မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


12 March 2010

0 ကျေးဇူးပါ မေမေ




အဲဒီတုန်းက ကျွန်တော် ငယ်ပါသေးတယ်.။ ငယ်ဆို ကျွန်တော် ၁ တန်းကျောင်းသားလေးပဲ ရှိပါဦးမယ်.။ အဲဒီနေ့မှာ ကျွန်တော် ကျောင်းက ပြန်လာပြီး ညဘက် စာလုပ်မယ် ဆိုတော့ ကျွန်တော် အင်္ဂလိပ်စာ ပုံနှိပ်စာအုပ်မရှိတော့ဘူး.။ ကျွန်တော် လွယ်အိတ်ထဲသေချာ ထည့်ထားတာကိုတော့ သိတယ် ။ မုန့်စားဆင်းတော့ သူများတွေလိုပဲ ( သူများတွေထက်လည်း ပိုမှာပါ.။ ) မျောက်ရှုံးအောင်ဆော့တယ်လေ.။

မုန့်စားပြန်တတ်တော့ အင်္ဂလိပ်စာက သင်ပြီးတော့ ပြန်မစစ်မိတော့ဘူးလေ.။ ကျန်တဲ့ ဆရာမ သင်တဲ့ ဘာသာ တွေပဲ သင်ပြီး ပြန်လာတာ.။ သေချာတယ်.ကျွန်တော့် အင်္ဂလိပ်စာ စာအုပ် အခိုးခံရပြီ.။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ဖြစ်တာတွေကို အဖေ ၊ အမေကို ပြောရတဲ့ အရွယ်ဆိုတော့ ကျွန်တော် မေမေ့ကို အရင်ပြောတယ်.။ မေမေက တော့ ထုံးစံအတိုင်း ပွစိပွစိပေါ့.။ ဒါနဲ့ ဖေဖေပြန်ရောက်တော့ ဖေဖေ့ကိုလည်း ပြောတယ်.။

ဒီတော့ ဖေဖေက စကားတစ်ခွန်းတော့ ပြောတယ်.။

“ သားရယ်..။ ပစ္စည်းပျောက်တယ် ဆိုတာ ကိုယ်က ပေါ့ဆလို့ပဲ.။ ဒါထက် အခိုးခံရတယ် ဆိုရင် ကိုယ်က သတိမထားမိဆိုတာလည်း ပြတာပဲ.။ အလိမ်ခံရတယ် ဆိုတာကတော့  ကိုယ်ညံတယ် ဆိုတာ ပြတာ.။ ထားလိုက်ပါတော့ ငါ့သားကလည်း ပစ္စည်းမှ တစ်ခါမှ မပျောက်ဖူးတာလေ.။ ညကျရင် ဖေဖေတို့ လေဟာပြင်မှာ သွားဝယ်တာပေါ့ကွာ..။ ”

ဒီလိုပြောပြီး ညစာစားပြီး မြို့ထဲကို ထွက်လာတယ်.။ မေမေကတော့ ကားပေါ်မှာ ကတည်းက ပွစိပွစိ နဲ့ ပြောလာတယ်.။

“ ပျောက်သွားလို့ အသစ်ပြန်ဝယ်ရတာနော်.။ အခု ဝယ်တာ ဘယ်လောက်ပေးရလဲ.။ တစ်ကျပ် ဆိုရင် တစ်ချက်ရိုက်မယ်.။ နှစ်ကျပ် ဆိုရင် နှစ်ချက် ရိုက်မယ်.။ ”

ဒီစကားကတော့ ဘယ်လိုမှ ပျော်စရာမကောင်းပါ.။ အဲဒီတုန်းကတည်းကလည်း ညဘက်ဆို မြို့ထဲက လေဟာပြင် မှာ စီတယ်.။ အဝတ်အစားတွေ ၊ စားစရာတွေ ၊ စာအုပ်စာတန်းတွေ အစုံပါပဲ ချရောင်နေကြတယ်.။ တစ်နေရာရောက်တော့ ကျောင်းပုံနှိပ်စာအုပ်တွေကိုချရောင်းနေတာ တွေ့ရတယ်.။ ဖေဖေက မေးတော့ ဒီလူက အစုံလိုက်ဝယ်မှာလား လုပ်နေတယ်.။ ဖေဖေက မဟုတ်ဘူး. အင်္ဂလာလိပ်စာ တစ်အုပ်ထဲ ဆိုတော့ တစ်အုပ်ထဲ ဆိုရင်တော့ ဒီလူက.......

“ ကျွန်တော်တော့ ဘက်ပဲ့မှာလေ.။ ဒါကြောင့် ဈေးကိုတော့ ပိုပေးရမယ်.။ ကျွန်တော်လည်း အင်္ဂလိပ်စာ စာအုပ်ချည်းပဲ သီးသန့် ပြန်ရှာရဦးမှာလေ.။ ”

ဒီလို ပြောတယ်.။ သူက ဒီလို ပြောတာ အကြောင်းမဟုတ်ဘူးဗျာ.။ ကျွန်တော်က တစ်ကျပ် ပိုသွားရင် တစ်ချက်ပိုအရိုက်ခံရမှာလေ.။ ဒါကြောင့်မို့ ဖေဖေတို့ စစ် ၊ မစစ် ကျွန်တော်ကတော့ အတင်းကို စစ်တာပဲ..။ ကျွန်တော် ပြောတတ်သလိုပေါ့.။

“ ဦးလေးကြီးရယ်..၊ လျော့ပါဦးဗျာ.။ ဦးလေးကြီး လျော့မှဗျ..ဦးလေးကြီး ဈေးများလေ ကျွန်တော် က ပိုအရိုက်ခံရလေပဲ..။ ”

ကျွန်တော် ပြောတာကို သူ သဘောမပေါက်ပါဘူး..။ ဟုတ်ပါတယ်.။ ဘယ်လိုပေါက်မှာလဲ.။ အဲ..နောက်ဆုံးတော့ ကျွန်တော် မှတ်မှတ်ရရ ဒီအင်္ဂလိပ်စာ ပုံနှိပ်စာအုပ်လေးကို ၁၁ ကျပ် နဲ့ ဝယ်ခဲ့ရတယ်.။ ကျွန်တော် အိမ်ပြန်တော့ ဒီစာအုပ်လေးကို ကျစ်ကျစ်ပါအောင် ပိုက်ထားရင်း အိမ်ပြန်ရောက်ရင် အရိုက်ခံရမဲ့ ကြိမ်လုံးလေးကိုလည်း မြင်ယောင်နေမိတယ်.။ ကျွန်တော် အပြစ်နဲ့ ကျွန်တော် ဆိုတော့လည်း ဒီအပြစ်ကို ရှောင်ဖို့ စိတ်ကုး ကျွန်တော့်မှ မရှိပါဘူး.။ အရိုက်တော့လည်း ဘယ်သူကမှ မခံချင်ဘူးပေါ့.။

ဒီလို လမ်းလျှောက်လာရင်း ကျွန်တော်တို့ တရုတ်တန်း လျှောက်လိုက်သေးတယ်.။ အရင်ကဆို ဟိုဟာပူဆာ ဒီဟာ လိုချင် တယ် ပြောနေပေမဲ့ ဒီနေ့တော့ ကျွန်တော် ကိုယ်ပြဿနာ နဲ့ ကိုယ် မပျော်နိုင်ပါဘူး.။ စာအုပ်လေးကိုပဲ ပိုက်ထားမိတယ်.။ နောက် ကျွန်တော် စာအုပ်လေး ဘယ်ကို ရောက်နေပြီလဲလို့လည်း တွေးမိတယ်.။ ခိုးသွားတဲ့ သူကိုလည်း ဒေါသတွေ ထွက်နေတယ်.။

နောက်တော့ တရုတ်တန်းက ကျွန်တော် အရမ်းကြိုက်တဲ့ ကော်ပြန့်လိပ်သွားစားတယ်.။ နောက်တော့ ပြန်လာတယ်.။ အပြန်မှာ ဖေဖေက ငါ့သားပင်ပန်းနေပြီ လာ ဆိုပြီး ကျွန်တော့်ကို ချီတယ်.။ ဖေဖေက ချီခဲပါတယ်.။ ကိုယ့်ဖာသာကိုယ်သွားနိုင်အောင် လမ်းပဲလျှောက်ခိုင်းတတ်တယ်.။ အခုမှသာ...။ နောက်တော့ ကျွန်တော့်ကို တစ်ခု ပြောတယ်.။ မေမေ မကြားအောင် တိုးတိုးလေးပေါ့..။

“ သားရေ..။ စာအုပ်က ၁၁ ကျပ် ပေးရတာ ဆိုတော့..။ အိမ်ပြန်ရောက်ရင်တော့ မင်းတော့ ၁၁ ချက် အဆော်ခံရတော့မှာ သေချာတယ်.။ ဒါပေမဲ့ အရိုက်မခံရအောင် ဖေဖေတစ်ခု အကြံပေးမယ်.။ ဒီလိုလုပ်..။ ”

အဲ..ကျွန်တော်လည်း ကျနေတဲ့ စိတ်တွေ တတ်ကြွပြီး ပြန်ခေါင်းထောင် သွားတယ်.။ ဒီတော့မှ ဖေဖေက ဆက်ပြောတယ်.။

“ ဒီလိုလုပ် အခု ဖေဖေတို့ ပြန်ရင် ဖေဖေက ကားမောင်းနေတာ ဆိုတော့ ဖေဖေပေါ်မှာတော့ နေလို့မရဘူးလေ.။ သားမေမေပေါ်မှာ နေရမှ မဟုတ်လား. ။ ဒါဆိုတော့ သားမေမေပေါ်မှာ အိပ်ချင်ယောင်ဆောင်နေလိုက် အိမ်ရောက်တဲ့ အထိ မထနဲ့..။ နောက်..အိပ်နေတယ် ထင်ပြီး အိမ်ရောက်ရင် သားကို အိပ်ယာထဲ တန်းထည့်လိုက်လိမ့်မယ်.။ ဒါဆို အိပ်လိုက်တော့လေ.။ နောက်နေ့ သားနိုးလာတဲ့ အချိန်ဆိုရင် သားမေမေလည်း မေ့သွားပြီပေါ့.။ ဒါဆို အရိုက်မခံရတော့ဘူးပေါ့.။ ”

“ ဟာ..ဟုတ်တယ်နော် ဖေဖေ ။ ဒါဆို သား ဒီလို လုပ်မယ်.။ ”


ဒီလိုနဲ့ ..။ အပြန်မှာ ဖေဖေကားမောင်းနေတုန်း ကျွန်တော်က မေမေပေါ်မှာ ထိုင်ရင်း အိပ်ချင်ယောင်ဆောင်နေလိုက်တယ်.။ အိမ်ရောက်တော့ မေမေက

“ အိပ်ချင်ယောင်ဆောင်နေတာလား...။ ထ...ထ အရိုက်ခံပြီးမှ အိပ်နော်..။ ”

တဲ့..။ ကျွန်တော် မထဘူး အိပ်ချင်ယောင်ဆောင်နေလိုက်တယ်.။ ဖေဖေကတော့

“ ငါ့သားလေး အိပ်နေပြီ .။”

ဆိုပြီး ကျွန်တော်ကို ပွေ့ရင်း တိုးတိုးလေးကပ်ပြောတယ်.။

“ ဘာမှ ပြန်မပြောနဲ့ အိပ်ချင်ယောင်ဆောင်ပြီး တခါတည်း အိပ်နေလိုက်တော့ ..။ ”

ကျွန်တော်လည်း အိပ်ချင်ယောင်ဆောင်ရင်းနဲ့ တစ်ခါတည်း အိပ်ပျော်သွားတာ မနက်မိုးလင်းတဲ့ အထိပါပဲ.။ မနက်မိုးလင်းတော့ မေမေ ဘာပြောမလဲလို့ ကျွန်တော် စောင့်ကြည့်တော့ မေမေ ဘာမှ မပြောတော့ပါ..။ ဟုတ်ပြီ..ဖေဖေပြောသလို မေမေမေ့သွားတာပဲ ဖြစ်မယ်.။ ဒါကြောင့် မေမေပြန်သတိရအောင် ကျွန်တော် ဘယ်တော့မှ မလုပ်ဘူး.။ မသိမသာပဲနေတယ်.။ ဒီ အင်္ဂလိပ်စာအုပ်လေး ပျောက်သွားတာ သတိရပြီး ပြန်ဝယ်ပေးရလို့ ကျွန်တော့်ကို ၁၁ ချက်ရိုက်နေဦးမယ်.။

ဒါကြောင့် အင်္ဂလိပ်စာအုပ်လေး အသစ်ပြန်ဝယ်ပေးရတာကို သတိရမှာ စိုးလို့ ကျွန်တော် နောက်ထပ် ဘယ်အရာ ၊ ဘယ်ပစ္စည်းမှ မပျောက်အောင် သတိထားပါတော့တယ်.။ မုန့်စားဆင်းချိန်မှာ အရင်လို သွားဆော့မယ် ဆိုရင်တောင်မှ လွယ်အိတ်ကို လုံခြုံအောင် လွယ်အိတ်ကြိုးစကို သေချာ ချည်နဲံ့တယ်.။ ကျောပိုးအိတ်ဆိုရင်လည်း သေချာ ပိတ်တယ်.။ နောက် ကြိုးနဲ့ချည်ထားလိုက်တယ်.။

ဒါတွေက မေမေ ကျွန်တော်အင်္ဂလိပ်စာအုပ်လေး ပျောက်သွားတာကို အသစ်ဝယ်ပေးရလို့ ရိုက်မယ် ဆိုတာကနေ စပြီး ကျွန်တော် အစ္စည်းမပျောက်အောင် ဂရုစိုက် လာတတ်တာလေးတွေပါပဲ.။

တကယ်လို့ သူများမိဘတွေလို ပစ္စည်းပျောက်လို့ ကျွန်တော့်ကို ရိုက်လိုက် နှက်လိုက်မယ် ဆိုရင် ကျွန်တော် ဒီလို မှတ်မိမှာ မဟုတ်ပါဘူး.။ သေချာတာကတော့ ကျွန်တော် ဒီတစ်ကြိမ်က လွဲလို့ ပစ္စည်းပျောက်တယ် ၊ ကျန်ခဲ့တယ် ဆိုတာ မရှိတော့တာပဲ.။ ကျောင်းက ပြန်မယ် ဆိုရင်လည်း သေချာ စစ်တတ်လာတယ်.။ ကိုယ့်ပစ္စည်း ဘယ်လို ဆိုရင် ပျောက်သွားနိုင်တယ် ဆိုတာကိုလည်း စဉ်းစားတတ်လာတယ်..။

ဒါဟာ မိဘ တစ်ယောက်က သားသမီးတစ်ယောက်ကို ဆိုဆုံးမပုံလေး တစ်ခုပါပဲ..။ ဒါနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော် ကြီးလာမှ သိလာရတယ်.။ တကယ်တော့ လူကြီးတွေပဲ မနက်ဖြန် မနက်ကျတော့ မေ့သွားတယ် ဆိုတာဖြစ်မှ မဖြစ်နိုင်တာလေ.။ ဒါပေမဲ့ ကလေးတစ်ယောက် ဖြစ်နေတဲ့ ကျွန်တော်ကတော့ ငယ်တဲ့ အချိန်ဆိုတော့ တကယ်ပဲ ထင်ခဲ့တာပေါ့လေ.။ ဒီလို ဆုံးမတဲ့ အတွက် မေမေ့ကို တစ်ခုပဲ ပြောပါရစေ..။

“ ကျေးဇူးပါ မေမေ...။ ”


ကိုဇော် ခံစားပုံဖော်သည်။



http://zaw357.multiply.com/journal/item/711 မှာ 23.10.2009 က ရေးထားတာပါ။

.
Share/Bookmark

0 ယောက် ရဲ့ ထင်မြင်ချက်: