မည်သူ မဆို အမှန် ရှိသလို ၊ အမှားလည်း ရှိပါတယ်။ ကျွန်တော့် အမြင် ၊ အတွေးများကို ကျွန်တော်ကိုယ်တိုင်ပဲ တာဝန်ယူရမှာ ဖြစ်သောကြောင့် ထပ်ဆင့်ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်တယ် ဆိုသော စာချစ်သူ သူငယ်ချင်း များကို စာရဲ့ အောက်တစ်နေရာမှာ “ ကိုဇော် ” နှင့် “ zaw357.blogspot.com ” ဆိုတာလေးကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

{ သေချာတာ တစ်ခုကတော့ “ ရေးတဲ့စာ ” နဲ့ “ စာရေးသူ ” ကို မရောထွေးစေဖို့ပါ။ }

လေးစားစွာဖြင့်
ကိုဇော်
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။


02 September 2011

29 အလွမ်းမပါသော ကဗျာ



ကျွန်တော်တို့ ငယ်ငယ်က စိတ်ကူးတွေ ကြွယ်ကြွယ် ၊ အတွေးတွေက မိုးလောက်ကျယ်ပြီးတော့ အိပ်မက်တွေ တနင့်တပိုးနဲ့ ရှင်သန်ခဲ့ကြဖူးတယ်။ အဲဒီတုန်းက စကားလုံးလေး တစ်လုံးကို ရပြီ ဆိုရင် သူ့ရဲ့ Roots က ဘာလဲ ဆိုပြီးတော့ လိုက်ပြီး စပ်စပ်စုစု လုပ်လေ့ ရှိခဲ့ဖူးတယ်။ များသော အားဖြင့် စာဖတ်အား အလွန်ကောင်းတဲ့ ကျွန်တော့် သူငယ်ချင်းတွေပေါ့လေ။ ကျွန်တော် စာဖတ်တယ် ဆိုတာ သူတို့ ဂျာနယ် ကြည့်သလောက်ပဲ ရှိတာပါ။

အဲဒီလို စကားလုံးလေးတွေရဲ့ ဇစ်မြစ်ကို လိုက်ရှာပြီး ခွဲခြားစိတ်ဖြာတတ်တဲ့ ကျွန်တော့် သူငယ်ချင်းတွေ  “ ကဗျာ ” ဆိုတဲ့ စကားလုံးလေး တစ်လုံးနဲ့ ဝင်တိုးမိပါလေရော။ ဒီ ကဗျာ ဆိုတဲ့ စကားလုံးလေးကြောင့် အတော်ကို ဒုက္ခရောက်ကြရဖူးတယ်။ ကဗျာ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ( အခုထိ ) ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ ကဗျာ ဆိုတာ “ ကာဗျ ” ဆိုတဲ့ ပါဠိဘာသာ ကပဲ ဆင်းသက်လာသလိုလို ၊ “ ကဝိဗျ ” ဆိုတဲ့ စကားလုံးကပဲ လာသလိုလို ဘယ်သူမှ သေသေချာချာ သူ့ရဲ့ ဇစ်မြစ်ကို မရှာခဲ့နိုင်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ သူငယ်ချင်းတွေ ကဗျာတွေတော့ ဆက်ပြီးတော့ ရေးဖြစ်ခဲ့ပါတယ်။ 

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ကဗျာ ဆိုရင် လေးလုံးစပ်တို့ ၊ လေးသုံးကာရံတို့ ၊ ဒါတွေ အရမ်းကို ခေတ်စားခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒါဒါဒါဒါ ဒီဒီဒီ ဆိုသော ကဗျာလေးတွေ ရေးပြီး ပျော်နေခဲ့ကြတာပါပဲ။ ကိုယ့်ကဗျာ ဘယ်သူ ကြိုက်ကြိုက် မကြိုက်ကြိုက်ပေါ့လေ။ ကိုယ့်သူငယ်ချင်း အချင်းချင်း ကဗျာလေးတွေ လဲဖတ်ကြရင်း ပြောကြ ၊ ဆိုကြ ၊ ဆွေးနွေးကြနဲ့ ကိုယ့်ဖာသာကိုယ်ပဲ လူတတ်တွေ လုပ်နေကြတာပါ။

နောက်တော့ ခေတ်တွေ ပြောင်းလဲလာပြီးတော့ မော်ဒန်ကဗျာက ကဗျာ ရေစီးကြောင်းထဲကို အရှိန် ခပ်ပြင်းပြင်းနဲ့ ဝင်ရောက်လာခဲ့တယ်။ နောက်တော့ ပို့စ်မော်ဒန်ကဗျာတွေ ဖြစ်လာပြန်တယ်။ နောက်တော့ . .  . နောက်တော့ . . .  ပေါင်းများစွာပါပဲ။ ကဗျာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်ကလည်း သိပ်မသိပါဘူး။ ကဗျာနဲ့ ပတ်သတ်ပြီး ကျွန်တော် သိတာ တစ်ခုပဲ ရှိပါတယ်။ 

“ ကဗျာ ဆိုတာ ရွတ်ဆိုမှုကနေ ဖြစ်တည်လာခြင်း ” 

လို့ပဲ အကျဉ်းချုပ် ဆိုကြပါစို့။ ဒါကြောင့် ရိုးရိုး စကားလုံးတွေကို စကားပြေ လို မရေးဘဲ ကျစ်လျစ်သော စကားလုံး ပုံစံတွေနဲ့ ကဗျာ ဆိုပြီး ရွတ်ဆိုခဲ့ကြတာပါ။ ( ဒါကြောင့်လည်း ကဗျာ ဆိုတာ ရွတ်ဆိုတယ် ဆိုပြီး ဖြစ်နေတာပေါ့။ ) ကျွန်တော်တို့ သူငယ်ချင်းတွေ ဒီလိုပဲ ခံယူခဲ့ကြပါတယ်။ အခု နောက်ပိုင်း ခေတ်ကို ရောက်လာတော့ ကျွန်တော်တို့လည်း လေးလုံးစပ် ဆိုသော ဘောင်တွေကို တွန်းထုတ် ဖောက်ထွက်ရင်း မော်ဒန်ကဗျာ လို့ လူပြောများတဲ့ ကဗျာတွေ ပိုရေးဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်တော် ရေးဖြစ်တဲ့ ကဗျာလေးတွေကတော့ မော်ဒန်ကဗျာလို့ အတပ်မပြောနိုင်ပါဘူး။ ဒါကတော့ သေချာပါတယ်။ 

ကျွန်တော် ကဗျာတွေကို နှလုံးသားနဲ့ ရေးတယ် လို့ ဆိုရင် ညာရာ ရောက်ပါလိမ့်မယ်။ မဟုတ်ပါ။ ကျွန်တော် ကျွန်တော့်ကဗျာတွေကို စိတ်ကူးနဲ့ ၊ အတွေးနဲ့ စကားလုံးတွေကိုသာ ဖွဲ့တည်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့် ကဗျာတွေဟာ ခံစားမှုထက် အတွေးတွေ ပိုနေတာ များပါလိမ့်မယ်။ ဒါကို ကျွန်တော့် ဖာသာလည်း သိတဲ့ အတွက် အခု နောက်ပိုင်း ရေးဖြစ်တဲ့ ကဗျာတွေကို ကျွန်တော် ဘလော့မှာ မတင်ဖြစ်ခဲ့တော့တာပါ။ 

ဒီကြားထဲမှာ ကျွန်တော့်မှာ အခက်အခဲ တစ်ခုနဲ့လည်း ရင်ဆိုင်ရပါသေးတယ်။ “ စကားပြေ ကဗျာ ” တဲ့။ အခု နောက်ပိုင်း အပြောများလာတဲ့ ကဗျာအမျိုးအစား တစ်ခုပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က ရှေးရိုးစွဲ သမား မဟုတ်သော်လည်း လက်မခံချင်ပါ။ ကဗျာ ဆိုသော ရွတ်ဆိုမှု ဆိုတာ မရှိတော့ဘဲ ၊ ကဗျာကို စကားပြေ ရေးသလို တောင်တောင်အီအီ လျှောက်ရေးထားသော ကဗျာမျိုးကို “ စကားပြေကဗျာ ” ဟု ဆိုကာ ကင်ပွန်းတပ်လိုက်ခြင်းလို့ပဲ ကျွန်တော် ခံယူမိပါတယ်။ ဒါဆို နောက်ထပ် ခေတ်တစ်ခေတ် ထပ်ရောက်လာရင် “ စာစီစာကုံးကဗျာ ” ၊ “ အက်ဆေးကဗျာ ” ၊ “ အင်တာဗျူးကဗျာ ” ၊ “ ဆောင်းပါးကဗျာ ” ရယ်လို့များ ထပ်ပေါ်လာဦးမလားလို့ ကျွန်တော် တွေးမိပါသေးတော့တယ်။ 

ထားပါတော့လေ။ ကျွန်တော်ကလည်း နည်းနည်းတော့ ခက်တဲ့ကောင် တစ်ယောက်ပဲ မဟုတ်လား။ တစ်ခါတလေဆို ပိုပြီးတော့ ခက်တတ်ပါတယ်။

ဒါကြောင့် ကျွန်တော် ကဗျာတွေ ရေးဖြစ်ပေမဲ့ ဒီဘလော့မှာ မတင်ဖြစ်တော့တာပါ။ ဒါပေမဲ့ အခုတလော ကျွန်တော် အတော်ကို အံ့သြသင့်မိပါတယ်။ ကျွန်တော့် ဘလော့ရဲ့ စီဘောက်မှာ ကျွန်တော့်ရေးတဲ့ ကဗျာတွေကို သဘောကျတယ် ၊ ကြိုက်တယ် လို့ လာလာရေးတာ ဖတ်ရလို့ပါ။ တကယ်ကို ကျွန်တော် မထင်မိတာ အမှန်ပါပဲ။ ကဗျာကို များသော အားဖြင့် နှလုံးသားနဲ့ ရေးခဲပြီး အတွေးတွေဖြင့်သာ မာဆတ်ဆတ် ရေးနေမိသော ကျွန်တော့် ကဗျာတွေကို ခံစားတတ်သူတွေ ရှိနေတယ် ဆိုတော့ ကျွန်တော် တကယ်ကို အံ့သြမိစေတာပါ။ ( ကျွန်တော့် ကဗျာတွေ မကောင်းဘူး ဆိုတာ ကိုယ့်ဖာသာလည်း ခံစားလို့ ရနေတာပဲလေ။ ) 

ဘာပဲပြောပြော လူဆိုတဲ့ အကြောင်းကို ကျွန်တော် ပြောဖူးပါတယ်။ “ ကိုယ့်ကို မြှောက်နေမှန်း မသိရင် ၁၀၀ % မြောက်တတ်သတဲ့။ ဒါပေမဲ့ ကိုယ့်ကို လာမြှောက်နေတယ် ဆိုတာ သိနေရင်တောင်မှ ၅၀ % တော့ မြောက်တတ်ကြသေးတာပဲ ” မဟုတ်လား။ အခုလို စီဘောက်မှာ ကျွန်တော့် ကဗျာတွေ အတွက် အားပေးသူတွေ ရှိနေသေးတယ်ဆိုတာ သိရလို့ ကျွန်တော် တွေးထားတာ ကြာနေပြီးတော့ အကြမ်းချရေးထားတဲ့ ကဗျာလေး တစ်ပုဒ်ကို ဖော်ပြလိုက်ပါတယ်။ အထက်က ကျွန်တော် ပြောသလိုပဲ ကျွန်တော့်ရဲ့ ကဗျာတွေက နှလုံးသားနဲ့ ဖတ်ရင် ရွတ်ဆိုမှု ကောင်းချင်မှ ကောင်းမှာပါ။ ဒါပေမဲ့ အတွေးလေး တစ်ခု ရမယ် ဆိုရင်တော့ သူ့ရဲ့ သံစဉ်ကို ကြားနိုင်မှာပါ။ 

ဘယ်လိုပဲ ပြောပြော ကဗျာ အပေါ်မှာ ကျွန်တော့်ရဲ့ အဓိပ္ပါယ် ခံယူချက် ကတော့ တစ်ခုပဲ ရှိပါတယ်။ ဒါကတော့ . . . 

“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ” 

တဲ့။ နည်းနည်းတော့ နားစွင့်ကြည့်ပါဗျာ။ ထုံးစံအတိုင်းပါပဲ “ ကမ္ဘာမြေရဲ့ တစ်နေရာက တစ်စုံတစ်ယောက် အတွက်  ” ရည်ရွယ်ပါတယ်။





အလွမ်းမပါသော ကဗျာ

ကျွန်တော့်မှာ ည နှစ်ည ရှိတယ်။
ရှုပ်ရှုပ်ထွေးထွေးတော့ မဟုတ်ပါဘူး။
အိပ်မရတဲ့ ည နဲ့ အိပ်ရတဲ့ ည . . .
အဲဒီညတွေနဲ့ ဘဝကို မီးစာထိုးဖြစ်ခဲ့တယ်။

ငွေ့ရည်ဖွဲ့ချိန်ကို မရလိုက်ပါဘူး ၊
မုတ်သုံရာသီလို့ မသိတသိ အချိန်မှာတင်
မျက်ဝန်းတွေက
အလိုမတူလည်းပဲ စိုလာကြတယ်။

မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောရ လွယ်သလောက် . . .
မုန်းတယ် . . .
မုန်းတယ် . . . လို့
အပြောခံရတာ သိပ်မလွယ်ဘူး။

ကျွန်တော့်ရဲ့ အချစ်ကိုက
နည်းနည်းတော့ မုတ်သုံရာသီ ဆန်တယ်။

အဲဒီ့နေ့က . . .
မိုးလေဝသ ကြေညာတိုင်း. . .
ကောင်းကင်ကို မော့ကြည့်မိတတ်တဲ့ ကိုယ်က
စွင့်စွင့်ငြားငြား ခေါင်းငုံ့ထားမိတယ်။
တိမ်တွေတောင်မှ ငါ့အပေါ် ပြိုကျခဲ့ပြီးပြီပဲလေ။

အချစ်ဆိုတာ . . .
မီးသတ်ကား ဥသြသံကြားတိုင်း
ရင်ဘတ်ထဲကို ငုံ့ငုံ့ကြည့်နေရတဲ့ အရာတဲ့။

အီဂျစ် ဘာသာဗေဒမှာ အသည်းပုံ
ပါတယ် ၊ မပါဘူး လို့
သူငယ်ချင်း နှစ်ယောက်က ကျွန်တော့် နံဘေးမှာ ငြင်းနေတုန်း
ကျွန်တော်ကတော့ အသည်းကွဲမှု ဖြစ်စဉ်ကို စဉ်းစားနေမိတယ်။
အကြည့်တစ်ချက် . . .
စကားတစ်ခွန်း . . .
လက်တစ်ကမ်း . . .
ခြေတစ်လှမ်း . . .
သွေးထိုးစကား . . .
ဒီလိုနဲ့ . . .
ကိုယ့်ကိုယ်ကိုယ်တောင်မှ ဝိုးတဝါး ပါပဲ။

ဆရာ တာရာမင်းဝေ ပြောခဲ့ဖူးသလိုပဲ ၊
“ ကလေးအသေ မွေးတဲ့ မိခင်တစ်ယောက်ကို ဝင်ခံစားကြည့်ပေးပါလား ၊
ငါဟာ အိပ်မက် အသေတွေ မွေးနေခဲ့ရတဲ့ ကောင်ပါ။ ” တဲ့။
ဒါဆို . . .
ကျွန်တော်ကတော့ နည်းနည်းခြားနားတယ်။
“ ကိုယ့်ဖာသာ အချစ်အသေတွေပဲ တသက်လုံး ဆက်မွေးထားချင်နေမိသူပါ။ ”

သူငယ်ချင်း တစ်ယောက်က ပြောတယ်။
“ ချစ်သူကို အိပ်မက် မက်တိုင်း ကဗျာရေးတယ် ” တဲ့။
ဒါနဲ့ပဲ . . .
ကျွန်တော် သူ့ကို . . .
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာစာအုပ်လေး ပေးမဖတ်ဖြစ်တော့ပါ။
ကျွန်တော့် ကဗျာ စာမျက်နှာတွေ . . .
လူမြင်ခံလို့ မဖြစ်တော့ဘူး။

ဖုန်ဆိုးမြေယာတွေ လက်ထက်မှာ
မြေရှင်ပဒေသရာဇ် ဖြစ်ရတာ သိပ်တော့ မထူးပါဘူးလေ။
ဒါပေမဲ့ . . . မိုးတွေ ရွာပြန်တော့ ဗွက်ပေါက်ပြန်ရော။
ကျွန်တော့်ရဲ့ အချစ်ဖြတ်သန်းရာ ဒေသကလည်း
နည်းနည်းတော့ ကန္တာရ ဆန်တယ်။
အလွမ်းတွေ တပွေ့တပိုက်နဲ့ ထိန်ထိန်ကိုဝေ လို့ . . . ။

ကိုယ်ထူကိုယ်ထ ခင်းခဲ့တဲ့ လမ်းက
နင်းမဲ့သူ မရှိတော့ . . .
အညတရ ညမှာ . . .
ကိုယ့်ဖာသာကိုယ် မထင်မရှား ဘုရင်ဖြစ်ခဲ့ရပြန်ရော။
မိဖုရားကတော့ ရှားတာပေါ့။

၁ ၊ ၂ ၊ ၃ ၊ ၄ . . . .
၁၅၀၀ ပြည့်မှ ချစ်ကြကြေး ဆိုရင် . . .
ခရီးဝေးပါတယ် ချစ်သူရယ်။
အချစ်မှာ ကိန်းဂဏာန်း မရှိဘူး။

ချစ်ခြင်းမေတ္တာဟာ ရှေးဟောင်း စကားပုံ တစ်ခုနဲ့ တူသတဲ့။
“ တစ်နေ့ တစ်လံ ပုဂံ ဘယ်မရွေ့ဘူး ” လို့ သတ်မှတ်တယ် တဲ့။
သူငယ်ချင်းက ရင်ဘတ်ကို ဟင်းလင်းဖွင့်ပြီး အဓိပ္ပါယ်ပြုတယ်။
ကျွန်တော် ဆက်စဉ်းစားမိတာက . . .
“ ကိုယ်လှမ်းတဲ့ ခြေလှမ်းက ပုဂံရဲ့ ဆန့်ကျင်ဘက် ” ဆိုရင်ရော . . .
သူ့လောက်တော့ မပြတ်သားတဲ့ အတွက် . . .
ကျွန်တော် ရင်ဘတ် ဟောင်းလောင်းနဲ့ ငြိမ်နေမိတယ်။

သိပ်တော့ မထူးဆန်းပါဘူး ၊
ကျွန်တော်က အတ္တ ရပ်ဝန်းမှာ . . .
အနတ္တ ခပ်သန့်သန့်ပဲ ဖြစ်ချင်ခဲ့တာကိုး။

ကြေးသွန်းအက္ခရာတွေ လက်ထက်မှာ
ကျောက်ထက် အက္ခရာတော့လည်း တင်ပိုင်ခွင့် ရှိပါတယ်။
အလွမ်းမဲ့ လူတန်းစားတွေ ကြားမှာ
ကျွန်တော်က အတီးအတနဲ့
( တကယ်ကို ) ဂွတီးဂွကျတဲ့ ကောင်ပါ။

ပညာရှိကြီး တစ်ယောက်ရဲ့
ပုံပမာ ပြုသလိုပေါ့. . . ၊
အချစ်ဆိုတာ . . .
လက်ဖဝါးထဲ ထည့်ထားတဲ့ သဲတစ်ဆုပ်နဲ့ တူတယ်။
ခပ်ဖွဖွလေး ဆုပ်ထားရင် များများ ရသလောက်
ခပ်တင်းတင်း ဆုပ်ထားမိရင် လက်ကြားက ယိုသတဲ့။
တကယ်ပါ . . .
ကျွန်တော်ဟာ သူ့အပေါ် ဘယ်တုန်းကမှ ဆုပ်ကိုင်ဖို့ မကြိုးစားခဲ့ပါဘူး. . .
ဒါပေမဲ့ . . . ဝေးမြဲ ဝေးလျက်နဲ့ ဝေးဆဲပါပဲ။

ဒီလိုနဲ့ . . .
နေ့ရက်တွေ ဆက်ကာ ဆက်ကာ . . .
နာရီတွေက လှည့်ကာ ပတ်ကာ . . . 
အတွေးတွေက မျောကာ မျောကာ . . .
သူ နဲ့ ကျွန်တော်က ဝေးကာ ဝေးကာ . . .
. . . . . . . . . . . . . . . . . . . . . . . . . .

အလွမ်းဆိုတာ . . .
နှလုံးသားရဲ့ တိုင်ထိပ်မှာ တလွင့်လွင့်
ပျံ့လွင့်နေတတ်တဲ့ အရာ ဆိုရင် . . .
ဒီတစ်ခါတော့  . . .
ငါတို့ . . .
မုန်တိုင်း မကျခင် ငြိမ်သက်ခြင်းမျိုးနဲ့
တိတ်ဆိတ်နေကြပါစို့။     ။

လေးစားစွာဖြင့်
ကိုဇော်
2.9.2011
Share/Bookmark

29 ယောက် ရဲ့ ထင်မြင်ချက်:

Angelhlaing(May everybody be happy and healthy! said...

အားပါးပါး...မိုက်လှချည်လားအကို ....
ရင်ထဲက အစစ်တွေမို့ ထင်ပါရဲ့ ဖတ်ရတာ ကျေနပ်မှု အပြည့်ပဲ။ တစ်ယောက်သောသူတော့ ဘယ်လိုနေမလဲမသိ .ဘေးကလူတောင် ကဗျာနဲ့ လဲကျချင်နေပြီ။ တစ်ကယ်တော့ အစထဲက ခိုင်ခိုင်မရပ်နိုင်တဲ့ သူမို့ပါ အကို. :)
ခံစားအားပေးလျှက် ကောင်းသောနေ့လေး ဖြစ်ပါစေအကို။

ဖြိုးမောင်မောင်(CTM) said...

၁၅၀၀ ပြည့်မှချစ်ကြကြေးဆိုရင် ခရီးကဝေးလွန်းပါတယ်
ချစ်သူ အချစ်မှာကိန်းဂဏန်းမရှိဘူး အဲဒီစာကြောင်းလေး
ကြိုက်ဧ။် ကဗျာတစ်ပုဒ်လုံး ရင်ဘက်ကြီးထဲကပါပဲဟုတ်။
ကြိုက်ဧ။် အရမ်းမိုက်ဧ။် အားပေးလျှက်ပါ အကို....
ခင်မင်စွာဖြင့်

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါ ကိုဇော်
မုန်တိုင်းမကျခင် ငြိမ်သက်ခြင်းမျိုးနဲ့  တိတ်ဆိတ်နေကြပါစို့ ဆိုတာက----မုန်တိုင်းလာတော့
မယ်ဆိုတဲ့ သဘောလား---ကိုဇော် မုန်တိုင်းတိုက်ရင်
ကြည့်လည်းတိုက်အုံးနော်-တော်နေကြာဟိုက FB မှာလာ
ငိုနေမှအခက်-

Anonymous said...

သိပ်ကောင်းလွန်းတယ်ဗျာ ရိုးရိုးသားသားပြောရရင် အခုခေတ်မှာက ဘလော့ရေးသူတိုင်းလိုလို ကဗျာတွေရေးတတ်ကြတယ် ရေးတိုင်းလည်းစကားလုံးတွေက အစစ်လို့သိပ်မထင်ဖူး အတုတွေများတယ် ကိုဇော်ရဲ့စကားလုံးတွေကတော့ ဖျားနာနေတဲ့ အတွေးမှာ နာသာခံခက် ဖွင့်ဟလာတဲ့စကားစုတွေဘဲဗျာ...ဒီကဗျာကိုဖတ်ပြီးတော့ ဘယ်လိုခံစားရသလဲဆိုရင် သဲတစ်ဆုပ်ကို ကိုင်ဖို့ တော်တော် ကြိုးစားရဦးမှာကို နားလည်လိုက်မိတယ် အားပေးနေလျှက်ပါ ....။ ။

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်ပါ့ အလွမ်းမပါဘူး။ အကြမ်းတွေ ချည်းဘဲ။ ဒါပေမဲ့ အရမ်းမိုက်ပါတယ်။
ဘယ်လိုကဗျာအမျိုးအစားဖြစ်ဖြစ် ဘီစီခေတ် ကဗျာက စပြီး မျက်မှောက်ခေတ် ကဗျာတွေထိ အားလုံးကို ခံစားတတ်ကြောင်းပါ။ ရေးပြီးရင်တော့ တင်သာတင်လိုက် မြင်ရင် လာဖတ်ဖို့ အဆင်သင့်ပါဘဲ။း))

ခင်မင်လျှက်

မဒမ်ကိုး said...

ကဗျာကတကယ်ကောင်းတာ
အဲလိုရေးတတ်ချင်တယ်
ဒါပေမယ့်ထွက်မလာဘူး
အဲလိုအိုင်ဒီယာတွေ
စချင်နောက်ချင်တဲ့စိတ်ရယ် ပျော်စေချင်တဲ့စိတ်ရယ်ပဲရှိနေတယ်
ဘယ်လောက်စိတ်ဆင်းရဲရဲ သူများတွေကိုရီစေချင်တော့
အဲလိုရသမြောက်တဲ့ကဗျာတွေကထွက်မလာဘူး
(အမှန်တော့မရေးတတ်တာပါအကိုရေး)

ခင်မင်လေးစားလျှက်

မဒိုးကန်

kiki said...

အံမယ်... ကိုဇော်ကြီးက ဒါမျိုးတွေလည်း ဖြစ်တယ်။
အလွမ်းမပါဘူး ဆိုပေမဲ့ လွမ်းရိပ်တွေ မြင်နေရတယ်..
(ဒါပေမဲ့ ပုံထဲက ဆံစတွေ နဲ့ စကပ်လေး လွင့်နေတဲ့ ကောင်မလေးကို .. သေချာ မမြင်ရဘူး ကွယ်...။ နောက်တပုဒ်မှာ ထင်ရှားစွာ ပြ ပါ ..း)

ညီရဲ said...

အချစ်မှာ ကိန်းဂဏန်း ရှိဘူး ဆိုတဲ့ စကားကို ကြိုက်တယ် အစ်ကို...
အစ်ကိုပြောတာ မှန်တယ်
ကဗျာဆိုတာ ရင်ထဲက လာတဲ့အသံ

ကျွန်တော်လဲ ကဗျာလေးတွေ ရေးဖြစ်တယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် စိတ်တိုင်းမကျလို့ ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်တော့တယ်။

Anonymous said...

Bravo !!!
ခံစားအားပေးသွားပါကြောင်း...

သဒ္ဓါလှိုင်း said...

ကိုဇော်
ကမ္ဘာမြေရဲ့တနေရာက တစုံတယောက် ခံစားနားလည်ပေးနိုင်ပါစေလို့ ဆန္ဒပြုမိတယ်။
ခံစားမှုနဲ့တွေးတဲ့အတွေးတိုင်းကလည်း သက်ဝင်နေမှာပါလေ။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

ကိုဇော်ရေ
အရမ်းကောင်းတဲ့ကဗျာကိုရင်ဘတ်နဲ့ဖတ်ခဲ့ပါတယ်
အချစ်မှာ ကိန်းဂဏန်း ရှိဘူး ဆိုတဲ့ စကားကလဲ
မှန်လွန်းနေတယ်
ခင်မင်တဲ့ jasmine

နေရောင် said...

ကဗျာဆိုတာကို ကျနော် မသိပါဘူး
တစ်ခါတစ်လေ ကိုယ် စိတ်ထဲမှာ ရှိတာတွေ ချချရေးမိတယ်
ဘယ်သူ့တစ်ဦးတစ်ယောက်ကိုမှ ပြောပြလို့မရတာတွေ မပြောဖြစ်တာလေးတွေကိုပေါ့
အဲဒီလိုလေးတွေ ရေးရေးထားထားကို - တစ်ယောက်ယောက်ကတွေ့သွားပြီး-
ဟာ မင်းကဗျာက ဘယ်ဆိုးလို့လဲ နဲ့ မင်းကဗျာက ဘာတွေရေးထားသလဲကွာ ပြောခံရတာတွေလည်း ရှိတယ်
အဲဒီတော့မှ သြော် ငါရေးရေးထားမိတာ ကဗျာလားလို့တောင် ဒွိဟဖြစ်မိတယ်-
ကျနော် ရေးဖို့စိတ်ကူးထားတာ အမှန်ကတော့ သီချင်းစာသား အတွက်တွေလည်း ရည်ရွယ်ပြီးရေးထားတာလည်း ရှိတယ် နောက်ပြီး
ပြောပြလို့ မရတဲ့ ဒေါသတွေ ၀မ်းနည်းမှုတွေ စိုးရိမ်စိတ်တွေ အားလုံးကို ထွက်ပေါက်တစ်ခုနဲ့ ချချရေးထားမိတာတွေပါပဲ -
ကိုဇော် ပြောတဲ့အတိုင်း ရင်ထဲက လာတဲ့အသံ ဆိုတာတော့ အမှန်ပဲဗျာ

တောက်ပကြယ်စင် said...

ကိုဇော်ရေ မင်္ဂလာပါ ဘာတဲ့လဲ ကိုယ့်ကိုမြှောက်မှန်းမသိရင် ၁၀၀% ၊ မြှောက်မှန်းသိနေရင် ၅၀% တဲ့။ ဟုတ်လား။ အဲဒါလေးကို တော်တော်သဘောကျမိတယ်။ ကဗျာဆိုတာလေ ဘုန်းဘုန်းသိသလောက် ပြောပြရရင်တော့ က၀ိ ဗန္ဓတီတိ ကဗျာ ဆိုပြီး ၀ိဂြိုလ်ပြုကြတယ်။ ၀ိဂြိုလ်ပြုတယ်ဆိုတာ ဘုန်းကြီးစာတွေမှာ သုံးတဲ့အသုံးအနှုန်းပါ။ ၀ါကျဖွဲ့လိုက်တာပါပဲ။ အဓိပ္ပာယ်ကတော့ က၀ိ-ပညာရှိတို့သည်၊ ဗန္ဓတိ-ဖွဲ့နွဲ့သီကုံးတတ်ကြလေ၏၊ ဣတိ-ထို့ကြောင့်၊ ကဗျာ-ကဗျာဖြစ်ပါတယ်တဲ့။ ကျန်းမာပျော်ရွှင်ပါစေ ကိုဇော်...

အလွမ်းမြို့ said...

ကိုဇော်...

လာတယ်နော်။ အလွမ်းမပါသော ကဗျာကို လာအားပေးသွားတယ်။ အလွမ်းက ဘယ်ပါလာတော့မှာလဲ။ အလွမ်းနဲ့ သူက ကျန်ခဲ့ပြီကိုး..
စကားလုံးတွေက မြှောက်တယ်။
ကမ္ဘာမြေရဲ့ တစ်နေရာက..ဆိုတော့...အဟီး..ရန်ကုန်ပြန် တုန်းက အင် မိသွားလို့နေမယ် ကိုဇော်က။။။ အားပေးနေတယ် ကိုဇော်ရေ။ ညီမ ရဲ့ သင်ဆရာ တစ်ဦးပါဘဲ။

မဒိုးကန် ကလည်း ဘယ်ကနေ ရောက်လာပါလိမ့်။။


ကိုဇော့်ကိုခင်တဲ့
အလွမ်းမြို့

Anonymous said...

အကိုကြီးကိုဇော်.......
ကဗျာ ကောင်း မကောင်း
မသုံးသပ် တတ်သေးပေမယ့်
အကို့ ကဗျာ တစ်ကြောင်းခြင်းရဲ့ အထက်မှာ
ကျွန်တော့် ရင် အက် သွားတာကို သိတယ်
ခံသားချက်တွေ ထပ်တူကျ ခဲ့တာလား
ကျွန်တော် အတွေး တွေနှင့် မျေားနေစဲပါ။

ဟန်ကြည် said...

ဟား......ကောင်းသဗျာ...ဒီတစ်ခါတော့ တကယ့်ကို လှိုက်လှိုက်လှဲလှဲ ခံစားဖြစ်သွားတယ်...ဖတ်ရင်းနဲ့ ကိုယ့်ရင်ဘတ်ကို ပြန်ငုံ့ကြည့်မိတယ်...ဒါပေမယ့် မီးသတ်ကားကတော့ ဥသြမဆွဲတော့ဘူး ကိုဇော်ရေ...ပြာကျသွားပြီးသားမှန်း သိနေလို့ဖြစ်မယ်...

ကဗျာတွေကို ကြိုက်ခြင်းမကြိုက်ခြင်းဟာ ဖန်တီးသူနဲ့ ဆိုင်တာမှမဟုတ်ဘဲလေ...ခံစားသူနဲ့ပဲဆိုင်တာပါ...အနုပညာသမားတစ်ယောက်ဖန်တီးထားတဲ့ အနုပညာပစ္စည်းဟာ ပုဂ္ဂလိကပိုင်ဘ၀ကနေ ကင်းလွတ်သွားပြီး ခံစားသူပိုင်ဖြစ်သွားပြီမို့ ရေးသမျှ တင်စမ်းပါဗျာ...ရပိုင်ခွင့်လေးတော့ ခံစားသူဘက်က တောင်းပါရစေ...

လင်းခေတ်ဒီနို said...

၁၅၀၀ ပြည့်မှ ချစ်ကြကြေးဆိုရင်
ခရီးဝေးပါတယ်ချစ်သူရယ်
အချစ်မှာ ကိန်းဂဏာန်းမရှိဘူး ။

း)

မေသိမ့်သိမ့်ကျော် said...

ကိုဇော့်ကဗျာကို သေချာခံစားကြည့်ပါတယ်။ ကြေကွဲလွမ်းဆွတ်မှုတွေလည်း အများကြီး ကူးစက်သွားပါတယ်။


ခင်တဲ့
မေသိမ့်

နွေမင်းလွင် said...

ကမ္ဘာမြေရဲ့ တစ်နေရာက တစ်စုံတစ်ယောက်
အတွက် ဆိုတော့ တွေ့ဆုံခွင့် ရပါစေ ကိုဇော်......
ကိုဇော့် ကဗျာတွေ ကိုဖတ်ရတဲ့ လူတိုင်းကတော့ ကိုဇော့်
ကို မြှောက်တာ မဟုတ်လောက်ပါဘူး...အတွေးတွေ ဆိုပေမဲ့လည်း ခံစားချက်တွေပါလို့ ကဗျာ ကောင်းဖြစ်
လာတာပေါ့..ခံစားသွားပါတယ် ကိုဇော်
ခင်မင်လေးစားစွာဖြင့်

မိုးယံ said...

အဲသလို မညားလေ ဖတ်ကောင်းလေ.ပဲ။

“ မုန်တိုင်းမကျခင် ငြိမ်သက်ခြင်းမျိုးနဲ့
တိတ်ဆိတ်နေကြပါစို့။ ”

အဲဒီ အပိတ်လေး သဘောကျတယ် ဦးလေးဇော်။

mstint said...

ပါရမီရှင်တွေကျတော့လည်း ကလောင်တစ်ချက် ခြစ်လိုက်တာနဲ့ ကဗျာတစ်ပုဒ် ရင်ထဲကကျလာပါလား။
အရင်တုန်းက ကဗျာလေးတွေက ကာရံပေရံလေးတွေနဲ့ စပ်တာလေးတွေ။ ဒီခေတ်ကဗျာတွေကျတော့ စကားပြေကဗျာဆိုတော့ သိတ်တွေးနေစရာမလိုဘူးထင်တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကဗျာက ဖတ်ရင်းဖတ်ရင်း
စကားလုံးတွေက
တန်ရှင် တွေ တတ်လာတယ် ..
ခံစားချက် အပီအပြင်ကို ရေးထားတယ်နဲ့တူတယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

WWKM said...

အလွမ်းတွေဝေနေတဲ့ ကဗျာတစ်ပုဒ်ဆိုတော့ ဖတ်လို့ကောင်း၏။
အမြဲတမ်းပဲ အလွမ်းတွေကိုပွေ့ပိုက်ရင်း ကဗျာကောင်းတွေရေးနိုင်ပါစေ ကိုဇော်ရေ. :)

မအိမ်သူ said...

အတွေးဆိုတာလဲ ခံစားချက်တခုခုကနေ ပေါက်ဖွားလာတာပဲမဟုတ်လား ကိုဇော်ရေ။ ခံစားပြီးမှ တွေးလို့ရတာပါ။ ကိုဇော့်ကဗျာက အတွေးနဲ့ရေးတဲ့ ကဗျာပေမယ့် အဖွဲ့အနွဲ့ မှာခံစားချက်လေးတွေပါနေတယ်။ ကဗျာကို ခံစားတတ်ဖို့ကတော့ ဖတ်သူနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ရေးသူနဲ့ဖတ်သူ ခံစားချက်ချင်း ထပ်တူကျသွားခဲ့ရင် ကဗျာကောင်းတစ်ပုဒ်လို့ ဆိုနိုင်နေပြီပဲ။

yinminkhine said...

မှန်တယ်ကိုဇော်
“ ကဗျာ ဆိုတာ ရင်ထဲက လာတဲ့ အသံ ” ပါ
လေးစားပါတယ်ကိုဇော်

ကဗျာကောင်းလေးကိုဖတ်ခွင့်ရတာ

ကျန်းမာပျော်ရွှင်ပါစေ

ပြောင်လေး said...

အကိုရေကျွန်တော်ကတောပုဂံဘယ်မှာလဲမရောက်ဖူးတော့မသိပေမယ့်ကျောခိုင်းပြီးသွားနေမိတယ်ထင်တယ်ကြိုက်တယ်ဗျာခံစားချက်တွေလေ အမြဲအားပေးလျက်ပါ

MMO GROUP said...

အကိုရဲ့ကဗျာလေးကိုအရမ်းကြိုက်သွားတယ်။ copy ကူးသွားတယ်နော်။ အကိုရင်ထဲကလာတဲ့အသံလေးတွေကိုများများချရေးပေးပါ

MMO GROUP said...

ရင်ထဲကလာတဲ့ကဗျာလေးပါ။လေးစားပါတယ်ဗျာ

Anonymous said...

If you want your therapeutic Male sizegenetics as performed by a handsome and sexy Gay sizegenetics therapist, you will need to go onto the website sexy masseur. They list a very wide range of professionals which are well versed while in the different styles, types and techniques. China and India is possibly known for their great methods to improve the length and girth of the male vital organ, but how over the other parts of one's world? Surely, other countries also have their own individual distinct methods to enlarge one's penis sizegenetics naturally. One country that has a unique way to start is Indonesia.
http://sizegenetics-reviewx.tumblr.com/