မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


05 October 2011

25 တွေးတွေး ငေးငေး ပုံရိပ်လေးများ



ကျွန်တော် မြန်မာနိုင်ငံ အလည်ပြန်တုန်းက ဟိုဟိုဒီဒီရောက်ရင်းနဲ့ ရိုက်ခဲ့တဲ့ ပုံတချို့နဲ့ ခံစားမှု မျှဝေချင်ပါတယ်။ တချို့သော ပုံတွေက ကျွန်တော့် အတွက် အဓိပ္ပါယ် ရှိနေနိုင်ပေမဲ့ တခြားသူ အတွက်တော့ ဘာမှ ခံစားမှု ရှိချင်မှ ရှိမှာပါ။ ဘာပဲ ပြောပြော အပျော်ပေါ့။ ဒီလိုပဲ လိုက်ပြီးတော့ တွေးကြည့် ငေးကြည့်ရအောင်လားဗျာ။ ( ဓါတ်ပုံတွေ များသော အားဖြင့်ကို ကျွန်တော့်ရဲ့ ဖုန်းလေးနဲ့ပဲ ရိုက်ထားတာပါ။ ရန်ကုန်မှာ နေပြီးတော့ ရန်ကုန်ပတ်ဝန်းကျင်ကို သတင်းထောက်လည်း မဟုတ်ဘဲ ကင်မရာကြီး ကိုင်ရမှာ ရှက်သလိုပဲ ဟဲဟဲ။ )




တစ်နေ့တော့ ကော်ပြန့်ဆိုင် တစ်ဆိုင်မှာ သွားထိုင်ဖြစ်ပါတယ်။ အဲဒီဆိုင်မှာ ဒီလို ရေးထားတယ်။ ကော်ပြန့်တော့ ကော်ပြန့်ပဲ သူက " သင်္ချာကော်ပြန့် " တဲ့။  ဘာပါလိမ့်ပေါ့လေ။ ဒါနဲ့ အတော်ကို ခေါင်းစားသွားတယ်။ နောက်တော့မှပဲ . . . အဟဲ။ စာဖတ်သူတွေလည်း ဝိုင်းပြီးတော့ တွေးကြည့်ကြပါဦး။ သင်္ချာကော်ပြန့် ဆိုတာ ဘာကော်ပြန့်များလဲ။




တစ်နေ့တော့ ဆူးလေက ဂုံးတံတားကို ဖြတ်လျှောက်ရင်းနဲ့ အောက်ကို ငုံကြည့်လိုက်တော့ အာယိုးယိုး . . အောက်က အများပြည်သူသုံး စည်ပင်ဖုန်းရုံလေးရဲ့ အမိုးမှာ ဒီလိုတွေ တွေ့ရတယ်ဗျာ။ ဒီဖုန်းရုံလေးလည်း ကံဆိုးတာပါပဲ။ စည်းကမ်းမရှိသူတွေရဲ့ အမှိုက်တွေကိုလည်း ရွက်ထားရသေးတယ်။ ဘလော့ဂါနဲ့တွေ့တော့လည်း ဓါတ်ပုံရိုက်ပြီးတော့ အတင်ခံရသေးတယ်။ အမှိုက်ပုံး ဆိုတာတွေမှာ စွန့်ပစ်တတ်အောင် ကျွန်တော်တို့ နိုင်ငံက လူတွေ အတော်ကို ကျင့်သားကျအောင် ကြိုးစားကြရဦးမယ် ထင်တယ်ဗျာ။




မိုးမရွာတော့ပါ။ မိုးရွာပြီးစ ဆိုပါတော့။ လမ်းဆုံလေး တစ်နေရာက ဝက်သားတုတ်ထိုး ဆိုင်လေးပါ။ စားသူ မပြောနဲ့ ရောင်းသူတောင်မှ မရှိဘူး။ ဖုန်တွေ ၊ လေထုညစ်ညစ်တွေ ၊ ကားတွေရဲ့ မီးခိုးမှိုင်းမှိုင်းတွေ ကြားထဲမှာ သူလည်း ရပ်တည် ရှင်သန်နေလျက်ပါပဲ။ အရသာတော့ ဘယ်လိုနေတယ် မသိပေမဲ့ လွမ်းတော့ လွမ်းစရာလေးပါပဲ။




ပညာနို့ချို့ သောက်စို့ခဲ့ရဖူးသော ဒဂုံတက္ကသိုလ်ကြီး ရဲ့ ဘွဲ့နှင်းသဘင် ဆိုတာပေါ့။ ကျွန်တော်တို့ သူငယ်ချင်းတွေ ဘောလုံးကန်ရင် အဲဒီနားမှာ ချိန်းကန်ကြတယ်။ အခုတော့ အတွဲတွေ ၊ ဈေးရောင်းသူတွေ ၊ တခြား ဘယ်သူတွေမှန်း မသိနေကြတာနဲ့ အရင်ကလို ကျွန်တော်တို့ သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး သွားထိုင်မယ် ဆိုရင်တောင်မှ ဒီလူတွေက ကျွန်တော်တို့ အတွက် အတော်ကို အနှောင့်အယှက်ဖြစ်စေမှာ အမှန်ပါပဲ။ အဲ . . . ဒါမှမဟုတ် . . . ကျွန်တော်တို့က သူတို့ အတွက် အနှောက်အယှက် ဖြစ်နေစေမှာ အမှန်ပါပဲ။




ဟိုးအရင်က ကျွန်တော်တို့လည်း ဒီလိုပဲ ဝုန်း ဒိုင်းနဲ့ ကန်ခဲ့ ၊ ကျောက်ခဲ့ကြတာပါပဲ။ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ ငယ်ဘဝရဲ့ ပျော်ရွှင်မှုလေးပါ။ ( ဒီပုံကတော့ ကင်မရာနဲ့ ရိုက်ခဲ့တာလေးကို ပြန်ရှာတင်လိုက်တာပါ။ )




ဒဂုံတက္ကသိုလ်မှာ သုံးထပ်ဆောင်ဆိုပြီး ပထမဦးဆုံး ဖြစ်လာခဲ့တဲ့ အဆောင် နံပါတ် ( ၃၇ ) ဆိုတဲ့ ကျွန်တော်တို့ " ရူပဗေဒဆောင် " ပေါ့ဗျာ။ မြင်ရတာ ရင်နာလိုက်တာ။ စိတ်မကောင်းလိုက်တာ။ နာဂစ်ကြောင့်လား ၊ ဘာကြောင့်လားတော့ မသိဘူး။ အရင်က တပ်ထားတဲ့ မှန်တွေ အားလုံးကွဲနေတယ်ဗျာ။ ဒါကို သွပ်ပြားတွေနဲ့ ပြန်ကာထားတယ်။ ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်တို့ ပညာရေးကို သူများနိုင်ငံက အလည်လာကြည့်တဲ့ နိုင်ငံခြားသားတွေကို ချပြနိုင်တော့မလဲ။

 

တကယ်ပါ။ ကျွန်တော် ဒီအခြေအနေကို မြင်တော့ ၊ ကျွန်တော်တို့ ရူပဗေဒအဆောင်ကို ကြည့်ပြီးတော့ လမ်းမကြီးပေါ်မှာ မတ်တပ်ကြီး ရပ်နေမိပြီး ငါးမိနစ်ကျော်ကို စိတ်မကောင်းခြင်းများစွာနဲ့ ငြိမ်သက်သွားမိတယ်။ ကျောင်းတတ်နေရတဲ့ ကျောင်းသား ကျောင်းသူတွေကိုလည်း တကယ်ကို သနားမိတယ်။ အခု စာဖတ်သူတွေထဲမှာ ဒဂုံတက္ကသိုလ် ရူပဗေဒက ကျောင်းသားဟောင်းတွေများ ပါရင် စုပြီးတော့တောင်မှ မှန်တွေ ပြန်တပ်ချင်မိတယ်ဗျာ။

ဒါမှမဟုတ် . . . နိုင်ငံတော် သမ္မတကြီးခင်ဗျား။ တစ်နေ့လောက် ဒဂုံတက္ကသိုလ်ကို လာလည်ပါဦးဗျာ။ အားလုံး ကိုယ်စား ကျွန်တော် ဖိတ်ခေါ်ပါတယ်။ ပြင်ပလောက က လေကို နည်းနည်းလောက် ရှူကြည့်ပါလားဗျာ။ အဲယားကွန်းလေ မဟုတ်ပေမဲ့ သဘာဝလေ ဆိုတာ ပိုပြီးတော့ လတ်ဆတ်ပါတယ်။




ကျွန်တော့် အဒေါ်တစ်ယောက်က ပန်းစိုက်တာ အရမ်းကို ဖြစ်ပါတယ်။ သူ့လက်နဲ့ထိတဲ့ ပန်းတိုင်း အပင်တိုင်း အကုန်ဖြစ်ပါတယ်။ စိုက်ရပျိုးရ ခက်ပါတယ် ဆိုတဲ့ " ကုမုဒြာ ကြာပန်း " သူ့အိမ်မှာ များစွာ ပွင့်ပါတယ်။ လရောင်နဲ့ ပွင့်တယ် လို့ တင်စားခေါ်ဝေါ်တဲ့ ဒီကြာပန်းကို သူ့ဆီကနေ အဖူးလေး အဖြစ်ယူလာပြီးတော့ အိမ်ရောက်တော့ ည ၁၂ ဝန်းကျင်မှာ ပွင့်ပါတယ်။ ဘယ်လိုမှန်း မသိသော အနံ့လေး တစ်ခုကလည်း သင်းသင်းလေး မွှေးနေပါတယ်။  ပွင့်လာတော့မှ အမေက နှိုးပြောလို့ မည်းမည်းမှောင်မှောင်မှာ ထရိုက်လိုက်တာပါ။ အမှတ်တရပေါ့။



*** စာရေးဖို့ မအားသေးလို့ စိတ်ထဲမှာ ရှိနေတဲ့ ပုံလေးတွေကို ခံစားဖို့ မျှဝေ လိုက်ပါတယ်။ ***

လေးစားစွာဖြင့်
ကိုဇော် 
5.10.2011

Share/Bookmark

25 ယောက် ရဲ့ ထင်မြင်ချက်:

ခရစ္စတလ် said...

သြော် ကိုဇော် ကိုဇော်...
တော့် ပိုစ့်က အတိတ်တွေ နှိုးဆွစေသလိုဖြစ်သဟ။
အင်းးး ဘာကို ဝမ်းနည်းသလိုလိုဖြစ်မှန်းကို မသိဘူး
ကိုယ့်နိုင်ငံအဖြစ်တွေများ မြင်ရရင်ပြောပါတယ် :)

Anonymous said...

ဂဏန်းကော်ပြန့် 

မြတ်မွန် said...

ခုတော့ အပင်တွေ ရှိလာလို့ တော်သေးတာပေါ့ ဦးဇော်ရယ်..မွန်တို့တက်တုန်းကဆို ကွင်းလင်းပြင်ကြီးလေ အမလေး ကန္တရကျောင်းသွားတက်ရသလိုပါပဲ...ကားစီးရတာ စိတ်လေပါတယ် ငပိ ငချဉ်သိပ်ပေါ့လေ..။ ဘာပဲ ဖြစ်ဖြစ် ပျော်တယ်။

ကိုထွဋ် said...

ကျနော်က အဆောင် ၃၈ က သင်္ချာကျောင်းသား..အခုတော့ အဆောင် ၃၈ လဲ အဲလိုပဲနေမှာပါလေ...ပြန်ရောက်မှ သွားကြည့်ရမယ်...

sosegado said...

ဓါတ်ပုံတွေကို ကြည့်ပြီး တစ်မျိုးကြီးခံစားလိုက်ရတယ်
ကျောင်းမဟုတ်သောကျောင်း တွေကို ကျော်ဖြတ်နိုင်ကြပါစေ။
ဘာပဲဖြစ်ဖြစ်
" ကုမုဒြာ ကြာပန်း " အတွက် ကျေးဇူးပါ၊
ကျနော့်အတွက် ရှားပါးပုံပါပဲ။

မိုးခါး said...

ဟုတ်လားဟင် .. သင်္ချာကော်ပြန်=ဂဏန်းကော်ပြန့် .. ဂဏန်က သိပ်မပေါဘူးလိုပဲ .. သိဘူး .. :D

ဖုံးရုံလေးပေါ်မှာ အမှိုက်တွေဆိုလို့ အညားကြီးမှတ်တာ .. သိပ်တော့မဆိုးပါဘူး .. ဟီးး

ဒုတ်ထိုးသယ်ကြီး လေနဲ့များပါသွားလား :P

ဒဂုံကျောင်းကြီး .. အနီးကပ် ၁၀ရက်တက်ရင်း နေပူလှန်းခံရဘူးပါတယ် .. ကားတန်းတွေ ကားကွင်းတွေ ရေပန်းနေရာတွေမှာ ဓါတ်ပုံရိုက်ဘူးပါတယ် .. ပျော်လည်းပျော်တယ် ပူလည်း ပူတယ်ပေါ့လေ .. ခုတော့လည်း လွမ်းသွားပါ၏ ..

မြင်ဘူးတယ် .. အဲ့ပန်းလေး အရင် တောင်ညွန့်အိမ်မှာတုန်းက အဝေးက မြင်ဘူးတယ် .. သူက အပင်ပေါ်ရောက်နေတာကိုး ..

Anonymous said...

ကုမုဒြာ ကြာပန်း ခုမှမြင်ဖူးတာပါ။

အိမ်မှာကြာပန်းအဲလိုစိုက်လို့ ရတယ်လား မသိလို့ ပါ။

နည်းလေးပါလေးပေးပါအုံးဗျို့ 

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Angelhlaing(May everybody be happy and healthy! said...

လွမ်းစရာလေးပါလားအကို.... ကာယကံရှင်အကိုကိုယ်တိုင်တော့ ပိုလွမ်းခဲ့မယ် ထင်ပါရဲ့..

SHWE ZIN U said...

မျှဝေမှု့ ကို ကျေးဇူးတင်စွာနဲ့ လက်ခံယူသွားပါတယ်

ခင်မင်စွာဖြင့်

ညီရဲ said...

သချာင်္ ကော်ပြန့် ကြော်တဲ့လား..
ဒါက လူစိတ်ဝင်စားအောင် လုပ်တဲ့ ဈေးကွက်မြှင့်တင်ရေးပေါ့...
တခါက အော်တာ ထူးဆန်းလို့ ဘာမုန့် လဲလို့ ဝယ်စားမိပါတယ်။ မုန့် ဖတ်ထုတ် ဖြစ်နေတယ်။ ဒါပေမယ့် ခေါ်မေးပြီးသွားလို့ ဝယ်စားလိုက်ရတယ်။ မမှတ်သေးဘူး နောက်တခါ ထပ်ဝယ်စားဖြစ်တယ်။ ပြောင်းဖူး ဖြစ်နေတယ်။ သူတို့ က အသံရှည်ဆွဲပြီး အော်တော့ ကိုယ်က ဘာမှန်းကို မသိလိုက်ဘူး။ မသိတော့ စိတ်ဝင်စားပြီး ခေါ်မိတော့ ဝယ်စားရတယ်။

မိုးယံ said...

ဂိုးသမားကိုဇော်ရေ...ပညာအလင်းမပြောနဲ့ နေအလင်းရောင်တောင် မ၀င်တော့မယ့် ရူပဗေဒ အဆောင်ကြီးများလား။

kokoseinygn said...

ဓါတ်ပုံတွေလာကြည့်သွားပါတယ်...
လက်ရှိအဖြစ်အပျက်တွေကို အခုလိုတင်ပြမှသိကြမှာပါ...
ထပ်တင်ပါအုံးဗျာ....။

ahphyulay said...

အင်း...
ကိုကိုဇော်ရေ..၊
မှန်ပြန်တပ်ဖို့ နေနေသာသာ အခု
ပေါက်ဖေါ်ကြီးကို မြစ်ဆုံအတွက် ပြန်ရော်ဖို့ 
ကျွန်တော်တို့  ဝိုင်းမထည့် ရရင် ကံကောင်း
ဆုတောင်းပေးလိုက်ပါတယ်ဗျာ..။

mstint said...

ကျောင်းသားဘဝကို ဘယ်အချိန်ပြန်ပြောပြော နားထောင်လို့ကောင်းတယ်။
မှန်ပြူတင်းအစားထိုး သွပ်တွေထည့်ထားတာတော့ ရုပ်ဆိုးလွန်းတယ်။
သဘာဝလေလေး ခံစားနိုင်ဘို့အတွက် သမ္မတကြီးကို ဖိတ်ထားတာ ဂွတ်တယ်း)
ကုမုဒြာကြာပန်းလေး လှလိုက်တာ။
ပန်းပင်ကအစ ဟင်းရွက်သစ်သီးပင်အဆုံး လက်ဆိပ်ရှိရင် အပင်တွေဖြစ်တယ်ဆိုတာ အမှန်ပဲ ကိုဇော်ရေ။ အဲဒီလက်ကို ပိုင်ဆိုင်ထားလို့ (ကြွားတာ)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

MGTHANT said...

လွမ်းစရာ့ ရွေပြည်... ကျေးဇူးပါ ကိုဇော်

မြစ်ကျိုးအင်း said...

သွပ်ပြားတွေနဲ့ ကာထားတာတော့ ရုပ်ပျက်လွန်းပါတယ်။

မအိမ်သူ said...

သြော်..အဲဒါကျောင်းဆောင်တဲ့လား ဒီလောက်သွပ်ပြားတွေကို ရုပ်ပျက်ဆင်းပျက်ကာထားတဲ့ ကျောင်းစာသင်ခန်းတွေထဲမှာ ကျောင်းသားတွေ ဆရာတွေဘယ်လိုများစာသင်နေကြပါလိမ့်.... ဒဂုံတက္ကသိုလ်ကို တစ်ခါမှမရောက်ဖူးဘူး။

ကိုကိုမောင်(ပန်းရနံ့) said...

လွမ်းတတ်တဲ့သူတွေအဖို့ လွမ်းစရာကြီးပေါ့ဗျာ။ ပုံတွေ ကြည့်ပြီးတော့လေ။

အဲဒီ သွပ်တွေ ကာထားတာကို စဉ်းစားနေတာ။ တစ်ခုခုတော့ တစ်ခုခုဘဲ။ ကျောင်းသူကျောင်းသားတွေ စာသင်တုန်း အပြင်ကို ငေးငေးကြည့်ကြလို့ များလား။ မြင်ကွင်းကျယ်ရင် စိတ်ပြန့်တတ်တယ်လေ။ ဒါပေမဲ့ အခုလိုပုံကြီး ကြည့်ရတာတော့ မနှိပ်ပါဘူး။ ရိုးရိုး ထရံကာ သက်ကယ်မိုးလေးဆို ဟုတ်သေးရဲ့။ အခုဟာက အဆောက်အဦပုံစံနဲ့ အဲဒါကြီးနဲ့ အမြင်ရဆိုးလှတယ်။

ခင်မင်လျှက်

jasmine(တောင်ကြီး) said...

အတိတ်ကိုနိုးဆွတာလေးတွေထဲမှာ
နှလုံးသားကိစ္စလေးတွေမပါဘူးလား
လူပျိုကြီးများ...၀ါကျွတ်တော့မည်

T T Sweet said...

ကုမုဒြာကြာပန်းကိုတော့ စိတ်ဝင်စားတယ်။ တစ်ခါ ဂျူဝထ္ထုတစ်ပုဒ်ထဲမှာ ဖတ်ဖူးသလိုပဲ။ ညကျမှပွင့်တယ်။ အနံ့မွှေးတယ်ဆိုတာ။ တစ်ခါလောက်တော့ အပြင်မှာ မြင်ဖူးချင်တယ်။
ဖုန်းကင်မရာက ကောင်းလှချည်လား ကိုဇော်ရေ။ ပုံတွေက ကြည်တောက်နေတာပဲ၊

မဒမ်ကိုး said...

အရည်ချင်းစစ်တက်တုန်းက တစ်နှစ်ပဲ အဲမှာတက်လိုက်ရတယ် ငိုချင်လိုက်တာ ပူလို့ ..
သူများတို့က အာစီတူး ကနေလာရတာကိုးး
တနှစ်ကိုလိမ်ပိန်နေတာပဲ
ဟဟ အပိုင်း ၁ လဲတက်ေ၇ာ လာထား ရန်ကုန်တက္ကသိုလ်ထဲကို လစ်တော့တာပဲ
ကံဆိုးတာကတော့ ကျောင်းသာပီးရော ဘဲမရလိုက်တာပဲ ..ဟိဟိ

ကျောင်းပြီးမှမီးကရေစက်ချလိုက်ရတာလေး)

ခင်တဲ့
မဒိုးကန်
(၀က်သားဒုတ်ထိုးဆိုင်တွေကို တော့လာမထိပါနဲ့ အကိုရယ်
ဘယ်လောက်ညစ်ပတ်ပတ် စားမယ် ကြိမ်းထားတယ် ဒီနှစ်အိမ်ပြန်ရင် ကိုရင် မလိုက်မှ စားရမှား)

တေလေ၂၀၁၂ said...

ဟုတ်တယ်နော် ကျောင်းကြီးကိုတော့ လွမ်းတယ်ဗျာ..
တခု စဉ်းစားမိသလို့ဘဲနော်
ကိုဇော်တခုကို မေ့နေသလို့လို ကျန်ခဲသလိုလိုထင်မိလို့ပါ
ကျောင်းပြန်ေ၇ာက်၇င် အ၇င်ဆုံးပြင်မြင်၇တာလေးပါ
အကို၇ဲ့ နံ၇ိုးလေးကျန်နေခဲ့သလိုဘဲနော်
အကိုပြောတဲ့ အထဲမှာပါ ..ဟဲ၂
ကျွန်နော်တော့ ကျေင်းကြီးကိုမြင်၇င် ပထမဆုံးသူကို အ၇င်သတိ၇လိုက်လို့ပါ

Anonymous said...

ko zaw ,ကျွန်တော်တို့ အနောက်ပိုင်း တက္ကသိုလ်ကြီးကိုလဲ သွား ကြည့်ပါအုန်း ဒဂုံတက္ကသိုလ် နဲ့ ဆီ နဲ့ ရေဘဲ ပိုတောင်ဆိုးသေးတယ်

မေသိမ့်သိမ့် ကျော် said...

မှန်မရခင်စပ်ကြား သွပ်ပြားနဲ့အစားထိုးထားတာဖြစ်မှာပါ။ ခနပဲနေမှာပါ။ ဖြစ်လာမှာပေါ့။ လောလောဆယ်ကတော့ ချမပြရဲတာအမှန်ပါပဲ။

ဓာတ်ပုံလေးတွေထဲမှာ စေတနာတွေ မြင်နေရတယ်။


ခင်တဲ့
မေသိမ့်

Anonymous said...

buy tramadol without a script buy tramadol online no rx - tramadol online australia

Related Posts Plugin for WordPress, Blogger...

ဧည့်သည်များ

သွားသွားလာလာ
hidden hit counter




free counters

6.8.2010 မှ စ ကလိသည်။

.