မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


30 November 2011

24 အလံ


ဘယ်သူလဲတော့ မမှတ်မိတော့ပါဘူး။ ကျွန်တော့် သူငယ်ချင်းထဲက တစ်ယောက်ပါပဲ။ သူရေးတဲ့ ကဗျာလေး တစ်ပုဒ်ထဲက စာလေး တစ်ကြောင်းကို အခုတလောမှာ သတိတရ ဖြစ်နေမိတယ်။ ဒီလိုဗျ။

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ " 

တဲ့။ သူ့ရဲ့ ကဗျာထဲက အစိတ်အပိုင်းလေး တစ်ခု မျှသာပေါ့။ 

အဲ . . . ဒီနေ့ ထူးထူးခြားခြား အနေနဲ့ မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ပထမဦးဆုံး လာရောက် လည်ပတ်တယ် ဆိုတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အကြောင်း Facebook မှာ တော်တော်ကို မြင်ရပါတယ်။ နေရာတကာ သူ့ပုံချည်းပဲလို့ ပြောလို့တောင်မှ ရပါရဲ့။ ဒါပေမဲ့ တစ်နေရာမှာတော့ ဓါတ်ပုံလေး တစ်ပုံကို တင်ထားတာ တွေ့ရတယ်။ ဒီ အောက်က ပုံလေးပေါ့ဗျာ။


တကယ်တော့ ဒီမြန်မာနိုင်ငံ အလံကို ကျွန်တော် လွန်ခဲ့သော လေးလလောက်ကတည်းက ရွှေဂုံတိုင်မှာ ရှိနေတဲ့ အလံ နှင့် တံဆိပ်ရိုက် လုပ်ငန်းတွေ အနားက ဖြတ်သွား ဖြတ်လာရင်း သတိထား ကြည့်မိပါတယ်။ မြန်မာနိုင်ငံတော် အလံကို အသစ်ပြောင်းပြီးကတည်းက အပြင်မှာ တွေ့ဖူးတာလည်း ဖြစ်လေတော့ သေချာ ကြည့်မိတယ်။ အလံရောင်းတဲ့ ဆိုင်မှာ နမူနာ ပြထားတဲ့ အလံတွေ အားလုံးက တွန့်ကြေမွနေကြတာ မဟုတ်ပေမဲ့ အဝါ ၊ အစိမ်း ၊ အနီ ဆိုသော ပိတ်စ ဖြတ်စ သုံးစကို လွယ်လင့်တကူ တွဲဆက်ကာ ပုံဖော်ထားခြင်း လို့ပဲ ကျွန်တော် မြင်လိုက်မိပါတယ်။

ဟိုးအရင်က မြန်မာနိုင်ငံတော် အလံ အဟောင်းကို ပြန်မြင်ယောင်ကြည့်တော့  အခု လက်ရှိ အလံလောက် တွဲဆက်ထားခြင်း နည်းလို့ သိပ်တွန့်ကြေခြင်း မရှိဘူးလို့ ထင်မိပြန်ပါတယ်။ ဒါနဲ့ပဲ မြန်မာနိုင်ငံ အဝှမ်း ၊ ဌာန အသီးသီးမှာ လွှင့်တင်ထားကြတဲ့ မြန်မာနိုင်ငံတော် အလံတွေကို ဒီလို ပုံစံပဲ ဖြစ်နေမယ်လို့ ယေဘုယျ သဘောနဲ့ ဒီလိုပဲ ခပ်မဆိတ် နေခဲ့လိုက်ပါတယ်။

ဟော . . . ဒီနေ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် လာမယ် ဆိုလို့ နှစ်နိုင်ငံ အလံတွေကို လွှင့်တင်ထားလိုက်တော့မှ ကျွန်တော် သတိထားမိတော့တယ်။ မြန်မာနိုင်ငံ အလံက အရောင် သုံးမျိုးပဲ စပ်ထားတာပါ။ သုံးရောင်ခြယ် ဆက်စပ်ခြင်း ဆိုပါတော့။ အမေရိကန် အလံက ကျတော့ အပိုင်းပိုင်းလေးတွေ ပိုပြီးတော့ ဆက်စပ်ထားတာ မဟုတ်ဘူးလား။ 

အဲဒီ့ အလံ နှစ်ခုကို ကျွန်တော် ယှဉ်ကြည့်လိုက်တော့ တစ်မျိုးတစ်မည် ခံစားမိတယ်။ နိုင်ငံနဲ့ချီပြီးတော့ ဂုဏ်ယူစွာ လွှင့်တင်ထားခဲ့တဲ့ အလံတော်တွေမှာတော့ သတိထားဖို့ ကောင်းမယ် ထင်ပါတယ်။ အခုတော့ ဟိုဘက်က အမေရိကန် အလံက ဆန့်ဆန့် ပြန့်ပြန့် ရှိနေသလောက် ကျွန်တော်တို့ မြန်မာနိုင်ငံ အလံက တွန့်လိမ်ကွေးကောက်စွာ ဆက်စပ်ခံထားရတယ်။ တကယ်ဆို အဆက်များသော အမေရိကန် အလံ ဆိုရင် ပိုတောင်မှ တွန့်လိမ်နေဖို့ ကောင်းတယ် မဟုတ်လား။ 

ကျွန်တော်တို့ မြန်မာနိုင်ငံတော် အလံ အသစ်ကို သုံးရောင်ခြယ်ထားပြီးတော့ သုံးပိုင်းစပ်ကာ မသုံးဘဲနဲ့ ပိတ်စ တစ်သားထဲမှာ အရောင်သုံးမျိုးခြယ်ကာ အပေါ်မှာ ကြယ်တစ်ပွင့်တပ်ပြီး သုံးရင်ရော မဖြစ်နိုင်ဘူးလား။ ဒါမှမဟုတ်ရင်လည်း အရောင်သုံးရောင် ပိတ်စ သုံးစကို ဆက်စပ်ချင်လည်း ဆက်ပါ။ ဒါပေမဲ့ တွန်လိမ်နေခြင်း မရှိဘဲ ပြေပြေပြစ်ပြစ်လေး တွဲစပ်ပြီး လှလှပပ မြန်မာနိုင်ငံတော် အလံလေး တစ်ခုတော့ ဖြစ်စေချင်ပါတယ်။ 

ဘာရယ်တော့ မဟုတ်ပါဘူး။ ဒီလို နိုင်ငံနဲ့ ချီတဲ့ နေ့ရက်ကြီးမှာ ဒီလို မြင်လိုက်ရလို့ ခံစားမိတာလေးကို ချရေးမိတာပါ။ ဒီလို ပြောလို့ ကျွန်တော်က မကောင်းမြင် ဝါဒ သမားတော့ မဟုတ်ပါဘူး။ ကောင်းစေချင်တဲ့ စိတ်ဆန္ဒနဲ့ ပြောမိတာပါ။ ဒီအချိန်မှာ ကျွန်တော် . . . ကျွန်တော့် သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာထဲက စာသားလေး တစ်ကြောင်းကို ပြန်သတိရနေမိတော့တာပါပဲ။

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ "




*** အလံပုံလေးကို Facebook မှ ယူပါသည်။ ***

လေးစားစွာဖြင့်
ကိုဇော်
30-Nov-2011

Share/Bookmark

24 ယောက် ရဲ့ ထင်မြင်ချက်:

မိုးဇက် said...

ဟုတ်တယ် ထင်မြင်ချက်က ထိတယ် ၊ ဆိုလိုရင်းကို သဘောကျတယ်ဗျ ။ အဲဒါကြီးက အဲလိုပဲဖြစ်သွားလိမ့်မယ် ။

PhyoPhyo said...

အမေရိကန်အလံက ဆေးပဲရိုက်ထားတယ်ထင်ပါတယ်။
ဟုတ်ဘူးလား။ မြန်မာနိုင်ငံအလံကဆက်ထားတော့ တွန့်တွန့်ကြီးမလှဘူးနော်။ အလံကို ဖဲပြောင်စသုံးထားတယ်ထင်တယ်။ ပြောင်လက်လက်နဲ့။

စံပယ်ချို said...

ဆက်ကြောင်းတွေများနေတဲ့ အမေရိကန်အလံ
ကတော့ဘယ်နေရာ ဘယ်တိုင်းပြည်မှာ
ကြည့်ကြည့် လှပနေသလိုပါပဲ
jasmine အထင်ပေါ့နော်
ခင်ခင်မင်မင် jasmine

သဒ္ဓါလှိုင်း said...

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ "
ဆိုတာလေး သဘောကျတယ်ကိုဇော်။
နှိုင်းယှဉ်မိတယ်။
ခင်မင်တဲ့
သဒ္ဓါ

လွင်ပြင်လှိုင်းငယ် said...

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ " ကို ကြိုက်မိတယ် ပို့စ်လေးကိုလဲ သဘောကြတယ်

ကိုရင် said...

ဟုတ်တယ် အကိုရ..သူတို့တွေ အလုပ်ပဲ များနေလို့လား..ဒါမှမဟုတ် တွေးပဲ မတွေးတတ် တာလား..ဒီလောက်ပဲ တွေးနိုင်ကြတာလား စဉ်းစား စရာပဲ။အံ့လည်း သြမိတယ်.. အားလုံးဦးညွှတ်ရ မဲ့ အလံက အပ်ရာ ဗလပွနဲ့.အ၀တ်ပဲ့ကို ချုပ်ထားသလို ကြီး ဖြစ်နေတယ်..

ကိုအောင်(ပျူနိုင်ငံ) said...

မြန်မာအလံကို ချုပ်ရတာ ပိုပင်ပန်းမယ်ထင်တယ်၊ ချုပ်ရတာ ပိတ်စ သုံးစကြီးများတောင် ...း)

အလင်းသစ် said...

" ဆက်ကြောင်းတွေ ရှိနေတိုင်း အက်ကြောင်းတွေ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ "
ဒီစာစုလေး ကြိုက်တယ်ဗျာ။။။

ပြီးတော့ ဓာတ်ပုံရိုက်လိုက်သူရဲ့ ဓာတ်ပုံအယူအဆကို မကြိုက်ဘူး။။ ဟိုဘက်ခြမ်းက ရိုက်မှ ကိုယ့်နိုင်ငံအလံက အမြင့်ပိုင်းမှာ ရှိမှာပေါ့။။ ခုတော့ ဟိုဘက်အလံက ပိုမြင့်နေသလိုလို။။ ကြည့်ရတာ တမျိုးကြီးပဲဗျာ။။

ကိုကိုမောင်(ပန်းရနံ့) said...

တော်တော်မြင်အောင် ကြည့်တတ်သားဘဲ။
ဟုတ်ပါ့ ဟုတ်ပါ့။ သုံးရောင်သုံးလွှာထဲ ခြယ်လို့ တော်ပါသေးရဲ့။
သူတို့လို အလွှာများစွာ ဆိုရင်တော့ ဘယ်လောက် တွန့်ကြေလိုက်မလဲ မသိ။

ခရစ္စတလ် said...

ညည်းကလဲ..အေ သူတို့က အဆက်များတာ ပြချင်လို့ နေမှာပေါ့အေ့ :P

မဒမ်ကိုး said...

အေး အေ အေ ဟုတ်တယ်အေ ဟုတ်တယ်အေ
အဲအလံကြီးကိုလုံးဝမနှစ်မြို့ဘူး ဘယ်လိုကြီးခံစားနေရမှန်းကိုမသိတာ
ဘာရောင်ကြီးမှန်းလဲမသိဘူး
ထိန်ထိန်တောက်နေတာပဲ
ကျက်သရေကိုမရှိတာ
ဦးသန်းရွှေနှင် ဘူဇွာသမီးများအမွေလေ

mstint said...

စေ့စပ်သေချာလှတဲ့ သားဇော်ရေ မာမီလူရွေးမမှားဘူးး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

ချုပ်တဲ့သူရဲ့ စေတနာနဲ့ ကျွမ်းကျင်မှု နည်းပါးတာရယ် ကြောင့် ဖြစ်မှာပါ။ ဒါပေမယ် ရွေးချယ်ထားတဲ့ ပိတ်စက စက်သမား ကိုင်တွယ်ရခက်တဲ့ ပိုးသားဖြစ်နေတာလည်း တမှောင့်ပဲ။ ရွှေမြန်မာတွေက ပြောင်ပြောင်လက်လက်ဆို အဟုတ်ထင်ကြ၊ ကြိုက်လွန်းကြတာလေ....

နေ၀သန် said...

အလံတစ်ခုရဲ့ အတိမ်အနက်ဟာ တိုင်းပြည်ရဲ့ ကိုယ်စားဖြစ်တဲ့အတွက် အခုလို အသေးစိတ်လေးက အစ ဂရုပြုသင့်တာပေါ့.. မှန်ပါတယ်.. ကိုဇော်ပြောသလို အလံတစ်ခုလုံးကို ရိုက်နှိပ်ထုတ်ဝေသင့်တယ်..... အထူးသဖြင့် ဒီလိုနိုင်ငံတော်ပွဲကြီးတွေမှာသုံးတဲ့ အလံတွေကိုပေါ့...


ခင်မင်လျက်
နေ၀သန်

ကိုတူး said...

ဆက်ကြောင်းတွေက တမင်များလုပ်ထားတာလား မတော်လို့များဖြစ်သွားတာလား မသိပါဘူးဗျာ..။
အလံကလဲ ဇာတ်ပွဲမှာ ကမယ့် အ၀တ်ကျနေတာပဲဗျာ ပြောင်လတ်လတ်တင်းတင်းရင်းရင်းကြီး ..

မိုးယံ said...

နိုင်ငံတော် အလံက တိုင်းပြည်ကို ကိုယ်စားပြုတယ်လောက် မသိကြရော့သလားကွယ်။

ညီရဲ said...

ဘာဘဲ ဖြစ်ဖြစ် အရင်အလံလေးဘဲ သဘောကျတယ်ဗျာ...

မေသိမ့်သိမ့် ကျော် said...

တို့နိုင်ငံ အလံတော်က ကြေနေတယ်။ မီးပူမတိုက်ထားလို့များလား...? ကိုဇော်တွေးသလိုပဲ သုံးရောင်ကို ဆေးနဲ့ တစ်ခါတည်းရိုက်ပြီး အလယ်မှာ ကြယ်ကိုလည်း ဆေးနဲ့ရိုက်ရင်ပိုကောင်းမှာပဲနော်။ အခုတော့ တွန့်ကြေကြေလေးဖြစ်နေတယ်။

sosegado said...

အစီအမံတွေများလား

June Moe said...

မြန်မာနိုင်ငံတော်အလံကို လွမ်းတယ်..
ဒီအလံကိုလည်း အကိုပြောသလိုလေး လုပ်လိုက်ရင် အဆင်ပြေမယ်ဗျာ။

ဘုန်းဘုန်းတောက် said...

မြင်လည်းမြင်တတ်ပါ့ ကိုဇော်ရယ်။ ဟုတ်ပါ့နော်။ တွန့်ကြေနေတာပဲ။

Dream said...

မက်မက်သာ သမတ္တဖြစ်သွားရင် နိုင်ငံတော်အလံကို အရင်ဆုံးပြောင်းပစ်မယ်။ အားလုံးသဘောတူမယ်ထင်တယ်... ခစ်ခစ် :))

နိုင်ငံတော်အလံဟာ နိုင်ငံအတွက် ရဲရင့်ပြတ်သားမှုနဲ့ နိုင်ငံ့ဂုဏ်ဆောင်တာပါ။ ဒါကြောင့် နိုင်ငံတော်အတွက် ဒီလိုအရေးပါမှုကို လုပ်ဆောင်မယ်ဆိုရင်
၁)နိုင်ငံတော်အတွက် သီးသန့်ပိတ်စကို အသုံးပြုစေခြင်း
၂)နိုင်ငံတော်အလံအတွက် အသုံးပြုထားသော ပိတ်စကို မည်သည့်နေရာတွင်မှ အသုံးပြုခြင်းမရှိစေရ။
၃)ပိတ်စအား အစတစ်စထဲတွင် အလံ၏ ဂုဏ်သတ္တအရေအသွေးနှင့် ပြည့်စုံစေရမည်။
၅)အလံချုပ်လုပ်သူသည် ကျွမ်းကျင်မှု အရည်အချင်းနှင့် ပြည့်စုံစေရမည်။
၆)ထိုအလံအား နေရာတခုထဲမှ ချုပ်လုပ်ရမည်။ (ဥပမာထိုအလံအား ချုပ်လုပ်ခွင့်သီးသန့်ပေးအပ်ထားသော နိုင်ငံတော်ပိုင်ဌာနမှ ဖြစ်ရမည်။
၇)ထိုချုပ်လုပ်ခွင့်ရသောဌာနမှ မြန်မာနိုင်ငံတဝန်းလုံးသို့ လိုအပ်သောအရေအတွက်နှင့် တူညီသောဈေးနူန်းအတိုင်း ဖြန့်ဖြူးရောင်းချနိုင်ရမည်။
၈)မည်သည့်အပြင်စီးပွားရေးလုပ်ငန်းရှင်မှ ချုပ်လုပ်ခွင့်မရှိစေရ။

ပုံ/သမတ္တမက်မက်
ဟီးး...ဟီးးး...
((သူငယ်ချင်းရဲ့ကဗျာစာသားဆိုတာကို ကြိုက်တယ်)

Dream said...

မက်မက်သာ သမတ္တဖြစ်သွားရင် နိုင်ငံတော်အလံကို အရင်ဆုံးပြောင်းပစ်မယ်။ အားလုံးသဘောတူမယ်ထင်တယ်... ခစ်ခစ် :))

နိုင်ငံတော်အလံဟာ နိုင်ငံအတွက် ရဲရင့်ပြတ်သားမှုနဲ့ နိုင်ငံ့ဂုဏ်ဆောင်တာပါ။ ဒါကြောင့် နိုင်ငံတော်အတွက် ဒီလိုအရေးပါမှုကို လုပ်ဆောင်မယ်ဆိုရင်
၁)နိုင်ငံတော်အတွက် သီးသန့်ပိတ်စကို အသုံးပြုစေခြင်း
၂)နိုင်ငံတော်အလံအတွက် အသုံးပြုထားသော ပိတ်စကို မည်သည့်နေရာတွင်မှ အသုံးပြုခြင်းမရှိစေရ။
၃)ပိတ်စအား အစတစ်စထဲတွင် အလံ၏ ဂုဏ်သတ္တအရေအသွေးနှင့် ပြည့်စုံစေရမည်။
၅)အလံချုပ်လုပ်သူသည် ကျွမ်းကျင်မှု အရည်အချင်းနှင့် ပြည့်စုံစေရမည်။
၆)ထိုအလံအား နေရာတခုထဲမှ ချုပ်လုပ်ရမည်။ (ဥပမာထိုအလံအား ချုပ်လုပ်ခွင့်သီးသန့်ပေးအပ်ထားသော နိုင်ငံတော်ပိုင်ဌာနမှ ဖြစ်ရမည်။
၇)ထိုချုပ်လုပ်ခွင့်ရသောဌာနမှ မြန်မာနိုင်ငံတဝန်းလုံးသို့ လိုအပ်သောအရေအတွက်နှင့် တူညီသောဈေးနူန်းအတိုင်း ဖြန့်ဖြူးရောင်းချနိုင်ရမည်။
၈)မည်သည့်အပြင်စီးပွားရေးလုပ်ငန်းရှင်မှ ချုပ်လုပ်ခွင့်မရှိစေရ။

ပုံ/သမတ္တမက်မက်
ဟီးး...ဟီးးး...
((သူငယ်ချင်းရဲ့ကဗျာစာသားဆိုတာကို ကြိုက်တယ်)

ဘိုဖြူ said...

ရိုးရိုးလေးနဲ့ ထိနေတယ်အကိုရေ