မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


19 March 2010

1 အထက်ပိုင်းမှာ သာသာယာယာ ရှိပါသည်(၁)

.



တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ တော်တော် စကားပြောဖြစ်လိုက်တယ်။ သူလည်း တော်တော် စိတ်ပျက်နေတယ် တဲ့။ ဘာလို့လဲ ဆိုတော့ ဂလိုပဲ တဲ့။ သူကလည်း နည်းပညာ ဘလော့တွေ ရေးတယ်။ သူကလည်း ဆက်ပြောတယ်။ နောက်တစ်ယောက် အကြောင်း ၊ “ သူလည်း စိတ်ပျက်နေတယ်.။ ” တဲ့။ “ ဟေ ဘာလို့လဲ။ ” လို့ ထပ်မေးမိတယ်။ သူလည်း ဂလိုပဲ တဲ့။ နောက်ထပ်... နောက်ထပ်တွေကို ပြောပြတယ်။

သြော် .. ကျွန်တော် သူငယ်ချင်းတွေ တော်တော် များများလည်း အံ့သြစရာ ကောင်းစွာ ကျွန်တော်တို့လို ခံစားနေရတယ်။ ဒီတော့ ကျွန်တော် ကျွန်တော့်သူငယ်ချင်းကို အားပေးလိုက်ပါတယ်။ ( ဒီပို့စ်ကို ကျွန်တော် ဒီနေ့ မနက် ၃ နာရီမှာ ရေးတာပါ။ မပြီးသေးလို့ မတင်ဖြစ်သေးတာ။ အခုမှ တင်ရတယ်ဗျာ။ ) သူ့ကို ကျွန်တော် မေးလိုက်ပါတယ်။

“ မင်း ဘာလို့ မင်းနည်းပညာ ဘလော့တွေ ရေးနေတာလဲ။ ”

“ သြော်. သူများတွေ လွယ်ကူအောင်လေ။ ဘာရယ် မဟုတ်ပေမဲ့ သူတို့ အလွယ်တကူနဲ့ အဆင်ပြေအောင်လေ။ ”

“ အေးလေ.. သူငယ်ချင်း။ အခု မင်းလုပ်တာတွေက အဆင်ပြေလား။ သူများတွေကရော လက်ခံရဲ့လား။ ”

“ လက်ခံပါတယ်။ အခုမှ ဒီလို အနှောင့်အယှက်လေးတွေ ဖြစ်လာတာ။ အရင်က လှုပ်လီလှုပ်လဲ့နဲ့ ငါကြိုးစားနေတုန်းက ဘယ်သူကမှ ငါ့ကို ဘာမှတောင်မှ ပြောပေးကြတာ မဟုတ်ဘူး။ အခုလို ငါ့ဘလော့လေး နာမည်ရလာမှ ငါမရှိတဲ့ အချိန်မှာ Cbox မှာလာအော်တယ်။ ငါ မရှိတာ သိတဲ့ အချိန် Comment မှာ မဟုတ်တာတွေ လာရေးသွားတယ်။ ကြာလာတော့ တင်းလာတာပေါ့ကွာ။ ဒါကြောင့်ပါ။ ”

“ သြော်..သူငယ်ချင်း။ မင်းလည်း ကြားဖူးပါတယ်။ တစ်ခါတစ်လေ မေ့နေ တတ်တယ်။ အမြင့်ဆုံး သစ်ပင် မိုးကြိုး အပစ်ခံရတယ် ဆိုတာလေ။ ဒါက အရမ်းမြင့်သွားရင် ပြောတာ။ ရိုးရိုးကတော့ သစ်ပင်ဆိုတာ မြင့်လာလေ လေတိုးခံရတာ များလေလေပဲ သူငယ်ချင်း။ ”

“ အင်း..ဟုတ်ပါတယ်ကွာ။ ဒါပေမဲ့လည်း ကိုယ်က ဘာမှ မလုပ်ပဲ အပြောခံရတော့ ကြာတော့ စိတ်ညစ်လာတာပါကွာ။ ”

“ ဟုတ်တယ်။ ငါနားလည်ပါတယ်။ ဒါကို ဖြေရှင်းဖို့ နည်းရှိတယ် သူငယ်ချင်း။ ”

“ ဘယ်လိုလဲ.။ ”

သူ မျှော်လင့်ခြင်း မျက်ဝန်းတွေနဲ့ အရောင်လက်ပြီး မေးတယ်။


“ ဟိုးကောင်းကင်က မိုးသားမည်းမည်းတွေကို ကြည့်။ ဒါက မိုးတိမ်တွေ မဟုတ်လား။ မိုးရွာတော့မယ် ဆိုရင် လေကလည်း ကြမ်းမယ်။ မိုးတွေကလည်း ချူံးမယ်။ လျှပ်စီးတွေလည်း လက်မယ်။ မိုးကြိုးတွေလည်း ပစ်မယ်။ ဒါကို ဒီမိုးသားတွေ ၊ လေပြင်းတွေကို ကိုယ်နဲ့ ဝေးအောင် ငါတို့ အတင်းတိုးဝှေ့ တိုက်ခိုက်နေလို့ မရဘူး။

ငါတို့ လုပ်သင့်တာ ၊ လုပ်ရမှာကတော့ ပိုပြီး မြင့်တဲ့ အထက်ကို တတ်ဖို့ပဲ။ တကယ်တော့ မိုးတွေချုံး ၊ မိုးကြိုးတွေပစ် ၊ လေပြင်းတွေ တိုက်တယ် ဆိုတာ အောက်ခြေမှာပဲ ဖြစ်တတ်တာ သူငယ်ချင်း။ ဟိုးက မြင့်တယ် ဆိုတဲ့ အထက်ဘက်မှာ ဒီလို တိမ်မည်းမည်းတွေ မရှိကြဘူး။ အထက်ရောက်လေ တိမ်ဆိုး တိမ်ညစ်တွေ ကင်းလေပဲ။


ဒီတော့ကွာ။ ကိုယ့်မှာ ပြဿနာတွေဆိုတဲ့ တိမ်ဆိုးတိမ်ညစ်တွေ ၊ လေပြင်တွေ တိုက်ခိုက်တာ ခံနေရပြီဆိုရင် ကိုယ်ရောက်နေတဲ့ နေရာက နိမ့်နေသေးလို့ပဲ။ ဒါတွေနဲ့ လွတ်ဖို့ဆိုရင် အထက်ကို တတ်ဖို့ပဲ ရှိတော့တယ် သူငယ်ချင်း။ အထက်ကို ရောက်လေ လွတ်လပ်ပြီး အနှောင့်အယှက် ပြဿနာတွေ နည်းလာလေပဲ။ ဒါက ဘာလို့လဲ ဆိုတော့ ကိုယ်က မြင့်မားလာလို့လို့ ပြောလို့ရသလို ၊ ကိုယ့်မှာ ပြဿနာကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်းတွေလည်း ပြည့်ဝလာလို့လို့ ပြောလို့ရတယ်။


တချို့က ဒါကို မသိကြဘူး။ သူငယ်ချင်း ကိုယ်ရောက်နေတဲ့ နေရာက နိမ့်နေလို့ တွေ့ကြုံနေရတဲ့ ပြဿနာတွေကို မသိပဲ တိမ်တွေကို လက်နဲ့ တွန်းသလိုမျိုး ပြဿနာတွေကို အတင်းတိုက်ခိုက်တတ်ကြတယ်။ ဒါကြောင့် ပြဿနာတွေ ပိုများလာတတ်တယ်။ တကယ်တော့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့က ကိုယ်က ရောက်နေတဲ့ နေရာထက် ပိုမြင့်အောင် ကြိုးစားဖို့ပဲ သူငယ်ချင်း။ ”


ကျွန်တော် စကားဆုံးတော့ သူ ဝမ်းသာအားရ ပြောသွားတယ်။

“ ဟုတ်တယ် သူငယ်ချင်းရယ်။ ကျေးဇူးတင်တယ်.။ မင်းရော အဆင်ပြေတယ် မဟုတ်လား။ မင်းဘလော့လေးရော အခြေအနေ။ ”

“ ပြေပါတယ်ကွာ။ အေးဆေးပါ။ ”

ဒီလိုလည်း ပြောပြီးရော. သူထွက်သွားပါတယ်။ သြော် ကျွန်တော့်သူငယ်ချင်း မသိရှာဘူးဗျာ။ ကျွန်တော်လည်း ဂလိုပဲ ဖြစ်နေတာကို။

ဟုတ်တယ်ဗျာ။ ဒီ ဂလို ဆိုတာကြီးက တော်တော် ဆိုးတယ်။ လူတွေ ဘာလို့များ သူများတွေကို တိုက်ခိုက်ချင် ကြတာပါလိမ့်။ ကျွန်တော်လည်း ဘယ်လိုမှ မဖြေရှင်းတတ်အောင် စိတ်ညစ်နေတဲ့ အချိန်မှာ Google ကနေ Mark Fisher ရဲ့ The instant millionaire
ကို သွားဖတ်မိလို့ ဒီအထဲက အကြောင်းအရာလေး အတိုင်းပြောလိုက်တာပါ။

တကယ်တော့ ကျွန်တော် ဖတ်တုန်းမှာ ဒီလောက် နားမလည်သေးပါ။ ကျွန်တော်လည်း ကျွန်တော့်ကို မဟုတ်တာလာပြောရင် ဆက်ဆက်ထိမခံ ဖြစ်တတ်တယ်ဗျာ။ ဒါကြောင့် အခု ကျွန်တော်လည်း သူများကိုသာ နှစ်သိမ့်လိုက်ပေမဲ့ စိတ်တိုနေချိန်ပါ။ ဒါပေမဲ့ သူ့ကို ပြောပြရင်းနဲ့မှ ကျွန်တော်လည်း တကယ်ကို သဘောပေါက်လာပါတော့တယ်။

အခုတော့ ကျွန်တော် ဘာမှလည်း မပြောလိုတော့ပါ။ ကျွန်တော့်ကို ပြောချင်တာ ပြောကြပါတော့။ ကျွန်တော် ကောင်းတာ လုပ်နေတယ် လို့ ယုံကြည်တဲ့ အတွက် ကျွန်တော် လုပ်စရာရှိတာတွေ ကျွန်တော် ဆက်လုပ်သွားပါမယ်။ စာတွေ ဆက်ရေးသွားပါမယ်။

ဒီလို ကျွန်တော့်ကို ပုတ်ခတ်ပြောတာတွေကို ပြန်လည် မတွန်းလှန်တော့ပါဘူး။ ဒီတိုက်ခိုက်မှုတွေကနေ လွတ်ရာဆိုတဲ့ ပိုမြင့်ရာကိုပဲ ရောက်အောင် ကျွန်တော် ကြိုးစားရမှာပေါ့ဗျာ။ ကျွန်တော့်ကို ကျွန်တော့်စာတွေကို ပုတ်ခတ်သူတွေ ဆီကနေ သူတို့ အသံတွေ တိတ်အောင်လို့ ကျွန်တော် ပိုကောင်းတဲ့ စာတွေ ရအောင် ရေးပါမယ်။ ကျွန်တော် စာတွေ ညံ့နေသေးလို့ ဒီလို ပြောတာ ခံနေရတာပဲ ဖြစ်မှာပါ။

ကျွန်တော် ပိုကြိုးစားပါဦးမယ်။



Mark Fisher ကိုကျေးဇူးတင်စွာဖြင့်။
ကိုဇော် ခံစားပုံဖော်သည်။

http://zaw357.multiply.com/journal/item/770 မှာ 21.11.2009 က ရေးထားတာပါ။

.
Share/Bookmark

1 ယောက် ရဲ့ ထင်မြင်ချက်:

Unknown said...

ကိုဇော်၇ဲ့ဒီpost ကိုကျေးဇူးတင်ပါတယ်
ကိုဇော်ပြောတာသိပ်မှန်ပါတယ်
တခါတလေလူတွေ၇ဲ့အတိုက်အခိုက်ကဘ၀လဲပြိုသွားမတတ်ကြောက်ဖို့ကောင်းပါတယ်ဒီpost ကိုဖတ်ပြီးကိုယ့်ဘ၀ကိုပိုမြင့်တက်အောင်ကြိုးစား၇မယ်ဆိုတာနားလည်သွားပြီ