ၊ တိုင်စာတွေ ဒါတွေက တနင်္လာနေ့ အလုပ်ပြန် ဝင်ဝင်ချင်းမှာ စပြီး ရှင်းရတာ ဆိုတော့ တနင်္လာနေ့တွေမှာ အလုပ်ရှုပ်တတ်တာ ထုံးစံပါပဲ။

၃။ အလုပ်နဲ့ ပတ်သတ်ပြီး အလုပ်အပ်မဲ့ သူတွေကလည်း ပိတ်ရက်တွေကြောင့် အလုပ်ပြန်တတ်တဲ့ တနင်္လာနေ့မှာ အလုပ်တွေကို လာအပ်ကြတော့ အလုပ်တွေက ပြုံပြီး ကျတတ်တယ်လေ။

စသော ဒီလို အချက်လေးကိုကြောင့် တနင်္လာနေ့မှာ အလုပ်စလုပ်ရင် ကြန့်ကြာတတ်ပြီး အလုပ်အဆင်မပြေဖြစ်ကာ ၂ ခါပြန်သွားရတယ်။ တနင်္လာနေ့မှာ အလုပ်စလုပ်ရင် တစ်နေ့တည်း မပြီးပဲ နောက်နေ့ အင်္ဂါနေ့အထိ တနင်္လာနေ့မှာ စထားတဲ့ အလုပ်က ပါလာတတ်လို့ တနင်္လာနေ့မှာ အလုပ်စလုပ်ရင် နှစ်ခါပြန်လုပ်ရတယ် လို့ ပြောကြတာလို့ ကျွန်တော် ယူဆမိပါတယ်။

ဒါကြောင့် ကျွန်တော် လွယ်လွယ်နဲ့ ရှင်းရှင်းပဲ တွေးလိုက်ပါတယ်။ ဟုတ်တယ်။ လူတွေ အားလုံးက တနင်္လာနေ့မှာ အလုပ်စလုပ်ရင် နှစ်ခါပြန်လုပ်ရတယ်။ အလုပ်နှောင့်နှေးတယ်လို့ ပြောကြတယ်။ ဒီလို ပြောတဲ့ အတိုင်းလည်း သူတို့ တနင်္လာနေ့မှာ အလုပ်လုပ်ဖို့ ရှောင်ကြတယ်။ ကောင်းပါတယ်။ သူတို့ ဒီလို ရှောင်နေရင် ဒါဟာ ကိုယ့်အတွက် အခွင့်အရေး မဟုတ်ဘူးလား။ သူများတွေ မလုပ်ဘူးဆိုပြီး လက်ရှောင်နေချိန်ဆိုတော့ ကိုယ်က ပိုပြီး အလုပ်ပြီးဖို့ အခွင့်အရေး ပိုရှိတာပေါ့ဗျာ။

နောက်တစ်ခုက ရုံးနဲ့ ပတ်သတ်တဲ့ အလုပ်တွေ တော်တော်များများက များသော အားဖြင့် တစ်ရက်တည်းနဲ့ ပြတ်လေ့မရှိဘူးလေ။ ဒီတော့ တနင်္လာနေ့ပဲသွားသွား ၊ အင်္ဂါနေ့မှပဲ စလုပ်လုပ် ၊ ကြာသပတေးမှပဲ အလုပ်အပ်အပ် တစ်ရက်တည်းနဲ့ ပြီးလေ့မရှိတော့ နောက်တစ်ရက်တော့ ကူးဦးမှာပေါ့ဗျာ။

ဒီတော့ဗျာ တစ်ရက်ကူးမှာချင်း အတူတူ အင်္ဂါနေ့မှ စရင်လည်း ဗုဒ္ဓဟူးနေ့ကျမှ အလုပ်က ပြတ်မှာပေါ့ဗျာ။ ဒီလို တစ်ရက် စောင့်ရမှာချင်း အတူတူ တနင်္လာနေ့ကတည်းက စပြီး အလုပ်လုပ်လိုက်ရင် တစ်ရက်စောင့်ရတာပဲ ဆို အင်္ဂါနေ့ဆို အလုပ်မပြီးနိုင်ဘူးလား။

တစ်ရက် အလုပ်ကို စောင့်ရတာချင်း အတူတူ ဘာလို့များ တနင်္လာနေ့ ဆိုတာကို သွားပြီး မြင်နေတာလဲဗျာ။ တနင်္လာနေ့မှာ လုပ်လို့ရနေတာကို အင်္ဂါနေ့အထိ ရွေ့တတ်သူတွေကိုလည်း ကျွန်တော် တကယ်ကို နားမလည်ပါဘူး။

ဘဝဆိုတာ တိုတိုလေးပါ။ အချိန်ဆိုတာ တကယ်တမ်း သုံးတတ်သူအတွက် မလောက်ငချင်ပါ။ ဒီလို အကုန်မြန်တဲ့ ၊ ကုန်ပြီးရင်လည်း ပြန်မရတော့တတ်တဲ့ အချိန်ကို ဘာလို့များ ဖြုန်တီးပြီး တနင်္လာနေ့တွေကို အင်္ဂါနေ့အထိရွေ့ချင်ရတာလဲဗျာ။ အခု လုပ်လို့ရတာကို အခုပဲ လုပ်လိုက်စမ်းပါ။ ကျွန်တော် ဆောင်ပုဒ်လေး တစ်ခု ပြောပြမယ်။ တစ်ခုကတော့ ဆိုကရေးတီး ပြောသွားတာ ဖြစ်ပြီး ၊ နောက်တစ်ခုကတော့ ကျွန်တော် ဆောင်ပုဒ်လေး တစ်ခုပါ။

ဆိုကရေးတီးကတော့ လူတွေဟာ ဘာကြောင့် ၊ ဘယ်လိုတွေ ဖြစ်လာတာလဲ ဆိုပြီး မစဉ်းစားကြတာကို စဉ်းစားမိစေဖို့ ဒီလို ပြောသွားတယ်။

“ Unexamin Life Is Unworth living !! ”

“ စစ်ဆေးမှု မရှိတဲ့ ဘဝတွေဟာ တန်ဖိုးမရှိစွာ နေထိုင်ခြင်းပဲ ဖြစ်တယ်။ ”

တဲ့။ ဒါကြောင့် စာဖတ်သူတွေလည်း ကိုယ်ဖာသာကိုယ်တော့ ကိုယ်လုပ်ရပ်လေးတွေကို တစ်နေ့မှာ ငါးမိနစ်လောက်တော့ ပြန်ပြီး စစ်ဆေးကြည့်စေချင်တယ်။ 

ကိုဇော်

http://zaw357.multiply.com/journal/item/756 မှာ 16.11.2009 က ရေးထားတာပါ။

Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: